News @ M-Media

Tag: EPL 2015-16

  • ရော်နယ်ဒိုကို ဖာဂူဆန်က ပြန်ခေါ်ရန် နီးစပ်ခဲ့ကြောင်း အီဗရာ ဖွင့်ဟ

    ရော်နယ်ဒိုကို ဖာဂူဆန်က ပြန်ခေါ်ရန် နီးစပ်ခဲ့ကြောင်း အီဗရာ ဖွင့်ဟ

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    rnd

    – ဖာဂူဆန် နည်းပြဘ၀မှ အနားယူမည်ဟု မကြေငြာခင် သီတင်းပတ်အနည်းငယ်အလိုက အသင်းအား ဆက်လက်တာဝန်ယူရန် ဖွင့်ဟခဲ့ပြီး ရော်နယ်ဒိုအား ပြန်လည်ခေါ်ယူရန် ၉၉ ရာခိုင်နှုန်း သေချာသည်ဟုလည်း အသိပေးခဲ့ကြောင်း မန်ယူနောက်ခံလူဟောင်း ပက်ထရစ်အီဗရာက ပြောကြားလိုက်သည်။

    စပို့တင်းလစ္စဘွန်းမှ မန်ယူသို့ ရောက်ရှိလာခဲ့ပြီးနောက် တောက်ပလာခဲ့သည့် ရော်နယ်ဒိုမှာ ၂၀၀၉ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ဖြင့် ရီးယဲလ်သို့ ပြောင်းရွှေ့သွားခဲ့သည်။ ဖာဂူဆန်မှာလည်း အသင်းအား ၁၃ ကြိမ်မြောက် ပရီးမီးယားလိဂ်ဖလား ရယူပေးပြီးနောက် ၂၀၁၂-၁၃ ဘောလုံးရာသီအကုန်တွင် နည်းပြဘ၀မှ အနားယူခဲ့သည်။

    “သူအနားယူဖို့ မကြေငြာခင် ၂ ပတ်အရင်လောက်မှာ သူက “ပက်ထရစ်၊ ငါ ဒီမှာ နောက်ထက် ၅ နှစ် ဆက်ရှိနေအုံးမယ်” လို့ ပြောခဲ့တာကို ကျွန်တော် မှတ်မိပါတယ်။ ကျွန်တော်ကလည်း ဟုတ်ကဲ့ပါဘော့စ် ဆက်လုပ်ပါလို့ ပြန်ပြောခဲ့ပါတယ်။ သူက ပိုပို နုပျိုလာတယ်လို့ ကျွန်တော် ခံစားရတယ်။ ပြီးတော့ သူက ရော်နယ်ဒို အသင်းကို ပြန်လာဖို့ ၉၉ ရာခိုင်နှုန်း သေချာနေတယ်လို့လည်း ပြောခဲ့ပါတယ်။ ကျွန်တော်ကလည်း ငါတို့တော့ ပြန်လာနိုင်ပြီး ချန်ပီယံလိဂ်လည်း ထပ်ရလိမ့်မယ်လို့ ထင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဘာဖြစ်ခဲ့သလဲဆိုတာ အားလုံး သိကြပါတယ်။ အရှုံးနဲ့ရင်ဆိုင်ရတဲ့ခါ ကမ္ဘာကြီးက ချာချာလည်သလို ခံစားရတယ်ဆိုတာ ခင်ဗျားတို့လည်း သိပါတယ်။ ဒါဟာ တော်တော်ကြီးမားတဲ့ စိတ်ဒဏ်ရာပါ။ ကျွန်တော်လည်း အဲဒီလိုမျိုးအရှုံးကို ခံစားခဲ့ရပါတယ်” ဟု ဂျူဗင်တပ်စ်
    နောက်ခံလူ အီဗရာက ပြောကြားခဲ့သည်။

    Ref: Goal

  • ပရီးမီးယားလိဂ်တွင် အင်္ဂလိပ်နည်းပြများကို နေရာပေးရန် ရော်နယ်ကိုးမင်း တိုက်တွန်း

    ပရီးမီးယားလိဂ်တွင် အင်္ဂလိပ်နည်းပြများကို နေရာပေးရန် ရော်နယ်ကိုးမင်း တိုက်တွန်း

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    sut

    – ပရီးမီးယားလိဂ်တွင် အင်္ဂလိပ်နည်းပြများကို ပိုမို၍ ကာကွယ်ပေးသင့်ပြီး ပြိုင်ပွဲ၏ နိုင်ငံခြားနည်းပြများကို စွဲဆောင်နိုင်မှုက အင်္ဂလိပ်နည်းပြများ နည်းပါးမှုကို ဖြစ်စေသည်ဟု ဆောက်သက်တမ်နည်းပြ ရော်နယ် ကိုးမင်းက ပြောကြားလိုက်သည်။

    လက်ရှိတွင် ပရီးမီးယားလိဂ်အသင်းများကို တာဝန်ယူကိုင်တွယ်နေသည့် အင်္ဂလိပ်နည်းပြများမှာ ၅ ဦးသာ ရှိပြီး၊ ဆန်းဒါးလန်းနည်းပြ ဆမ်အလာဒိုက်စ်၊ ခရစ္စတယ်ပဲလေ့စ်မှ အလန်ပါဂျူး၊ နယူးကားဆယ်ကို ကိုင်တွယ်နေသည့် စတီဗ် မက္ကလာရင်၊ ဆွမ်းဆီးနည်းပြ ဂါရီမောင့်က်နှင့် ဘုန်းမောကမှ အက်ဒီ ဟိုဝီတို့ ဖြစ်ကြသည်။

    “ဒီမှာ နိုင်ငံခြားနည်းပြအချို့ အမြဲတမ်းရှိနေတာဟာ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ဟာ ပြိုင်ပွဲကို အယူအဆအသစ်တွေ ယူလာနိုင်တာကြောင့်ပါပဲ။ အင်္ဂလိပ်နည်းပြတွေကိုလည်း ကာကွယ်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်လို့တော့ ကလပ်တွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်” ဟု ကိုးမင်းက ပြောကြားခဲ့သည်။

    Ref: Goal

  • ချယ်ဆီး ကျဆုံးမှုက မိမိ၏ အဖြစ်အပျက်ကို အမှတ်ရစေသည်ဟု ကလော့ပ်ပြော

    ချယ်ဆီး ကျဆုံးမှုက မိမိ၏ အဖြစ်အပျက်ကို အမှတ်ရစေသည်ဟု ကလော့ပ်ပြော

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    liver

    – ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ ချယ်ဆီးအသင်း၏ ကျဆုံးမှုက ပြီးခဲ့သည့်ရာသီ ဒေါ့မွန်အသင်းတွင် မိမိတွေ့ကြုံခဲ့ရသည့် ဒုက္ခသုက္ခကို ပြန်လည်အမှတ်ရစေသည်ဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    ယမန်နေ့က လီဗာပူးလ်အား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ချယ်ဆီးမှာ ယခုရာသီ ဆဌမမြောက် အရှုံးကို မြည်းစမ်းရခြင်းလည်း ဖြစ်သည်။ ကလော့ပ်မှာလည်း ပြီခဲ့သည့် ဘောလုံးရာသီက ဒေါ့မွန်တွင် ထိုကဲ့သို့ ကံကြမ္မာမျိုး ကြုံတွေ့ခဲ့ရဖူးပြီး ရာသီ၏ အချိန်အများစုတွင် တန်းဆင်းဇုန်နား၌ ရုန်းကန်ခဲ့ရကာ အဆင့် ၇ ဖြင့် ရာသီသိမ်းခဲ့သည်။

    “တကယ်ပါ။ ကျွန်တော် သူ့အတွက် ခံစားရပါတယ်။ ဒါဟာ ပုံမှန်ပါပဲ။ သူဟာ နည်းပြကောင်းတစ်ယောက်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာ ဒီအခန်းထဲကလူ တစ်ယောက်မှ သံသယဖြစ်နေမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒီလိုကျရှုံးမှုမျိုးတွေကို ပြီးခဲ့တဲ့နှစ် ဒေါ့မွန်မှာလည်း ကျွန်တော် ကြုံတွေ့ခဲ့ရဖူးပါတယ်။ ကောင်းတာတစ်ခုက ဘယ်သူကမှ ကျွန်တော့်ရာထူးအတွက် သံသယမဖြစ်ခဲ့ပါဘူး။ ကျွန်တော်ဟာ ဖိအားတွေကို မခံစားခဲ့ရပါဘူး” ဟု ကလော့ပ်က ယမန်နေ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • မန်စီးတီးရှိ စီနီယာကစားသမားများကို တိုးယေးချီးကျူး

    မန်စီးတီးရှိ စီနီယာကစားသမားများကို တိုးယေးချီးကျူး

    အောက်တိုဘာ ၃၁၊ ၂၀၁၅
    M-Media

    toure

    – သက်ကြီးကစားသမား များပြားသည့်အတွက် ဝေဖန်မှုများ ရှိနေသော်လည်း အသင်းရှိ စီနီယာကစားသမားများကို မန်စီးတီးကွင်းလယ်လူ ယာယာတိုးယေးက ချီးကျူးခဲ့ပြီး မိမိတို့အသင်းတွင် ခေါင်းဆောင်နိုင်သူများစွာ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ရာသီက ချန်ပီယံချယ်ဆီးနောက် ဒုတိယနေရာဖြင့် ရာသီသိမ်းခဲ့ရသည့် မန်စီးတီးရှိ သက်ကြီးကစားသမားများမှာ စွမ်းဆောင်ရည် ကျဆင်းမှုများရှိနေပြီး ထို့ကြောင့်ပင် ဒုတိယရာသီဝက်တွင် ခြေစွမ်းမပြနိုင်ခြင်းဖြစ်သည်ဟု ဝေဖန်ရေးသားမှုများ ရှိခဲ့သည်။

    “(စီနီယာ ကစားသမားတွေဟာ) အသင်းအတွက် သိပ်ကို အားဖြစ်စေပါတယ်။ ကျွန်တော်တို့ဟာ အချိန်အတိုင်းအတာတစ်ခုအထိ အတူတကွ ကစားခဲ့ကြတယ်။ တစ်ယောက်အထာကို တစ်ယောက် ကောင်းကောင်းသိပါတယ်။ ကျွန်တော်တို့ တူညီတဲ့ပုံစံနဲ့ အလုပ်လုပ်ကြပြီး ဒါက သိပ်ကို အရေးကြီးပါတယ်” ဟု ယာယာတိုးယေးက ပြောကြားခဲ့သည်။

    Ref: Goal

  • ထုတ်ပယ်ခံရမည်ကို မကြောက်ဟု မော်ရင်ဟို ပြော

    ထုတ်ပယ်ခံရမည်ကို မကြောက်ဟု မော်ရင်ဟို ပြော

    အောက်တိုဘာ ၃၁၊ ၂၀၁၅
    M-Media

    mrh

    – လက်ရှိချန်ပီယံအသင်းအဖြစ် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးအ၀ါးဆုံးအနေအထားကို ရင်ဆိုင်နေရသော်လည်း မိမိအနေဖြင့် အထုတ်ခံရမည်ကို မကြောက်ဟု မော်ရင်ဟိုက ထပ်မံ ပြောကြားလိုက်ပြီး မိမိ အထုတ်ခံရမလား ဆိုသည်နှင့်ပတ်သက်၍ အဘယ်ကြောင့် လူအများက စိတ်လှုပ်ရှားနေသနည်းဟု မေးခွန်းထုတ်ခဲ့သည်။

    ချယ်ဆီးမှာ ကစားပြီးခဲ့သည့် ပရီးမီးယားလိဂ် ၁၀ ပွဲတွင် တစ်ဝက်တိတိ ရှုံးနိမ့်ထားပြီး အဆင့် ၁၅ အထိ ရောက်ရှိနေကာ ယနေ့တွင် လီဗာပူးလ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ထပ်မံရှုံးနိမ့်ပါက မော်ရင်ဟိုမှာ အသင်းမှ အထုတ်ခံရတော့မည်ဟု ထင်ကြေးပေး ပြောဆိုမှုများ ရှိနေသည်။

    “ဒါနဲ့ပတ်သက်လို့ ကျွန်တော် ဘယ်လိုမှကို မနေပါဘူး။ အဲဒီအတွက် စဉ်းစားဖို့လည်း ကျွန်တော် အချိန်ကုန်မခံပါဘူး။ ရလဒ်အတွက်ပဲ သောကရောက်တာပါ။ စနေနေ့ပွဲ နိုင်ဖို့အတွက်နဲ့ ချန်ပီယံလိဂ် နောက်တစ်ဆင့်တက်ဖို့အတွက်သာ သောကဖြစ်နေတာပါ။ ပြီးတော့ အသင်း ပုံမှန်ရှိနေရမယ့် နေရာကို ပြန်ရောက်ဖို့အတွက်လည်း ကျွန်တော် သောကဖြစ်ပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    Ref: Goal