News @ M-Media
Tag: EPL 2015-16
  • မန်ယူတွင် စိတ်ပျက်ခဲ့ရသည်ဟု ဇာဟာဖွင့်ဟ
    မန်ယူတွင် စိတ်ပျက်ခဲ့ရသည်ဟု ဇာဟာဖွင့်ဟ
    အောက်တိုဘာ ၃၁၊ ၂၀၁၅
    M-Media
    zaha
    – မန်ယူတွင် ကစားခဲ့ရသည့် အချိန်များကို မိမိအနေဖြင့် မပျော်ရွှင်ဘဲ အချိန်နှင့်အမျှ စိတ်ပျက်မှုကို ခံစားခဲ့ရသည်ဟု ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ၀ီလ်ဖရိုင်း ဇာဟာက ပြောကြားလိုက်သည်။
    ဇာဟာမှာ ၂၀၁၃ ခုနှစ်တွင် မန်ယူသို့ ရောက်ရှိခဲ့ပြီး ဖာဂူဆန်၏ နောက်ဆုံးခေါ်ယူသော ကစားသမားလည်း ဖြစ်ခဲ့သည်။ သို့သော်လည်း မန်ယူတွင် ၄ ပွဲသာ ကစားခဲ့ရပြီး ပရီးမီးယားလိဂ်တွင် လုံးဝ ပွဲထွက်ခွင့် မရသောကြောင့် ယခုနှစ် ဖေဖော်ဝါရီတွင် အသင်းဟောင်း ပဲလေ့စ်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။
    “အချိန်နဲ့အမျှ ကျွန်တော် စိတ်ပျက်ခဲ့ရပါတယ်။ ကိစ္စ တော်တော်များများအတွက်လည်း ကျွန်တော် ခံစားခဲ့ရပါတယ်။ ကျွန်တော် ကောင်းကောင်းမကစားနိုင်တဲ့အခါ ဘယ်သူမှ ကျွန်တော့်ကို ပြောစရာမလိုပါဘူး။ ကျွန်တော် ကို့ယ်ကိုယ်ကို ပြန်ပြင်တယ်။ စိတ်ရှုတ်တဲ့အခါမှာလည်း ကျွန်တော်က ကိုယ့်ဟာကိုယ် ဖြေပါတယ်” ဟု ဇာဟာက ပြောကြားခဲ့ပြီး မန်ယူတွင် ကစားရသည့်ပွဲများတွင် အကောင်းဆုံး မကစားနိုင်ခဲ့ဟု ၀န်ခံခဲ့သည်။
    Ref: Goal
  • ဒဏ်ရာပြဿနာကို ကျော်လွှားနိုင်မည်ဟု ၀င်းဂါး ယုံကြည်နေ
    ဒဏ်ရာပြဿနာကို ကျော်လွှားနိုင်မည်ဟု ၀င်းဂါး ယုံကြည်နေ
    အောက်တိုဘာ ၃၀၊ ၂၀၁၅
    M-Media
    winger
    – အသင်းတွင် ဒဏ်ရာရကစားသမား များပြားနေသော်လည်း အရေးမကြီးဘဲ မိမိအနေဖြင့် ထိုပြဿနာကို ကျော်လွှားနိုင်မည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    စနေနေ့တွင် ဆွမ်ဆီးအသင်းနှင့် အဝေးကွင်း၌ သွားရောက်ကစားရမည့် အာဆင်နယ်တွင် ရမ်ဆေး၊ ၀ီလ်ရှိုင်းယား၊ ၀ဲလ်ဘတ်၊ အာတီတာ၊ အော့စ်ပီနာနှင့် ရိုစစ္စကီးတို့ ဒဏ်ရာရရှိနေပြီး ဗုဒ္ဓဟူးနေ့က ရှက်ဖီးနှင့် လိဂ်ဖလားပွဲတွင် ဝေါလ်ကော့နှင့် ချိန်ဘာလိန်တို့ ဒဏ်ရာရရှိကာ နိုင်ဝင်ဘာအထိ ကစားနိုင်မည် မဟုတ်သောကြောင့် ဒဏ်ရာရနေသည့် အဓိက ကစားမားများမှာ ၈ ဦးအထိ ရှိလာခဲ့သည်။
    “ကျွန်တော်တို့ အဖြေတွေ ရှာသွားမှာဖြစ်ပြီး၊ ကောင်းမွန်တဲ့တစ်ခုကို ရွေးချယ်သွားမှာပါ။ ကျွန်တော့်ရဲ့ ဆေးအဖွဲ့နဲ့ နည်းပြအဖွဲ့ဟာ ကောင်းကောင်းမွန်မွန် ဆောင်ရွက်နိုင်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ ဒါကိုရင်ဆိုင်ဖို့ ကျွန်တော်တို့အားလုံးဟာ တော်တော်လေး စုစုစည်းစည်းရှိပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    Ref: Goal
  • လူအချို့မှလွဲ၍ မော်ရင်ဟိုမှာ လူတိုင်းအတွက် လူကောင်းဖြစ်သည်ဟု ကလော့ပ်ပြော
    လူအချို့မှလွဲ၍ မော်ရင်ဟိုမှာ လူတိုင်းအတွက် လူကောင်းဖြစ်သည်ဟု ကလော့ပ်ပြော
    အောက်တိုဘာ ၃၀၊ ၂၀၁၅
    M-Media
    liver
    – ဒိုင်လူကြီးများနှင့် ဂျာလစ်များမှလွဲ၍ မော်ရင်ဟိုမှာ လူတိုင်းအတွက် လူကောင်းတစ်ယောက်ဖြစ်သည်ဟု လီဗာပူးလ်းနည်းပြသစ် ကလော့ပ်က ယနေ့တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အရွှန်းဖောက် ပြောကြားလိုက်သည်။
    မော်ရင်ဟို၏ ချယ်ဆီးနှင့် လီဗာပူးလ်တို့မှာ စနေနေ့တွင် ထိပ်တိုက်တွေ့ဆုံကြမည်ဖြစ်ပြီး ကလော့ပ် အင်္ဂလန်သို့ စရောက်စဉ်ကလည်း မိမိမှာ normal one သာဖြစ်သည်ဟု မော်ရင်ဟို၏ လက်သုံးစကားဖြစ်သော special one ကို စောင်းမြောင်းပြောခဲ့ဖူးသည်။
    “သူ့ရဲ့ စွမ်းဆောင်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော် လေးစားမှုအပြည့် ရှိပါတယ်။ တကယ်လို့ ခင်ဗျားဟာ ဒိုင်လူကြီး ဒါမှမဟုတ် ဂျာနယ်လစ်တစ်ယောက် မဟုတ်ဘူးဆိုရင် သူက ခင်ဗျားအတွက် လူကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ ပွဲအတွင်းမှာ ကျွန်တော်တို့ နှစ်ယောက်စလုံးဟာ စိတ်လှုပ်ရှားကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပရော်ဖက်ရှင်နယ်တွေပါ။ ကျွန်တော်တို့ကြားမှာ အားလုံး အေးဆေးပါပဲ။ ကျွန်တော် ဂျာနီမှာရှိတုန်းက မော်ရင်ဟိုဟာ တစ်ခါတစ်လေ မက်ဆေ့ခ်ျပို့လေ့ ရှိပါတယ်။ သူ့ရဲ့ ဆောင်ရွက်မှုတွေအတွက် ကျွန်တော် လေးစားပါတယ်။ သူက လူကောင်းတစ်ယောက်ပါ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။
    Ref: Goal
  • ရူနီအတွက် အမှတ်တရပွဲကို မန်ယူ ကျင်းပပေးမည်
    ရူနီအတွက် အမှတ်တရပွဲကို မန်ယူ ကျင်းပပေးမည်
    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media
    rn
    – အသင်းတွင် ၁၂ နှစ်ကြာ ပေးဆပ်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် မန်ယူအသင်းမှာ လာမည့်နှစ် သြဂုတ်လ ၃ ရက်နေ့တွင် တိုက်စစ်မှူး ၀ိန်းရူနီအတွက် အမှတ်တရ ဂုဏ်ပြုဘောလုံးပွဲ စီစဉ်ပေးရန် ရှိနေသည်ဟု သိရသည်။
    မကြာသေးမီက အင်္ဂလန်အသင်း၏ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာသူ ရူနီမှာ ယခုနှစ်တွင် ခြေစွမ်းကောင်းများ မပြနိုင်သေးသော်လည်း မန်ယူအသင်း၏ ဂိုးအများဆုံးသွင်းယူသော ကစားသမားဖြစ်ရန် နီးစပ်နေပြီဖြစ်သည်။
    “ဒီအမှတ်တရပွဲကို တကယ်ဖြစ်လာအောင် ဆောင်ရွက်ရာမှာ ပါဝင်တဲ့သူတိုင်းကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ နောက်ပြီး ကျွန်တော် ကျေးဇူးအတင်ချင်ဆုံးကတော့ အသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ကျွန်တော့်အတွက် မယုံကြည်နိုင်လောက်တဲ့ အားပေးမှုကို ပေးအပ်ခဲ့တဲ့ ပရိတ်သတ်တွေပါပဲ။ ဒီပွဲဟာ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုအတွက် အထူးပွဲလေးဖြစ်မှာပါ။ ဒါပေမယ့် ပါဝင်သူတွေအားလုံးအတွက် ပျော်ရွှင်စရာ ညလေးတစ်ည ဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်မိပြီး အံ့သြစရာ တစ်ခု၊ နှစ်ခုလောက်လည်း ကျွန်တော်တို့ စီစဉ်ပေးသွားမှာပါ” ဟု ရူနီက ပြောကြားခဲ့သည်။
    Ref: Goal
  • အဖြူအမည်း မသဲကွဲတဲ့ မန်ချက်ဒါဘီ၊ ချယ်ဆီးရေတိမ်နစ်ခဲ့ပြီး၊ သရေနဲ့ ကံစပ်နေတဲ့ ကလော့ပ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀
    အဖြူအမည်း မသဲကွဲတဲ့ မန်ချက်ဒါဘီ၊ ချယ်ဆီးရေတိမ်နစ်ခဲ့ပြီး၊ သရေနဲ့ ကံစပ်နေတဲ့ ကလော့ပ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၀
    အောက်တိုဘာ ၂၆၊ ၂၀၁၅
    M-Media
    epl 1
    – ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာတော့ အားလုံးစောင့်ကြည့်နေကြတဲ့ မန်ချက်စတာဒါဘီမှာ အရှုံးအနိုင်မပေါ်ခဲ့သလို လီဗာပူးလ်းနည်းပြကလည်း သရေသံသရာကနေ မလွတ်မြောက်နိုင်သေးပါဘူး။ ချယ်ဆီးက ပဉ္စမမြောက် အရှုံးကို မြည်းစမ်းခဲ့ရပြီး အာဆင်နယ်က ၄ ပွဲဆက်အနိုင်နဲ့ ဇယားထိပ်ကို တစ်ရက်တာ ဦးဆောင်နိုင်ခဲ့ပါတယ်။
    အိုးထရက်ဖို့ဒ်က မန်ယူနဲ့ မန်စီးတီးပွဲကတော့ ထင်သလောက် စိတ်ဝင်စားစရာ မကောင်းခဲ့ဘဲ တစ်သင်းနဲ့တစ်သင်း နည်းစနစ်ပိုင်းဆိုင်ရာ အားပြိုင်မှုနဲ့ဘဲ အချိန်ကုန်ခဲ့ပါတယ်။ ပထမပိုင်းမှာ မန်စီးတီးက ပိုကောင်းခဲ့ပြီး၊ ပွဲပြီးကာနီးမှာ မာရှယ်ရဲ့ မြေကျကန်သွင်းချက် ဘားတန်းအပေါ်က ကျော်သွားတာ၊ စမောလင်းရဲ့ အပိုင်ကန်သွင်းမှုကို ဂျိုးဟတ် အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့တာတွေကြောင့် မန်ယူက ဂိုးမရခဲ့တာ ဖြစ်ပါတယ်။
    epl 2
    ချယ်ဆီးကတော့ ရုပ်ပျက်ဆင်းပျက်ပါပဲ။ ပထမပိုင်း ၁၇ မိနစ်မှာ ဦးဆောင်ဂိုး ပေးလိုက်ရသလို၊ ကွင်းလယ်လူ မာတစ်က ပထမပိုင်းမပြီးခင် ဒုတိယ အ၀ါကဒ်နဲ့ ထွက်ခဲ့ရပါတယ်။ နည်းပြမော်ရင်ဟိုလည်း ဒိုင်ကို အလွန်အကျူး စောဒကတက်တာကြောင့် အထုတ်ခံခဲ့ရပြီး ပွဲကြည့်စင်ပေါ်ကနေ သွားရောက် ကြည့်ရှုခဲ့ရပါတယ်။ ၅၆ မိနစ်မှာ ကာဟေးလ်က ချေပဂိုး သွင်းပေးနိုင်ခဲ့ပေမယ့် လူစားဝင်တိုက်စစ်မှူး ကားရိုလ်းက ၇၉ မိနစ်မှာ အိမ်ရှင်အတွက် အနိုင်ဂိုးသွင်းပေးခဲ့တာကြောင့် ၃ မှတ် အရယူပြီး ဒီရာသီ အသင်းကြီးတွေကို ဒုက္ခအပေးနိုင်ဆုံး အသင်းအဖြစ် ဆက်လက်ရှိနေခဲ့ပါတယ်။
    epl 3
    လီဗာပူးလ်ကလည်း အိမ်ကွင်းမှာ ကစားပုံကောင်းခဲ့ပြီး ဦးဆောင်ဂိုးရခဲ့ပေမယ့် အနိုင် ၃ မှတ်တော့ မရခဲ့ပါဘူး။ ကလော့ပ်အတွက် ပထမဆုံးနိုင်ပွဲ ရယူပေးနိုင်မယ့် အခွင့်အရေးတစ်ချို့ ရခဲ့ပေမယ့် ဘန်တီကီရဲ့ ၇၇ မိနစ် အားထုတ်မှုကသာ ဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။ နောက်ဆုံး ၃ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးတဲ့ ဆောက်သက်တမ်အတွက် ချေပဂိုးကိုတော့ ၈၆ မိနစ်မှာ ဆာဒီယို မိန်းက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
    ဒီရာသီမှာ ဂိုးပေါက်ပျောက်လို့ ဝေဖန်ခံနေရတဲ့ ဟယ်ရီကိန်းရဲ့ ဟက်ထရစ်နဲ့အတူ စပါးတို့ ဇယားအောက်နားက ဘုန်းမောက်ကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ငါးပွဲမှာ နိုင်ပွဲမရှိဘဲ ၄ ပွဲအထိ ရှုံးထားတဲ့ ဆန်းဒါးလန်းက ခါးသီးတဲ့ မြို့ခံပြိုင်ဘက် နယူးကာဆယ်ကို အံသြစရာကောepl 4င်းလောက်အောင် ၃ ဂိုးပြတ်နဲ့ အနိုင်ကစားနိုင်ခဲ့ပါတယ်။ ဒီအနိုင်ဟာ ဆန်းဒါးလန်းနည်းပြ ဆမ်အလာဒိုက်စ်ရဲ့ ပထမဆုံး နိုင်ပွဲလည်း ဖြစ်ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဗီလာ ၁-၂ ဆွမ်ဆီး
    လက်စတာ ၁-၀ ပဲလေ့စ်
    နော်ဝစ်ခ်ျ ၀-၁ ၀က်စ်ဘရွန်း
    စတုတ်စီးတီး ၀-၂ ၀က်ဖို့ဒ်
    အာဆင်နယ် ၂-၁ အဲဗာတန်
    ဆန်ဒါးလန်း ၃-၀ နယူးကာဆယ်
    ဘုန်းမောက် ၁-၅ စပါး
    မန်ယူ ၀-၀ မန်စီးတီး
    လီဗာပူးလ် ၁-၁ ဆောက်သက်တမ်