News @ M-Media
Tag: EPL 2015-16
  • အာဆင်နယ်၏ တိုက်ပွဲဝင်စိတ်ဓာတ်အား ၀င်းဂါးချီးကျူး
    အာဆင်နယ်၏ တိုက်ပွဲဝင်စိတ်ဓာတ်အား ၀င်းဂါးချီးကျူး
    ဇန်န၀ါရီ ၄၊ ၂၀၁၅
    M-Media
    winger
    – နယူးကာဆယ်အား အနိုင်ရရှိခဲ့သည်ပွဲတွင် အသင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်အား အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ချီးကျူးပြောဆိုလိုက်သည်။
    စနေနေ့က ကစားခဲ့သည့် အဆိုပါပွဲတွင် အာဆင်နယ်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး နောက်ခံလူ ကွန်စီယဲလ်နီ၏ တစ်လုံးတည်းသောဂိုးဖြင့် အနိုင်ရရှိခဲ့ကာ အမှတ်ပေးဇယားအား ၂ မှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ၀င်းဂါးကမူ အသင်းအတွက် ကျေနပ်နေသည်။
    “ဒီလိုပွဲမျိုးဟာ အသင်းအတွက် စမ်းသပ်မှုတစ်ခုပါပဲ။ တိုက်ပွဲဝင်ရတယ်။ ဂိုးမပေးရအောင်၊ မပြာအောင် ကြိုးစားရပြီး အခွင့်အရေးကို စောင့်ရပါတယ်။ ကျွန်တော်တို့ရဲ့ ကစားပုံထက် ကျွန်တော်တို့ရဲ့ ရှုထောင့်ကို ပိုပြီး မေးခွန်းထုတ်ခံခဲ့ရပါတယ်။ တစ်ခါတစ်ရံမှာ ဒီလိုပွဲကို အနိုင်ရတာဟာ တော်တော်ကောင်းပါတယ်။ အတွေ့အကြုံတွေ၊ အရည်အသွေးနဲ့ အပြုအမူတွေကြောင့် ကျွန်တော့်မှာ ယုံကြည်ချက်ရှိပါတယ်။ အသင်းဟာ အမြဲတမ်း သြဇာရှိတယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၀င်းဂါးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    ထိုပြင် ယခုအာဆင်နယ်အသင်းမှာ အီမရိတ်ကွင်းသို့ ပြောင်းရွှေ့လာပြီးနေက်ပိုင်း အတွေ့အကြုံအများဆုံး အသင်းဖြစ်နေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref: Goal
  • လီဗာပူးကလွဲပြီး အသင်းကြီးအားလုံးအနိုင်ရခဲ့ကာ ထိပ်ဆုံးကအာဆင်နယ် ၂ မှတ်ဖြတ်လိုက်နိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀
    လီဗာပူးကလွဲပြီး အသင်းကြီးအားလုံးအနိုင်ရခဲ့ကာ ထိပ်ဆုံးကအာဆင်နယ် ၂ မှတ်ဖြတ်လိုက်နိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂၀
    ဇန်န၀ါရီ ၄၊ ၂၀၁၅
    M-Media
    epl 1
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာတော့ ဦးဆောင်သူ အာဆင်နယ်ဟာ လက်စတာကို ၂ မှတ်အသာနဲ့ ဖြတ်နိုင်ခဲ့ပြီး မန်စီးတီးကလည်း အရှုံးကနေ အနိုင်ရအောင်ကစားခဲ့ကာ ထိပ်ဆုံးနေရာအတွက် အမှတ်ကွာဟမှု ကျဉ်းမြောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။
    အီမရိတ်မှာကစားခဲ့တဲ့ ပွဲမှာ ဂိုးသမား ပီတာချက် လက်စွမ်းပြမှု၊ နောက်ခံလူ ကွန်စီယဲလ်နီရဲ့ အံ့ဖွယ်ဂိုးတွေကြောင့် အာဆင်နယ်ဟာ နယူးကာဆယ်ကို အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှု၊ ဂိုးကန်သွင်းမှုတွေမှာ နယူးကာဆယ်က အပြတ်အသတ် အသာရခဲ့တာပါ။ ဒါပေမယ့် ပီတာချက်ကို မကျော်နိုင်တာကြောင့် ကြိုးစားမှုတွေဟာ အရာမထင်ခဲ့ဘဲ အသင်းရဲ့ နိုင်ပွဲပျောက်မှုဟာ ၄ ပွဲဆက် ရှိခဲ့ပြီဖြစ်ပါတယ်။ ဂိုးမပေးရတဲ့ပွဲ ၁၇၀ နဲ့ စံချိန်တင်ထားတဲ့ ပီတာချက်က သူ့ရဲ့ စံချိန်ကို ထပ်တိုးနိုင်ခဲ့ပါတယ်။
    epl 2
    လက်စတာကတော့ အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့် အသုံးမချနိုင်တာကြောင့် အိမ်ကွင်းမှာ ၁၀ ယောက်ကျန် ဘုန်းမောက်ကို ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပါတယ်။ ၅၇ မိနစ်မှာ လက်စတာတို့ ပင်နယ်တီတစ်လုံးခဲ့ပြီး ရီယဒ်မဟ်ရက်ဇ်က ၀င်အောင်မသွင်းနိုင်ခဲ့ပါဘူး။ ဒါေ့ကြာင့် ထိပ်ဆုံးက အာဆင်နယ်နဲ့ ၂ မှတ် ကွာဟသွားခဲ့ပါတယ်။
    epl 3
    စက်တင်ဘာနောက်ပိုင်းမှာ ပရီးမီးယားလိဂ် နိုင်ပွဲမရခဲ့တဲ့ မန်စီးတီး ဒီတစ်ပတ် ၀က်ဖို့ဒ်နဲ့ပွဲမှာလည်း နောက်ကလိုက်ကစားခဲ့ရပါတယ်။ ၅၅ မိနစ်မှာ ကိုလာရော့ဗ်က ကိုယ့်ဂိုးကိုယ်သွင်းမိရာကနေ ဦးဆောင်ဂိုး ပေးလိုက်ရတာဖြစ်ပြီး နောက်ပိုင်းမှာ မန်စီးတီးတို့ တင်ကစားခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ ၈၂ မိနစ်နဲ့ ၈၄ မိနစ်တွေမှာ ယာယာတိုးယေးနဲ့ ဆာဂျီယို အဂူရိုတို့က သွင်းယူပေးခဲ့တာပါ။
    ယာယီနည်းပြ ဂူစ် ဟစ်ဒင့်ရဲ့ ဒုတိယမြောက်ပွဲမှာတော့ ချယ်ဆီးတို့ ယခင်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ခရစ္စတယ်ပဲလေ့စ်ကို အဝေးကွင်းမှာ ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဂိုးတွေကိုတော့ ၂၉၊ ၆၀နဲ့ ၆၆ မိနစ်တွေမှာ အော်စကာ၊ ၀ီလီယံနဲ့ ဒီယေဂိုကော်စတာတို့က သွင်းပေးခဲ့တာဖြစ်ပါတယ်။ ချယ်ဆီးဟာ မော်ရင်ဟိုထွက်သွားပြီးတဲ့နောက်ပိုင်း လေးပွဲမှာ ရှုံးပွဲမရှိသေးဘဲ တန်းဆင်းဇုန်နဲ့ ၆ မှတ် ကွာဟသွားပြီဖြစ်ပါတယ်။
    ကလော့ပ်ရဲ့ လီepl 4ဗာပူးလ် အဝေးကွင်းမှာ ကစားကွက်အသာရခဲ့ပေမယ့် ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေ မပြုလုပ်နိုင်ခဲ့ဘဲ နောက်တန်းလစ်ဟာမှုနဲ့အတူ ၀က်စ်ဟမ်းကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဆန်းဒါးလန်း ၂-၁ အက်စတွန်ဗီလာ
    လက်စတာ ၀-၀ ဘုန်းမောက်
    အာဆင်နယ် ၁-၀ နယူးကာဆယ်
    နော်ဝစ်ခ်ျ ၁-၀ စတုတ်စီးတီး
    မန်ယူ ၂-၁ ဆွမ်ဆီး
    ခရစ္စတယ်ပဲလေ့စ် ၀-၃ ချယ်ဆီး
    အဲဗာတန် ၁-၁ စပါး
  • လက်စတာနည်းပြ အသင်းအတွက် ပစ်မှတ်တစ်ခု ထပ်မံသတ်မှတ်
    ဇန်န၀ါရီ ၃၊ ၂၀၁၆
    M-Media
    leis
    – ရာသီမစခင်က သတ်မှတ်ထားသည့် အမှတ်အရေအတွက်ကို ရရှိခဲ့သည့် မိမိတို့ အသင်း၏ နောက်ထပ် ပစ်မှတ်ခုမှာ ရာသီကုန်လျှင် ၇၉ မှတ် ရရှိရန်ဖြစ်သည်ဟု လက်စတာစီးတီးနည်းပြ ကလော်ဒီယို ရာနီယေးရီက ပြောကြားလိုက်သည်။
    အားထားရသည့် တိုက်စစ်မှူး ရီယဒ် မဟ်ရက်ဇ်၏ ပင်နယ်တီလွဲချော်မှုနှင့်အတူ လက်စတာမှာ ယမန်နေ့က ဘုန်းမောက်နှင့် ဂိုးမရှိသရေကျခဲ့ပြီး ပရီးမီးယားလိဂ်တွင် စုစုပေါင်း ရမှတ် ၄၀ ရရှိထားသည်။ ထိုရမှတ်မှာ လက်စတာသို့ ရာနီယေးရီ ရောက်ရှိခဲ့ပြီးနောက်ပိုင်း ရရှိအောင်ယူမည်ဟု လူသိရှင်ကြား သတ်မှတ်ထားသည့် အမှတ်လည်း ဖြစ်သည်။ လက်စတာအား ပရီးမီးယားလိဂ် ထိပ်ဆုံးအထိရောက်ရှိအောင် ဦးဆောင်ပေးနိုင်ခဲ့သည့် ရာနီယေးရီမှာ နောက်ထပ် ပစ်မှတ်တစ်ခုကိုလည်း သတ်မှတ်ခဲ့သည်။
    “အခုတော့ ကျွန်တော်တို့ဟာ နောက်ထပ် ရည်ရွယ်ချက်တစ်ခုကို အောင်မြင်ဖို့ လိုနေပြီး၊ တည်တည်ငြိမ်ငြိမ် ရှိဖို့ လိုပါတယ်။ ပထမရာသီဝက်မှာ ကျွန်တော်တို့ ၃၉ မှတ် ရရှိခဲ့တယ်။ ဒါ့ကြောင့် ဒုတိယ ရာသီဝက်မှာတော့ ရမှတ် ၄၀ ရရှိအောင် ကျွန်တော်တို့ လုပ်ရပါမယ်။ ဒါဟာ ခက်ခဲတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒီအမှတ်ပေးပွဲဟာ ရူးသွပ်စရာကြီးပါ။ ကျွန်တော်တို့က အန္တရာယ်ကင်းနေတာကြောင့် ကြိုးစားရပါမယ်” ဟု ရာနီယေးရီက ဘုန်းမောက်နှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    Ref: Goal
  • အရှုံးမှ အနိုင်ရအောင်ကစားနိုင်ခဲ့သည့် အသင်းသားများကို မန်စီးတီးနည်းပြ ချီးကျူး
    အရှုံးမှ အနိုင်ရအောင်ကစားနိုင်ခဲ့သည့် အသင်းသားများကို မန်စီးတီးနည်းပြ ချီးကျူး
    ဇန်န၀ါရီ ၃၊ ၂၀၁၅
    M-Media
    mancit
    – ယမန်နေ့က ၀က်ဖို့ဒ်နှင့်ပွဲတွင် ရှုံးနေရာမှ အနိုင်ရရှိအောင် ပြန်ကစားနိုင်ခဲ့သည့် အသင်း၏ ခြေစွမ်းကို မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ချီးကျူးပြောဆိုလိုက်သည်။
    စက်တင်ဘာက ခရစ္စပဲလေ့စ်ကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက်ပိုင်းတွင် မန်စီးတီးမှာ ပရီးမီးယားလိဂ်တွင် နိုင်ပွဲရရှိခြင်းမရှိတော့ဘဲ ယမန်နေ့က အဝေကွင်းတွင် ကစားခဲ့သည့် ထိုပွဲတွင်လည်း ကိုလာရော့ဗ်၏ ၅၅ မိနစ် ကိုယ့်ဂိုးကိုယ်သွင်းမှုဖြင့် နောက်မှ လိုက်ကစားခဲ့ရသည်။ သို့သော်လည်း နောက်ဆုံး ၈ မိနစ်အတွင်း ယာယာတိုးယေးနှင့် အဂူရိုတို့က ချေပဂိုးနှင့် အနိုင်ဂိုးများကို သွင်းယူပေးနိုင်ခဲ့သည်။
    “ဒီအသင်း (မန်စီးတီး) မှာ စွမ်းဆောင်ရည်တွေအများကြီး ရှိပါတယ်။ ကျွန်တော်တို့ ဘယ်တော့မှ အရှုံးမပေးပါဘူး။ ကျွန်တော်တို့ ဆက်လက်ပြီးတော့ ဂိုးတွေ သွင်းယူသွားမှာပါ။ ကျွန်တော်တို့ ဂိုးတွေ သွင်းနိုင်တယ်ဆိုတာပဲ အမြဲတမ်း စဉ်းစားနေပါတယ်။ ကျွန်တော်တို့ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်နေတဲ့အချိန်မှာ အန္တရာယ်ရှိခဲ့ပါတယ်။ သရေဆိုရင် ကျွန်တော်တို့ မကောင်းပါဘူး။ အနိုင် ၃ မှတ်လိုတာပါ။ ” ဟု ပယ်လီဂရီနီက ပွဲအပြီးတွင် Sky Sports သို့ ပြောကြားခဲ့သည်။ ထို့ပြင် အဂူရိုကိုလည်း ပယ်လီဂရီနီက ချီးကျူးခဲ့သည်။
    Ref : Goal
  • ၀က်စ်ဟမ်းအရှုံးအတွက် နောက်တန်းကို လီဗာပူးလ်နည်းပြ အပြစ်တင်
    ဇန်န၀ါရီ ၃၊ ၂၀၁၆
    M-Media
    liver
    – ၀က်စ်ဟမ်းအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် လီဗာပူးလ်အသင်းနောက်တန်း၏ လေးလံနှေးကွေးမှုကို နည်းပြ ယာဂန်ကလော့ပ်က ဝေဖန်ပြောဆိုလိုက်ပြီး ကစားသမားများအနေဖြင့် တာဝန်ကျေပွန်ကြရန် တိုက်တွန်းခဲ့သည်။
    ယမန်နေ့က အဝေးကွင်းတွင် ကစားခဲ့သည့် အဆိုပါပွဲတွင် လီဗာပူးလ်မှာ ခြေစွမ်းကောင်းများကို ပြသနိုင်ခြင်းမရှိဘဲ ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ ကလော့ပ်ကမူ ရှုံးနိမ့်မှုအတွက် ဆင်ခြေမပေးလိုဟု ဆိုပြီး နောက်တန်းကိုသာ အပြစ်တင်ခဲ့သည်။
    “ဒါက ဘောလုံးပွဲပါ။ ခံစစ်ဆိုတာလည်း ဘောလုံးရဲ့ အစိတ်အပိုင်းတစ်ခုါပဲ။ ကျွန်တော်က နောက်ခံလူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက်လည်း ကျွန်တော် ကျေနပ်ပါတယ်။ နောက်တန်းဆိုတာ ပွဲတစ်ပွဲအတွက် သိပ်ကောင်းတဲ့ အစိတ်အပိုင်းပါ။ အမှားဖြစ်သွားရင်လည်း ကိစ္စမရှိပါဘူး အဲဒီအမှားကို ပြန်လည်ဆေးကြောနိုင်ပါတယ်။ ခံစစ်ကောင်းဖို့ကလည်း ကျွန်တော်တို့ရဲ့ တာဝန်ပါ” ဟု ကလော့ပ်က ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
    ထို့ပြင် မိမိတို့အသင်းမှာ ပွဲအတွင်း အခွင့်အရေးများရခဲ့သော်လည်း ဂိုးရရှိအောင် သွင်းယူနိုင်ခဲ့ခြင်းမရှိဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
    Ref: Goal