ဒီဇင်ဘာ ၂၃၊ ၂၀၁၅
M-Media
– မိမိတို့ တိုက်စစ်မှူးဖြစ်သူ ရီယဒ် မဟ်ရက်ဇ်မှာ အသင်း၏ ဘုရင်ဖြစ်သည်ဟု လက်စတာစီးတီးအသင်းနည်းပြ ကလော်ဒီယို ရာနီရေးရီက ပြောကြားလိုက်သည်။
ယခုနှစ်တွင် ခြေစွမ်းပြကာ ပရီးမီးယားလိဂ်ဇယားအား ဦးဆောင်ထားနိုင်သည့် လက်စတာအတွက် မဟ်ရက်ဇ်မှာ အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့ပြီး စုစုပေါင်း ၁၃ ဂိုး သွင်းယူပေးထားနိုင်သည်။ ၎င်း၏ ခြေစွမ်းကြောင့် အသင်းကြီးများက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း အေးဂျင့်ဖြစ်သူက မဟ်ရက်ဇ်မှာ လက်စတာတွင်သာ ဆက်လက်ရှိနေမည်ဟု အတည်ပြု ပြောကြားခဲ့သည်။
“သူကလည်း ကျွန်တော်တို့နဲ့နေချင်တယ်။ ကျွန်တော်တို့ကလည်း သူ့ကို ထိန်းထားချင်တယ်။ ဒါပါပဲ။ သူက တိုးတက်ဖို့လိုတယ်။ သူတိုးတက်တဲ့အခါမှာ အသင်းလည်း တိုးတက်လာပါတယ်။ ဒီလိုဖြစ်လာတဲ့အချိန်မှာ ဘာ့ကြောင့် သူက ထွက်သွားချင်မှာလဲ။ သူက ဒီမှာ ဘုရင်တစ်ဆူပါပဲ။ သူဟာ အသင်းနဲ့အတူ နာမည်ကြီးလာနိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဇယားအောက်ရောက်နေတဲ့ အချိန်တုန်းက သူ့ကို ဘယ်သူမှမသိဘူး။ အခုတော့ လူတိုင်းက သူ့အကြောင်းပြောနေကြပြီ။ နည်းနည်တော့ ဖိအားရှိနိုင်မှာပေါ့လေ” ဟု ရာနီရေးရီက ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.