News @ M-Media

ဒိန်းမတ်တွင် ပထမဆုံး အစ္စလာမ့် ဓမ္မသင်တန်းကျောင်း ဖွင့်လှစ်ခဲ့

သြဂုတ် ၂၆ ၊ ၂၀၁၄
M-Media
Scandinavia-Gets-1st-Islamic-Theology-School
– တူရကီမှ ကျော်ကြားသော အီမာမ် ဟာတစ်ပ်၏ အစ္စလာမ့် ဓမ္မသင်တန်း ကျောင်းခွဲ တစ်ခုကို ဒိန်းမတ်နိုင်ငံတွင် ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ဆလာဂီလ်ဆီမြို့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကျောင်းသို့ ဒိန်းမတ်၊ နော်ဝေနှင့် ဆွီဒင်နိုင်ငံတို့မှ ၁၈ နှစ်ပြည့်ပြီးသည့် မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်သည်။ ထိုကျောင်းမှာ ဒိန်းမတ်နိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သည့် အစ္စလာမ့်ဓမ္မသင်တန်းကျောင်း လည်းဖြစ်သည်။

ထိုကျောင်းတွင် ကုရ်အာန်၊ ဟဒီးစ်နှင့် အစ္စလာ့မ်ကျမ်းဂန်များကို တူရကီရှိ ကျောင်းများတွင် သင်သည့် သင်ရိုးညွှန်းတမ်း အတိုင်း သင်ကြားသွားမည်ဖြစ်သည်။ အီမာမ် ဟာတစ်ပ်၏ အစ္စလာမ့် ဓမ္မသင်တန်းကျောင်းကို ဘယ်လ်ဂျီယံနိုင်ငံတွင်လည်း ဖွင့်လှစ်ထားပြီး ယခုကျောင်းမှာ ဥရောပတွင် ဖွင့်လှစ်သော အီမာမ် ဟာတစ်ပ်၏ ဒုတိယမြောက် ကျောင်းဖြစ်သည်။

တူရကီ၏ ထင်ရှားသော အီမာမ် ဟာတစ်ပ်မှာ ၁၉၂၀ ပြည့်နှစ်များမှစ၍ အစ္စလာမ့်ဓမ္မသင်တန်းကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ပြီး ၎င်း၏ ကျောင်းများတွင် အစ္စလာမ့် ဘာသာကျမ်းဂန်များနှင့် ၀ိဇ္ဇာသိပ္ပံ ဘာသာရပ်များကို ပူးတွဲသင်ကြားသည်။

တူရကီရှိ အီမာမ်ဟာတစ်ပ်၏ကျောင်းများတွင် တက်ရောက်နေသူ ကျောင်းသားဦးရေမှာ ၂ သိန်းခွဲခန့်ရှိနေသည်။

ဒိန်းမတ်နိုင်ငံတွင် အစ္စလာမ်သာသနာမှာ ခရစ်ယာန်ပြီးနောက် ဒုတိယကိုးကွယ်သူ အများဆုံး သာသနာဖြစ်ပြီး နိုင်ငံလူဦးရေ ၅.၆ သန်း၏ ၄.၈ ရာခိုင်နှုန်းမှာ အစ္စလာမ်ကို သက်ဝင်ယုံကြည်ကြသူများဖြစ်သည်။

OnIslam & News Agencies

Comments

Leave a Reply