News @ M-Media

Tag: Europe

  • ရောမနှင့် လူမည်းအမျိုးသားများကို ဂုဏ်သိက္ခာ ကျစေမှုဖြင့် ဆွီဒင် ပန်းချီဆရာကိုထောင်ချ

    ရောမနှင့် လူမည်းအမျိုးသားများကို ဂုဏ်သိက္ခာ ကျစေမှုဖြင့် ဆွီဒင် ပန်းချီဆရာကိုထောင်ချ

    သြဂုတ် ၂၆ ၊ ၂၀၁၄
    M-Media
    10603688_1450480171843431_2871902140262120027_n
    ဂျစ်ပစီနဲ့ လူမည်းအမျိုးသားတွေကို လူမျိုးခွဲခြားရေးပုံစံ သရုပ်ဖော်ပန်းချီရေးဆွဲခဲ့မှုနဲ့ ဆွီဒင်ပန်းချီဆရာကို တရားရုံးကထောင်ဒဏ်ခြောက်လ ချမှတ်လိုက်ပါတယ်။

    ကြာသပတေးနေ့က ပန်းချီဆရာ Dan Park ကို လူမျိုးစုတစ်စုကို ရည်ရွယ်ပြီး သိက္ခာကျဆင်းအောင်နဲ့ မုန်းတီးမှုတွေ သွေးထိုးခဲ့မှုနဲ့ ပြစ်ဒဏ် ချမှတ်လိုက်တာဖြစ်ပါတယ်။

    ဒီဖြစ်ရပ်က ဂျူလိုင်လတုန်းက Malmo မြို့ ပန်းချီပြခန်းက သိမ်းယူခဲ့တဲ့ ပိုစတာ ၉ ခုနဲ့ ဆက်စပ်ပါတယ်။ ပုံတစ်ခုမှာ လူမည်းအမျိုးသားသုံးယောက်ကို လည်ပင်းမှာ ကြိုးကွင်းတွေနဲ့ ပုံဖော်ထားပြီး နောက်ပုံတစ်ခုမှာတော့ ရောမလူထုခေါင်းဆောင်တွေ ရာဇဝတ်မှုကို မသိကျိုးကျွံပြုသယောင်ဖော်ပြတဲ့ စာသားတွေပါဝင်ခဲ့ပါတယ်။

    ပန်းချီအနုပညာသရုပ်ဖော်မှုကြောင့် ထောင်ဒဏ်ချမှတ်တာမျိုးဟာ ဆွီဒင်နိုင်ငံအတွက် အတော်ထူးခြားတဲ့လုပ်ရပ်ဖြစ်ပါတယ်။ အလားတူ ကျူးလွန်မှုများ အမြောက်အများပြုလုပ်ခဲ့ဖူးတဲ့ Park က သူ့အနုပညာရေးဆွဲမှုတွေဟာ သရော်ချက်တွေသာဖြစ်ပြီး လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်လို့ပြောဆိုခဲ့ပါတယ်။

    ပန်းချီပြခန်းပိုင်ရှင်ကိုတော့ အကျယ်ချုပ်နဲ့ ငွေဒဏ် ၇၅ဝဝ ခရိုနာ(ဒေါ်လာ ၁၁ဝဝ) ဒဏ်ကြေးပေးဆောင်စေခဲ့ပါတယ်။

    Source: AP
    မြတ်ဇော်

  • ယူကရိန်း လွတ်လပ်ရေးနေ့ကို လှောင်ပြောင်သည့် ချီတက်မှု ခွဲထွက်ရေးသမားများပြုလုပ်ခဲ့

    ယူကရိန်း လွတ်လပ်ရေးနေ့ကို လှောင်ပြောင်သည့် ချီတက်မှု ခွဲထွက်ရေးသမားများပြုလုပ်ခဲ့

    သြဂုတ် ၂၆ ၊ ၂၀၁၄
    M-Media
    20148256205536734_20
    – ယူကရိန်းတို့၏ လွတ်လပ်ရေး စစ်ရေးပြမှုကို လှောင်ပြောင်သရော်သည့် အနေဖြင့် နိုင်ငံအရှေ့ပိုင်းရှိ ခွဲထွက်ရေးသမားများက ၎င်းတို့ဖမ်းဆီးထားသော ယူကရိန်းစစ်သားများကို ကြိုးများဖြင့် တုပ်နှောင်ကာ လှည့်လည် ချီတက်စေခဲ့သည်ဟု သိရသည်။

    ခွဲထွက်ရေးသမားများ သိမ်းပိုက်ထားရာ ဒွန်တက်စ်မြို့လယ်ရှိ လီနင်ရင်ပြင်တွင် ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဖမ်းဆီးခံထားရသည့် ယူကရိန်းစစ်သား ၄၀ မှ ၅၀ ခန့် ပါဝင်ခဲ့သည်။

    ယူကရိန်းစစ်သားများ၏ လက်များကို ကြိုးများဖြင့် ချည်နှောင်ထားပြီး လက်နက်ကိုင်ထားသည့် ခွဲထွက်ရေးသမားများက ၀န်းရံ၍ ချီတက်စေခဲ့ခြင်းဖြစ်ကာ ၎င်းတို့ လျှောက်သွားကြသည့် လမ်းကြောင်းများအား ဆေးကြောရန်အတွက် ရေများတင်ဆောင်ထားသည့် ထရပ်ကားနှစ်စီးလည်း ချီတက်မှုတွင် ပါဝင်ခဲ့သည်။

    ပြည်သူများကမူ ယူကရိန်းစစ်သားများအား အမှိုက်များ၊ ရေဘူးအလွတ်များဖြင့် ပစ်ပေါက်ခဲ့ကြပြီး “ဖက်စစ်များ” “သစ်ပစ်မှာ ကြိုးဆွဲချပစ်” စသဖြင့် အော်ဟစ်ဆဲဆိုခဲ့ကြသည်။

    ခွဲထွက်ရေးအဖွဲ့ခေါင်းဆောင် အလက်ဇန်ဒါး ဇက်ခါချန်ကိုကမူ ယူကရိန်း လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားအတွက် လှောင်ပြောင်သည့် စကားများအား ပြောဆိုခဲ့သည်။

    “၂၄ ရက်နေ့ဟာ ယူကရိန်းလွတ်လပ်ရေးနေ့လို့ ယူကရိန်းအစိုးရက ပြောပါပြီး သူတို့ စစ်ရေးပြမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒွန်တက်စ်မှာလည်း ဒီပုံစံအတိုင်း ပြုလုပ်တာပါ။ ဒါပေမယ့် စစ်ရေးပြတာတော့ မဟုတ်ပါဘူး” ဟု အလက်ဇန်းဒါးက ပြောကြားခဲ့သည်။

    ခွဲထွက်ရေးသမားများ၏ ထိုလုပ်ရပ်အား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဝေဖန်ရှုတ်ချခဲ့ပြီး စစ်သုံ့ပန်းများအား အရှက်ရေစေသော နှိမ့်ချသော လုပ်ရပ်ဖြစ်ကာ ဂျီနီဗာ သဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Agencies
  • ဒိန်းမတ်တွင် ပထမဆုံး အစ္စလာမ့် ဓမ္မသင်တန်းကျောင်း ဖွင့်လှစ်ခဲ့

    ဒိန်းမတ်တွင် ပထမဆုံး အစ္စလာမ့် ဓမ္မသင်တန်းကျောင်း ဖွင့်လှစ်ခဲ့

    သြဂုတ် ၂၆ ၊ ၂၀၁၄
    M-Media
    Scandinavia-Gets-1st-Islamic-Theology-School
    – တူရကီမှ ကျော်ကြားသော အီမာမ် ဟာတစ်ပ်၏ အစ္စလာမ့် ဓမ္မသင်တန်း ကျောင်းခွဲ တစ်ခုကို ဒိန်းမတ်နိုင်ငံတွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    ဆလာဂီလ်ဆီမြို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကျောင်းသို့ ဒိန်းမတ်၊ နော်ဝေနှင့် ဆွီဒင်နိုင်ငံတို့မှ ၁၈ နှစ်ပြည့်ပြီးသည့် မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်သည်။ ထိုကျောင်းမှာ ဒိန်းမတ်နိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့် အစ္စလာမ့်ဓမ္မသင်တန်းကျောင်း လည်းဖြစ်သည်။

    ထိုကျောင်းတွင် ကုရ်အာန်၊ ဟဒီးစ်နှင့် အစ္စလာ့မ်ကျမ်းဂန်များကို တူရကီရှိ ကျောင်းများတွင် သင်သည့် သင်ရိုးညွှန်းတမ်း အတိုင်း သင်ကြားသွားမည်ဖြစ်သည်။ အီမာမ် ဟာတစ်ပ်၏ အစ္စလာမ့် ဓမ္မသင်တန်းကျောင်းကို ဘယ်လ်ဂျီယံနိုင်ငံတွင်လည်း ဖွင့်လှစ်ထားပြီး ယခုကျောင်းမှာ ဥရောပတွင် ဖွင့်လှစ်သော အီမာမ် ဟာတစ်ပ်၏ ဒုတိယမြောက် ကျောင်းဖြစ်သည်။

    တူရကီ၏ ထင်ရှားသော အီမာမ် ဟာတစ်ပ်မှာ ၁၉၂၀ ပြည့်နှစ်များမှစ၍ အစ္စလာမ့်ဓမ္မသင်တန်းကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ပြီး ၎င်း၏ ကျောင်းများတွင် အစ္စလာမ့် ဘာသာကျမ်းဂန်များနှင့် ၀ိဇ္ဇာသိပ္ပံ ဘာသာရပ်များကို ပူးတွဲသင်ကြားသည်။

    တူရကီရှိ အီမာမ်ဟာတစ်ပ်၏ကျောင်းများတွင် တက်ရောက်နေသူ ကျောင်းသားဦးရေမှာ ၂ သိန်းခွဲခန့်ရှိနေသည်။

    ဒိန်းမတ်နိုင်ငံတွင် အစ္စလာမ်သာသနာမှာ ခရစ်ယာန်ပြီးနောက် ဒုတိယကိုးကွယ်သူ အများဆုံး သာသနာဖြစ်ပြီး နိုင်ငံလူဦးရေ ၅.၆ သန်း၏ ၄.၈ ရာခိုင်နှုန်းမှာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

    OnIslam & News Agencies

  • တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမား ဂျာမနီသို့လည်ပတ်

    တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမား ဂျာမနီသို့လည်ပတ်

    သြဂုတ် ၂၂၊ ၂၀၁၄
    M-Media
    Tibet-Education-Dharamshala-India-2014
    တိဗက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား သြဂုတ်လ ၂၀ ရက်နေမှာ အိန္ဒိယနိုင်ငံ ဒါရာမ်ရှာလ ကနေ ဂျာမနီနိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပါတယ်။ အဲ့ဒီမှာ ငြိမ်းချမ်းရေးဟောပြောမှုတွေနဲ့ သနားကြင်နာခြင်း စတဲ့ လူမှုကျင့်ဝတ် အကြောင်းအရာတွေကို ဟောပြောမှာ ဖြစ်ပါတယ်။

    ဟမ်းဘတ်မြို့ တိဗက်ရေးရာ စင်တာ စီစဉ်တဲ့ ဟမ်းဘတ်မြို့ ခရီးစဉ်မှာ နိုဗယ်ဆုရ ဘုန်းတော်ကြီးဟာ ” ဘဝထဲက လူသားတန်ဖိုး ” ခေါင်းစဉ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ သြဂုတ်လ ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ ” ဗောဓိသတ္တ၏ ဘဝလမ်းညွှန်” စာအုပ်ကနေ ပို့ချချက်တွေပေး သွားမှာဖြစ်ပြီး ဒီပို့ချချက်တွေဟာ ဗုဒ္ဓဘာသာဝင်တွေကော ဗုဒ္ဓအတွေးအခေါ်၊ လူနေမှုနဲ့ တရား အားထုတ်မှုကို စိတ်ဝင်စားသူအားလုံးအတွက် ရည်ရွယ်တယ်လို့ စီစဉ်သူတွေကပြောပါတယ်။

    ဓာတ်ပုံအညွှန်း – တိဗက်နည်းပညာကျောင်းရှိ တိဗက်ဆေးပညာနှင့် နက္ခတ်ဗေဒ သင်ကြားနေသောကျောင်းသား ကျောင်းသူများနှင့် ဘုန်းတော်ကြီး ဒလိုင်းလားမား အိန္ဒိယနိုင်ငံ ဒါရာမ်ရှာလ တွင်တွေ့ဆုံစဉ်

    မြတ်ဇော်
    Source : TheTibetPost

  • ယူကရိန်း ဒုက္ခသည်ယာဉ်တန်းအား တိုက်ခိုက်မှု အတွင်း အရပ်သား အများအပြားသေဆုံး

    ယူကရိန်း ဒုက္ခသည်ယာဉ်တန်းအား တိုက်ခိုက်မှု အတွင်း အရပ်သား အများအပြားသေဆုံး

    သြဂုတ် ၁၉ ၊ ၂၀၁၄
    M-Media
    2014818145320708734_20
    – ယူကရိန်းအရှေ့ပိုင်း တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ဒုက္ခသည် ယာဉ်တန်းမှာ ယမန်နေ့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရပြီး ဒုက္ခသည် ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်ဟု သိရသည်။

    တိုက်ခိုက်မှုမှာ Khryashchuvate နှင့် Novosvitlivka မြို့အကြား ခွဲထွက်ရေးသမားများ ကြီးစိုးရာ Luhansk မြို့အနီး ယမန်နေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ခိုက်မှုအတွက် ယူကရိန်းအစိုးရနှင့် ခွဲထွက်ရေးသမားတို့က အပြန်အလှန် ပြစ်တင် ပြောဆိုခဲ့ကြသည်။

    ယူကရိန်းစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ အန်ဒရီလီ လီရှန်ကိုကမူ ထိုအဖြစ်အပျက်အား ဆိုးရွားသည့် ရာဇ၀တ်မှုဖြစ်သည်ဟု ပြောကြားခဲ့ပြီး သေဆုံးသူမှာ ဒါဇင်နှင့်ချီ၍ ရှိမည်ဟု ဆိုသည်။

    “အမျိုးသမီးတွေနဲ့ ကလေးတွေအပါအ၀င် လူအများအပြားသေဆုံးခဲ့ပါတယ်။ သေဆုံးသူအရေအတွက်ကို ပြုစုနေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    အဆိုပါ ယာဉ်တန်မှာ မော်တာဗုံးများ၊ အမြောက်များဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ကားအများပြားမှာလည်း မီးလောင်ပျက်စီးခဲ့သည်။

    ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် တိုက်ခိုက်မှုများကြောင့် အိုးအိမ်စွန့်ခွထွက်ပြေးရသူ အရေအတွက်မှာ ၃ သိန်းခွဲနီးပါးရှိလာပြီဟု သောကြာနေ့က ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂ၏ စာရင်းများတွင် ဖော်ပြထားသည်။

    Ref:aljazeera