News @ M-Media
Tag: EPL 2015-16
  • မော်ရင်ဟို၏ ပွဲအားတုန့်ပြန်မှု လုံးဝ ခြားနားတော့မည်
    မော်ရင်ဟို၏ ပွဲအားတုန့်ပြန်မှု လုံးဝ ခြားနားတော့မည်
    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media
    morinho
    – ပြီးခဲ့သည့် တစ်ပတ်ကျော် ၀က်စ်ဟမ်းအသင်းနှင့်ပွဲ အပြုအမူကြောင့် ကွင်းအတွင်းသို့ ၀င်ရောက်ခွင့် တစ်ပွဲ ပိတ်ပင်ခံထားရပြီးနောက် မိမိအနေဖြင့် ပွဲအားချဉ်းကပ်မှုကို လုံးဝပြောင်းလဲသွားမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။
    ထိုပွဲတွင် ဒိုင်လူကြီးကို ဆဲရေးတိုင်းထွာခဲ့သောကြောင့် မော်ရင်ဟိုမှာ ပွဲကစားချိန်အတွင်း ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရပြီး ကွင်းလယ်ဒိုင်လူကြီး ဂျွန် မို့စ်၏ အစီရင်ခံစာတွင်လည်း ထိုကိစ္စကို ထည့်သွင်းဖော်ပြခဲ့သောကြောင့် FA က မော်ရင်ဟိုအား ကွင်းအတွင်းသို့ ၀င်ရောက်ခွင့် တစ်ပွဲ ပိတ်ပင်ခဲ့သည်။
    “ပွဲမှာ ကွင်းအတွင်းက ထုတ်ခံခဲ့ရပြီး နောက်ပိုင်းမှာလည်း ကွင်းအတွင်းဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါဟာ ကျွန်တော့်အလုပ်ကို ရပ်တန့်လိုက်တာပါပဲ။ ဒီအဖြစ်အပျက်က ကျွန်တော့်ကို ပြောင်းလဲစေခဲ့ပါတယ်။ အားလုံးကို ပြောင်းလဲပစ်လိုက်တာပါ။ အဲဒီအတွက် ကျွန်တော့်ရဲ့အဖြေကတော့ ကျွန်တောဟာ အရင်ကနဲ့ မတူတော့ဘူး ဆိုတာပါပဲ။ ပွဲနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ပါဝင်မှုက လုံးဝ ခြားနားသွားတော့မှာပါ” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
    Ref: Goal
  • လီဗာပူးလ်သို့ပြန်လာရေး နည်ပြကလော့ပ်နှင့် ဂျရတ် ဆွေးနွေးမည်
    လီဗာပူးလ်သို့ပြန်လာရေး နည်ပြကလော့ပ်နှင့် ဂျရတ် ဆွေးနွေးမည်
    နိုဝင်ဘာ ၄၊ ၂၀၁၅
    M-Media
    liver
    – လီဗာပူးလ်အသင်း၏ သက်တော်ရှည် ကစားသမားဖြစ်ခဲ့သူ စတီဗင်ဂျရတ်မှာ အသင်းသို့ ပြန်လည်လာရောက်ရေး ဆွေးနွေရန်အတွက် နည်းပြ ယာဂန်ကလော့နှင့် စကားပြောခဲ့ပြီး လာမည့်စနေနေ့ အန်ဖီးလ်တွင် ခရစ္စတယ်ပဲလေ့စ်အား ဧည့်ခံကစားရမည့်ပွဲတွင် တွေ့ဆုံရန်ရှိနေသည်ဟု Daily Mail အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။
    အသင်းတွင် သစ္စာရှိစွာ ကစားခဲ့သည့် ဂျရတ်မှာ ယခုနှစ်ဇန်န၀ါရီလကမှ အမေရိကန် မေဂျာလိဂ်ကလပ် အလ်အေ ဂလက်ဆီအသင်းသို့ ပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်တစ်ပတ်က MLS ရှုံးထွက်ပွဲစဉ်တွင် Seattle Sounders အသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် ယနေ့တွင် အင်္ဂလန်သို့ ပြန်လာရန် ရှိနေသည်။
    ယခင်ကတည်းက အသင်းအတွက် ကူညီနိုင်သည့် အရည်အသွေးရှိပါက တစ်နေ့တွင် အသင်းသို့ ပြန်လည် လာရောက်ချင်သည်ဟု ဂျရတ်က ပြောကြားထားဖူးပြီး လီဗာပူးလ်ဥက္ကဌ တွမ် ၀ါနာနှင့်လည်း ပြီးခဲ့သည့် လများအတွင်း အကြိမ်အများအပြား တွေ့ဆုံ စကားပြောခဲ့ဖူးသည်။ ဂျရတ် လီဗာပူးလ်သို့ ပြန်လာရေးအတွက် အဆုံးအဖြတ်မှာ နည်းပြ ယာဂန် ကလော့ပ် ဖြစ်နေပြီး အငှားဖြင့် ပြန်လည် လာရောက်နိုင်သည့်အနေအထား ရှိနေသည်။
    Ref: Dailymail
  • ချယ်ဆီး၏ ကျရှုံးမှု ကစားသမားများကြောင့်ဟု တယ်ရီပြော
    ချယ်ဆီး၏ ကျရှုံးမှု ကစားသမားများကြောင့်ဟု တယ်ရီပြော
    နိုဝင်ဘာ ၃၊ ၂၀၁၅
    M-Media
    morinho
    – ယခုရာသီ ချယ်ဆီးအသင်း၏ ကျရှုံးမှုများအတွက် မော်ရင်ဟိုတွင် အပြစ်မရှိဘဲ မိမိတို့ကစားသမားများကသာ တာဝန်ယူရမည်ဟု နောက်ခံလူ တယ်ရီက ပြောကြားလိုက်သည်။
    ၁၁ ပွဲကစားပြီးချိန်တွင် ၆ ပွဲအထိ ရှုံးထားပြီး ၃ ပွဲသာ အနိုင်ရထားသည့် လက်ရှိချန်ပီယံ ချယ်ဆီးမှာ ထိပ်ဆုံးမှ မန်စီးတီးနှင့် ၁၄ မှတ် ကွာဟနေပြီး အဆင့် ၁၅ နေရာတွင် ရှိနေသည်။ ထိုကဲ့သို့ ရလဒ်များ ဆိုးရွားမှုကြောင့် မော်ရင်ဟိုမှာလည်း ဖိအားဒဏ်ကို အလွန်အမင်း ခံစားနေရသည်။
    “ကိုယ်ပိုင်သဘောအရ ပြောရရင် ကျွန်တော်နဲ့ ကစားသမားတွေဟာ လုံလောက်အောက် ခြေစွမ်းမကောင်းခဲ့ဘူးလို့ ပြောလို့ ရပါတယ်။ ဒါဟာ နည်းပြရဲ့တာဝန် မဟုတ်ပါဘူး။ ကစားသမားတွေအားလုံးဟာ နည်းပြကို အပြည့်အ၀ ထောက်ခံတယ်။ ကျွန်တော်တို့ အတူတူရှိနေပါတယ်။ ကျွန်တော် အလုပ်လုပ်ခဲ့ဖူးတဲ့ နည်းပြတွေထဲမှာ မော်ရင်ဟိုဟာ ကဏ္ဍပေါင်းစုံနဲ့ပတ်သက်ပြီး ပြိုင်ဘက်ကင်းနည်းပြပါ။ ဒီအခြေအနေကို သူ ပြောင်းလဲနိုင်မယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်” ဟု တယ်ရီက သတင်းထောက်များအား ပြောကြားခဲ့သည်။
    Ref: Goal
  • မာရှယ်ကိုတားဆီးနိုင်က မန်ယူကို တားဆီးနိုင်ခြင်းဟု ပါဂျူးပြော
    မာရှယ်ကိုတားဆီးနိုင်က မန်ယူကို တားဆီးနိုင်ခြင်းဟု ပါဂျူးပြော
    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media
    martial
    – မန်ယူနှင့် တွေ့ဆုံခဲ့သည့်ပွဲတွင် လူငယ်ကစားသမား အန်သိုနီမာရှယ်အား ရပ်တန့်ရန် မိမိတို့အသင်းက ကြိုးစားခဲ့ပြီး ၎င်းအား ရပ်တန့်နိုင်ပါက မန်ယူကို ရပ်တန့်နိုင်သည်ဟု ခရစ္စတယ်ပဲလေ့စ်နည်းပြ အလန်ပါဂျူးက ပြောကြားလိုက်သည်။
    ယမန်နေ့က ကစားခဲ့သည့် မန်ယူနှင့် ပဲလေ့စ်ပွဲမှာ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့ပြီး မန်ယူမှာ ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့ခြင်းလည်း ဖြစ်သည်။ ပါဂျူးကမူ မိမိတို့အသင်းမှာ မာရှယ်၏ ခြိမ်းခြောက်မှုကို အဓိကထားခဲ့သည်ဟု ဆိုသည်။
    “မာရှယ်ကို တစ်လက်မတောင် အလွတ်မပေးပါဘူး။ သူ့ကိုတားဆီးဖို့က ကျွန်တော်တို့အတွက် ပစ်မှတ်ကြီးတစ်ခု ဖြစ်ခဲ့ပြီး တကယ်လို့ ကျွန်တော်တို့ သူ့ကိုတားဆီးနိုင်ရင် မန်ယူအသင်းရဲ့ ဖန်တီးနိုင်မှုကို တားဆီးနိုင်တာပါပဲ။ မာရှယ်ရဲ့ အသက်ကို ထည့်ထွက်မယ့်ဆိုရင်တော့ ဒါဟာ အကြံပြုချက်တစ်ခုပါပဲ။ သူက အင်မတန် ချီးကျူးစရာကောင်းတဲ့ ကစားသမားတစ်ယောက်လို့ ကျွန်တော် ပြောရမှာပါ” ဟု ပါဂျူးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
    Ref: Goal
  • ယာဂန်ကလော့ပ် နိုင်ပွဲစရ၊ မန်ယူ ဂိုးပေါက်ဆက်ပျောက်နေပြီး ထိပ်ဆုံး အပြောင်းအလဲမရှိသေးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁
    ယာဂန်ကလော့ပ် နိုင်ပွဲစရ၊ မန်ယူ ဂိုးပေါက်ဆက်ပျောက်နေပြီး ထိပ်ဆုံး အပြောင်းအလဲမရှိသေးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁
    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media
    epl 1
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပထမဆုံး နိုင်ပွဲ စရခဲ့ပေမယ့် သူနိုင်ခဲ့တဲ့ ချယ်ဆီးကတော့ တန်းဆင်းဇုန်နဲ့ ၄ မှတ်သာ ကွာပါတော့တယ်။
    စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ပွဲအစ ၄ မိနစ်မှာပဲ ရာမီးရက်စ်က ခေါင်းတိုက်ပြီး ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် ချယ်ဆီးကစားသမားတွေရဲ့ ယုံကြည်ချက် ပျောက်ဆုံးမှုကိုတော့ နောက်ပိုင်းမိနစ်တွေမှာ အထင်းသား တွေ့မြင်ခဲ့ရပါတယ်။ နည်းပြသစ်လက်အောက်မှာ တစ်ဖြည်းဖြည်း တက်ရိပ်ပြလာတဲ့ လီဗာပူးလ်က ပထမပိုင်း နာကျင်အချိန်ပိုမှာ ချေပဂိုးရပြီးတဲ့နောက် ဒုတိယပိုင်းမှာ အကောင်းဆုံး ခြေစွမ်းကို ပြသခဲ့ပြီး ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။ လီဗာပူးလ်အတွက် ဂိုးတွေကိုတော့ ကော်တင်ဟိုက ၂ ဂိုးနဲ့ ဘန်တီကီက ၁ ဂိုး သွင်းပေးခဲ့ပါတယ်။
    epl 2
    အဓိက ကစားသမားတွေ ဒဏ်ရာရနေပေမယ့် အာဆင်နယ်ကတော့ ပုံစံကောင်းကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့နှစ်က နှစ်ကျော့စလုံးရှုံးခဲ့တဲ့ ဆွမ်းဆီးကို ဂျရူး၊ ကွန်စီယဲလ်နီနဲ့ ကမ်းဘဲလ်တို့ရဲ့ ဒုတိယပိုင်း ဂိုးတွေနဲ့ ၃ ဂိုးပြတ် အနိုင်ရခဲ့တာဖြစ်ပြီး ၀င်းဂါးကတော့ မိမိတို့အသင်းဟာ အဆင့်တစ်ဆင့်ကို တက်လာနိုင်ခဲ့ပြီလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
    epl 3
    မန်ယူက ဂိုးပေါက်ပျောက်မှု သံသရာ ဆက်ရှည်နေဆဲပါပဲ။ ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ဂိုးသွင်းခွင့် မဖန်တီးနိုင်ခဲ့တာကြောင့် အဝေးကွင်းမှာ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ နည်းပြ ဗန်ဂါးလ်ကတော့ ဂိုးပေါက်ပျောက်မှုအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့ ပွဲအပြီးမှာ ထပ်မံပြောကြားခဲ့ပြီး ရလဒ်အတွက် စောဒက မတက်ချင်ဘူးလို့ ဆိုပါတယ်။
    မန်စီးတီးကလည်း လိုအပ်တဲ့ ၃ မှတ် ရယူနိုင်ခဲ့ပေမယ့် တိုက်စစ်ပျောက်မှုနဲ့ အိမ်ကွင်းမှာ ရင်တထိတ်ထိတ် ဖြစ်ခဲ့ရပါသေးတယ်။ ၆၇ မိနစ်မှာ အော်တာမန်ဒီက ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ၈၃ မိနစ်မှာ ဂိုးသမား ဂျိုးဟတ်ရဲ့ အမှားကြောင့် ချေပဂိုး ပြန်ပေးလိုက်ရပါတယ်။ ဒါပေမယ့် ၈၉ မိနစ်မှာ ပင်နယ်တီ ရခဲ့ပြီး ယာယာတိုးယေးက အမှားအယွင်းမရှိ ကန်သွင်းနိုင်ခဲ့တာကြောင့် ထိပ်ဆုံးမှာ ဆက်ရှိနေနိုင်တာဖြစ်ပါတယ်။
    အသepl 4င်းကြီးတွေကို ဆက်တိုက်နှိပ်ကွပ်ထားပြီး အဝေးကွင်းရှုံးပွဲမရှိသေးတဲ့ ၀က်စ်ဟမ်းက တစ်နေ့ရွှေ၊ တစ်နေ့ငွေဖြစ်နေတဲ့ ၀က်ဖို့ဒ်ကို ၂ ဂိုးပြတ်နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။ နောက်ဆုံး ၃ ပွဲမှာ နိုင်ပွဲပျောက်ပြီး ၂ ပွဲအထိ ရှုံးနိမ့်ထားတဲ့ အဲဗာတန်ဟာ ဒီတစ်ပတ်တော့ အရူနာကုန်းရဲ့ ဟက်ထရစ်နဲ့အတူ ဆန်းဒါးလန်းကို ၆ ဂိုး ၂ ဂိုးနဲ့ နှိပ်ကွပ်ခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ချယ်ဆီး ၁-၃ လီဗာပူးလ်
    ခရစ္စတယ်ပဲလေ့စ် ၀-၀ မန်ယူ
    မန်စီးတီး ၂-၁ နော်ဝစ်ခ်ျ
    နယူးကာဆယ် ၀-၀ စတုတ်စီးတီး
    ဆွမ်ဆီး ၀-၃ အာဆင်နယ်
    အဲဗာတန် ၆-၂ ဆန်းဒါးလန်း
    ဆောက်သက်တမ် ၂-၀ ဘုန်းမောက်