News @ M-Media

Tag: Europe

  • လန်ဒန်မြို့တော်ဝန်မှ မြို့တော်ခန်းမတွင် ပါလက်စတိုင်း အလံလွှင့်ထူပြီး ဂါဇာမှပြည်သူများနှင့် တသားထဲရှိကြောင်းပြသ

    လန်ဒန်မြို့တော်ဝန်မှ မြို့တော်ခန်းမတွင် ပါလက်စတိုင်း အလံလွှင့်ထူပြီး ဂါဇာမှပြည်သူများနှင့် တသားထဲရှိကြောင်းပြသ

    သြဂုတ် ၄ ၊ ၂၀၁၄

    M-Media


    _76662624_76662623

    ဇူလိုင်လ (၇)ရက်ကစပြီး ဗုံးကြဲစစ်ဆင်မှုကို ခံစားနေရတဲ့ ဂါဇာပြည်သူများနဲ့ တစ်သားတည်းရှိကြောင်း ပြသသောအားဖြင့် လန်ဒန်မြို့တော်၊ Tower Hamlets အရပ် မြို့တော်ခန်းမပေါ်မှာ ပါလက်စတိုင်း အလံကို လွှင့်ထူလိုက်ပါတယ်။

    မြို့တော်ဝန် Lutfur Rahman က “ဂါဇာပြည်သူများနဲ့ တစ်သားတည်းရှိကြောင်း လူသားချင်းစာနာထောက်ထားမှုကို ပြသတဲ့အနေနဲ့ မြို့တော်ခန်းမပေါ် ကျွန်တော်တို့ ပါလက်စတိုင်း အလံကို လွှင့်ထူတာဖြစ်ပါတယ်။

    index“အသဲအမည်း စစ်ဆင် တိုက်ခိုက်လာမှုနဲ့အတူ ဂါဇာကို ပိတ်ဆို့ထားခြင်းက လူသားချင်းစာနာထောက်ထားမှုအပေါ် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါပြီ။ လူတစ်ထောင်ကျော် သတ်ဖြတ်ခံရတဲ့ထဲက အများစုဟာ အမျိုးသမီးတွေ၊ ကလေးငယ်တွေသာ ဖြစ်နေပါတယ်။ ဒဏ်ရာရသူများအားလုံးကို ဆေးဝါးကုသမှု ခံယူနိုင်ရေးအတွက် အကူအညီလမ်းကြောင်း ဖွင့်ပေးဖို့ အရေးပေါ်လိုအပ်ပါတယ်။ ဒီကြေကွဲစရာ ပဋိပက္ခကြားထဲ အသက်ဆုံးရှုံးမှုများအပေါ် ကျွန်တော်တို့ အထူး ၀မ်းနည်းရပါတယ်။ အပြစ်မဲ့အသက်တွေ ဘဝတွေ ထပ်မံမဆုံးရှုံးအောင်၊ အစ္စရေးနဲ့ပါလက်စတိုင်းတို့အကြားက
    အကြမ်းဖက်သံသရာကို ချိုးနှိမ်မယ့် ရေရှည်ငြိမ်းချမ်းရေး ဖော်ဆောင်ပေးနိုင်အောင် ကျွန်တော်တို့ရဲ့ဝန်ကြီးချုပ်ကို တိုက်တွန်းထားပါတယ်” လို့ Telegraph သတင်းစာကို ပြောကြားလိုက်ပါတယ်။

    “ဗြိတိသျှမြို့တော်ခန်းမကနေ အလံလွှင့်ထူတာဟာ ဥရောပနဲ့ ကမ္ဘာတစ်ဝှမ်းက အကြမ်းဖက်သမား အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတစ်ခုကို ထောက်ခံသော အားပေးသလို ဖြစ်နေကြောင်း မြို့တော်ဝန် ရဟ်မာန်အနေနဲ့ သတိပြုမိဖို့လိုပါတယ်။ ဒီလိုလုပ်တာ မသင့်လျော်ပါဘူး။ ကျွန်တော်တို့မြို့တော်က လူအဖွဲ့အစည်းတွေအကြား ရင်းနှီး ပတ်သက်နေမှုတွေကို ဖျက်စီးရာရောက်စေပါတယ်” ဆိုပြီး ဗြိတိသျှ ဂျူးလူမျိုးများရေးရာ ဘုတ်အဖွဲ့ ဒုဥက္ကဌ Jonathan Arkush က ပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ ကွန်ဆာဗေးတစ်ပါတီဥက္ကဌ Grant Shapps က “လက်တွေ့ရလဒ် ထွက်ဖို့မရှိတဲ့ လူပိန်းကြိုက်နိုင်ငံရေး ရည်မှန်ချက်နဲ့ အလံကို လွှင့်ထူနေတာထက် ကျွန်တော်တို့လုပ်ဖို့ တကယ်လိုအပ်နေတာက အပစ်အခတ်ချက်ခြင်း ရပ်စဲရေးနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီ ဆက်ပေးနိုင်ရေးပဲဖြစ်တယ်” လို့ MailOnline ကို ပြောဆိုလိုက်ပါတယ်။

    ပါလက်စတိုင်းလူဦးရေ (၁.၈)သန်းနေထိုင်တဲ့ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးတို့ရဲ့ ဒီတစ်ကြိမ် စစ်ဆင်ရေးဟာ ခြောက်နှစ်အတွင်း အဆိုးဝါးဆိုးလုပ်ရပ်ဖြစ်ပါတယ်။ ရက်သတ္တလေးပတ်တိုင်တိုင် မရပ်မနား ချေမှုန်းနေတဲ့အတွက် ယခုချိန်ထိ ပါလက်စတိုင်းပြည်သူ (၁၈၀၀)ကျော် သေဆုံးပြီး၊ (၉၀၀၀)အထက် ဒဏ်ရာရရှိခဲ့ပါတယ်။ အစ္စရေးဖက်က စာရင်းအရ မိမိတို့ဖက်က အနည်းဆုံး (၆၁)ဦး သေဆုံးရပြီလို့ ဆိုထားပါတယ်။

    Source : World Bulletin

  • စပိန်ရုပ်ရှင် လောကသားများမှ EU ကို တရားဝင်စာပို့ပြီး အစ္စရေးလုပ်ရပ်အား ရှုတ်ချ

    ဇူလိုင် ၃၁ ၊ ၂၀၁၄
    M-Media

    1406638062242.

    Penelope Cruz ၊ Javier Bardem ၊ Pedro Almodovar အပါအ၀င် အခြားသော စပိန်ရုပ်ရှင်လောကသား တို့သည် အင်္ဂါနေ့က ဥရောပသမဂ္ဂသို့ အစ္စရေးတို့၏ မျိုးဖြုတ်တိုက်ခိုက်မှုအား ရှုတ်ချ ဝေဖန်ထားသော အိတ်ဖွင့်ပေးစာ တစ်စောင်ကို ပေးပို့ခဲ့သည်။

    ဂါဇာဒေသတွင်းရှိ ပါလက်စတိုင်းအရပ်သားတို့အပေါ် ကြည်း၊ ရေ၊ လေကြောင်း စစ်ဆင်၍ ဗုံးကြဲတိုက်ခိုက်နေမှုအား အီးယူမှ ပြင်းထန်စွာ ကန့်ကွက်ရေးအတွက် စပိန်နိုင်ငံသား ရုပ်ရှင် သရုပ်ဆောင်များ၊ စာရေးဆရာများ၊ ဂီတအနုပညာရှင်များ၊ ဒါရိုက်တာများနှင့် ဖျော်ဖြေရေးကြယ်ပွင့်
    ဒါဇင်များစွာတို့က တောင်းဆိုထားကြသည်။

    အစ္စရေးတို့သည် (၁၉၆၇)ခုနှစ်က မတရားသိမ်းယူခဲ့သော နယ်စပ်များကို ပြန်လည် မပေးသည့်အပြင် ပါလက်စတိုင်း ပိုင်နက်များကို ဆက်လက်ကျူးကျော်ကာ နယ်မြေချဲ့ထွင်နေခြင်းကြောင့် လက်ရှိ ထိန်းချူပ်မှု ကင်းမဲ့နေသည့် အကြမ်းဖက်မှုမှာ အစ္စရေးထံ၌သာ တာဝန်ရှိကြောင်း ထိုပေးစာတွင် ရှင်းလင်းပြတ်သားစွာ ဆိုထား၏။

    The Daily Beast

  • ယူကရိန်း ၀န်ကြီးချုပ်၏ နှုတ်ထွက်မှုကို ပါလီမန်မဲခွဲပြီး ပယ်ချ

    ယူကရိန်း ၀န်ကြီးချုပ်၏ နှုတ်ထွက်မှုကို ပါလီမန်မဲခွဲပြီး ပယ်ချ

    ဇူလိုင် ၃၁ ၊ ၂၀၁၄
    M-Media

    20144511810191734_20

    – ပါလီမန်နှင့် အစိုးရအတွင်း အကွဲအပြဲများကြောင့် အစိုးရအဖွဲ့မှ နှုတ်ထွက်ခဲ့သည့် ယူကရိန်းဝန်ကြီးချုပ် ယက်ဆန်ယွတ်၏ နှုတ်ထွက်မှုအား လက်မခံရန် ယူကရိန်းပါလီမန်က ယနေ့တွင် မဲခွဲဆုံး ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    ၎င်းကို ထောက်ခံခဲ့သည့် ပါတီနှစ်ခုမှာ ညွန့်ပေါင်းအစိုးရအဖွဲ့မှ နှုတ်ထွက်ခဲ့ပြီး ယက်ဆန်ယွတ်ကလည်း နိုင်ငံအရှေ့ပိုင်း ခွဲထွက်ရေးသများနှင့် ဖြစ်ပွားနေသည့် စစ်ပွဲအတွက် လိုအပ်သည့် ရန်ပုံငွေ တောင်းခံမှုဥပဒေကို အတည်ပြုရန် ပါလီမန်က တုံ့ဆိုင်းနေသည်ဟု ဆိုကာ ပြီးခဲ့သည့် သီတင်းပတ်က နှုတ်ထွက်သွားခြင်းဖြစ်သည်။

    သို့သော်လည်း ယက်ဆန်ယွတ်နှုတ်ထွက်မှုကို လက်ခံရန် မဲခွဲဆုံးဖြတ်ရာတွင် ယခုကဲ့သို့ ရလဒ် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး၊ သမ္မပက်ထရို ပိုရိုရှန်ကိုလည်း ညှိနှိုင်းဆွေးနွေးမှုတစ်ခုကို ရှာဖွေကာ ပါလီမန် ဆက်လက်လည်ပတ်နေစေရေး ဆောင်ရွက်ရန် အစိုးအား တိုက်တွန်းခဲ့သည်။

    နိုင်ငံရေး၊ စီးပွားရေး မတည်မငြိမ်ဖြစ်နေသည့် ယူကရိန်းနိုင်ငံတွင် စစ်ပွဲနှင့် နိုင်ငံအတွင်း ပျက်ဆီးသွားခဲ့သည့် အခြေခံအဆောက်အဦးများ ပြန်လည်ဆောက်လုပ်ရေးတို့တွင် ငွေများ ပိုမိုသုံးစွဲရန် အတွက် ဘက်ဂျက်တောင်းခံမှုကို ပါလီမန်က မဆောင်ရွက်နိုင်သောကြောင့် အစိုးရ အတွင်း အကွဲအပြဲများ ဖြစ်ပေါ်ခဲ့သည်။ ယူကရိန်းအစိုးရ တပ်များမှာ ခွဲထွက်ရေးသမားများနှင့်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေသည်။
    AP

  • သမ္မတအိုဘားမား ပြည့်ဝင်ခွင်အား ချေချင်းညာ ပိတ်ပင်

    ဇူလိုင် ၂၉ ၊ ၂၀၁၄
    M-Media

    US-SCHOOL-SHOOTING-MEMORIAL

    – အမေရိကန်သမ္မတ ဘာရက်အိုဘားမား ဒေသအတွင်းသို့ ၀င်ရောက်ခွင့်ကို ချေချင်းညာ သမ္မတ ကာဒီရော့ဗ်က စနေနေ့တွင် ပိတ်ပင်လိုက်သည်ဟု သိရသည်။

    အမေရိကန်နှင့် ဥရောပမှ ချမှတ်ခဲ့သည့် ပိတ်ဆို့မှုများအတွက် ရုရှားက မည်သည့်တုံ့ပြန်မှုမှ မပြုလုပ်သေးသော်လည်း ချေချင်းညာက ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်ပြီး ပိတ်ပင်ခံရသူများစာရင်းတွင် အိုဘားမားနှင့်အတူ ဥရောပသမဂ္ဂကိုယ်စားလှယ်များဖြစ်ကြသည့် ဂျိုဆေး မန်နျူယဲလ် ဘာရိုဆို၊ ဟာဘာ့တ် ဗန် ရွမ်ပူနှင့် ကက်သရင်း အရှ်တန်တို့ ပါဝင်သည်။

    ထိုကဲ့သို့ ပိတ်ပင်ရခြင်း၏ အကြောင်းအရင်းမှာ ယူကရိန်း၊ လစ်ဗျား၊ ဆီးရီးယား၊ အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံများအပေါ် ထားရှိသည့် အမေရိကန်နှင့် ဥရောပသမဂ္ဂ၏ ပေါ်လစီကြောင့်ဖြစ်သည်ဟု ကာဒီရော့ဗ်က ၎င်း၏ Instagram စာမျက်နှာတွင် ရေးသားဖော်ပြခဲ့ကာ ထိုပေါ်လစီအား “နိုင်ငံတော် အကြမ်းဖက်ဝါဒ” ဟု ကင်ပွန်းတပ်ခဲ့သည်။

    ယူကရိန်းအရေးအတွက် အမေရိကန်ကိုအပြစ်တင်ထားသည့် ကြေညာချက်တစ်စောင်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ယူကရိန်းပဋိပက္ခနှင့် ဆိုးရွားသော နောက်ဆက်တွဲ ပြဿနာများအတွက် အမေရိကန်တွင် တာဝန်ရှိသည်ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ခရိုင်းမီးယားအား ရုရှားမှ သိမ်းပိုက်မှုနှင့် ယူကရိန်းနိုင်ငံ အရှေ့ပိုင်း မတည်ငြိမ်မှုများက ရုရှားနှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးကို ထိခိုက်စေခဲ့သည်။

    Al Arabiya News

  • မျက်နှာဖုံးအုပ်ခွင့် ပိတ်ပင်ခြင်းကို ဥရောပ လူ့အခွင့်အရေး ခုံရုံး ထောက်ခံမှု ထင်ရှားသည့် ဂျူးဘုန်းတော်ကြီး ရှုတ်ချ

    ဇူလိုင် ၈ ၊ ၂၀၁၄
    M-Media
    EuropeSenior-Rabbi-Slams-Burqa-Ban
    – အစ္စလာမ်ဘာသာဝင် အမျိုးသမီးများ နီကဘ် ၀တ်ဆင်ခြင်းကို ပိတ်ပင်ထားသည့် ပြင်သစ်အစိုးရ၏ ဥပဒေကို ထောက်ခံခဲ့သော ဥရောပလူ့အခွင့်အရေးခုံရုံး၏ ဆုံးဖြတ်ချက်အား ဥရောပရှိ အကြီးတန်း ဂျူးဘုန်းတော်ကြီးက ဝေဖန်လိုက်ပြီး မွတ်စလင် အမျိုးသမီးများ၏ ဘာသာရေး လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “၂၀၀၉ ခုနှစ်က ဆွဇ်ဇာလန်မှာ မင်နာရာ ဆောက်လုပ်မှု၊ ဘုရ်ခါ ၀တ်ဆင်ခြင်းကို ပိတ်ပင်လိုက်တာနဲ့ ဒါတွေကို ဥရောပ လူ့အခွင့်အရေး ခုံရုံး ECHR က ပြီးခဲ့တဲ့ ရက် အနည်းငယ်အတွင်းမှာ ခွင့်ပြုလိုက်တာက ” ဟု The Telegraph သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါး၌ ဥရောပဂျုးဘုန်းတော်ကြီးများ အဖွဲ့ အကြီးအကဲ ပင်ချက် ဂိုးလ်ရှမစ်က ပြောကြားလိုက်သည်။ ၎င်းမှာ မော်စကိုမြို့ ဂျူးဘုန်ကြီးများအသင်း၏ အကြီးအကဲလည်းဖြစ်သည်။

    မွတ်စလင်အမျိုးသမီးများ ၀တ်ဆင်သည့် ဘုရ်ခါအား ပိတ်ပင်ခြင်းကို ၂၀၁၀ နှစ်က ပြင်သစ်နှင့် ဘယ်လ်ဂျီယံတို့တွင် စတင်ခဲ့ပြီး အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် မျက်နှာဖုံးအုပ်ခြင်းအား တရားမ၀င်ဟု သတ်မှတ်ခဲ့သည်။

    မျက်နှာကို ဖုံးအုပ်ရသည့် နီဘဘ်အား ပိတ်ပင်ခြင်းမှာ နိုင်ငံသားများအား အတူတကွ နေထိုင်မှုကို အားပေးခြင်းဖြစ်သည်ဟု ပြင်သစ်နိုင်ငံက စောဒက တက်ခဲ့ပြီးနောက် ဥရောပ လူ့အခွင့်အရေးခုံရုံး ECHR ကလည်း ထိုပိတ်ပင်မှုအား ပြီးခဲ့သည့် အင်္ဂါနေ့က လက်ခံခဲ့သည်။

    သို့သော်လည်း ဂိုလ်းရှမစ်ကမူ ထိုဥပဒေမှာ ဘာသာရေး လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် ဘုရ်ခါနှင့် နီကဘ်ကို ပိတ်ပင်ခြင်းက အစွန်းရောက်ဝါဒအား တိုက်ထုတ်ရာတွင် အကူအညီဖြစ်လိမ့်မည်ဟု ပြောဆိုကြသောနိုင်ငံရေးသမားများမှာ အသုံးမကျသူ များသာဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    “ဘုရ်ခါကို ပိတ်ပင်တာဟာ အစွန်းရောက်ဝါဒကို တစ်နည်းတစ်ဖုံ တိုက်ဖျက်တယ်လို့ ထင်နေတဲ့သူတွေဟာ တကယ့်ကို အသုံးမကျတဲ့သူတွေပါပဲ။ အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို တွန်းလှန်ဖို့ ကြိုးပမ်းမှုကနေ သူတို့ဟာ အပြောင်းအလဲတစ်ခုကို ဖန်တီးရင် ဒါဟာ ပြဿနာကို ပိုရှုပ်စေတာပါပဲ” ဟု ဂိုးလ်ရှမစ်က ဆိုသည်။