News @ M-Media

Tag: Euro2016

  • ယူရိုနာကျင်မှုကို အသုံးချရန် အင်္ဂလန်နည်းပြသစ်ပြော

    ယူရိုနာကျင်မှုကို အသုံးချရန် အင်္ဂလန်နည်းပြသစ်ပြော

    ဇူလိုင် ၂၄၊ ၂၀၁၆
    M-Media

    england 4

    – ယူရို ၂၀၁၆ တွင် ခံစားခဲ့ရသည့် ခါးသီးသော နာကျင်မှုကို ၂၀၁၈ ကမ္ဘာဖလားအတွက် တွန်းအားအဖြစ် အသင်းသားမျာအား အသုံးချစေချင်သည်ဟု အင်္ဂလန်နည်းပြသစ် ဆမ် အာလာဒွိုက်စ်က ပြောကြားလိုက်သည်။

    ၁၆ သင်းအဆင့်တွင် အသင်းငယ် အိုက်စလန်အသင်းအား အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသောကြောင့် အင်္ဂလန်နည်းပြ ရွိုင်ဟဒ်ဆန်မှာ ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီး သောကြာနေ့တွင် အာလာဒွိုက်စ်က အင်္ဂလန်အသင်း၏ နည်းပြသစ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

    အလာဒွိုက်စ်မှာ ၂၀၀၆ ခုနှစ် အင်္ဂလန်နည်းပြဖြစ်ရန် လက်တစ်ကမ်းအလိုတွင်မှ လွဲချော်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးလောကတွင် တာဝန်အကြီးဆုံး အဆိုပါရာထူး ရရှိခြင်းအတွက် ၎င်းက ကျေနပ်နေသည်။

    “ပထမဆုံအနေနဲ့ လုပ်ရမှာကတော့ ယူရိုအပြီး ဆုံးရှုံးသွားတဲ့ သူတို့ရဲ့ ယုံကြည်မှုကို ပြည်လည်ရရှိအောင် ဖြစ်ပါတယ်။ ဒီနာကျင်မှုကို စွန့်လွှတ်ဖို့နဲ့ မေ့ပစ်ဖို့ပါ။ ပြီးတော့ ယူရိုမှာ သူတို့ တွေ့ကြုံခံစားခဲ့ရတာတွေကို အတူယူဖို့ပါပဲ။ အဲဒါဟာ ခါးသီးတဲ့ အတွေ့အကြုံမျိုးဆိုတာ ကျွန်တော်တို့လည်း သိပါတယ်။ ဒါပေမယ့် မောင်းနှင်အားတစ်ခုအဖြစ် ကစားသမားတွေက မှတ်ယူနိုင်ပါတယ်။ ဒီခါးသီးမှုကို သူတို့ ပုံစံပြောင်းပြီး အကောင်းဘက်နေ အသုံးချသင့်ပါတယ်။ ပြီးတော့ သူတို့ဟာ ဒီလို အတွေ့အကြုံမျို ထပ်မလိုချင်တော့ဘူးလို့လည်း သန္ဓိဌာန်ချထားရပါမယ်” ဟု အာလာဒွိုက်စ်က ပြောကြားခဲ့သည်။

    Ref: Goal

  • တနင်္ဂနေ့တွင် သမိုင်းသစ်ရေးထိုးချင်သည်ဟု ပြင်သစ်တိုက်စစ်မှူး ပြော

    တနင်္ဂနေ့တွင် သမိုင်းသစ်ရေးထိုးချင်သည်ဟု ပြင်သစ်တိုက်စစ်မှူး ပြော

    ဇူလိုင် ၈၊ ၂၀၁၆
    M-Media

    giroud 2

    – ဂျာမနီကို အနိုင်ရရှိခဲ့သည့် ဆီးမီးဖိုင်နယ်ခြေစွမ်းအား တနင်္ဂနွေနေ့တွင်ကစားမည့် ယူရိုဖိုင်နယ်အထိ ယူဆောင်သွားရမည်ဟု ပြင်သစ်တိုက်စစ်မှူး ဂျရူးက ပြောကြားလိုက်ပြီး မိမိတို့အသင်းမှာ သမိုင်းသစ်ရေးထိုးနိုင်မည်ဟု ဆိုသည်။

    ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် အိမ်ရှင်ပြင်သစ်မှာ အန်တိုနီယို ဂရစ်ဇ်မန်း၏ ဂိုး ၂ ဂိုးဖြင့် ဂျာမနီအား အနိုင်ရရှိကာ ဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီး ပေါ်တူဂီအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။ ထိုနိုင်ပွဲမှာ ၁၉၅၈ နောက်ပိုင်း အဓိကပြိုင်ပွဲတွင် ပြင်သစ်က ဂျာမနီအား ပထမဆုံး အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။

    ဂျရူးကမူ မိမိတို့မှာ ထိုရလဒ်အား ကျေနပ်နေရုံဖြင့်မရဘဲ တတိယအကြိမြောက် ယူရိုချန်ပီယံဖြစ်ရန် ဆောင်ရွက်ရမည်ဟု ဆိုသည်။

    “အင်မတန် စိတ်လှုပ်ရှားစရာကောင်းတဲ့ ညပါပဲ။ ဒီအတွက် ကျွန်တော်တို့ ပျော်ရွှင်မိပြီး ပေါ်တူဂီနဲ့ပွဲအတွက် အာရုံစိုက်ရပါမယ်။ ဦးဆောင်ဂိုးရဖို့က အဓိကကျခဲ့ပြီး ပင်နယ်တီရခဲ့တာက ပွဲကို အပြောင်းအလဲ ဖြစ်စေခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ပထမပိုင်းမှာ ဂျာမနီဟာ အခွင့်အရေးတော်တော်များများ ရပြီး ဂိုးမသွင်းနိုင်လို့ပါ။ …. ကျွန်တော်တို့အနေနဲ့ တနင်္ဂနွေနေ့မှာ သမိုင်းသစ်မှတ်တမ်းသစ်တစ်ခု ရေးထိုးချင်ပြီး အင်မတန် ကြီးကျယ်တဲ့ အောင်မြင်မှုကိုလည်း ရရှိခံစားချင်ပါတယ်” ဟု ဂျရူးက ပြောကြားခဲ့သည်။

    ပြင်သစ်မှာ ၁၉၈၄ ခုနှစ်နှင့် ၂၀၀၀ ခုနှစ်တို့တွင် ဥရောပဖလားကို ၂ ကြိမ် ရရှိထားသည်။

    Ref: Goal

  • အင်္ဂလန်ကို မည်သည့်အခါမှ ကိုင်တွယ်မည်မဟုတ်ဟု ဝေလ်းနည်းပြပြော

    အင်္ဂလန်ကို မည်သည့်အခါမှ ကိုင်တွယ်မည်မဟုတ်ဟု ဝေလ်းနည်းပြပြော

    ဇူလိုင် ၄၊ ၂၀၁၆
    M-Media

    coleman

    – အင်္ဂလန်အသင်း၏ နည်းပြဖြစ်မည်ဟု သတင်းများထွက်ပေါ်နေမှုကို ဝေးလ်နည်းပြ ခရစ် ကိုလ်းမန်းက ငြင်းဆိုလိုက်ပြီး မိမိအနေဖြင့် အခြား မည်သည့် နိုင်ငံအသင်းကိုမှ ကိုင်တွယ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ယူရို ၁၆ သင်းအဆင့်တွင် အိုက်စလန်အသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း အသင်းမှထွက်ခွာသွားသည့် အင်္ဂလန်နည်းပြ ရွိုင်ဟဒ်ဆန်၏ နေရာတွင် အစားထိုးရန် ဆက်သွယ်နေသူများတွင် ကိုးလ်မန်းလည်း ပါဝင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    သို့သော်လည်း အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဖူလ်ဟမ်းနှင့် ကိုဗင်ထရီအသင်းစီးတီးအသင်းတို့၏ နည်းပြအဖြစ် ဆောင်ရွက်ဖူးသူ ကိုလ်းမန်းကမူ မိမိ၏ နောက်ထပ်ခရီးမှာ နိုင်ငံရပ်ခြားဖြစ်မည်ဟု ဆိုသည်။

    “အင်္ဂလန်နည်းပြလုပ်ဖို့ စဉ်းတောင် မစဉ်းစားခဲ့ပါဘူး။ ကျွန်တော်က တစ်သက်လုံး ဝေးလ်လူမျိုးပဲဖြစ်သွားမှာဖြစ်ပြီး၊ ဝေးလ်အသင်းအတွက်ပါပဲ။ ဝေးလ်နည်းပြအလုပ်အပြီး နောက်ထပ်ဆောင်ရွက်မယ်ဆိုရင်တော့ နိုင်ငံရပ်ခြားပဲ ဖြစ်မှာပါ။ နိုင်ငံရပ်ခြားကိုသွားခွင့်ရဖို့ ကျွန်တော် နှစ်သက်ပါတယ်” ဟု ကိုးလ်မန်းက ပြောကြားခဲ့သည်။

    ကိုးလ်မန်း၏ ဝေးလ်အသင်းမှာ ယူရိုဆီးမီးဖိုင်နယ်တွင် ပေါ်တူဂီအသင်းနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    Ref : Goal

  • ကမ္ဘာ့ဖလားရှုံးကြွေးအတွက် ဂျာမနီကို လက်စားချေမည်ဟု ဂျရူးပြော

    ကမ္ဘာ့ဖလားရှုံးကြွေးအတွက် ဂျာမနီကို လက်စားချေမည်ဟု ဂျရူးပြော

    ဇူလိုင် ၄၊ ၂၀၁၆
    M-Media

    giroud

    – ယူရိုဆီးမီးဖိုင်နယ်တွင် တွေ့ဆုံမည့် ဂျာမနီအသင်းအား ၂၀၁၄ ကမ္ဘာ့ဖလားအရှုံးအတွက် လက်စားချေရန် မိမိတို့အသင်းက ဆန္ဒပြင်းပြနေသည်ဟု ပြင်သစ်တိုက်စစ်မှူး ဂျရူးက ပြောကြားလိုက်သည်။

    ယနေ့မနက်က အိုက်စလန်အသင်းနှင့် ကစားခဲ့သည့် ကွာတားဖိုင်နယ်တွင် ပြင်သစ်မှာ ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဂျရူးက ၂ ဂိုး၊ ပေါ့ဘာ၊ ပါယတ်နှင့် ဂရစ်ဇ်မန်းတို့က ၁ ဂိုးစီ အသီးသီး သွင်းယူပေးနိုင်ခဲ့သည်။ ပြင်သစ်မှာ ၂၀၁၄ ခုနှစ် ဘရာဇီးလ်ကမ္ဘာဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဂျာမနီအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ကာ ထွက်ခဲ့ရသည်။

    ဂျရူးကမူ ယနေ့မနက်အနိုင်အတွက် ပျော်ရွှင်မိပြီး ဆီးမီးဖိုင်နယ်တွင် ဂျာမနီအား လက်စားချေမည်ဟု ဆိုသည်။

    “၂၀၁၄ မှာ ဖြစ်ခဲ့တာကို အဖတ်ပြန်ဆယ်ဖို့ ကျွန်တော်တို့ စိတ်အားထက်သန်နေပါတယ်။ နိုဝင်ဘာ ခြေစမ်းပွဲတုန်းက ဒီမှာ ကျွန်တော်တို့ သူတို့ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရထားဖူးပါတယ်။ ဒါပေမယ့် အခုတွေ့ဆုံမှုကတော့ တူမှာမဟုတ်ပါဘူး။ အိုက်စလန်နဲ့ပွဲမှာ တက်ကြွခဲ့ကြတဲ့ ပြင်သစ်ပရိသတ်တွေဟာ ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် ဆက်လက်အားပေးကြမှာပါ။ အိမ်ကွင်းပရိတ်သတ်ရှေ့မှာ ဆီးမီးဖိုင်နယ် ကစားခွင့်ရခဲ့တာ ကျွန်တော်တို့အတွက် ကံကောင်းမှုတစ်ခုပါပဲ” ဟု ဂျရူးက ပြောကြားခဲ့သည်။

    Ref : Goal

  • ဘယ်လ်ဂျီယံပွဲတွင် အကြောက်ဆုံးကိစ္စ ဖြစ်လာခဲ့သည်ဟု ဝေးလ်နည်းပြပြော

    ဘယ်လ်ဂျီယံပွဲတွင် အကြောက်ဆုံးကိစ္စ ဖြစ်လာခဲ့သည်ဟု ဝေးလ်နည်းပြပြော

    ဇူလိုင် ၂၊ ၂၀၁၆
    M-Media

    wale

    – ဘယ်လ်ဂျီယံနှင့် ကွာတားဖိုင်နယ်ပွဲတွင် မိမိအကြောက်ဆုံးကိစ္စ ဖြစ်လာခဲ့သော်လည်း အသင်းမှာ ပွဲကို စိုးမိုးနိုင်ခဲ့သည်ဟု ဝေးလ်နည်းပြ ခရစ် ကိုးလ်မန်းက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် အဆိုပါပွဲတွင် ဝေးလ်မှာ ပထမပိုင်း ၁၃ မိနစ်မှာပင် ဦးဆောင်ဂိုးပေးခဲ့ရသည်။ သို့သော်လည်း အက်ရှ်လေ ၀ီလီယံ၊ ဟာလ် ရော့ဘ်ဆန် ကာနူနှင့် ဆမ် ဗိုအာက်စ်တို့က ဝေးလ်အတွက် ချေပဂိုးများနှင့် အနိုင်ဂိုးများသွင်းကာ သမိုင်းဝင်နိုင်ပွဲကို ရရှိစေခဲ့သည်။

    ကိုးလ်မန်းကမူ ထိုပွဲတွင် မိမိအကြောက်ဆုံးဖြစ်သည့် ဦးဆောင်ဂိုးပေးရမှုမှာ အမှန်တကယ် ဖြစ်လာခဲ့သည်ဟု ဆိုသည်။

    “ဘယ်လ်ဂျီယံလိုအသင်းမျိုးနဲ့ပွဲမှာ မဖြစ်ချင်တဲ့အရာက ပထမ ၁၀ မိနစ်အတွင်းမှာ ၁ ဂိုးပေးလိုက်ရတာပါပဲ။ အဲဒါဆို သူတို့က ဘောလုံးကို ကိုင်ကစားပြီး ပြိုင်ဘက်ကို စိတ်ဓာတ်ကျစေမယ်။ ဟာဇာ့ဒ်လိုကစားသမားမျိုးက တစ်ခုခု လုပ်ပြနိုင်တယ်ဆိုတာလည်း အားလုံး သိကြပါတယ်။ တစ်ဂိုးသာနေတဲ့ သူတို့က ပြိုင်ဘက်ကို ဒုက္ခရောက်စေမှာဖြစ်ပြီး တန်ပြန်တိုက်စစ်ကနေပြီးလည်း ဂိုးတွေအများကြီး သွင်းသွားနိုင်ပါတယ်။ ကျွန်တော့်တို့ ဂိုးပေးလိုက်ရတာဟာ အကြောက်ဆုံး ကိစ္စ ဖြစ်လာတာပါပဲ” ဟု ကိုးလ်မန်းက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့အသင်းမှာ ပွဲကို စိုးမိုးနိုင်ခဲ့ပြီး ဘယ်လ်ဂျီယံမှာ မိမိတို့၏ ကစားပုံကို မယှဉ်နိုင်ခဲ့ကြောင်း၊ ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    “ဘယ်လ်ဂျီယံနဲ့ကစားတဲ့အခါ ဒီလိုလုပ်နိုင်တဲ့အသင်း များများစားစား မရှိပါဘူး”

    ဝေးလ်မှာ ဆီမီးဖိုင်နယ်တွင် ပေါ်တူဂီနှင့် တွေ့ဆုံရမည်ဖြစ်သည်။

    Ref: Goal