News @ M-Media
Tag: EPL 2015-16
  • ချယ်ဆီးနိုင်ပွဲပြန်တွေ့၊ မန်ယူ၊ လီဗာပူးလ်တို့ရှုံးခဲ့ပြီး လက်စတာက ဆက်လက်ဦးဆောင်ထားနိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇
    ချယ်ဆီးနိုင်ပွဲပြန်တွေ့၊ မန်ယူ၊ လီဗာပူးလ်တို့ရှုံးခဲ့ပြီး လက်စတာက ဆက်လက်ဦးဆောင်ထားနိုင်တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇
    ဒီဇင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    epl 1
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာတော့ မော်ရင်ဟိုအလွန်ချယ်ဆီး နိုင်ပွဲပြန်ရခဲ့ပြီး၊ မန်ယူ၊ လီဗာပူးလ်တို့ ရှုံးနိမ့်ခဲ့ကာ ဇယားကိုတော့ လက်စတာက ဆက်လက်ဦးဆောင်နေပါတယ်။
    ဆန်းဒါးလန်းနဲ့ပွဲမတိုင်ခင် နာရီပိုင်းအလိုမှာ ဂူစ်ဟစ်ဒင့်ကို ရာသီကုန်အထိ နည်းပြအဖြစ်ခန့်အပ်ခဲ့တဲ့ချယ်ဆီး ဒီပွဲကိုတော့ ယာယီနည်းပြတွေနဲ့သာ ကစားစေခဲ့ပါတယ်။ ပွဲအစ ၅ မိနစ်မှာပဲ အိုင်ဗန်နိုဗစ်က ဦးဆောင်ဂိုးသွင်းပေးခဲ့ပြီး ဒီဂိုးက ချယ်ဆီးကစားသမားတွေအတွက် ယုံကြည်မှုရှိစေခဲ့ရုံသာမက ပရိတ်သတ်တွေရဲ့ အားပေးမှုကိုလည်း တစ်ခဲနက် ရရှိခဲ့ပါတယ်။ ကစားပုံကောင်းခဲ့တဲ့အတွက် ၁၃ မိနစ်မှာ ဒုတိယဂိုးရခဲ့ပြီး ပက်ဒရိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ မိနစ် ၅၀ မှာတော့ အော်စကာရဲ့ ပင်နယ်တီနဲ့ တတိယဂိုး ရခဲ့ပြီး ၅၂ မိနစ်မှာ ဆန်းဒါးလန်းက တစ်ဂိုးပြန်ချေပနိုင်ခဲ့ပေမယ့် ရလဒ်ကိုတော့ ပြောင်းလဲနိုင်ခြင်းမရှိပါဘူး။
    epl 2
    လက်စတာကလည်း အဝေးကွင်းမှာ အကြိတ်အနယ်ကစားခဲ့ရပြီး ပင်နယ်တီ ၂ လုံးနဲ့အတူ အဲဗာတန်ကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူကာ ဇယားထိပ်ကို ဆက်လက် ရယူထားနိုင်ခဲ့ပါတယ်။ လက်စတာအတွက် ဂိုးတွေကိုတော့ ရီယဒ် မဟ်ရက်ဇ်က ပင်နယ်တီကနေ ၂ ဂိုး အိုကာဇာကီက ၁ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    epl 3
    ပြီးခဲ့တစ်ပတ်က တန်းတက်ဘုန်းမောက်ကို ရှုံးခဲ့တဲ့မန်ယူ ဒီတစ်ပတ်မှာလည်း နော်ဝစ်ခ်ျကို ဦးဆောင်ဂိုးတွေပေးခဲ့ရပြီး ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဖိအားတွေရှိနေတဲ့ နည်းပြဗန်ဂါးလ်ကတော့ ကစားသမားတွေကို အပြစ်တင်ခဲ့ပြီး ယုံကြည်မှုမရှိဘူး၊ တစ်ယောက်နဲ့တစ်ယောက် အစေးကပ်မှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။
    လီဗာပူးလ်ကတော့ ၀က်ဖို့ဒ်ကို အမှားများစွာနဲ့ ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ ၁၅ မိနစ်အတွင်း ၂ ဂိုးပေးလိုက်ရတာက လီဗာပူးလ်ကို အထိနာစေခဲ့တာဖြစ်ပြီး ကလော့ပ်ကတော့ အသင်းဟာ ဘယ်ဘက်ကမှ မကောင်းခဲ့ဘူးလို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ၀က်ဖို့ဒ်ရဲ့ ဒီအနိုင်ကြောင့် စတုတ္ထနေရာက စပါးနဲ့ တစ်မှတ်သာ ကွာဟပါတော့တယ်။
    ချယ်ဆီး၊ မepl 4န်ယူတို့ကို ဆက်တိုက်အနိုင်ယူထားတဲ့ဘုန်းမောက် ဒီတစ်ပတ်မှာလည်း ၀က်စ်ဘရွန်းကို ၂ ဂိုး ၁ ဂိုးနဲ့ ထပ်နိုင်ခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်မှာ နယူးကာဆယ်ကို ရှုံးကာ ၁၄ ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ကျိုးပျက်ခဲ့ရတဲ့ စပါးကတော့ ဆောက်သက်တမ်ကို ၂ ဂိုးပြတ်နဲ့ နိုင်ပွဲ ပြန်ရှာနိုင်ခဲ့ပါတယ်။
    ဒုတိယနဲ့ တတိယနေရာက မန်းစီးတီးနဲ့ အာဆင်နယ်တို့ရဲ့ပွဲကိုတော့ ဒီနေ့ညမှာ ကစားမှာပါ။ ဒီတစ်ပတ်ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
    ချယ်ဆီး ၃-၁ ဆန်းဒါးလန်း
    အဲဗာတန် ၂-၃ လက်စတာ
    မန်ယူ ၁-၂ နော်ဝစ်ခ်ျ
    ဆောက်သက်တမ် ၀-၂ စပါး
    စတုတ် ၁-၂ ခရစ္စတယ်ပဲလေ့စ်
    နယူးကာဆယ် ၁-၁ အက်စတွန်ဗီလာ
    ဆွမ်ဆီး ၀-၀ ၀က်စ်ဟမ်း
  • အဲဗာတန်ပွဲမှာ အဝေးကွင်းအခက်ခဲဆုံးပွဲဟု လက်စတာတိုက်စစ်မှူးပြော
    အဲဗာတန်ပွဲမှာ အဝေးကွင်းအခက်ခဲဆုံးပွဲဟု လက်စတာတိုက်စစ်မှူးပြော
    ဒီဇင်ဘာ ၂၀၊ ၂၀၁၅
    M-Media
    leis
    – အဲဗာတန်အား အနိုင်ရရှိခဲ့သည့် ယမန်နေ့ပွဲမှာ ယခုရာသီ မိမိတို့အသင်း၏ အဝေးကွင်း အခက်ခဲဆုံးပွဲဖြစ်သည်ဟု လက်စတာတိုက်စစ်မှူး ရီယဒ် မဟ်ရက်ဇ်က ပြောကြားလိုက်သည်။
    ထိုပွဲတွင် လက်စတာမှာ ခက်ခက်ခဲခဲကစားကာ ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ထိပ်ဆုံးနေရာကို ဆက်လက် ရယူထားနိုင်သည်။ လက်စတာအတွက်ဂိုးများကို မဟ်ရက်ဇ်က ပင်နယ်တီမှ ၂ ဂိုး အိုကာဇာကီက ၁ ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
    “ခက်ခဲတဲ့ပွဲပါ။ ဒီရာသီမှာ ကျွန်တော်တို့ရဲ့ အခက်ခဲဆုံး အဝေးပွဲလို့ ကျွန်တော်ထင်ပါတယ်။ ၃ ဂိုး ၂ ဂိုးနဲ့ ကျွန်တော်တို့နိုင်တယ်။ သူတို့ အခွင့်အရေး အများကြီး မရပါဘူး။ ဒါပေမယ့် ဘောလုံးပိုင်ဆိုင်မှုတော့ ရခဲ့တယ်။ ကျွန်တော်တို့ ခံစစ်တော်တော်ကောင်းပြီး အနိုင်နဲ့ထိုက်တန်တယ်လို့ ထင်ပါတယ်။ နိုင်တယ်ဆိုတာ အမြဲတမ်းကောင်းပါတယ်။ အထူးသဖြင့် အဝေးပွဲတွေမှာပေါ့။ ကျွန်တော်တို့ ဒီကွင်းမှာမနိုင်တာ နှစ် ၃၀ လောက်ရှိပြီလို့ သူတို့ပြောကြတယ်။ ဒါ့ကြောင့် ဒီအနိုင်ဟာ အသင်းနဲ့ ပရိတ်သတ်တွေအတွက် တော်တော်ကောင်းပါတယ်။ ကျွန်တော် အရမ်းပျော်ပါတယ်” ဟု မဟ်ရက်ဇ်က ပြောကြားခဲ့သည်။
    Ref: Goal
  • ဂွါဒီယိုလာ မန်စီးတီးရောက်မည်ဟု ပယ်လီဂရီနီမျှော်လင့်နေ
    ဂွါဒီယိုလာ မန်စီးတီးရောက်မည်ဟု ပယ်လီဂရီနီမျှော်လင့်နေ
    ဒီဇင်ဘာ ၂၀၊ ၂၀၁၅
    M-Media
    gua
    – ဘိုင်ယန်မြူးနစ်းနည်းပြ ဂွါဒီယိုလာမှာ တစ်ချိန်ကျလျှင် မိမိအသင်းသို့ လာရောက်နည်းပြခွင့် ရလိမ့်မည်ဟု မျှော်လင့်ကြောင်း မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပြောကြားလိုက်သည်။
    ဂွါဒီယိုလာမှာ ၎င်း၏ ဘိုင်ယန်အနာဂတ်နှင့် ပတ်သက်၍ မနက်ဖြန်တွင် ဖွင့်ဟပြောကြားမည်ဖြစ်ပြီး ရာသီကုန်လျှင် အသင်းမှထွက်ခွာတော့မည်ဟု အများစုက ယူဆနေကြသည်။ မန်ယူနှင့် မန်စီးတီးတို့မှာ ဂွါဒီယိုလာအား ခေါ်ယူရန်အတွက် ဆက်သွယ်မှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး မန်စီးတီးသို့ရောက်ရန် ပို၍ အလားအလာရှိနေသည်။
    “ပက်ပ် (ဂွါဒီယိုလာ) နဲ့ ပတ်သက်ပြီး ကျွန်တော် ပြောလို့မရပါဘူး။ ဒါပေမယ့် အရေးပါတဲ့ နည်းပြတိုင်းဟာ ပရီးမီးယားလိဂ်မှာ အလုပ်လုပ်ချင်ကြပါတယ်။ ဒီကိုမလာချင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။ တစ်နေ့နေ့ ပရီးမီးယားလိဂ်မှာ ဂွါဒီယိုလာ အလုပ်လုပ်မယ်ဆိုတာ ကျွန်တော် အသေအချာ ပြောရဲပါတယ်။ မန်စီးတီးမှာ အခွင့်အရေး ရလိမ့်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အသင်းကိုချစ်ပြီး၊ အသင်းရဲ့ အနာဂတ်ကိုပဲ ဂရုစိုက်ပါတယ်။ ပြီးတော့ သူ (ဂွါဒီယိုလာ) ဟာ အလုပ်ကောင်းကောင်းလုပ်မယ်လို့လည်း ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။
    Ref: Goal
  • အသင်းသစ်ကို ကိုင်တွယ်ရန် အဆင်သင့်ရှိနေသည်ဟု မော်ရင်ဟိုပြော
    အသင်းသစ်ကို ကိုင်တွယ်ရန် အဆင်သင့်ရှိနေသည်ဟု မော်ရင်ဟိုပြော
    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media
    morin
    – ချယ်ဆီးမှ ထုတ်ပယ်ခံလိုက်ရသည့် နည်းပြမော်ရင်ဟိုက ၎င်းမှာ အနားယူမည်မဟုတ်ဘဲ လန်ဒန်တွင် ဆက်နေကာ
    နည်းပြအလုပ်အား ချက်ခြင်းဆက်လုပ်သွားရန် အဆင်သင့်ရှိနေသည်ဟု ယနေ့မနက်တွင် ထုတ်ပြန်သော ကြေငြာချက်၌ ပြောကြားခဲ့သည်။
    လက်ရှိချန်ပီယံဖြစ်သော်လည်း ဆိုးရွားသောရလဒ်များကြောင့် ချယ်ဆီးမှာ မော်ရင်ဟိုအား ပြီးခဲ့သည့် ကြာသာပတေးနေ့က အသင်းမှ ထုတ်ပယ်ခဲ့သည်။ လစ်လပ်နေသော နည်းပြနေရာအတွက် ဂူစ်ဟစ်ဒင့်မှာ ယာယီတာဝန်ယူမည်ဟု ရေပန်းစားနေသည်။
    လော့စ်အိန်ဂျလီစ်အခြေစိုက် CAA အေးဂျင့်မှတစ်ဆင့် ထုတ်ပြန်ခဲ့သော အဆိုပါကြေငြာချက်တွင် မော်ရင်ဟိုက ၎င်းမှာ မောပန်းနွမ်းနယ်ခြင်းမရှိဘဲ နည်းပြဘ၀မှ အနားယူမည်မဟုတ်ဟု ဖော်ပြခဲ့သည်။
    “သူက လစာယူပြီး ထိုင်နေမှာမဟုတ်ပါဘူး။ သူဟာ နွမ်းနယ်ခြင်းမရှိပါဘူး။ သူဟာ အင်မတန် အပြုသဘောဆောင်နေပါတယ်။ ပြီးတော့ ရှေ့ဆက်လျှောက်ဖို့လည်း အဆင်သင့်ရှိနေပါတယ်” ဟု အဆိုပါ ကြောငြာချက်တွင် ရေးသားထားသည်။
    မော်ရင်ဟို၏ အနာဂတ်နှင့် ပတ်သက်၍မူ ၎င်းမှာ လန်ဒန်တွင်သာ ဆက်ရှိသွားမည်ဖြစ်ကြောင်း၊ ကောလဟာလများ မဖြစ်စေရန် အသင်းကြီးများ၏ ပြိုင်ပွဲမှလွဲ၍ အခြားသော ပရီးမီးယားလိဂ်ပွဲစဉ်များကို ကြည့်ရှုသွားမည်ဖြစ်ကြောင်း ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
    Ref: Goal
  • ခြေစွမ်းကောင်းရန် အသင်းတွင် ပြဿနာဖန်တီးခဲ့ရသည်ဟု နယူးကာဆယ်နည်းပြပြော
    ခြေစွမ်းကောင်းရန် အသင်းတွင် ပြဿနာဖန်တီးခဲ့ရသည်ဟု နယူးကာဆယ်နည်းပြပြော
    ဒီဇင်ဘာ ၁၉၊ ၂၀၁၅
    M-Media
    new
    – မိမိမှာ အ၀တ်လဲခန်းတွင် အသင်းသားများအား ပဋိပက္ခဖန်တီးပေးခဲ့ပြီး ထိုသို့ဆောင်ရွက်ခြင်းက ပရီးမီးယားလိဂ်တွင် ရလဒ်ကောင်းများရရှိခြင်း၏ အဓိကသော့ချက်ဖြစ်သည်ဟု နယူးကာဆယ်နည်းပြ စတီဗ် မက္ကလာရင်က ပြောကြားလိုက်သည်။
    ရာသီအစကတည်းက ခြေစွမ်းပျက်ခဲ့ပြီး ဇယားအောက်သို့ရောက်ရှိခဲ့သည့် နယူးကာဆယ်မှာ ပြီးခဲ့သည့် နှစ်ပွဲတွင် လီဗာပူးလ်၊ စပါးတို့အား ဆက်တိုက်အနိုင်ယူကာ အဆင့် ၁၅ သို့ ပြန်လည်တက်ရောက်လာနိုင်ခဲ့သည်။
    “တစ်ခါတစ်လေမှာ ပြဿနာနည်းနည်းလောက် ဖန်တီးပေးရပါတယ်။ ပြဿနာနည်းနည်းလောက်ပါ။ အဓိက ကိစ္စတွေက ကျွန်တော်တို့ပေးတဲ့ သတင်းစကားတွေ လျော်ကန်ဖို့ပါ။ ကျွန်တော်တို့နိုင်တဲ့အခါ၊ ရှုံးတဲ့အခါ၊ သရေကျတဲ့အခါ အဲဒါကို ဆန်းစစ်ပြီး သုံးသပ်ပါတယ်။ မှန်ခဲ့တယ်။ ဒါမှမဟုတ် မှားခဲ့တယ်လို့ ကျွန်တော်တို့ ပြောရတယ်။ နောက်တစ်ပွဲအတွက် အမှားကို မှန်ကန်အောင်လုပ်ရပါတယ်။ လုပ်ငန်းစဉ်ကတော့ အတူတူပါပဲ။ ဒါပေမယ့် အပြောထက်၊ လက်တွေ့က ခက်ပါတယ်” ဟု မက္ကလာရင်က သတင်းထောက်များအား ပြောကြားခဲ့သည်။
    Ref: Goal