News @ M-Media

Tag: EPL

  • ဆွမ်းဆီးအရှုံးအတွက် ၀င်းဂါး စိတ်ပျက်

    ဆွမ်းဆီးအရှုံးအတွက် ၀င်းဂါး စိတ်ပျက်

    မေ ၁၂၊ ၂၀၁၅
    M-Media

    winger

    – မိမိတို့အသင်းမှာ အခွင့်အရေးများကို ဖြုန်တီးခဲ့သောကြောင့် ဆွမ်ဆီးအသင်းအား ရှုံးနိမ့်ရခြင်းဖြစ်သည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ယနေ့နံနက်က အီမရိတ်ကွင်း၌ ကစားခဲ့သော အဆိုပါပွဲတွင် အာဆင်နယ်မှာ ဂိုးရနိုင်မည့် အခွင့်အရေး အတော်များများ ရခဲ့သော်လည်း အဆုံးသတ်မသေချာမှုနှင့် ဆွမ်းဆီးဂိုးသမား ဖေဘီယန်စကီး၏ လက်စွမ်းပြမှုတို့ကြောင့် ဂိုးရရှိခဲ့ခြင်းမရှိဘဲ ဂိုမစ်၏ နောက်ကျဂိုးဖြင့် ဆွမ်ဆီးအား အရှုံးပေးခဲ့ရသည်။

    အာဆင်နယ်ဂိုးသမားဟောင်း ဖေဘီယန်စကီးမှာ အသင်းမှ ထွက်ခွာပြီးနောက်ပိုင်း အီမရိတ်တွင် ပထမဆုံးအကြိမ် အသင်းဟောင်းအား ပြန်လည် ရင်ဆိုင်ရခြင်းဖြစ်သည်။ ၀င်းဂါးကမူ ထိုအရှုံးအတွက် စိတ်ပျက်မိသည်ဟု ဆိုသည်။

    “ရှုံးသွားတာ စိတ်ပျက်စရာဖြစ်ပေမယ့် ကောင်းတဲ့အချက်တွေတော့ တော်တော်များများ ရှိခဲ့ပါတယ်။ ဒီလိုပွဲမျိုး ၂၀ လောက်ကစားရင် ၁၉ ပွဲကနိုင်မှာပါ။ ရှုံးတဲ့တစ်ကြိမ်ကလည်း ဒီညပါပဲ။ အဆုံးသတ် ပိုကောင်းနိုင်သလား၊ ပိုပြီး စိတ်ရှည်မလားဆိုတာနဲ့ နောက်တန်းမှာ အမှားတွေမလုပ်နိုင်တော့ဘူးလားဆိုတဲ့ မေးခွန်းတွေ ရှိပါတယ်။ ကျွန်တော်တို့ ကောင်းခဲ့ပါတယ်။ ကစားသမား တစ်ဦးတစ်ယောက်ချင်းစီကို ကျွန်တော် အပြစ်ပြောလို့ မရပါဘူး။ အဆုံးသတ်ပိုင်းမှာ ကျွန်တော်တို့ လုံလောက်အောင် တည်ငြိမ်မှုမရှိတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အလျင်လိုခဲ့ပြီး နည်းစနစ်တွေ ပိုပြီး လိုအပ်ခဲ့ပါတယ်” ဟု ၀င်းဂါးက Sky Sports သို့
    ပြောကြားခဲ့သည်။

    ထိုပွဲအရှုံးကြောင့် အာဆင်နယ်မှာ တစ်ပွဲလျော့ဖြင့် ဒုတိယနေရာမှ မန်စီးတီးနှင့် ၃ မှတ်အကွာ တတိယနေရာတွင် ရှိနေပြီး ဂိုးကွာခြားချက်တွင် မန်စီးတီးက သာနေသည်။ လာမည့်သီတင်းပတ်တွင် အာဆင်နယ်မှာ မန်ယူနှင့် ကစားရမည်ဖြစ်သည်။

    “နောက်ပွဲအတွက် ကျွန်တော်တို့ ပြင်ဆင်ရပါမယ်။ ကစားသမားတွေက စိတ်ပျက်နေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်ကာရမှာဖြစ်ပြီး တနင်္ဂနွေပွဲမှာ နိုင်အောင်လုပ်ရပါမယ်။ အဲဒီပွဲဟာ အရေးကြီးတဲ့ပွဲပါ” ဟု ၀င်းဂါးက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • လာမည့်နှစ်တွင် ချယ်ဆီးအား လက်စားချေမည်ဟု မန်စီးတီးတိုက်စစ်မှူး အဂူရိုပြော

    လာမည့်နှစ်တွင် ချယ်ဆီးအား လက်စားချေမည်ဟု မန်စီးတီးတိုက်စစ်မှူး အဂူရိုပြော

    မေ ၁၁၊ ၂၀၁၅
    M-Media

    aguro

    – မိမိတို့မန်စီးတီးအနေဖြင့် လာမည့်နှစ် ပရီးမီးယားလိဂ် ဆုဖလားအတွက် ချယ်ဆီးအား စိန်ခေါ်ရန် အဆင်သင့်ဖြစ်နေပြီး ဘောလုံလောကတွင် အမြဲတမ်း လက်စားချေမှုရှိနေသည်ဟု မန်စီးတီးတိုက်စစ်မှူး အဂူရိုက ပြောကြားလိုက်သည်။

    မန်စီးတီးမှာ ပြီးခဲ့သည့်နှစ်က ချန်ပီယံဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် ခြေစွမ်းမမှန်ခဲ့ဘဲ ချယ်ဆီးက ရာသီပြီးဆုံးရန် ၃ ပွဲအလိုမှာပင် ချန်ပီယံဖြစ်ခဲ့သည်။ သို့သော်လည်း အဂူရိုကမူ မိမိတို့အသင်းသားများအနေဖြင့် လာမည့်နှစ်တွင် ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်သွားရန် အဆင်သင့်ဖြစ်နေသည်ဟု ဆိုသည်။

    “ဒီရာသီမှာ ကျွန်တော်တို့ဟာ အမှတ်တွေအများကြီး ဆုံးရှုံးခဲ့ပြီး အခုတော့ ပုံစံကောင်းပြန်ရနေပါတယ်။ ၄ ပွဲဆက်နိုင်ထားပြီး ကျန်တဲ့ ၂ ပွဲမှာလည်း ဒီလိုအနိုင်မျိုးနဲ့ ကျွန်တော်တို့ ဆက်သွားရပါမယ်။ တတ်နိုင်သမျှ အကောင်းဆုံးပုံစံနဲ့ ကျွန်တော်တို့ ရာသီသိမ်းချင်ပါတယ်။ ပြီးတော့ နောက်ရာသီမှာ ဖလားအားလုံးအတွက် တိုက်ပွဲဝင်မှုနဲ့ စချင်ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ မျှော်လင့်သလောက် မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် လာမယ့်ရာသီမှာတော့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားမှာဖြစ်ပြီး ဘောလုံးလောကမှာ လက်စားချေမှုဆိုတာ အမြဲတမ်းရှိပါတယ်” ဟု အဂူရိုက မန်စီးတီးအသင်း၏ ၀ဘ်ဆိုက်သို့ ပြောကြားခဲ့သည်။

    အဂူရိုမှာ ယမန်နေ့က ကစားခဲ့သည့် ကျူပီအာရ်အား ၆ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ၃ ဂိုး သွင်းယူပေးခဲ့ပြီး စုစုပေါင်း ၂၅ ဂိုးဖြင့် ပရီးမီးယားလိဂ် ဂိုးအများဆုံးသွင်းယူနိုင်သူ စာရင်းတွင် ဦးဆောင်နေသည်။

    ၎င်းကမူ ဂိုးအများဆုံးသွင်းသူ ဖြစ်ခြင်းထက် မန်စီးတီးအသင်းအား ပို၍ အလေးထားသည်ဟု ပြောကြားခဲ့သည်။

    “ဟက်ထရစ်အတွက် ကျွန်တော်ပျော်ပါတယ်။ ကစားဖို့ ၂ ပွဲပဲကျန်တော့တာကြောင့် ကျွန်တော်ဟာ ဒီဆုကိုရနိုင်တယ်လို့ မျှော်လင့်လို့ရပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးက အသင်း ချန်ပီယံလိဂ် ၀င်ခွင့်ရဖို့ပါပဲ”

    Ref: Goal

  • ဗန်ဂါးလ်နှင့်စကားပြောပြီးနောက် ပီအက်စ်ဂျီအား ပယ်ချခဲ့သည်ဟု ဒီပေးပြော

    ဗန်ဂါးလ်နှင့်စကားပြောပြီးနောက် ပီအက်စ်ဂျီအား ပယ်ချခဲ့သည်ဟု ဒီပေးပြော

    မေ ၁၁၊ ၂၀၁၅
    M-Media

    depay

    – မန်ယူနည်းပြ လူးဝစ်ဗန်ဂါလ်းနှင့် စကားပြောဆိုခဲ့ခြင်းက ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းအား ဥပေက္ခာပြုရန် မိမိကို နားလည်စေခဲ့သည်ဟု ဟော်လန်အလယ်တန်းကစားသမား မမ်ဖစ် ဒီပေးက ပြောကြားလိုက်သည်။

    မန်ယူမှာ အသက် ၂၁ နှစ်အရွယ် ဒီပေးအတွက် ပေါင် ၂၂.၃ သန်းဖြင့် ခေါ်ယူရန် ဟော်လန်ကလပ် ပီအက်စ်ဗီအသင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်က သဘောတူညီခဲ့သည်။ ဒီပေးမှာ နယ်သာလန်အသင်းတွင် ဗန်ဂါးလ်နှင့် လက်တွဲဖူးပြီး ယခုအခါ မန်ယူတွင် ပြန်ဆုံရမည်ဖြစ်သည်။

    ပီအက်စ်ဗီ အားကစား ဒါရိုက်တာ မာဆဲလ် ဘရန်းကမူ မန်ယူက ကြားဖြတ်ခေါ်ယူခြင်းမပြုခင် မိမိတို့မှာ ပီအက်စ်ဂျီအသင်းနှင့် သဘောတူညီချက် ရရှိထားသည်ဟု ပြောကြားခဲ့သည်။ ဒီပေးကလည်း ဗန်ဂါးလ်း၏ ကြားဝင်မှုက မိမိ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့မှု၏ အဓိက အကြောင်းအရင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ပီအက်စ်ဂျီကိုပြောင်းဖို့ ကျွန်တော် တော်တော်လေး နီးစပ်ခဲ့ပါတယ်။ မန်ယူက ကျွန်တော့်ကို အမြဲတမ်းစိတ်ဝင်စားပေမယ့် သိပ် နှစ်နှစ်ကာကာ မရှိဖူးဆိုတာလည်း ကျွန်တော်သိပါတယ်။ နောက်ဆုံးအချိန်မှာ သူတို့ဟာ ကျွန်တော့်မန်နေဂျာကို ဖုန်းခေါ်တယ်။ ပြီးတော့ နည်းပြ လူးဝစ်ဗန်ဂါးလ်နဲ့လည်း ကျွန်တော် တကယ် စကားပြောခဲ့ပါတယ်။ အဲဒါဟာ ခက်ခဲတဲ့ အခြေအနေတစ်ခုပါ။ ပြောရမယ်ဆိုရင် ကျွန်တော် ဗန်ဂါးလ်နဲ့ စကားပြောပြီးတဲ့နောက်မှာ ကျွန်တော့်ကိုယ် ကျွန်တော် “ငါဟာ မန်ချက်စတာကို သွားချင်နေတယ်” လို့ ပြန်ပြောမိပါတယ်” ဟု ဒီပေးက ပြောကြားခဲ့သည်။

    ဒီပေးမှာ ယခုနှစ်ရာသီ ပီအက်စ်ဗီအတွက် အမှတ်ပေးပြိုင်ပွဲတွင် ၂၂ ဂိုး သွင်းယူပေးထားပြီး ယမန်နေ့က ၎င်း၏ အိမ်ကွင်းနောက်ဆုံးပွဲတွင် အသင်းအတွက် ၃၅ ကိုက်အကွာမှ ဖရီးကစ်တစ်ဂိုးကို လှလှပပ သွင်းယူပေးခဲ့သည်။

    မိမိမှာ မန်ယူသို့ ပြောင်းရွှေ့လာရသည့်အတွက် ဂုဏ်ယူမိပြီး မန်ယူတွင် ကျောကြားသည့် ကစားသမားတစ်ယောက် ဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ မိမိတွင် ရှိသမျှအားလုံးကို ပရိတ်သတ်များအတွက် ပေးဆပ်သွားမည်ဖြစ်ကြောင်း ဒီပေးက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Goal

  • တန်းဆင်းရမယ့် ၂ သင်း ထွက်ပေါ်လာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဖြေပေါ်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၆

    တန်းဆင်းရမယ့် ၂ သင်း ထွက်ပေါ်လာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဖြေပေါ်သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၆

    မေ ၁၁၊ ၂၀၁၅
    M-Media

    epl 4

    – ချန်ပီယံ အဖြေပေါ်သွားပေမယ့် ဥရောပ၀င်ခွင့်နဲ့ တန်းဆင်းဇုန်တို့မှာ အကြိတ်အနယ်ရှိနေဆဲဖြစ်တဲ့ ပရီးမီးယားလိဂ်ရဲ့ ဒီတစ်ပတ်ပွဲစဉ်တွေမှာတော့ ဘန်လေနဲ့ ကျူပီအာရ်တို့ တန်းဆင်းသွားခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း အဖြေပေါ်သွားခဲ့ပါပြီ။

    တန်းဆင်းဇုန်ထဲက ၂ သင်းဖြစ်တဲ့ ဟားလ်စီးတီးနဲ့ ဘန်လေတို့ရဲ့ပွဲမှာ ဘန်လေတို့ ကစားပုံပိုကောင်းခဲ့ပြီး ဒန်နီ အင့်ဂ်ရဲ့ ၆၂ မိနစ်သွင်းဂိုးနဲ့ အဖိုးတန် ၃ မှတ်ကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆင့် ၁၆ က ဆန်းဒါးလန်း နိုင်ပွဲရခဲ့ပြီး အဆင့် ၁၇ က နယူးကာဆယ်ကလည်း သရေကျခဲ့တာကြောင့် လက်ကျ န် ၂ ပွဲကျန်ချိန်မှာ အဲဒီအသင်းတွေနဲ့ ၇ မှတ်ကွာသွားပြီး
    ပြီးခဲ့တဲ့နှစ်ကမှ တန်းတက်လာတဲ့ ဘန်လေတို့ရဲ့ ပရီးမီးယားလိဂ် တင်ကျရေးမျှော်လင့်ချက်ဟာ ပျက်သုဉ်းသွားခဲ့ရပါတယ်။ အဆင့် ၁၈ မှာရှိနေတဲ့ ဟားလ်စီးတီးကတော့ အဆင့် ၁၄ အထိ အသင်းတွေနဲ့ တန်းဆင်းဇုန်တိုက်ပွဲ ဆက်နွှဲရဦးမှာ ဖြစ်ပါတယ်။

    ဘန်လေရဲ့နောက်ကို လိုက်သွားတဲ့ နောက်တစ်သင်းကတော့ ကျူပီအာရ်ဖြစ်ပြီး အဝေးကွင်းမှာ မန်စီးတီးကို ၆ ဂိုးပြတ်ရှုံးကာ ပရီးမီးယားလိဂ်ကို လက်ပြနှုတ်ဆက်ခဲ့ရပါပြီ။ မန်စီးတီးအတွက် ဂိုးတွေကိုတော့ အဂူရိုက ဟက်ထရစ်၊ ကိုလာရော့ဗ်၊ မီလ်နာနဲ့ ဆေးလ်ဗားတို့က ၁ ဂိုးစီ အသီးသီး သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။

    မန်ယူကတော့ အဝေးကွင်းမှာ ပဲလေ့စ်ကို ကစားပုံမကောင်းပေမယ့် အနိုင်ကစားနိုင်ခဲ့ပါတယ်။ ၁၉ မိနစ်မှာရတဲ့ ပင်နယ်တီကို မာတာက အမှားအယွင်းမရှိကန်သွင်းကာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပဲလေ့စ်က တောက်လျှောက်ဖိကစားခဲ့ပြီး မန်ယူနောက်တန်းနဲ့ ဂိုးသမားတို့ ကောင်းလို့သာ စောစောစီးစီး ချေပဂိုး မပေးခဲ့ရတာပါ။ ၅၇ မိနစ်မှာ အိမ်ရှင်တို့ ချေပဂိုးရခဲ့ပေမယ့် ၇၈ မိနစ်မှာ ဖယ်လိုင်နီက အနိုင်ဂိုး သွင်းပေးနိုင်ခဲ့တာကြောင့် မန်ယူတို့ အဖိုးတန်အနိုင် ၃ မှတ် ရခဲ့တာဖြစ်ပါတယ်။

    လီဗာပူးလ်ကတော့ ချယ်ဆီးကို သရေသာကစားနိုင်ခဲ့ပြီး ၂ ပွဲကစားဖို့ ကျန်ရှိနေသေးတဲ့ အချိန်မှာ အဆင့် ၄ က မန်ယူနဲ့ ၆ မှတ်ကွာနေပါတယ်။ ဒါပေမယ့် ရဂိုး ပေးဂိုအရ မန်ယူကို လိုက်မမှီတော့ပဲ ချန်ပီယံလိဂ်ဝင်ခွင့်ကို ဆုံးရှုံးခဲ့ရပါတယ်။

    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    အဲဗာတန် ၀-၂ ဆန်းဒါးလန်
    အက်စတွန်ဗီလာ ၁-၀ ၀က်စ်ဟမ်း
    ဟားလ်စီးတီး ၀-၁ ဘန်လေ
    လက်စတာ ၂-၀ ဆောက်သက်တမ်
    နယူးကာဆယ် ၁-၁ ၀က်စ်ဘရွန်း
    စတုတ် ၃-၀ စပါး
    ခရစ္စတယ်ပဲလေ့စ် ၁-၂ မန်ယူ
    မန်စီးတီး ၆-၀ ကျူပီအာရ်
    ချယ်ဆီး ၁-၁ လီဗာပူးလ်

  • ချယ်ဆီးချန်ပီယံဖြစ်ခြင်းမှာ ကြောက်ရွံ့မှု မရှိခြင်းကြောင့်ဟု ၀င်းဂါးပြော

    ချယ်ဆီးချန်ပီယံဖြစ်ခြင်းမှာ ကြောက်ရွံ့မှု မရှိခြင်းကြောင့်ဟု ၀င်းဂါးပြော

    မေ ၁၀၊ ၂၀၁၅
    M-Media

    winger

    – ချယ်ဆီးအသင်း၏ ယခုနှစ် ပရီးမီးယားလိဂ် အောင်မြင်မှုမှာ ကြောက်ရွံ့မှု မရှိခြင်းကြောင့်ဖြစ်သည်ဟု အာဆင်နယ်နည်းပြ အဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ချယ်ဆီးမှာ ပြီးခဲ့သည့် သီတင်းပတ်က ချန်ပီယံဖြစ်ခဲ့ပြီး တစ်ရာသီလုံးတွင် ၂ ပွဲသာ ရှုံးနိမ့်ခဲ့သည်။ အာဆင်နယ်က ၂၀၁၅ ခုနှစ်တွင် အကောင်းဆုံး ပုံစံကို ရရှိခဲ့သော်လည်း ဒုတိယနေရာ ရရှိရေးအတွက် ရုန်းကန်နေရသည်။ ၀င်းဂါးကမူ မိမိတို့ နိုင်လိုစိတ်မှာ တိုးတက်လာပြီး လာမည့်ရာသီတွင်လည်း ထိုစိတ်က ကစားသမားအား ရပ်တည်နိုင်စေမည်ဟု ဆိုသည်။

    “ဒီလိုအလုပ်မျိုးမှာ တကယ့်စိတ်ချမ်းသာစရာ ရှုံးနိမ့်မှာကို ကြောက်ရွံ့မှု မရှိတာပါပဲ။ အသင်းတစ်သင်းဟာ ယုံကြည်မှုရှိမယ်၊ လုပ်နိုင်တယ်လို့ထင်တယ်၊ အဲဒီလိုကစားမယ်ဆိုရင် ကျွန်တော်တို့ နိုင်ပါလိမ့်မယ်။ ကစားသမားတွေဟာ ထူခြားတဲ့ကစားသမားတွေ ဖြစ်လာမှာပါ။ ကျွန်တော် အမွှမ်းတင်ပြောတာ မဟုတ်ပါဘူး။ ဖိအားတွေကို တုံ့ပြန်တဲ့အသင်းကို မြင်ချင်တယ်ဆိုရင် ကျွန်တော်တို့ဟာ ဇန်န၀ါရီကတည်းက ဒါမျိုး ကောင်းကောင်း လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ ရှိခဲ့တဲ့ ပြဿနာကတော့ ချယ်ဆီးက ခြေမချော်တာပါပဲ” ဟု ၀င်းဂါးက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ ချန်ပီယံပြေးလမ်းပေါ်သို့ ပြန်လည်ရောက်လာရမည်ဖြစ်သော်လည်း ချယ်ဆီးအသင်းမှာ ၂ ပွဲသာ ရှုံးနိမ့်ခဲ့ကြောင်း တစ်ချို့ပွဲများတွင် အကောင်းဆုံးပုံစံ မရသော်လည်း အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့ နိုင်ပွဲများမှာ ဖလားရရှိရန် နီးကပ်နေသည်ကို ခံစားရခြင်းသာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal