News @ M-Media

Tag: EPL 2015-16

  • မဟ်ရက်ဇ်မှာ လက်စတာ၏ ဘုရင်တစ်ဆူဟု နည်းပြပြော

    မဟ်ရက်ဇ်မှာ လက်စတာ၏ ဘုရင်တစ်ဆူဟု နည်းပြပြော

    ဒီဇင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    epl 2

    – မိမိတို့ တိုက်စစ်မှူးဖြစ်သူ ရီယဒ် မဟ်ရက်ဇ်မှာ အသင်း၏ ဘုရင်ဖြစ်သည်ဟု လက်စတာစီးတီးအသင်းနည်းပြ ကလော်ဒီယို ရာနီရေးရီက ပြောကြားလိုက်သည်။

    ယခုနှစ်တွင် ခြေစွမ်းပြကာ ပရီးမီးယားလိဂ်ဇယားအား ဦးဆောင်ထားနိုင်သည့် လက်စတာအတွက် မဟ်ရက်ဇ်မှာ အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့ပြီး စုစုပေါင်း ၁၃ ဂိုး သွင်းယူပေးထားနိုင်သည်။ ၎င်း၏ ခြေစွမ်းကြောင့် အသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း အေးဂျင့်ဖြစ်သူက မဟ်ရက်ဇ်မှာ လက်စတာတွင်သာ ဆက်လက်ရှိနေမည်ဟု အတည်ပြု ပြောကြားခဲ့သည်။

    “သူကလည်း ကျွန်တော်တို့နဲ့နေချင်တယ်။ ကျွန်တော်တို့ကလည်း သူ့ကို ထိန်းထားချင်တယ်။ ဒါပါပဲ။ သူက တိုးတက်ဖို့လိုတယ်။ သူတိုးတက်တဲ့အခါမှာ အသင်းလည်း တိုးတက်လာပါတယ်။ ဒီလိုဖြစ်လာတဲ့အချိန်မှာ ဘာ့ကြောင့် သူက ထွက်သွားချင်မှာလဲ။ သူက ဒီမှာ ဘုရင်တစ်ဆူပါပဲ။ သူဟာ အသင်းနဲ့အတူ နာမည်ကြီးလာနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဇယားအောက်ရောက်နေတဲ့ အချိန်တုန်းက သူ့ကို ဘယ်သူမှမသိဘူး။ အခုတော့ လူတိုင်းက သူ့အကြောင်းပြောနေကြပြီ။ နည်းနည်တော့ ဖိအားရှိနိုင်မှာပေါ့လေ” ဟု ရာနီရေးရီက ပြောကြားခဲ့သည်။

    Ref: Goal

  • ဗန်ဂါးလ်၏ နည်းစနစ်ပိုင်းကို မန်ယူကစားသမားများ ဝေဖန်ထောက်ပြခဲ့

    ဗန်ဂါးလ်၏ နည်းစနစ်ပိုင်းကို မန်ယူကစားသမားများ ဝေဖန်ထောက်ပြခဲ့

    ဒီဇင်ဘာ ၂၃၊ ၂၀၁၅
    M-Media

    mu

    – ပြီးခဲ့သည့် ပရီးမီးယာလိဂ်ပွဲစဉ်တွင် နော်ဝစ်ခ်ျအသင်းအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲအပြီးနောက် မန်ယူ၏ အဓိကကစားသမားများမှာ နည်းပြဗန်ဂါးလ်နှင့် ထိပ်တိုက်တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပြီး ၎င်း၏ နည်းစနစ်များ၊ လေ့ကျင့်ရေးပုံစံများကို ဝေဖန်ကာ ပြောင်းလဲမှုများပြုလုပ်ရန် တိုက်တွန်းခဲ့ကြသည်ဟု သိရသည်။

    ထိုဆွေးနွေးမှုကို အသင်းခေါင်းဆောင် ရူနီ၊ မိုက်ကယ်ကာရစ်၊ ခရစ်စမောလင်းနှင့် ဂျူအန်မာတာတို့က ဦးဆောင်ခဲ့ပြီး ဗန်ဂါးလ်၏ ပြင်းထန်သော လေ့ကျင့်ရေးအစီအစဉ်များ၊ ပွဲကစားမည့်နေ့တွင် အသုံးပြုသည့် တင်းကျပ်သော နည်းစနစ်ပိုင်းဆိုင်ရာများကို ထောက်ပြ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

    အသင်းရှိ ကစားသမားများ ဒဏ်ရာပြဿနာနှင့် ကြုံတွေ့ရမှုမှာလည်း လိုအပ်သည်ထက်ပိုသည့် လေ့ကျင့်မှုများကြောင့်ဟု မန်ယူကစားသမားများက ယုံကြည်နေသည်။ စပိန်ကစားသမားများဖြစ်ကြသော မာတာနှင့် ဟာရဲရားတို့ကလည်း မန်ယူတွင် သတ်သတ်မှတ်မှတ်မရှိသော ၎င်းတို့၏ အခြေအနေက ယူရို ၂၀၁၆ ၀င်မည့် စပိန်လက်ရွေးစင်အသင်း နေရာအတွက်ပါ ခြိမ်းခြောက်နေသည်ဟု ဗန်ဂါးလ်က ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုဆွေးနွေးမှုကြောင့် အသင်းအား လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ပို့ဆောင်ရာတွင် မန်ယူကစားသမားများနှင့် ဗန်ဂါးလ်ဦးဆောင်သည့် နည်းပြအဖွဲ့တို့အကြား အတူတကွ လက်တွဲလုပ်ဆောင်သွားရန် သဘောတူညီချက် ရခဲ့သည်ဟု သိရသည်။

    Ref: Dailymail

  • ဖာဂူဆန်နှင့် ဗန်ဂါးလ်ကို နှိုင်းယှဉ်ခြင်းမပြုရန် မန်ယူနောက်ခံလူဟောင်း တိုက်တွန်း

    ဖာဂူဆန်နှင့် ဗန်ဂါးလ်ကို နှိုင်းယှဉ်ခြင်းမပြုရန် မန်ယူနောက်ခံလူဟောင်း တိုက်တွန်း

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    vna

    – ဖာဂူဆန်လက်ထက်က အသင်း၏ အခြေအနေများနှင့် လက်ရှိ အသင်းအခြေအနေအား နှိုင်းယှဉ်မှုမပြုရန် မန်ယူနောက်ခံလူဟောင်း ဖီးလ်နဗီးလ်က ပြောဆိုလိုက်ပြီး နည်းပြ လူးဝစ်ဗန်ဂါးလ်အား ထောက်ခံအားပေးရန် တိုက်တွန်းပြောကြားခဲ့သည်။

    ခြေစွမ်းပြနိုင်ခြင်းမရှိသည့်မန်ယူမှာ နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲရရှိခြင်းမရှိဘဲ၊ ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားသည်။ ထို့ကြောင့် နည်းပြဗန်ဂါးလ်မှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီး ထုတ်ပယ်ခံရမည့်သတင်းများလည်း ထွက်ပေါ်နေသည်။ အကယ်၍ မန်ယူနည်းပြ အပြောင်းအလဲဖြစ်ပါက ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် နည်းပြ မော်ရင်ဟိုက မန်ယူနည်းပြဖြစ်ရန် ရေပန်းစားနေသည်။

    “အခုက ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မဟုတ်တော့ဘူးဗျ။ အဲဒီအချိန်တွေက ပြီးပြီ။ လက်တွေ့အခြေအနေကို ဆန်းစစ်ဖို့လိုပါတယ်။ အခုဟာက ဗန်ဂါးလ်ခေတ်ပါ။ ချင်းခြင်းပြောင်းလဲတာဟာ အဖြေမဟုတ်ပါဘူး” ဟု နဗီးလ်က BBC သို့ ပြောကြားခဲ့သည်။

    မန်ယူအသင်း ခြေစွမ်းမပြနိုင်မှုနှင့် ပတ်သက်၍လည်း ၎င်းက “ကျွန်တော်မန်ယူကစားသမားအဖြစ် ၉ နှစ်ကစားခဲ့တယ်။ သီတင်းပတ်တိုင်းက အမြဲတမ်းမကောင်းပါဘူး” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • အာဆင်နယ်မှာ ပရီးမီးယားလိဂ်ကိုရရှိနိုင်သည့် အခွင့်အရေး ရှိနေပြီဟု ၀င်းဂါးပြော

    အာဆင်နယ်မှာ ပရီးမီးယားလိဂ်ကိုရရှိနိုင်သည့် အခွင့်အရေး ရှိနေပြီဟု ၀င်းဂါးပြော

    ဒီဇင်ဘာ ၂၂၊ ၂၀၁၅
    M-Media

    winger

    – မိမိတို့အသင်းမှာ ရင့်ကျက်လာခဲ့ပြီး ပရီးမီးယားလိဂ်ဆုဖလားရရှိရန် အခွင့်အရေးရှိနေသည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ယနေ့မနက်က အနီးကပ်ဆုံးပြိုင်ဘက် မန်စီးတီးအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် အာဆင်နယ်မှာ ဝေါလ်ကော့နှင့် ဂျရူးတို့၏ ဂိုးများဖြင့် ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရကာ ထိပ်ဆုံးမှ လက်စတာနှင့် ၂ မှတ်အကွာ ဒုတိယနေရာတွင်ရှိနေပြီး တတိယနေရာမှ မန်စီးတီးအား ၄ မှတ် ဖြတ်ထားနိုင်သည်။

    “ကျွန်တော်တို့ ပျော်ရွှင်မှုနဲ့ အဆုံးသတ်ခဲ့တဲ့ပွဲပါပဲ။ ဒါပေမယ့် တော်တော်လေး ခက်ခဲခဲ့တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားကို ရရှိနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ကို ခိုင်မာစေခဲ့ပါတယ်။ ပွဲတိုင်းမှာ ကျွန်တော်တို့ ဒီလိုမျိုး တိုက်ပွဲဝင်သွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ အရင်ကထက် ရင့်ကျက်လာခဲ့ပြီး ဒါကို ဖိအားတွေရှိတဲ့ ပွဲတွေမှာ ကျွန်တော်တို့ ပြသနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အရမ်း ရည်မှန်းချက်ကြီးပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်ဟာ အရမ်းကိုခက်ခဲတယ်ဆိုတာ မြင်နိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ဟာ တော်တော်ကို နိုးနိုးကြားကြားနဲ့ ရှိနေတာပါ” ဟု ၀င်းဂါးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ဗန်ဂါးလ်အား ပရိတ်သတ်များက ထုတ်ပယ်စေချင်ကြသည်ဟု စစ်တမ်းတစ်ခုက ဖော်ပြ

    ဗန်ဂါးလ်အား ပရိတ်သတ်များက ထုတ်ပယ်စေချင်ကြသည်ဟု စစ်တမ်းတစ်ခုက ဖော်ပြ

    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    vangal

    – မန်ယူနည်းပြ ဗန်ဂါးလ်၏ အနာဂတ်နှင့် ပတ်သက်၍ နာမည်ကြီးဘောလုံးဝဘ်ဆိုက် Goal က စစ်တမ်းကောက်ယူခဲ့ရာ ၈၆ ရာခိုင်နှုန်းက မန်ယူအနေဖြင့် ဗန်ဂါးလ်အား ထုတ်ပယ်သင့်သည်ဟု ဆန္ဒပြုခဲ့ကြသည်။

    နော်ဝစ်ခ်ျအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် စာဖတ်ပရိတ်သတ်များအကြား ထိုကဲ့သို့ စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ မန်ယူမှာ ပရီးမီးယားလိဂ် နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲမရရှိခဲ့ဘဲ ထိုမှတ်တမ်းမှာ ဖလား ၃ လုံးရခဲ့သည့် ၁၉၉၈-၉၉ ဘောလုံးရာသီနောက်ပိုင်း အရှည်ကြာဆုံး နိုင်ပွဲပျောက်မှုလည်းဖြစ်သည်။

    ကြာသာပတေးနေ့က ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် မော်ရင်ဟိုကို မန်ယူနည်းပြသစ်အဖြစ် အစားထိုးရန် ရေပန်းစားနေသည်။ အဆိုပါ မဲပေးမှုတွင် မန်ချက်စတာမြို့မှ ပရိတ်သတ်များ၏ ၈၂ ရာခိုင်နှုန်းက အံ့သြစရာကောင်းလောက်အောင် ဗန်ဂါးလ်အား ထုတ်ပယ်ရန် ဆန္ဒပြုခဲ့ကြသည်။

    Ref: Goal