News @ M-Media

ယူရိုနာကျင်မှုကို အသုံးချရန် အင်္ဂလန်နည်းပြသစ်ပြော

ဇူလိုင် ၂၄၊ ၂၀၁၆
M-Media

england 4

– ယူရို ၂၀၁၆ တွင် ခံစားခဲ့ရသည့် ခါးသီးသော နာကျင်မှုကို ၂၀၁၈ ကမ္ဘာဖလားအတွက် တွန်းအားအဖြစ် အသင်းသားမျာအား အသုံးချစေချင်သည်ဟု အင်္ဂလန်နည်းပြသစ် ဆမ် အာလာဒွိုက်စ်က ပြောကြားလိုက်သည်။

၁၆ သင်းအဆင့်တွင် အသင်းငယ် အိုက်စလန်အသင်းအား အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသောကြောင့် အင်္ဂလန်နည်းပြ ရွိုင်ဟဒ်ဆန်မှာ ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီး သောကြာနေ့တွင် အာလာဒွိုက်စ်က အင်္ဂလန်အသင်း၏ နည်းပြသစ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

အလာဒွိုက်စ်မှာ ၂၀၀၆ ခုနှစ် အင်္ဂလန်နည်းပြဖြစ်ရန် လက်တစ်ကမ်းအလိုတွင်မှ လွဲချော်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးလောကတွင် တာဝန်အကြီးဆုံး အဆိုပါရာထူး ရရှိခြင်းအတွက် ၎င်းက ကျေနပ်နေသည်။

“ပထမဆုံအနေနဲ့ လုပ်ရမှာကတော့ ယူရိုအပြီး ဆုံးရှုံးသွားတဲ့ သူတို့ရဲ့ ယုံကြည်မှုကို ပြည်လည်ရရှိအောင် ဖြစ်ပါတယ်။ ဒီနာကျင်မှုကို စွန့်လွှတ်ဖို့နဲ့ မေ့ပစ်ဖို့ပါ။ ပြီးတော့ ယူရိုမှာ သူတို့ တွေ့ကြုံခံစားခဲ့ရတာတွေကို အတူယူဖို့ပါပဲ။ အဲဒါဟာ ခါးသီးတဲ့ အတွေ့အကြုံမျိုးဆိုတာ ကျွန်တော်တို့လည်း သိပါတယ်။ ဒါပေမယ့် မောင်းနှင်အားတစ်ခုအဖြစ် ကစားသမားတွေက မှတ်ယူနိုင်ပါတယ်။ ဒီခါးသီးမှုကို သူတို့ ပုံစံပြောင်းပြီး အကောင်းဘက်နေ အသုံးချသင့်ပါတယ်။ ပြီးတော့ သူတို့ဟာ ဒီလို အတွေ့အကြုံမျို ထပ်မလိုချင်တော့ဘူးလို့လည်း သန္ဓိဌာန်ချထားရပါမယ်” ဟု အာလာဒွိုက်စ်က ပြောကြားခဲ့သည်။

Ref: Goal

Comments

Leave a Reply