News @ M-Media

Tag: EPL 2015-16

  • ဂွါဒီယိုလာ ချယ်ဆီးရောက်လျှင်လည်း အောင်မြင်မည်ဟု ဟစ်ဒင့်ပြော

    ဂွါဒီယိုလာ ချယ်ဆီးရောက်လျှင်လည်း အောင်မြင်မည်ဟု ဟစ်ဒင့်ပြော

    ဇန်န၀ါရီ ၁၀၊ ၂၀၁၆
    M-Media

    gua

    – ဘိုင်ယန်မှ ထွက်ခွာတော့မည့် ဂွါဒီယိုလာအနေဖြင့် စတမ်းဖို့ဘရစ်ခ်ျသို့ ရောက်ရှိလာပါကလည်း အောမြင်လိမ့်မည်ဟု ချယ်ဆီးအသင်း၏ ယာယီနည်းပြ ဂူစ်ဟစ်ဒင့်က ပြောကြားလိုက်သည်။

    ဒီဇင်ဘာတွင် မော်ရင်ဟိုထွက်သွားပြီးနောက် ဟစ်ဒင့်မှာ ရာသီကုန်အထိ ချယ်ဆီးအသင်း၏ နည်းပြ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဂွါဒီယိုလာမှာမူ ဘိုင်ယန်နှင့် ထပ်မံ သက်တမ်းတိုးတော့မည်မဟုတ်ဘဲ ၎င်းကိုယ်တိုက်ကလည်း မိမိအနေဖြင့် ပရီးမီးယားလိဂ်ကို လာရောက်ချင်ကာ အသင်းတော်တော်များများကလည်း ကမ်းလှမ်းထားသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖွင့်ဟပြောဆိုခဲ့သည်။

    မန်စီးတီးနှင့် မန်ယူတို့က ဂွါဒီယိုလာအား အလိုချင်ဆုံးဖြစ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    “သူ ဒီမှာ အံဝင်ပါ့မလားဆိုရင်တော့ – သူဟာ ကမ္ဘာပေါ်က ဘယ်ကလပ်တွေမှာမဆို အံဝင်ပါလိမ့်မယ်။ သူက နည်းပြတွေကို ဖိအားပေးနေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒါမျိုးတွေ ရိုးနေပါပြီ။ စပိန်မှာ နှစ်ပေါင်းတော်တော်ကြာကြာ ကျွန်တော်အလုပ်လုပ်ဖူးပြီး လာလီဂါဟာ လှပတဲ့ လိဂ်တစ်ခုပါ။ ပက်ပ် (ဂွါဒီယိုလာ) ကတော့ လိဂ်နှစ်ခုမှာ အလုပ်လုပ်တာကြောင့် ပရီးမီးယားလိဂ်လာဖို့ ဆန္ဒကို ဘာဖြစ်လို့ ထုတ်ပြောတယ်ဆိုတာ ကျွန်တော် စဉ်းစားလို့ ရပါတယ်” ဟု ဟစ်ဒင့်က ပြောကြားခဲ့သည်။

    Ref: Goal

  • မန်ယူကစားသမားများ အလွန်ပျော့ညံ့သည်ဟု ဗန်ဂါးလ်ဝေဖန်

    မန်ယူကစားသမားများ အလွန်ပျော့ညံ့သည်ဟု ဗန်ဂါးလ်ဝေဖန်

    ဇန်န၀ါရီ ၉၊ ၂၀၁၆
    M-Media

    van

    – အသင်း၏ ကစားသမားများမှာ အလွန်ပျော့ညံ့နေသည်ဟု မန်ယူနည်းပြ လူးဝစ်ဗန်ဂါလ်းက ပြောကြားလိုက်ပြီး နိုင်လိုစိတ် ပိုမိုပြသရန်ရန်နှင့် တာဝန်ပိုမိုကျေပွန်ကြရန် တိုက်တွန်းခဲ့သည်။

    ဗန်ဂါးလ်၏ မန်ယူမှာ ယခုနှစ်တွင် ခက်ခဲသောရာသီကို ဖြတ်သန်းနေရပြီး ပြီးခဲ့သည့်လက ချန်ပီယံလိဂ်မှာ ထွက်ခွာခဲ့ရကာ၊ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ၈ ပွဲဆက် နိုင်ပွဲမရရှိခဲ့သည်အထိ အခြေအနေ ဆိုးရွားခဲ့သည်။ သို့သော်လည်း ယခုနောက်ပိုင်းတွင် မန်ယူ၏ ကစားပုံမှာ ပြန်လည် ကောင်းမွန်ခဲ့သည်။ ဗန်ဂါးလ်ကမူ ကစားသမားများအား ယခုထက်ပို၍ တိုးတက်စေချင်နေသည်။

    “သူတို့ရဲ့တာဝန်တွေက် ပိုပြီး လွယ်လွယ်ကူကူ ကျေပွန်နိုင်ဖို့ ကစားသမားတွေအပေါ် ချဉ်းကပ်မှုနည်းလမ်းကို ကျွန်တော်တို့ ပြောင်းလဲခဲ့ပါတယ်။ ဘောလုံးအကြောင်းသာ စဉ်းစားဖို့ သူတို့ကို ကျွန်တော် လှုံ့ဆော်ခဲ့ပါတယ်။ ဘောလုံးပွဲဟာ ဦးနှောက်နဲ့ကစားရတာပါ။ အခု သူတို့ကို ကိုယ်နဲ့အတူ တွေးတောစဉ်းစားဖို့ ခွင့်ပြုရပါမယ်။ ဒါမှသာ ချဉ်းကပ်မှုနည်းလမ်းကို ပြောင်းလဲနိုင်မှာပါ” ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    Ref: Goal

  • မန်ယူကို ထပ်မံနည်းပြချင်သည်ဟု မိုယက်စ်ပြော

    မန်ယူကို ထပ်မံနည်းပြချင်သည်ဟု မိုယက်စ်ပြော

    ဇန်န၀ါရီ ၈၊ ၂၀၁၆
    M-Media

    moyes

    – ပထမကြိမ်တွင် မအောင်မြင်ခဲ့သော်လည်း မန်ယူနည်းပြအဖြစ် နောက်ထပ်တစ်ကြိမ် ထပ်မံဆောင်ရွက်ရန် အာသီသရှိနေသည်ဟု ဒေးဗစ် မိုယက်စ်က ပြောကြားလိုက်သည်။

    ၂၀၁၃ ခုနှစ် ဖာဂူဆန်ထွက်သွားပြီးနောက် မိုယက်စ်အား မန်ယူက ၆ နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့သော်လည်း မန်ယူအသင်းမှာ အခြေအနေဆိုးရွားခဲ့ကာ အဆင့် ၇ အထိ ရောက်ရှိခဲ့ပြီးနောက် မိုယက်စ်မှာလည်း ၁၀ လအကြာတွင် အသင်းနှင့် လမ်းခွဲခဲ့ရသည်။ ထို့နောက် ရီးယဲလ်ဆိုစီဒက်အသင်းတွင် နည်းပြလုပ်ခဲ့သော်လည်း ယခုနှစ် ရာသီအစတွင် ထုတ်ပယ်ခြင်း ခံခဲ့ရသည်။

    “(မန်ယူနည်းပြ) အလုပ်ကို ကျွန်တော် ဆောင်ရွက်အုံးမလားဆိုတော့ – ဟုတ်ပါတယ်။ ကျွန်တော် ဆောင်ရွက်မှာပါ။ ဘာ့ကြောင့်လည်းဆိုတော့ မန်ယူကို နည်းမပြချင်တဲ့ နည်းပြဟာ ကမ္ဘာပေါ်မှာ တော်တော်နည်းနည်းလောက်ပဲ ရှိမှာပါ” ဟု မိုယက်စ်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိမှာ မန်ယူတွင်ရှိနေစဉ်က ထင်ယောင်ထင်မှားဖြစ်ခဲ့ပြီး မည်သည့်အရာကိုမှ စဉ်းစား၍ မရခဲ့ဟု ဆိုသည်။

    “ဖာဂူဆန်လက်အောက်မှာ ပူပူနွေးနွေးဖလားရထားတဲ့ ကစားသမားကောင်းအုပ်စုကို ကျွန်တော်ရခဲ့တယ်။ ဒါပေမယ့်ပြောင်းလဲဖို့နဲ့ တိုးတက်လာစေဖို့တော့ အချိန်လိုပါတယ်။ တကယ်တော့ ကစားသမားတွေကို အချိန်မီ ပြောင်းလဲပစ်ရပါလိမ့်မယ်။ ၁၀ လတည်းနဲ့တော့ မလုပ်နိုင်ပါဘူး”

    Ref: Goal

  • ဆုဖလားရပြီးမှ အထုတ်ခံရခြင်းကို ပိုကြိုက်သည်ဟု မန်စီးတီးနည်းပြ ပြော

    ဆုဖလားရပြီးမှ အထုတ်ခံရခြင်းကို ပိုကြိုက်သည်ဟု မန်စီးတီးနည်းပြ ပြော

    ဇန်န၀ါရီ ၆၊ ၂၀၁၆
    M-Media

    mancity

    – ယခုနှစ်တွင် အောင်မြင်မှုရရှိပါကလည်း ထိုအောင်မြင်မှုမှာ မိမိ၏ အနာဂတ်အတွက် အသုံးကျမည် မဟုတ်ဟု မန်စီးတီးနည်းပြ မန်နျူယဲလ် ပယ်လီဂရီနီက ပြောကြားလိုက်ပြီး၊ မိမိအနေဖြင့် ဆုဖလားရကာ အထုတ်ခံရခြင်းကို ပိုမိုလိုလားသည်ဟု ဆိုသည်။

    ပယ်လီဂရီနီမှာ ရာသီကုန်လျှင် မန်စီးတီးနှင့် လမ်းခွဲရတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ပြီး ဘိုင်ယန်မှ ထွက်ခွာတော့မည့် ပက်ပ် ဂွါဒီယိုလာမှာ မန်စီးနည်းပြသစ်ဖြစ်လာရန် ရေပန်းစားနေသည်။ ယမန်နေ့ကလည်း ဂွါဒီယိုလာက မိမိ၏ နောက်ထပ် သွားရောက်မည့်နေရာမှာ ပရီးမီးယားလိဂ်ဖြစ်သည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

    “ကျွန်တော့်ရဲ့အနာဂတ်ဟာ ဆုဖလားတွေနဲ့ ဆက်စပ်နေတယ်လို့ ကျွန်တော် မထင်ပါဘူး။ နည်းပြတစ်ယောက်အဖြစ် ကျွန်တော့်အတွက် ဆုဖလားရဖို့သာ အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ ကျွန်တော့်အလုပ် ဖြစ်နေလို့ပါပဲ။ ကျွန်တော့်ရဲ့ စဉ်းစားပုံစဉ်းစားနည်းကတော့ – တကယ်လို့များ ကျွန်တော် ဆုဖလားမရဘဲ ငါးနှစ်သက်တမ်းတိုးရမယ်၊ ဒါမှမဟုတ် ဆုဖလားရပြီး အထုတ်ခံရမယ်ဆိုရင် ဆုဖလားယူပြီး အထုတ်ခံရတာကို ပိုကြိုက်ပါတယ်။ နည်းပြတစ်ယောက်အတွက် အလုပ်က ဆုဖလားရဖို့ပါ။ အခြား ဘာတွေဖြစ်ဖြစ် ကိစ္စမရှိပါဘူး” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။

    Ref: Goal

  • မန်ယူ၏ လုပ်ရပ်အတွက် မော်ရင်ဟို စိတ်ပျက်နေ

    မန်ယူ၏ လုပ်ရပ်အတွက် မော်ရင်ဟို စိတ်ပျက်နေ

    ဇန်န၀ါရီ ၅၊ ၂၀၁၅
    M-Media

    man u

    – ၎င်းအား ခေါ်ယူမည့်ကိစ္စများနှင့် ပတ်သက်၍ မန်ယူအသင်း၏ လုပ်ပုံကိုင်ပုံများကို မော်ရင်ဟိုက စိတ်မရှည်တော့ဟု ESPN သတင်းဌာနက ဖော်ပြခဲ့သည်။

    ချယ်ဆီးမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ၂၄ နာရီအတွင်းမှာပင် မော်ရင်ဟို၏ အေးဂျင့်အား မန်ယူက ဆက်သွယ်ခဲ့သည့်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး မော်ရင်ဟိုကလည်း ၎င်းမှာ အနားယူမည်မဟုတ်ဘဲ ပရီးမီးယားလိဂ်တွင် ဆက်လက် နည်းပြမည်ဟု ဖွင့်ဟပြောကြားခဲ့သည်။

    သို့သော်လည်း ဖိအားဒဏ်များနှင့် ရင်ဆိုင်နေရသည့် နည်းပြ လူးဝစ်ဗန်ဂါးလ်မှာ မန်ယူတွင် ယခုအချိန်အထိ ဆက်ရှိနေသေးပြီး မော်ရင်ဟိုကမူ မန်ယူ၏ တုန့်ပြန်မှုများအတွက် စိတ်ပျက်နေသည်ဟု ဆိုသည်။ ESPN ၏ အဆိုအရ မော်ရင်ဟိုအား အင်တာနှင့် ပီအက်စ်ဂျီတို့က တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    Ref: Goal