News @ M-Media
Tag: Europe
  • စပိန်သမိုင်းတွင် နှစ်ပေါင်း ၆၀ ကျော်တွင်း အဆိုးရွားဆုံး ရထားမှောက်မှုကြောင့် လူပေါင်း၇၈ ယောက် သေဆုံး
    ဇူလိုင်-၂၅၊ ၂၀၁၃
    M-Media
    Spain-Train-Derailment
    စပိန်နိုင်ငံ အနောက်မြောက်ဘက်တွင် ရထားမောင်းသူ၏ ပေါ့ဆမှုကြောင့် ရထား လမ်းချော်တိမ်းမှောက်ခဲ့ပြီး သေဆုံးသူ ခရီးသည် ၇၈ ဦး ရှိသွားပြီးဖြစ်သည်။  ရထားမောင်းသူအား တာဝန်ရှိသူများက စစ်ဆေးနေသည် ဟု သိရသည်။
    လုံခြုံရေး ကင်မရာမှ ဗီဒီယိုတွင် မက်ဒရစ် (Madrid) မှ ဖီိရိုလ် (Ferrol) သို့ သွားသော ရထားသည် ရထားလမ်းကြောင်း အကွေ့တစ်ခု၌ အရှိန်မထိန်းနိုင်ဘဲ သံလမ်းမှ လမ်းချော်သွားကာ လမ်းဘေးသို့ ထိုးကျသွားပြီး မှောက်သွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။
    ထို မတော်တဆမှုသည် ဆန်တီအေဂို ဒီ ကွမ်ပ်ပိုစတီလာ (Santiago de Compostela) အနီးတွင် ဖြစ်ပွားခဲ့ပြီး၊ လူ ၁၆၀ ကျော် ဒဏ်ရာရ၍ လူ ၃၂ ယောက် အရေးပေါ်လူနာဖြစ်ခဲ့သည်။
    စပိန်သည် ထိုရထားမှောက်မှုအား ၀မ်းနည်းခြင်းအထိန်းအမှတ် ၃ ရက်တိုင်လုပ်မည်ဖြစ်ကြောင်း၊ စပိန်နိုင်ငံ၏သမိုင်းတွင် ထို အဖြစ်အပျက်သည် အဆိုးအ၀ါးဆုံး အဖြစ်အပျက်ထဲမှ တစ်ခုဖြစ်သည် ဟုဆိုသည်။
    ရထား၏ မောင်းနှင်ရေး ထိန်းချုပ်မှုပစ္စည်းသည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တရားရုံးတော်သို့ ပို့ဆောင်ထားသည် ဟု သိရသည်။
    Ref: BBC
    Photo-USA Today
  • ထိပ်တန်း အလှူဒါနရှင်များ စာရင်း၌ ဗြိတိန် မွတ်စ်လင်မ်များပါဝင်
    ဇူလိုင်-၂၂၊ ၂၀၁၃
    M-Media
    UK Muslims Top Charity
    ဗြိတိန်မွတ်စလင်မ် ပရဟိတအလှူ အဖွဲတဖွဲ့ ဆိုမာလီယာ နိုင်ငံတွင် ရေရရှိရေးအတွက် စက်ရေတွင်းအလှူ
    ဗြိတိန်မှ အလှူဒါနဆိုင်ရာ နာမည်ကျော် ၀က်ဘ်ဆိုဒ်တစ်ခုတွင် တင်ထားသည့် မှတ်တမ်းကောက်ချက်တစ်ရပ်၌အခြားသောဘာသာဝင်နှင့် နှိုင်းယှဉ်သော် ဗြိတိန်ရှိ မွတ်စ်လင်မ်များသည် ထိပ်တန်းအလှူဒါနရှင်များဖြစ်ကြောင်း တွေ့ရှိရသည် ဟုဆိုသည်။
    “  ဇကာ့သ်အလှူဒါန ပေးအပ်မှုများမှာ ယခုအခါ တစ်ဖြည်းဖြည်းတိုးမြှင့်လာပြီး၊ ဗြိတိန်မွတ်စ်လင်မ် အသိုင်းအ၀ိုင်းများသည် အွန်လိုင်းမှတစ်ဆင့် အလှူဒါနပေးကမ်းခြင်းကို ထိပ်ဆုံးမှ အများဆုံးပြုလုပ်သူများဖြစ်လာကြောင်း ကျွန်တော်တို့၏ အချက်အလက်များမှ တစ်ဆင့်သိရှိရသည် ”  ဟု JustGiving ၀က်ဘ်ဆိုဒ်၏ စီမံခန့်ခွဲရေးအရာရှိချုပ် ဇာရင်း ခါရတ်စ် (ZarineKharas) မှ The Times သို့ ပြောကြားခဲ့သည်။
    JustGiving ၀က်ဘ်ဆိုဒ် နှင့်အတူတွဲ၍ လူ ၄၀၀၀ ပါဝင်သည့် စစ်တမ်းကောက်ယူချက်တွင် မွတ်စ်လင်မ်များသည် အခြားသောဘာသာဝင်အုပ်စုများထက်  အလှူဒါန ပိုမို ပြုလုပ်ကြောင်း သိရှိရသည်။၎င်းစစ်တမ်းကောက်ယူချက်တွင် လွန်ခဲ့သောနှစ် မွတ်စ်လင်မ်အလှူရှင်များသည် တစ်ဦးလျှင် ပျမ်းမျှ ၃၇၁ ပေါင် နီးပါးလှူဒါန်းခဲ့ကြောင်း စနေနေ့ကThe Times မှ ကြေငြာခဲ့သည်။
    ဘုရားမဲ့ဝါဒီများကမူ ၁၀ ဦးတွင် လေးဦးမှာ အလှူဒါနလုပ်ဆောင်ခြင်း အလျဉ်း မရှိကြောင်း၊ ထိုသူများနှင့် နှိုင်းယှဉ်ပါက မွတ်စ်လင်မ်များ၊ ကက်သလစ် နှင့် အခြားခရစ်ယာန်ဘာသာဝင်များသည် ၁၀ ဦးတွင် ၃ ဦး၊ ပရိုတက်စတင့်များသည် ၁၀ ဦးတွင် ၃ ဦးနီးပါး နှင့်  ဂျူးများတွင် ၁၀ ဦးတွင် ၄ ဦးအထက် အလှူဒါနပြုလုပ်ခြင်း မရှိကြကြောင်းကို စစ်တမ်းက ဆိုနေသည်။
    အွန်လိုင်းမှတစ်ဆင့် အလှူဒါနပြုလုပ်သူ မွတ်စ်လင်မ်ဦးရေမှာ တစ်နေ့တစ်ခြား တိုးပွားလာနေကြောင်း၊ သူတို့၏လှူဒါန်းမှုများမှာ အဓိကအားဖြင့် ဘာသာရေးဆိုင်ရာ ပရဟိတလုပ်ငန်းများ ဖြစ်သော ထောက်ပံ့ရေး နှင့် ကယ်ဆယ်ရေးလုပ်များအတွက်ဖြစ်ကြကြောင်း JustGiving က ထုတ်ဖော်ခဲ့သည်။
    သို့သော်လည်း British Heart Foundation နှင့် Macmillan ရှိ ကင်ဆာရောဂါသုတေသနလုပ်ငန်း (Cancer Research)  စသည်တို့ကိုလည်း လှူဒါန်းမှု အမြောက်အများ ထည့်ဝင်ခဲ့ကြောင်းလည်း သိရသည်။
    “ ဒီအလှူဒါနတွေဟာ ဗြိတိန်နိုင်ငံရှိ အစ္စလာမ်ရဲ့ စိတ်ရင်းအမှန် နဲ့သရုပ်မှန်ကို အထူးဖော်ပြနေပါတယ်။ မိမိတို့ရဲ့လူ့အဖွဲ့အစည်းကိုသာမက အခြားသော လူသားအကျိုးပြုလုပ်ငန်း နဲ့တိုင်းပြည်အရေးများကိုပါ အထောက်အကူပေးနိုင်တဲ့အထိ အလေးထားတာ တွေ့ရပါတယ် ” ဟု ဗြိတိန် မွတ်စ်လင်မ်ကောင်စီ (Muslim Council of Britain) မှ အထွေထွေအတွင်းရေးမှူး ဖာရွတ်ခ် မုရဒ် (FarooqMurad) က ပြောကြားခဲ့သည်။
    ဗြိတိန်တွင်နေထိုင်သူ မွတ်စ်လင်မ်ဦးရေ ၂.၇ သန်းရှိနေသည်။
    အစ္စလာမ်၏ ရှရီအဟ် (ဥပဒေ) အရ တတ်စွမ်းနိုင်သော မည်သည့်မွတ်စ်လင်မ်မဆို သူတို့၏အကျိုးအမြတ်များထဲမှ ၂.၅ ရာခိုင်နှုန်းအား ချို့တဲ့နွမ်းပါးသူ နှင့် ဒုက္ခရောက်နေသူများအား မဖြစ်မနေပေးအပ်ရမည့်တာဝန် ရှိနေ၏။
    ရမဿွာန်လကုန်ဆုံးသည့်နောက်တွင်လည်း တတ်စွမ်းနိုင်သူမွတ်စ်လင်မ်များသည် ဇကာသုလ် ဖစ်သ်ွရာ (Zakat Al-Fitr) အား ပေးကမ်းကြရမည်ဖြစ်ပြီး၊ ၄င်းကျင့်ဝတ်သည် အစ္စလာမ်သာသနာ၏တတိယမဏ္ဍိုင်ပင်ဖြစ်သည်။ ၄င်းဇကာသုလ် ဖစ်သ်ွရာ အား ရမဿွာန်ဥပုသ်လမြတ်အတွင်း ကြိုက်သည့်အချိန်ပေးကမ်းနိုင်သော်လည်း အီးဒ်နေ့ဝတ်ပြုမှု မတိုင်မှီ အချိန်ထက် ကျော်လွန်ခွင့် မရှိချေ။
  • ဘူလ်ဂေးရီးယား မွတ်စလင်မ်တို့ရဲ့ ဝါဖြေပွဲကို မြို့တော်ဝန်နှင့် ခရစ်ယာန် ဘာသာဝင်များ ပါဝင်ဆင်နွှဲ
    ဇူလိုင်-၁၉၊ ၂၀၁၃
    M-Media
    SOFIA- အရှေ့ဥရောပနိုင်ငံ တစ်နိုင်ငံဖြစ်သော ဘူလ်ဂေးရီးယားနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တို့ရဲ့ ကြီးကျယ်မြင့်မြတ်သော ရမဿွာန်လတွင် မွတ်စ်လင်မ်နှင့် ခရစ်ယာန်များသည် အတူတကွ တွေ့ဆုံကာ ဥပုသ် ၀ါဖြေပွဲများပြုလုပ်ကြပြီး၊ မတူညီသော ဘာသာရေးသက်ဝင် ယုံကြည်သူများကြား စည်းလုံးမှုများ ရခဲ့သည်။
    Bulgaria muslims
    ကမ္ဘာအလှပဆုံး ဗလီဝတ်ကျောင်းတော်များမှ တခု ဖြစ်တဲ့ဘူလ်ဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့တော်မှ ဗလီဝတ်ကျောင်းတွင် မွတ်စလင်မ်များ စုပေါင်းဝတ်ပြုနေစဉ်
    “ကျွန်တော်တို့သည် မွတ်စ်လင်မ်တွေရော၊ ခရစ်ယာန်တွေကိုပါ အတူတကွ ဖိတ်ကြားပြီး၊ ကောင်းမွန်တဲ့ အစားအသောက် များကို လှပစွာတည်ခင်းဧည့်ခံပါတယ်” ဟု Timeturk သို့ ဘူလ်ဂေးရီးယားနိုင်ငံ မစ်တန် ပြည်နယ် မြို့တော်ဝန် Akif Mehmet Akif မှ ပြောကြားခဲ့သည်။
    “မြို့အတွင်းမှာ မွတ်စ်လင်မ်တွေနဲ့ ခရစ်ယာန်တွေကြား မည်သို့သော အငြင်းပွားမှုမှမရှိပါဘူး”
    ကမ္ဘာအ၀န်းရှိ သန်းချီသော မွတ်စ်လင်မ်များနည်းတူ ဘူလ်ဂေးရီးယန်း မွတ်စ်လင်မ်များသည် ဗုဒ္ဓဟူးနေ့ ဇူလိုင်လ ၁၀ ရက်နေ့တွင် စတင်၍ ဥပုသ် စောင့်တည်ခဲ့ကြသည်။
    ရမဿွာန်လတွင် အရွယ်ရောက်ပြီးမွတ်စ်လင်မ်များသည် အစာရေစာ၊ ဆေးလိပ်သောက်ခြင်း နှင့် လိင်မှုရေးရာအား နံနက်နေထွက်ချိန် မှ နေ၀င်ချိန်အထိ ရှောင်ကြဉ်ကြရသည်။ ထို့အတူ နေမကောင်း သူများနှင့် ခရီးလွန်နေသူများအား ဥပုသ်မှ ကင်းလွတ်ခွင့် ပေးအပ်ထားသည်။
    မွတ်စ်လင်မ်များသည် ရမဿွန်လရှိ အချိန်များကို တန်ဖိုးရှိစွာအသုံးချ၍ အလ္လာဟ်အရှင်မြတ်နှင့် ပိုမို နီးကပ်မှုရှိစေရန် ဘုရားဝတ်ပြုခြင်း၊ ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း နှင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်ခြင်း များပြုလုပ်ကြသည်။
    ဥပုသ်သီလစောင့်ခြင်းသည် မွတ်စ်လင်မ်များအား စိတ်ရှည်သည်းခံခြင်း၊ မိမိ၏ရုပ်နှင့်နာမ်ကို ထိန်းချုပ်ခြင်းတို့ကို သင်ကြားပေးသည်။ ရမဿွာန်၏အချိန်သည် ၀တ်ပြုမှုများ၊ ကုရ်အာန် ဖတ်ရွတ်မှုများ နှင့် ကောင်းမှုကုသိုလ်ရေး လုပ်ရပ်များဖြင့် အလ္လာဟ်အရှင်မြတ်နှင့် ပိုမိုနီးကပ်စေရန် (အရှင့်နှစ်မြို့မှုပိုမိုရရှိစေရန်) လုပ်ဆောင်ရသော ကာလဖြစ်သည်။
    ပြည်နယ်ရှိ မွဖ်သီ Kardzhali Beyhan Mehmed က ပြောကြားသည်မှာ မွတ်စ်လင်မ်များသည် ကုရ်အာန်ဖတ်ရွတ် ရန် နှင့် သရာဝီးဟ် ဟုခေါ်သော ညဘက် (အထူး) ၀တ်ပြုခြင်းကို ဆောင်ရွက်ရန် ဗလီကျောင်းတော်များသို့ စုပေါင်းရောက်ရှိလာကြသည် ဟု ဆိုသည်။
    ဒီနှစ် ကျရောက်သော ရမဿွန်သည် ဘာသာရေး ယုံကြည်မှုများကို ဖလှယ်ပေးသော ၀ါဖြေပွဲများကြောင့် ပိုမို၍ ဂုဏ်ကျက်သရေ တိုးပွားခဲ့သည်။
    ဘူလ်ဂေးရီးယား လူမျိုး စတန်ကာမတ်တီဗာ (Stanka Miteva) သည် သူမ၏ မွတ်စ်လင်မ် သူငယ်ချင်းများနှင့်အတူ ဥပုသ်ဖြေဆိုပွဲသို့ တက်ရောက်ခဲ့ပြီး၊ ထိုအတွေ့အကြုံ သည် သူမအား မွတ်စ်လင်မ်များ၏ ဓလေ့ထုံးစံများကို ပိုမိုနားလည်စေခဲ့သည် ဟုဆိုသည်။
    “ကျွန်မတို့ဟာ အတူတကွ ငြိမ်းချမ်းစွာနေထိုင်နေကြတယ်” ဟု မတ်တီဗာက ဆိုသည်။
    “ကျွန်မတို့အတူတကွ ဘာသာရေးပွဲတော်များကို ဆင်နွှဲကြတယ်။ မွတ်စ်လင်မ်များ တစ်ခါမှ လွဲမှားတဲ့ အပြုအမူမျိုးလုပ်တာ ကျွန်မတော့မတွေ့မိပါဘူး”
    တရားဝင်ထုတ်ပြန်ထားသော အချက်အလက်များအရ ဥရောပအတွင်းသို့ မွတ်စ်လင်မ်များ အဓိကအားဖြင့် အော်တိုမန် အင်ပါယာ (Ottoman Empire) မှ တူရကီလူမျိုးစုများသည် ၀င်ရောက်လာခဲ့ကာ ဘူလ်ဂေးရီးယားနိုင်ငံ၏  လူဦးရေ ၇.၈ သန်း တွင် ၁၂ ရာခိုင်နှုန်း မှာ မွတ်စလင်မ်များ ဖြစ်ကြောင်းသိရသည်။
    အစ္စလာမ်ဘာသာရေးဆိုင်ရာ ဦးဆောင်ရေး အသင်း (Fatwa House) ကတော့ ထို မြင့်တက်လာ ခဲ့သော ရာခိုင်နှုန်းသည် ၂၅ ရာခိုင်နှုန်း ၀န်းကျင် ရှိကြောင်း ပြောကြားခဲ့သည်။
    မွတ်စ်လင်မ်များသည် တစ်ပြည်တည်းသား ခရစ်ယာန်ဘာသာဝင်များနှင့် အတူသင့်မြတ်စွာနေထိုင် ကြပြီး၊ ၄င်း သင့်မြတ်စွာနေထိုင်ခြင်းကို ဘူလ်ဂေးရီးယား ဘာသာစကားအရ Komshuluk သို့မဟုတ် အိမ်နီးချင်းများ ဆက်ဆံရေး ဟု ခေါ်တွင်သည်။
  • ဗြိတိန်နိုင်ငံတွင် ဗလီကျောင်းတော် တည်ဆောက်ခွင့်ပြု
    ဇွန်-၂၆၊ ၂၀၁၃
    M-Media
    ဗြိတိန်နိုင်ငံ West Midlands ဒေသရှိ ရှရောပ့်ရှိုင်းယား(Shropshire) တွင် ဗလီကျောင်းတော် ဆောက်လုပ်ခွင့်လျှောက်ထားချက်ကို မြို့တော်ကောင်စီမှ အတည်ပြုလိုက်ပြီဖြစ်သဖြင့် လူနည်းစု မွတ်စ်လင်မ်များမှာ အလွန်ကို ပျော်ရွှင် ၀မ်းမြောက်နေကြကြောင်း သိရသည်။
    UK Muslims Get Dream Shrewsbury Mosque“ သင့်တော်တဲ့ အဆောက်အဦတစ်ခုကို စောင့်မျှော်ခဲ့တာ ၁၀နှစ်နီးပါးရှိခဲ့ပါပြီ။ ဒီနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်တယ်၊ ဒီတော့ လူတွေမှာ (ကျွန်တော်တို့ကို)ကန့်ကွက်ပိုင်ခွင့်ရှိပါတယ်။ သို့သော်လည်း ကျွန်တော်တို့ကတော့ အဲလိုကန့်ကွက်သူတွေနဲ့ အဆင်ပြေအောင်နေထိုင် သွားမှာပါ။ ကျွန်တော်တို့ကို ပံ့ပိုးကူညီခဲ့ကြသူများကိုလည်း အထူးပင် ကျေးဇူးတင်ပါတယ်” ဟု ဇွန်လ ၂၁ ရက်နေ့၊ သောကြာနေ့က ရှရော့ပ်ရှိုင်းယားရှိ ဘင်္ဂလားဒေ့ရှ် လူမှုဖူလုံရေးအဖွဲ့ (Shropshire Bangladeshi Welfare Society)၏ ဥက္ကဋ္ဌ ဂျော့မီရာဟ် (George Miah) မှ Shropshire Star သတင်းဌာနသို့ ပြောကြားခဲ့သည်။
    ကြာသပတေးနေ့က ရှရော့ပ်ရှိုင်းယား ကောင်စီတွင် ပရက်စတင် (Preston Street) လမ်းရှိ မှတ်ပုံတင်ရုံးဟောင်းအား ဗလီကျောင်းဆောင်အဖြစ် ပြောင်းလဲအသုံးပြုရေး မွတ်စ်လင်မ်များ၏လျှောက်ထားချက်ကို  မဲခွဲဆုံးဖြတ်ခဲ့ကြသည်။
    လျှောက်လွှာတင်သွင်းခဲ့ကြသော ရှရော့ပ်ရှိုင်းယားရှိ ဘင်္ဂလားဒေ့ရှ် လူမှုဖူလုံရေး အဖွဲ့ဝင်များက လက်ခံအသိမှတ်ပြုရေးကို ၄င်းတို့အနေနှင့် ၁၀ နှစ်တိုင်တိုင်စောင့်ဆိုင်းနေခဲ့ရမှုကို နိဌိတံစေခဲ့သည် ဟု ဆိုသည်။
    လွန်ခဲ့သော ၁၀ နှစ်ကတည်းကပင်  English Bridge ရှိ United Reformed Church တွင် ၄င်းကို ဆွေးနွေးနေခဲ့ကြသည်။ ဒေသခံတစ်ချို့မှကန့်ကွက်ခဲ့သော်လည်း နောက်ဆုံးတွင်မူ လက်ခံအတည်ပြုခံရသည်။
    (Far-right English Defence League) ၏ အဖွဲ့ဝင်များသည် တာဝန်ရှိသူများထံသို့ ယင်းအဆိုပြုမှုအပေါ် ကနှ်ု့ကွက်စာ အစောင် ၅၀၀ ကျော်ပို့ဆောင်ခဲ့ကြပြီး၊ ၄င်းနေရာ၏အရှေ့တွင်လည်း ဆန္ဒပြခဲ့ကြသည်။
    ဆုံးဖြတ်ချက်ချမှတ်သည့်နေ့တွင် ကောင်စီအစည်းအဝေးသို့ လူ ၆၀ ကျော်တက်ရောက်ခဲ့သည်။
    “ဒီလျှောက်ထားချက်က ဒီနေရာဒေသရဲ့ ယဉ်ကျေးမှုလက္ခဏာများကို မကျိုးပျက်စေဘဲ ဆက်လက် ထိန်းသိမ်းရှင်သန်သွားစေမယ်လို့ကျွန်တော် ယုံကြည်ပါတယ်။ လက်မခံနိုင်စရာလည်း ဘာအကြောင်းမှ မရှိပါဘူး ” ဟု ဒေသခံတစ်ဦးဖြစ်သော စူး ချာလစ် (Sue Challis) က ထိုလျှောက်ထားချက်ထောက်ခံကြောင်းပြောကြားပြီးနောက် လူများက လက်ခုပ်တီးသြဘာပေးခဲ့ကြသည်။
    အပြန်အလှန်နားလည်ဆက်ဆံရေး
    မွတ်စလင်များသည် ဗလီကျောင်းတော် ပတ်ဝန်းကျင်တွင်နေထိုင်သောသူများ နှင့် ထိုဒေအတွင်းရှိ လူများနှင့်ပါ ပိုမိုကောင်းမွန်သော ဆက်ဆံရေးဖြစ်အောင် ကြိုးပမ်းသွားရန် ကတိပြုခဲ့ကြသည်။
    “ကျွန်တော်တို့ဟာ ဒေသခံတွေ၊ ကျောင်းတော်အနီးဝန်းကျင်ကသူတွေနဲ့ အပြန်လှန်ကူညီဖေးမှုတွေ ပြုလုပ်သွားပါမယ်။ ဗလီကျောင်းတော်ဖွင့်ပွဲမှာ လူတိုင်းကိုလည်း ဖိတ်ကြားလိုပါတယ် ” ဟု မီရာဟ် ကဆိုသည်။
    ပလီကျောင်းတော် ဂေါပကအဖွဲ့ဝင် မာတင်ကဗီးရ် (Martin Kabir) မှ ၀တ်ကျောင်းတော်အရေးအတွက် ကူညီခဲ့သူများကို “ ကျွန်တော်တို့ အလွန်ကိုဝမ်းမြောက်မိပါတယ်။ လျှောက်ထားမှုကို ထောက်ခံခဲ့သူများ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ပါတယ်” ဟု ကျေးဇူးတင်စကားပြောကြားခဲ့သည်။
    ဗြိတိန်နိုင်ငံတွင် မွတ်စလင်ဦးရေမှာ  ၂.၇ သန်းသာရှိပြီး လူနည်းစုစာရင်းဝင်ဖြစ်သည်။
    အနောက်နိုင်ငံတော်တော်များများတွင် ဗလီကျောင်းတော်ဆောက်လုပ်ခွင့်များသည် ကန့်ကွက်ခြင်းကိုခံနေခဲ့ရသည်။ အမေရိကန်နိုင်ငံတွင် ပလီကျောင်းဆောင်ဆောက်လုပ်ရေး စီမံကိန်း ၃၅ ခုအား ကန့်ကွက်သူများ ရှိခဲ့သည်။  ယာဉ်သွားလာမှုပိတ်ဆို့မည်၊ အကြမ်းဖက်မှုကိုစိုးရိမ်သည် စသည့် မခိုင်မာလွန်းသောအကြောင်းပြချက်အမျိုးမျိုးဖြင့် ကန့်ကွက်နေကြသည်။
    ပြင်သစ်၊ အီတလီ နှင့် စပိန် စသည့် အခြားသော ဥရောပနိုင်ငံများတွင်လည်း ဗလီကျောင်းဆောင် ဆောက်လုပ်ခွင့်မှာ အတိုက်အခံများနှင့်ကြုံတွေ့နေခဲ့ရသည်။
    ဆွစ်ဇာလန်၌ ဆွစ်လူမျိုးများသည် နိုင်ငံတွင်း၏ဗလီကျောင်း မီနာရဟ် မျှော်စင်များ ဆောက်လုပ်ခွင့်ကို ပိတ်ပင်ရန် ပြည်သူ့ဆန္ဒခံယူပွဲကိုပင် ပြုလုပ်ခဲ့ကြပေသည်။
    Ref: OnIslam
  • ဂလော်စတာ ဗလီကျောင်းတော် မီးရှို့မှုတွင် ပါဝင်သော ကြံရာပါအား ဖမ်းမိ
    ဇွန်-၂၁၊ ၂၀၁၃
    M-Media
    ဂလော်စတာ (Gloucester) မှ ဗလီကျောင်းတော် မီးရှို့မှုတွင် ပါဝင်ခဲ့သော ကြံရာပါလူအား ဗြိတိန်စုံထောက်များက လက်ရဖမ်းဆီးထားပြီဖြစ်သည်။
    Gloucesterအင်္ဂါနေ့ည၊ ဒေသစံတော်ချိန် ၁၂.၅၀ နာရီခန့်တွင် ရိုင်ခရော့ဖ်လမ်း (Ryecroft Street) ရှိ ဗလီကျောင်းတော်သည် မီးလောင်ကျွမ်းနေသဖြင့် မီးသတ်ကိုခေါ်ယူငြိမ်းသတ်ခဲ့ရသည်။ ယင်းမီးရှို့မှုတွင် မည်သူမျှ ထိခိုက်ဒဏ်ရာ မရ ရှိခဲ့သော်လည်း ဗလီကျောင်းတော်၏ အ၀င်တံခါးသည် မီးလောင်ကျွမ်းမှုကြောင့် အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။
    CCTV တွင် ကင်မရာမှတ်တမ်းများအား ရဲဌာနမှပြန်လည်ကြည့်ရှုရာတွင် လူတစ်ယောက်သည် ဗလီကျောင်းတော်တံခါးဝတွင် ဓာတ်ဆီများလောင်းကာ၊ အ၀တ်စုတ်တစ်ခုကို မီးရှို့၍ ၄င်း ဓာတ်ဆီပေါ်ကို ပစ်ပြီး မီးထတောက်စေခဲ့သည် ကိုတွေ့ရှိခဲ့ရသည်။
    ရဲအရာရှိများက ဂလော်စတာရှိ သံသယဖြစ်သူ အသက် ၃၇ နှစ်အရွယ် အမျိုးသားအား မီးရှို့မှုဖြင့် ပထမဦးစွာ ဖမ်းဆီးခဲ့ပြီး၊ တဖန် အင်္ဂါနေ့ညနေတွင် ချယ်လ်တန်ဟမ် (Cheltenham) မှ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးအား ကြံရာပါအဖြစ် ထပ်မံဖမ်းဆီးခဲ့သည်။
    ယခုအခါ ၄င်းသူ နှစ်ဦးအား ရဲဌာနတွင် ထိန်းသိမ်းထားသည်ဟု ဆိုသည်။
    “ ဂလော်စတာသည် လူမျိုးပေါင်းစုံရှိပြီး၊ ထူးခြားနွေးထွေးသော လူ့အဖွဲ့အစည်းတည်ရှိနေသည့် နေရာတစ်ခုဖြစ်သောကြောင့် ယခု အဖြစ်အပျက်အတွက် လူများသည် လွန်စွာမှ စိတ်ကွက်ဒေါသ ဖြစ်နေခဲ့ကြသည်။ ၄င်းအဖြစ်ပျက်မဖြစ်ပေါ်ခင် လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က နိုင်ငံအတွင်း မည်ကဲ့သို့သော လူမျိုးရေး တင်းမာမှုများဖြစ်ပေါ်ခြင်းကို မတွေ့ရှိရသည့် အတွက် ကျွန်တော် စိတ်ထဲငြိမ်းချမ်းနေခဲ့ရသည် ” ဟု ဂလောင်စက်စတာ၏ ရဲမှူးကြီး ရစ်ချက်ဘ့ာဂ် (Richard Burge) မှပြောကြားခဲ့သည်။
    Ref: Press TV