News @ M-Media

Tag: famous_myanmar_muslim

  • ဆရာစံ၏ ဂဠုန်တပ်သားကြီး ဦးဒူးဒူး

    ဇန်နဝါရီ ၁၂၊ ၂၀၁၄
    တက္ကသိုလ် မြင့်ဝေ

    399062_385867908152427_1479574970_n
    ဓါတ်ပုံအညွှန်း-ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား သူရဲကောင်း တို့၏ ခေါင်းများကို ဖြတ်ကာ ပြည်ဂါတ်ဝင်း အတွင်း အများပြည်သူကို ပြသထားခဲ့ပုံ (ဓါတ်ပုံ Internet)

    ကမ္ဘာ့စီးပွားပျက်ကပ်ကြီးကြောင့် ဆန်စပါးဈေး အဆမတန်ကျခဲ့သည်။ ၁၉၂၉-ခုနှစ် တွင် မီးစရိတ်၊ နေရေးစရိတ် အလွန်ကြီးမြင့် လာသဖြင့် မြန်မာနိုင်ငံ တောင်သူ လယ်သမားများမှာ ဒုက္ခဆင်းရဲ အမျိုးမျိုးနှင့် ကြုံတွေ့ကြရပါသည်။ တောင်သူလယ်သမားများမှာ နွေမိုးမရှောင် ရွံ့နွံထဲတွင် ရုန်းကန်လှုပ်ရှားကြရသော်လည်း စားတော့ တစ်လုပ်တစ်ဆုပ်၊ ငတ်တော့ အစုတ်အနုတ်၊ နေတော့ တဲပုတ်တဲစုတ်ဘ၀တွင်ပင် ရှိနေကြသည်။

    ဗြိတိသျှနယ်ချဲ့အစိုးရသည် တောင်သူလယ်သမားများ ဤမျှ အတိဒုက္ခရောက်နေသည်ကို အားရကျေနပ်ခြင်း မရှိသေးဘဲ ရေနစ်သူကို ၀ါးကူ၍ နှစ်သည့်နှယ် လင်စုံမယားဖက်ကို ငါးကျပ်၊ လူလွတ်ကို နှစ်ကျပ်ခွဲ လူခွန်ကောက်ခံခြင်း၊ သဿမေဓ အခွန်တော်ကောက်ခံခြင်းနှင့် ကြိုးဝိုင်း အပြင်တွင် ခုတ်သည့်ထင်းဝါးကိုပင် လှည်းတစ်စီး နှစ်ကျပ်ခွဲ သစ်တောခွန်ကောက်ခံခြင်းဖြင့် ထပ်မံ၍ နှိပ်စက်လိုက်ကြပြန်သည်။

    ၁၉၃၀-ခုနှစ်၊ ဒီဇင်ဘာလ ၁၉ရက် နေ့တွင် ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီး သာယာဝတီမြို့ ဒါဘာပွဲသို့အလာ၊ တောင်သူလယ်သမားများက ဆိုင်းငံ့နိုင်သည့် အခွန်တော်များကို ဆိုင်းငံ့ပေးရန်၊ လျှော့နိုင်သည့် အခွန်တော်များကို လျှော့ပေးရန် အသနားခံကြသည်။ ဘုရင်ခံက ထိုတောင်းဆိုချက်များကို ချက်ချင်း ပယ်ချလိုက်သည်။

    နယ်ချဲ့လက်ဝေခံတို့၏ အနိုင်ကျင့်မှုကိုလည်း မခံနိုင်သည့် အဆုံးတွင် ဂျီစီဘီအေ အဖွဲ့ချုပ် ခေါင်းဆောင်တစ်ဦိးဖြစ်သူ ဆရာစံသည် သုပဏ္ဏကဂဠုနရာဇာ ဘွဲ့ခံပြီး ၁၉၃၀-ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် နေ့တွင် သာယာဝတီခရိုင် ရေတိုက်ရွာကစပြီး ဗြိတိသျှနယ်ချဲ့အား လက်နက်ကိုင် ပုန်ကန်ခြင်းအားဖြင့် “တောင်သူလယ်သမား အရေးတော်ပုံကြီး” ပေါ်ပေါက်ခဲ့ရလေသည်။

    ၁၉၃၁-ခုနှစ်၊ နိုဝင်ဘာလ ၂၀-ရက် နေ့တွင် ဗြိတိသျှအစိုးရအား လက်နက်စွဲကိုင်၍ တော်လှန်ပုန်ကန်မူဖြင့် ဆရာစံအား ကြိုးပေးလိုက်လေသည်။ အခြား ကြိုးပေးခံရသော၊ တစ်သက်တစ်ကျွန်းဒဏ် ကျခံရသော လယ်သမားခေါင်းဆောင် များလည်း အများအပြားပင်။

    လယ်သမား ဂဠုန်တပ်ဖွဲ့များကို ဖွဲ့စည်းကြရာတွင် ဗိုလ်မှုးဖိုးထင် ဦးစီးသည့် တပ်ခွဲ(၄) တွင် ငဖြူလေးကျေးရွာမှ (က) တပ်သားကြီးများအဖြစ် (၂၅)ဦး ပါဝင်ခဲ့သည့်အထဲတွင် ဦးဒူးဒူးမှာ တိုင်းရင်းသား အစ္စလာမ်သာသနာဝင် တစ်ဦးဖြစ်ပါသည်။

    ဦးဒူးဒူး မြန်မာမွတ်စလင်မ် တစ်ဦးဖြစ်ကြောင်း ဆရာစံ၏ ဂဠုန်တပ်သားကြီး ကြိုးကျကျွန်းဖြင့် ဦးဖိုးဖြူက ၎င်းရေးသားသည့် ” ဗြိတိသျှအစိုးရအား ကျွန်ုပ်တို့တော်လှန်ခဲ့စဉ်က” စာအုပ်တွင် အောက်ပါအတိုင်း ရေးသားထားပါသည်။

    “၁၉၃၀-ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၅-ရက်၊ ၁၂၉၂-ခုနှစ်၊ ပြာသိုလဆန်း ၇-ရက်၊ နံနက် (၆) နာရီအချိန်တွင် စပါးကြီး အိုင်ရွာတပ်စခန်း ဘုန်းကြီး ဦးသူရိယကျောင်းမှ မြောက်စူးစူရှိ ဗဟိုတပ်မကြီး တည်ရာ အလံတောင်ရွာသို့ ဗိုလ်မှုး ဖိုးထင်၊ ဗိုလ်မှုး ဖိုးစံ တို့ နှစ်ဦး ခေါင်းဆောင်သော တပ်ခွဲ (၄) သည် တပ်စခန်းမှ ထွက်ချီကြလျက် သင်းအစ်ရွာသို့ ရောက်သောအခါ ၎င်းရွာတွင် အင်္ဂလိပ်အစိုးရက ဖွဲ့စည်းပေးထားသော ဘော်လံတီယာတို့က ဆီးကြိုတိုက်ခိုက်သဖြင့် မိနစ်(၂၀)ကြာခန့် တိုက်ပွဲဖြစ်၏။ ထိုတိုက်ပွဲတွင် ဘော်လံတီယာ တပ်သား ဖိုးဘုဆိုသူတစ်ယောက်မှာ ဗိုလ်စိန်ခိုနှင့် ဗိုလ်သြတို့၏ လက်ချက်ဖြင် ကျဆုံးပြီး တပ်ပျက်ထွက်ပြေးသွားကြသည်။ ၎င်းနောက် ရွာအခြေအနေကို ၀ိုင်းဝန်းစစ်ဆေးပြီး ထူးခြားမှု မတွေ့ကြရ၍ ၎င်းရွာရှိ တရုတ်ကုန်စုံဆိုင်သို့ဝင်ပြီး တပ်တွင် ပါရှိသော မွတ်စလင်မ် တပ်သား ဒူးဒူးဆိုသူ စားသုံးရန် ဘီစကွတ်မုန့်သေတ္တာဝယ်ရန် ၀င်ကြရာ ဆိုင်ရှင် တရုတ်ကို မတွေ့ကြ၍ ထိုဆိုင်မှ မုန့်သေတ္တာနှစ်ဘူးနှင့် ငါးသေတ္တာ တစ်ဘူးယူ၍ထွက်ခဲ့ကြသည်” ဟု ရေးသားထားပါသည်။

    အထက်ပါ စာအုပ်ကို ရေးသားခဲ့သည့် ကြိုးကျကျွန်းပြန် ဦးဖိုးဖြူမှာ လူချစ်လူခင်ပေါများသူ ဖြစ်ပါသည်။ လူတိုင်းက အမည်အရင်း မခေါ်ဘဲ ” အဘဖြူ” ဟုသာ ခေါ်ကြပါသည်။ အဘဖြူသည် သာကေတတွင် နေထိုင်ရင်း ကွယ်လွန်ခဲ့ပါသည်။

    ဆရာစံ၊ အဘဖြူ၊ ဦးဒူးဒူး အစရှိသော ဂဠုန်တပ်သားကြီးများသည် အမိမြန်မာနိုင်ငံကို သိမ်းပိုက်ပြီး တောင်သူလယ်သမားကြီးများအား ဖိနှိပ်ချုပ်ခြယ်ခဲ့သည့် နယ်ချဲ့ဗြိတိသျှ အစိုးရအား ဒူးထောက် အရှုံးမပေးဘဲ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့ကြသည်မှာ သမိုင်းမှတ်တမ်းများအရ ထင်ရှားပြီး ဖြစ်ပါသည်။

    နယ်ချဲ့ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်မြောက်ရေးကို ဆောင်ရွက်ရင်း တိုင်းပြည်နှင့်  လူမျိုးအတွက် အသက်ကိုပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့သည့် ဆရာစံ၏ဂဠုန်တပ်သားကြီး ဦးဒူးဒူးအား ဂုဏ်ပြုသောအားဖြင့် ရေးသားဖော်ပြလိုက်ရပေသည်။

    *  လပြည့်ဝန်းမဂ္ဂဇင်းတွင် ပါရှိသော ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။

  • ပဒုံမင်းသို့ သံတော်ဦးတင်ခြင်း

    ဇန်နဝါရိ ၇၊ ၂၀၁၄
    M-Media
    ရေးသူ- မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်)

    သက္ကရာဇ် ၁၁၇၈ (အေဒီ ၁၈၆၀)ခုနှစ်က ဖြစ်သည်။ မင်းကွန်းကြက်ထောင့်တွင် ယာယီနန်းစံလျက်ရှိသော ဘုရင်တစ်ပါးက ဘာသာသာသနာ အသီးသီးနှင့် စပ်လျဉ်း၍ တရားစကား တစ်ရပ်ကို မူတည်ကာ စူးစမ်းလေ့လာမေးမြန်းပါသည်။ ထိုအခါ ပညာရှိတစ်ဦးက အစ္စလာမ်သာသနာတော်ကို ကိုယ်စားပြု၍ သံတော်ဦးတင်ကာ ဖြေကြားလျှောက်ထားပါသည်။

    မေးမြန်းသူဘုရင်မှာ ကုန်းဘောင်ခေတ် အမရပူရမြို့တည်နန်းတည် ဘိုးတော်ဘုရား ပဒုံမင်း (အေဒီ ၁၇၈၂-၁၈၁၉) ဖြစ်သည်။ မေးမြန်းသည့် တရားစကားမှာ အစရှိလျှင် အဆုံးရှိရမည့် တရားစကားကို မူတည်၍ မေးမြန်းခြင်းဖြစ်သည်။ အစ္စလာမ်သာသနာတော်ကို ကိုယ်စားပြုဖြေကြားခဲ့သူမှာ ရွှေတောင်သာဂသူ သခင်ကြီးဦးနု (၁၇၆၂-၁၈၂၂) ဖြစ်သည်။

    ဆရာကြီးဦးနု၏ အဆက်အနွယ်များ

    ထိုဖြေကြားချက် လက်ရေးမူကို ပုံနှိပ်အဖြစ် ၁၉၃၁-ခုနှစ်တွင် ရန်ကုန်မြို့၊စစ်ကဲမောင်ထော်လေးလမ်း၊ အမှတ် ၂၆၁ ရှိ လောကပါလပိဋကတ်ပုံနှိပ်တိုက်မှ ထုတ်ဝေသည့်မြန်မာမွတ်စလင်မ် မျိုးစောင့်ဥပနိသျှကျမ်းပာု အမည်ပေးထားသော ၃၅-ဓနိကျမ်း ၊ပညတ်နွံတမ်း- ၁၆ပိုဒ်ကျမ်း၊ သံတော်ဦး တင်လွှာကျမ်း၊ ခြောက်ခန်းကျမ်း၊ သုံးခန်းကျမ်း၊ တရားရတနာ ငါးစောင်တွဲတွင် တွေ့ရသည်။ ထို့အပြင် ရန်ကုန်မြို့ မောင်ထော်လေးလမ်း (ယခုဗိုလ်ဆွန်ပတ်လမ်း) အမှတ်-၁၈၃ ရှိ အစ္စလာမ်သာသနာ့ရေးရာ ကောင်စီဌာနချုပ်ကလည်း အစ္စလာမ်၏ ရှေးပောာင်းမြန်မာ စာပေများကို ဖော်ထုတ်ရေး စီမံချက်စာစဉ်အမှတ်(က) ပုံနှိပ်စာစဉ် အမှတ်-၁၃ အဖြစ် ၁၉၆၀-ပြည့် မတ်လတွင် ပထမအကြိမ် ထုတ်ဝေသည်။ ဌာနချုပ်တည်ရာနေရာရှိ အစ္စလာမ် ပုံနှိပ်တိုက်တွင် ရိုက်နှိပ်ခဲ့ပြီး အုပ်ရေ-၃၀၀၀ ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံ အစ္စလာမ်စာပေလောကတွင် ‘ သံတော်ဦးတင်လွှာကျမ်း’ ပာု အမည်တွင် ထင်ရှားသည်။

    အစ္စလာမ်ကောင်စီထုတ် သံတော်ဦးတင်လွှာကျမ်းတွင် အစ္စလာမ်သာသနာ့ရေးရာကောင်စီဌာနချုပ် ၏ အတွင်းရေးမှူးချုပ် ဇေယျာကျော်ထင် ဗိုလ်မှူးဘရှင်က ကျမ်းဦးစကားရေးသားခဲ့သည်။ ကျမ်းဦစကားထဲက မှတ်သားဖွယ် အချက်အချို့ကို ဖော်ပြရဦးမည်။ ဗိုလ်မှူးဘရှင်က အစ္စလာမ်ဘာသာဝင် မြန်မာစာပေ သမိုင်းပာုခေါင်းစဉ်ငယ်တပ်ကာ ဤသို့အစချီထားပါသည်။

    “မြန်မာစာပေသမိုင်းတွင် အစ္စလာမ်သာသနာကို အခြေပြုသည့် စာကောင်းပေကောင်းများ ပေါ်ပေါက်ခဲ့သည့် ခေတ်ရှိခဲ့သည်ပာုဆိုလျှင် သာမန်အားဖြင့် သံသယဖြစ်ကြပေလိမ့်မည်။ စကားပြေသာမက ပျို့၊ ကဗျာ၊ လင်္ကာများပင် ထွန်းကားခဲ့သည် မှန်သော်လည်း ထိုစာပေတို့မှာ မွတ်စလင်မ် မပာုတ်သော် စာဖတ်ပရိသတ်၏ လောကကို ထားဘိဦး မွတ်စလင်မ် စာဖတ်ပရိသတ် လောက၌ပင် ကျယ်ပြန့်စွာထင်ပေါ်သင့်သလောက် ထင်ပေါ်ခြင်းမရှိခဲ့ပေ။”ပာု သူ၏အမြင်ကိုဆိုထားပါသည်။ အလွန်မှန်ပါသည်။ ယနေ့တိုင် ထိုစာပေတို့ကို အများမွတ်စလင်မ်တို့ မသိသည်က များပါသည်။ ရှေးစာပေကျမ်းများမှာ ပုံနှိပ်ရှားပါးခြင်း၊ စာပေအ၀န်းအ၀ိုင်းတွင် လက်လှမ်းမမိခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။

    သံတော်ဦးတင်လွှာကျမ်းနှင့် စပ်လျဉ်းသည့်အချက်တစ်ချက်ကို မှတ်သားရသည်။ ခလီဖွာဦးမြင့် စီစဉ်ရေးသားသော ‘ ဂရာနာလက်စွဲ ငါးခန်းကျမ်းနှင့် နောက်ဆက်တွဲ’ တွင် ဖြစ်သည်။ အာဗစ်ဒ်ရှားဟိုစိုင်နီ သခင်ကြီးအကြောင်းတွင် ဖော်ပြထားသော အချက်ဖြစ်သည်။
    “တစ်နေ့သ၌ ဘုရင်မင်းက (အစ္စလာမ်) ၏အယူဝါဒတရား၊ ၎င်းလောက အစဖြစ်လာပုံများကို သိလိုပါသည်ဟု လျှောက်ထားသဖြင့် သခင်က မြန်မာလို စာစီကုံးတက်သူကိုရေးသားစေ၍ (သံတော်ဦးတင်လွှာ)ဟု ဆက်သွင်းလေ၏ ” ဟူ၍ဖြစ်သည်။ ထိုအထောက်အထားအရ ဘုရင်မင်းဆိုသည်မှာ ဘိုးတော်ဘုရား၊ သခင်ဆိုသည်မှာ အာဗစ်ဒ်ရှားဟိုစိုင်နီ၊ မြန်မာလို စာစီကုံးတက်သူဆိုသည်မှာ သခင်ကြီးဦးနုဟု ဆက်စပ်ကြည့်နိုင်ပါသည်။

    သံတော်ဦးတင်လွှာတွင် အပိုဒ်၎ပိုဒ် ပါဝင်သည်။ သခင်ကြီးဦးနု၏ စာများကို ရေးကူးခဲ့သောခေါင်မင်း (ခုံမင်း) သဒ္ဓိနရာ ဆရာဦးရစ်ကြီး၏လက်ရေးမူအရ သံတော်ဦးတင်သည့် စာတွင် ပထမဆုံးအပိုဒ်မှာ နောင်မေးတော်မူလျှင် တင်ရန်ရေးသားခြင်းဖြစ်ကြောင်းသိရသည်။ သံတော်ဦး တင်လွှာကျမ်းမှ မြန်မာစာ အရေးအသားနှင့် ထူးခြားချက်များကို ထုတ်နုတ်ပြပါမည်။

    သခင်ကြီးဦးနု၏ ဘာသာစကားကျွမ်းကျင်နှံစပ်ပုံကို လည်း သူ့စာထဲတွင်တွေ့ရသည်။ သာဓကအားဖြင့်

    ‘သတ္တ၀ါဖြစ်သော် လူတို့အရွယ်ရောက်လျှင် ရှေးဦးစွာသိအပ်သည်ကား ဖန်ဆင်းသောအရှင် ကို သိအပ်ပါသည်။ ဖန်ဆင်းသောအရှင်ဟူသည်ကား (အရ်ဗီ)ဘာသာမှာ (အလ္လာဟ်)မည်ပါသည်’ ဟူ၍လည်းကောင်း ၊ ‘(ဖွာရစီ)ဘာသာမှာ (ခိုဒါ) ခေါ်ဝေါ်ပါသည်။ အဓိပ္ပာယ်ကား အရှင်ဟူ၍ ရပါသည်။ (ဟင်ဒွတ်စတာနီ) ဘာသာမှာ (ကျစ်ရတာ) ခေါ်ပါသည်။ အဓိပ္ပာယ်ကား ခပ်သိမ်းတော်အမူကို ပြုပြင်သူ ‘

    ဟူ၍ လည်းကောင်းဖော်ပြပုံဖြစ်သည်။ သခင်ကြီးဦးနုသည် အရဗီ၊ ဖာရစီ၊ ဟင်ဒွတ်စတာနီ၊ ပါဠိ၊ မြန်မာ ဘာသာစကားတို့ကို ကျွမ်းကျင်နှံ့စပ် သူဖြစ်ကြောင်း သိရပါသည်။

    တရားကို ပုံဥပမာဆောင်၍ ရှင်းပြပုံမှာ မှတ်သားဖွယ်ဖြစ်သည်။ ‘ သတ္တ၀ါတို့ ကျင့်အပ်သော တရားမှာ ရှရီအတ်၊ တွရီကတ်၊ ဟကီကတ်၊ မအ်ရေဖသ်လေးပါးရှိပါသည်’ ဟု အစချီင်္ပြီးနောက်

    “ရှရီအတ် နို့နှင့်တူ၍ တွရီကတ် ဒိန်နှင့်တူ၏ ၊ ဟကီကတ် မစကာနှင့်တူ၍ မအ်ရေဖသ် ထောပတ်နှင့်တူ၏။ နို့ကိုချက်၍ ဒိန်တက်ရမည်၊ ထိုဒိန်ကို ဒလက်နှင့် မွှေ၍ မစကာမြှပ်ကို ထုတ်ယူရမည်။ ထိုမစကာကိုမီးမှာ တစ်ဖန်ပြန်၍ ချက်ရမည်၊ ဤသည်လျှင် ထောပတ်ဖြစ်၏ ။ ထို့တူလည်းကောင်း ခြိုးခြံရာ၏ “

    ဟုဆိုပါသည်။ ထို့အပြင် ထပ်မံ၍ပုံဆောင်ပြပါသေးသည်။

    ” တစ်ကြောင်းလည်း ရှရီအတ် ပင်လယ်နှင့်တူ၏၊ တွရီကတ် သင်္ဘောနှင့်တူ၏ ဟကီကတ် ယောက်သွားနှင့်တူ၏ ။ မအ်ရေဖသ် ပုလဲနှင့်တူ၏ လှေသင်္ဘောစီး၍ ပင်လယ်ကိုသွားပြီးလျှင် ပုလဲဖြစ်ရာအရပ်၌ ယောက်သွားကိုငုပ်ယူ၍ ပုလဲကိုထုတ်ယူရမည်။ ထိုမှလည်းကောင်း ကျင့်ရပါသည်။ “

    ဟူ၍ ပုံဆောင်ပုံမျိုးဖြစ်ပါသည်။ ၀ါကျတိုကလေးများနှင့် ဆက်ကာဆက်ကာ ရေးသားပုံမှာထူးခြားပါသည်။ အစ္စလာမ်ရှိကျင့်အပ်သော တရားလေးပါး၏ အပေါင်းအစုအဆက်အစပ် သဘောကို ထောပတ်ပြုခြင်း၊ ပုလဲရှာခြင်းသဘောတို့ဖြင့် ရှင်းလင်းတင်ပြပါသည်။ သိမ်မွေ့နက်နဲသော တရားသဘောကို ထင်သာမြင်သာ နားလည်လာအောင် အကောင်အထည်သဘောနှင့် ခိုင်းနှိုင်းကာ ရှင်းပြခြင်းဖြစ်ပါသည်။

    UNUKABR3

    ဘာသာရေးဆိုင်ရာ အသုံးအနှုန်းဖြစ်သည့် အရဗီဝေါဟာရများ၏ ဆိုလိုရင်းနှင့် အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုရှင်းလင်းကာ လွယ်တကူ နားလည်အောင် တင်ပြနိုင်စွမ်းရှိပါသည်။

    “နဗီအဓိပ္ပာယ်ကား တရားကို သတ္တ၀ါ တို့အား အကြောင်းကြားလာသူ သဗ္ဗညုတဥာဏ်ဝင်စားသူတို့ကို နဗီ သမုတ်ပါသည်။”

    “မာလာယစ် ဟူသည်မှာ တဏှာရာဂမရှိ၊ ယောက်ျားလည်းမဟုတ် မိန်းမလည်းမဟုတ်၊ ယိုမာလာယစ်တို့ကား အနန္တအရေအတွက်မရှိ။”     “ရှရီအတ်တရားတော်မှာ ဇွာဟေ့ရီ အဓိပ္ပာယ်ကား ထင်ရှားခြင်းကို ဆိုလိုပါသည်။ တွရီကတ်၊ ဟကီကတ်၊ မအ်ရေဖသ်မှာ အဓိပ္ပာယ်ကား မထင်မရှားအတွင်း၌တည်၏  ဆိုပါသည်၊ ၀ါဒစွလ် အဓိပ္ပာယ်ကား အတွေ့အမြင် ပာာစ္စေလ် အဓိပ္ပာယ်ကား စိတ်လိုသည့်အတိုင်း ပြည်စုံသည်ကို ဆိုပါသည်။ အမ္မရာ မည်သည်ကား လောဘ၊ ဒေါသ၊ မောပာ၊ တဏှာ၊၀န်တိုမိစ္ဆာ က—ဿာ အပေါင်းတို့ကိုဆိုလိုပါသည်။ ဆင်းရဲအပေါင်းကင်းငြိမ်းရာ အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းသော ဂျန္နသ်နေရာမြတ်၊ ပာလာလ်သမုတ်တော်မူသော တရားနှင့်လျော်ညီသော ပာရာမ်သမုတ်တော်မူသော တရားနှင့်မလျော်ညီ” ပာူ၍ ဖွင့်ဆိုခဲ့မျိုးဖြစ်သည်။ စူရာပ်ာပေါင်း (၁၁၄) ကို ‘အပိုဒ်ပေါင်း တစ်ရာ့လေးဆယ်’ “အာယသ်ပေါင်း (၆၆၆၆) ကို” ပုဒ်ပေါင်း ခြေက်ထောင့် ခြောက်ရာ ခြောက်ဆယ့်ခြောက်” ဆွပာာဗာ ကို ‘တပည့်ကြီး’ ကအ်ဗာကျောင်းတော်ကို ‘ မက္ကာပ်ာကျောင်းတော်’ ‘အခွင့်ပြုသောပာလာလ်’ ‘မြစ်တားထားသော ပာရာမ်’ ပာူ၍ ရှင်းလင်းတင်ပြပါသည်။ ‘ ပါဠိကုရ်အာန်တရားတော် ၀ဖာသ်ဖြစ်သည်ကို ‘စုတေ’ ၊ ‘သောကြာနေ့သိမ်ဗလီသို့ဝင်၍ တရားတော်ကိုနာခြင်း’ ‘အသက်တော်လေးဆယ်တွင်ဖွင့်၍ ၀ါတော်နှစ်ဆယ့်သုံးနှစ်၊ ပေါင်းခြောက်ဆယ့်သုံးနှစ်တွင် အမြဲရှိသောနေရာသို့ ပြောင်းကြွပါသည် ‘ ပာူသော အသုံးတို့တွင် အဓိပာယ်တစ်ထပ်တည်းမကျသည့်တိုင် အစ္စလာမ်ဘာသာဝင်မပာုတ်သူ နားလည်နိုင်ရန် ပါဠိစကားမြန်မာစကားတို့ဖြင့် သဘောဆင်ဆင်တူရာတူရာယူ၍ ဆီလျော်အောင်သုံးထားခြင်းဖြစ်သည်။

    အလ္လာပ်ာအရှင်မြတ်၏ ဂုဏ်တော် ဆွီဖသ်တော်ကို ထိထိမိမိရှင်းရှင်းလင်းလင်း ဖော်ပြရဦးမည်။

    ‘ထိုဖန်ဆင်းသောအရှင်သည် အစမရှိသော၊အဆုံးမရှိ၊ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ဖောက်ပြန်ပြောင်းလဲခြင်းမရှိ၊ အရုပ်သန္တာန်မရှိ၊ အတုဖက်မရှိ၊ အမေ့အမှားအစားအအိပ်မရှိ၊ အရောင်အရသာအနံ့မရှိ၊ မတက်နိုင်စွမ်းသည်ပာူ၍ မရှိ၊ ပျင်းရိပင်ပန်းခြင်းလည်းမရှိ၊ အချိန်ကာလတိုင်း အရပ်ဒေသတိုင်းရှိနေတော်မူ၏၊ အမြဲအစဉ် တည်တော်မူ၏၊ မည်သူကိုမျှလည်းတကဲမပြု၊ တိုင်ပင်ဖက်လည်းမရှိ၊ ကုသိုလ်တ ရားကို ပောာတော်မူ၏၊ ကုသိုလ်ကို ပြုတော်မမူ၊ အကုသိုလ်ကို မပြုနှင့်ပာုမြစ်တားတော်မူ၏၊ အကုသိုလ်ကို ပြုတော်မမူ သားမယား အစရှိသော စည်းစိမ်ကိုလည်း တောင့်တတော်မမူ၊ တောင့်တခြင်းကင်း၏ ‘ ဟု လျှောက်ထားပါသည် —–အသုံးများကိုတွေ့ရသည်။ ”၏ ‘

    ‘ဟုသောဝါကျအဆုံးသတ်ပစ္စည်းစကားကိုသုံးကာ အကြောင်းအရာ၏ တိကျခိုင်မာသောသဘောကို ပေါ်လွင်စေသည်။ ထို့အပြင် “မရှိ မပြု မမူ” ဟူသော မဟုတ်ကြိယာနှင့်ဆုံးသော ၀ါကျများကို အများဆုံးအသုံးပြုထားသည်။ ဖော်ပြသော အကြောင်းအရာကို စိတ်ဝင်စားဖွယ် အာရုံပြုမိလာအောင် ၀ါကျအသွင်ဖွဲ့ကာဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

    သခင်ကြီးဦးနု၏  မြန်မာစကားပြေအရေးအသားကောင်းပုံကိုထပ်၍ဖော်ပြပါဦးမည်။ သခင်ကြီးဦးနု၏ စကားပြေအရေးအသားသည် ရှင်းလင်းသည်။ ပြေပြစ်သည်။ ကျစ်လျစ်သည်၊ သိလွယ်မြင်လွယ်ဖြစ်သည်။ ပုံစံတူစကားစုများဖြင့် ဟန်ချက်ညီဝါကျဖန်တီးကာ စာဝင်ပြေပြစ်အောင် ရေးသားသည်။ အောက်တွင်ရှု့ကြည့်ပါလေ။

    ” သတ္တ၀ါ အပေါင်းတို့ ကုသိုလ်တရား အကုသိုလ်တရားကို စိတ်ထဲ၌ကြံသမျှကို အကြွင်းမရှိသိပါသည်။ သတ္တ၀ါတို့ ကုသိုလ်တရား၊ အကုသိုလ်တရားတို့ကိုနှုတ်၌ဆိုသမျှကို အကြွင်းမရှိကြားပါသည်။ သတ္တ၀ါတို့ကုသိုလ်တရား ၊အကုသိုလ်တရားတို့ကို ကိုယ်၌ကျင့်သမျှကိုလည်း အကြွင်းမရှိမြင်ပါသည်။ သတ္တ၀ါတို့ကုသိုလ်တရားကို ကိုယ်နှုတ်နှလုံးဖြင့်ကျင့်သော သူတို့အား ကုသိုလ်အလျောက် စီရင်၍ ကောင်းကျိုးပေး ပါသည်။ အကုသိုလ် တရားကို ကိုယ်နှုတ်နှလုံးဖြင့် ကျင့်သောသတ္တ၀ါတို့အား အကုသိုလ်အလျောက် စီရင်တော်မူ၍ မကောင်းကျိုးကိုပေးပါသည်။”

    ဟူသောအဖွဲ့တွင် ကြည့်နိုင်ပါသည်။

    “ဖန်ဆင်းတော်မူသော အရှင်ထံတော်သို့ ရောက်အောင် ကျင့်ဆောင်ရာသည်မှာ အမ္မရာမည်သော နှောင်အိမ်ကို ချိုးဖဲ့ဖျက်ဆီး၍ အမ္မရာမည်သော ရန်သူကိုစစ်ထိုးရမည်” ဟူသော အဖွဲ့တွင်  ‘အမ္မရာမည်သော နှောင်အိမ် ‘ ‘အမ္မရာမည်သော ရန်သူ’ဟု တင်စားသုံးထားပုံမှာ ထိမိလှပါသည်။

    သံတော်ဦးတင်လွှာကျမ်းမှ လျှောက်တင်ချက်နှစ်ရပ်ကို သတိပြုမိပါသည်။ တစ်ချက်မှာ အစ္စလာမ်နှင့် စပ်လျဉ်း၍ ခေတ်အဆက်ဆက် အထင်အမြင် နားလည်မူ လွှဲမှားခြင်း ခံရသော ကုရ်ဗာနီ၏သဘောကို ရှင်းလင်းသိသာစေရန် တိရစ္ဆာန်တို့အပေါ် သဘောထားကို လျှောက်တင်ချက်ဖြစ်သည်။ ဘိုးတော်ဘုရားထံ ဤသို့လျှောက်ထားခဲ့ပါသည်။

    ”ကျွဲ၊ နွား၊ အစရှိသော အဟိတ်တိရစ္ဆာန်အပေါင်းတို့မှာ လူတို့အစေအပါး အသုံးအဆောင်အလို့ငှာ ဖန်ဆင်းထားကြောင်းနှင့် ကျမ်းဂန်တွင် ရှိပါသည်။ အကျူးအလွန်မပြုသင့်။ သနားခြင်းမကင်းသင့်ဟူ၍လည်း ကုရ်အာန်ကျမ်းတော်မှာ ထွက်ပါသည်။ ထိုတိရစ္ဆာန်တို့ကို အစာ၊ မြက်ရေ ၀အောင် မကျွေး၊ မမွေးဘဲ အချိန်အခါကျူးလွန်၍ မစေခိုင်းသင့်။ အတန်အရာစေသုံး စားသောက်သည်မှာ အပြစ်မရှိ။ ကျမ်း၌ထွက်ပါသည်။”

    ဟူ၍ဖြစ်ပါသည်။နောက်တစ်ချက်မှာ တမန်တော်မြတ်၏ မုအ်ဂျီဇာနှင့် စပ်လျဉ်း၍ ဤသို့လျှောက်လွှာတင်ရန် ရေးသားချက်ဖြစ်ပါသည်။

    ” ဗိုင်တွလ်မုက္ကဒတ်မြို့၊ အပ်ကစွာကျောင်းတော်ရှေ့ခင်းထားသော အလျားခုနစ်တောင်၊ အနံလေးတောင်ခန့် ထုတစ်ထောင်ခန့်ရှိသောကျောက်ဖျာ ထက်ခြေတော်ချ၍ ခြေတော်ရာနှင့်တကွ အထက်သို့မြင့်ပြီးလျှင် ပန်းဆိုင်းဆွဲသကဲ့သို့လူတို့ လက်ခုပ်တစ်ဖောင်ကျော်၌ ယခုတိုင် အမြဲတည်နေကြောင်း နှင့် ကျမ်းဂန်မှာထွက်ရှိပါသည်။”

    ဟူ၍ အစ္စလာမ်ဘာသာရှိ အံ့ဖွယ်များသည် ပုံပြင်ဒဏ္ဍာရီများမဟုတ်။ တကယ့်ဖြစ်ရပ်များသာဖြစ်သည်။ သမိုင်းကြောင်းအရ၊ ပထ၀ီဝင်အရ လက်တွေ့ပြသနိုင်သည်ဟူသော သဘောကိုအထောက်အထားခိုင်ခိုင်မာမာဖြင့် လိမ္မာပါးနပ်စွာ တိတိပပတင်ပြခြင်းဖြစ်ပါသည်။

    နိဂုံးချုပ်ပါတော့မည်။ ဘိုးတော်ဘုရား ဗဒုံမင်းက ဘာသာသာသနာအသီးသီးကို စူးစမ်းလိုသောကြောင့် မေးမြန်းသည်။ သခင်ကြီးဦးနုက အစ္စလာမ် သာသနာတော်ကို ကိုယ်စားပြုကာ မိမိတရား၏ အရှိတရားကို သံတော်ဦးတင်ကာလျှောက်ထားသည်။ခေတ်ကာလအခေါ်စကားဖြင့်ဆိုရပါမူ Inter-faith dialogue ဘာသာပေါင်းစုံ ဆွေးနွေးပွဲသဘင် တွင် ပါဝင်လျှောက်ထားခြင်းဖြစ်ပါသည်။ ဘုရင် ဧကရာဇ်ပင်ဖြစ်စေကာမူ မိမိသက်ဝင် ယုံကြည်သော သာသနာနှင့် စပ်လျဉ်း၍တရားအတိုင်း ၀ံ့ဝံ့စားစားတင်လျှောက်ထားပုံမှာ ချီးကျူးဂုဏ်ယူထိုက်ပါသည်။

    အစ္စလာမ် အပေါ်အထင်အမြင်လွဲမှားခြင်း အခံရဆုံးအချက်ဖြစ်သော ကုရ်ဗာနီနှင့် စပ်လျဉ်း၍ တိရစ္ဆာန်တို့အပေါ် သဘောထားကိုဖော်ပြခြင်းအားဖြင့် ပိုင်ပိုင်နိုင်နိုင်တင်ပြထားပါသည်။ ရစူလ် ကိုယ်တော်မြတ်၏ မုအ်ဂျီဇာကို တင်ပြရာတွင်လည်း အပ်ကစွာ ကျောင်းတော်မှ အံ့ဖွယ်ကျောက်ဖျာကို ရွေးကောက်၍ သက်သေပြပုံမှာ ထိမိပြောက်မြောက်လှပါသည်။ လက်ခံဖွယ်ဖြစ်အောင် စိတ်ဝင်စားဖွယ်ဖြစ်အောင် အကြောင်း အရာရွေးချယ် တင်ပြတတ်ပုံကို တွေ့ရပါသည်။ ဤသို့ဖြင့်သံတော်ဦးတင်လွှာကျမ်းတွင် ဒီးန်သာသနာတော်နှင့်စပ်လျဉ်း၍ မြန်မာစာ မြန်မာစကားကို အသုံးပြုကာ အယူခြားသူအား ထင်သာမြင်သာနားလည်လာအောင် ရွေးချယ်ရေးသားတင်ပြထားပုံမှာ ဒအ်ဝသေသဗ်လိဂ် အစ္စလာမ်ကို ဖိတ်ခေါ်ဖြန့်ချိလိုသူတို့ အဖို့ လေ့လာနည်းယူစရာဖြစ်ပါသည်။

    မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်)

    ရည်ညွှန်း-
    နု၊ ဦး၊ ဆရာကြီး ၁၉၃၁-ခုနှစ်။ မြန်မာမွတ်စလင်မ်မျိုးစောင့်ဥပနိသျှကျမ်း၊ ရန်ကုန်၊ လောကပါပိဋကတ်ပုံနှိပ်တိုက်။
    နု၊ ဦး ၊ ဆရာကြီး၊ ၁၉၆၀-ခုနှစ်။ သံတော်ဦးတင်လွှာကျမ်း။ ရန်ကုန် ၊ အစ္စလာမ်စာပုံနှိပ်တိုက်။
    မြစ်၊ ဦး၊ ခလီဖွာ ၁၉၅၂-ခုနှစ် ။ ဂရာနလက်စွဲ ငါးခန်းကျမ်းနှင့် နောက်ဆက်တွဲ။ မန္တလေး၊ ချွေတာရေးပုံနှိပ်တိုက်။

    DSC_0163

  • ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင် ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်၏ (၉၉)နှစ်မြောက် မွေးနေ့ အခမ်းအနား

    ကမ္ဘာသိ မြန်မာ့သမိုင်းပညာရှင် ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်၏ (၉၉)နှစ်မြောက် မွေးနေ့ အခမ်းအနား

    ဇန်နဝါရီ ၆၊ ၂၀၁၄
    M-Media
    A.N.Lay

    untitled(6)

    ရန်ကုန်   ။          ။       ကမ္ဘာသိမြန်မာ့သမိုင်းပညာရှင် ဇေယျကျော်ထင် ဗိုလ်မှူးဘရှင်၏ (၉၉) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝန်နှင်းဆီခန်းမ၌ ဇန်န၀ါရီလ ၄-ရက်နေ့ နေ့လည် ၃-နာရီ အချိန်တွင် ပြုလုပ်ခဲ့သည်။

    ဗိုလ်မှူးဘရှင်၏အကြောင်းကို NLD ၏ နာယက ဦးတင်ဦးကမှ ပြောရာတွင် “ကျွန်တော်တို့ဆရာကြီး ဦးဘရှင် စာပေတွေဟောပြောတဲ့နေရာမှာလည်း အတုယူစရာတွေ အများကြီးလည်း ရအောင် နားလည်လွယ်အောင် ရယ်စရာတွေနဲ့ပြောလေ့ရှိပါတယ်။ ဗုဒ္ဓဘာသာ အကြောင်းကိုလည်း တော်တော်သိ တော်တော်တက်သည့်အတွက် ကျွန်တော့်စိတ်ထဲမှာတောင် သူ့ကို အစ္စလာမ်ဘာသာဝင်လို့တောင် မထင်မိဘဲ ဗုဒ္ဓဘာသာဝင် တစ်ဦးလို့တောင် ထင်မိပါတယ်။ နောက်အစ္စလာမ်ဘာသာ မေတ္တာကို အဓိကထားတာပါ။ ကျွန်တော်တို့ အတူတကွ နေထိုင်လာတဲ့ တပ်ထဲမှာလည်း အစ္စလာမ်ဘာသာဝင်တွေအများကြီးရှိသလို လွတ်လပ်ရေးဖခင် တစ်ဦးဖြစ်သည့် ဗိုလ်ချူပ် အောင်ဆန်းတို့ကို တရားစီရင်သည့် ဦးစည်သူဟာလည်း အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါသည်။

    “ဆရာကြီး ဗိုလ်မှူးဘရှင် အကြာင်းကိုပြောမယ်ဆိုရင် သူရဲ့စေတနာတွေကို ပြန်ပြီးအမှတ်ရမိပါတယ်။ ဆရာဟာ ပါဋိလိုတွေလည်းရတော့ ကျွန်တော်တို့ တော်တော့်ကိုအံသြမိပါတယ်။ ရေးသည့်အခါမှာလည်း ဆရာကြီးဟာ စနစ်တကျရေးလေ့ရှိပါတယ်။ ဒါကြောင့် ပညာရှင်ဟာ ကိုယ့်တက်ရုံနဲ့မပြီးဘူး။ ပညာတွေကိုဖြန့်ဝေပေးရတယ်။ ဖြန့်ဝေတဲ့နေရာမှာလည်း ဒီအတိုင်းဖြန့်ဝေလို့မရဘူး။ စေတနာပါ ပါဝင်အောင် ဖြန့်ဝေပေးမှရတယ်လို့ ဆရာကြီးက ကျွန်တော်တို့ကို အမြဲပြောပြီးဆုံးမလေ့ ရှိပါတယ်။ နှမြောစရာက ဆရာကြီးက ငယ်ငယ်ရွယ်ရွယ် နဲ့ဆုံးသွားတာပါပဲ။ ဆရာကြီးသာ နောက်ထပ်နှစ်အနည်းငယ်လောက် အသက်ရှင်နေအုံးမယ်ဆိုရင် ကျွန်တော်တို့ သမိုင်းပညာရှင်တွေ အတွက် စာပေသမားတွေအတွက် ဧကန်မလွဲ အများကြီး အကျိုးဖြစ်ထွန်းစေမှာပါ။ ဆရာကြီး အရမ်းတော်သည့် လူတစ်ယောက်ပါဟု” သမိုင်းပညာရှင် ဒေါက်တာ တိုးလှမှ ပြောကြားခဲ့ပါသည်။

    အဆိုပါ အခမ်းအနားတွင် ဦးတင်ဦးလေး မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် ကြွရောက်လာသည့် ဧည့်သည်တော်များကို မုန့်များဖြင့် တည်ခင်း ကျွေးမွေးခဲ့ပြီး အခမ်းအနားကို ညနေ ၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့သည်။

    ဗိုလ်မှူးဘရှင်သည် အစ္စလာမ်သာသနာရေးရာကောင်စီတွင် အာန်ဆွာရီ သင်တန်းများကို တိုင်းချစ်ပြည်ချစ်စိတ် ရှိအောင် သာသနာ ဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင်တိုင်းကျိုးပြည်ကျိုးသာသနာ အကျိုးကျေပွန်စွာ ထမ်းဆောင်နိုင်စေအောင် အစ္စလာမ်သာသနာရေးကောင်စီ ဖွံဖြိုးတိုးတက် ကြံခိုင်စေရန် ရည်ရွယ်လျက် မြန်မာပြည်ဒေသအနှံတွင် သင်တန်းများကို အမှတ်စဉ် (၁) မှ အမှတ်စဉ် (၂၈) အထိ ကိုယ်တိုင်ကိုယ်ကျ
    ဦးဆောင်ပါဝင်ပို့ချခဲ့သည်။ ခုတိုင် အစ္စလာမ်သာသနာရေးရာကောင်စီသည် အန်စွာရီ သင်တန်းများကို စဉ်ဆက် မပြတ်ဖွင့်လှစ်ပို့ချလျက် ရှိနေပေ သည်။ ဗိုလ်မှူးဘရှင်၏ အထင်ကရ လုပ်ဆောင်ချက်တစ်ရပ်မှာ ကျမ်းမြတ်ကုရ်အာန် နှစ် ၁၄၀၀-ပြည့်ကို ဦးစီးဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သည်။

    ဗိုလ်မှူးဘရှင်သည် မြန်မာနိုင်ငံ သုတေသနအသင်းအမှုဆောင် ကော်မတီ (၁၉၆၅-၆၉) မြန်မာစာကော်မရှင် အဖွဲ့ဝင်၊ ရန်ကုန်တက္ကသိုလ် သမိုင်းဘွဲ့လွန် သင်တန်းများတွင် အထူးကထိက၊ မြန်မာနိုင်ငံ အစ္စလာမ်သာသနာရေးကောင်စီ ဌာနချူပ် အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၇၀ ခုနှစ် ဇန်နဝါရီလ ၇-ရက် ညနေ ၅း ၅၀ အချိန်တွင် နှလုံးရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်ချိန်၌
    ဇနီးဒေါ်ခင်မေကြီး (သတ္တဗေဒကထိက) နှင့် သား ၁-ဦး ၊ သမီး ၄-ဦး ကျန်ရစ်ခဲ့သည်။

  • 27 SEA Games မီးရှူးတိုင် သယ်ဆောင်ခွင့်ရခဲ့သူ ၁၉၆၉ ကျွန်းဆွယ် လက်ဝှေ့ချန်ပီယံ ဦးသိန်းလွင်

    ဒီဇင်ဘာ ၂၇-၂၀၁၃
    M-Media
    သီရိ

     

    8
    ရန်ကုန်။           ။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအထိမ်းအမှတ် မီးရှူးတိုင်သယ်ဆောင်သည့် အခမ်အနားတွင်  နိုင်ငံ အတွက် အာရှနှင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့သော မြန်မာမွတ်စလင် အားကစားသမားများ ဖြစ်ကြသည့် ဒေါ်ဘေဘီ (ဘော်လီဘော)၊ ဦးအေးလွင်(ဘောလီဘော)၊ ဦးဝင်းမောင်(လက်ဝှေ့)၊ ဦးမောင်လှ(ပြေးခုန်ပစ်)၊ ဦးသိန်းလွင်(လက်ဝှေ့) တို့ ပါဝင်သယ်ဆောင်ခွင့်ရခဲ့ရရှိခဲ့ပါသည်။ အဆိုပါ (၅) ဦး အနက်မှာ နိုင်ငံတကာ ပြိုင်ပွဲများ တွင် လက်ဝှေ့အားကစားနည်းဖြင့် တိုင်းပြည်အတွက် ဆုတံဆိပ်များ ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ လက်ဝှေ့ ချန်ပီယံဟောင်း ဦးသိန်းလွင်ကို M-Media မှ တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ပါသည်။

    အဖ ဦးမောင်အေး၊ အမိ ဒေါ်အေးခင် တို့မှ ၂၂ ရက် မေလ ၁၉၄၄ ခုနှစ်တွင် ဟသာင်္တခရိုင် ထူးကြီး တွင် မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အကြီးဆုံးဖြစ်သည်။ ၁၉၆၇ ခုနှစ်တွင် ဒေါ်စန်းအေးနှင့် အိမ်ထောင်ကျကာ သားနှစ်ယောက် သမီးနှစ်ယောက် ထွန်းကားခဲ့သည်။

    M-Media ။          ။ အန်ကယ်သူငယ်တန်းမှစပြီးဘယ်လိုပညာကိုသင်ကြားခဲ့ပါသလဲ။
    ဖြေ။           ။ အန်ကယ် သူငယ်တန်းကနေစပြီး ၁၀ တန်းအောင်တဲ့အထိ Burmar Muslim (ယခု အ.ထ.က ၅ မင်္ဂလာတောင်ညွန့်) မှာ သင်ကြားခဲ့တယ်။

    M-Media ။         ။ ၁၀ တန်းအောင်တော့ရော ဘယ်လိုကျောင်းတွေဆက်တက်ခဲ့ပါသလဲ။
    ဖြေ။          ။ ၁၀ တန်းအောင်စာရင်းထွက်ပြီးကတည်းက အားကစားပဲလုပ်ခဲ့တာ၊ ကျောင်းဆက်တက်ဖို့ စိတ်လဲ မ၀င်စားတော့ဘူး စိတ်လဲမပါဘူး အဲတော့ဆက်မတက်ဖြစ်ခဲ့ပါဘူး။

    M-Media ။         ။ အန်ကယ် ဘောက်စင်ထိုးတာကို ဘယ်အချိန်ကတည်းကစိတ်ဝင်စားခဲ့တာပါလဲ။
    ဖြေ။           ။ ကလေးဘ၀ကတည်းကပေါ့ ကျောင်းသားဘ၀ ၆ တန်းလောက်ကတည်းက အရမ်း စိတ်ဝင်စားခဲ့တာ တခြား အားကစားနည်းတွေ စိတ်မ၀င်စားဘူး ဘောက်စင်ပဲစိတ်ဝင်စားတယ်။

    M-Media ။          ။ ဘယ်အချိန်မှာ စ ကစားဖြစ်ခဲ့တာပါလဲ၊ အန်ကယ်ကစားခဲ့တဲ့ပွဲတွေမှာရော ဘယ်လိုအောင်မြင်မှုမျိုးတွေ ရခဲ့ပါသလဲ။
    ဖြေ။            ။ စ ကစားဖြစ်ခဲ့တာတော့ ၁၉၆၁ ခုနှစ်မှာ ၇ တန်းကျောင်းသားဘ၀မှာပေါ့ စခဲ့တယ်။ ၇ တန်းမှာ  ကျောင်းပွဲမှာစကစားခဲ့တယ်၊ ၈တန်းရောက်တော့ ကျောင်းကချန်ပီယံ ဖြစ်လာတယ်။ နောက်တော့ ၁၉၆၃ခုနှစ်မှာ ရှမ်းပြည်နယ်မှာ သွားရောက်ယှဉ်ပြိုင်ခဲ့တော့ ရှမ်းပြည်နယ်ရဲ့ ချန်ပီယံဖြစ်ခဲ့တယ်။ ၁၉၆၄ မှာ မြန်မာပြည်မှာအားကစားပေါင်းစုံ တိုင်းနှင့်ပြည်နယ်ပွဲကို ပထမဆုံးကျင်းပခဲ့တယ်၊ အဲဒီပွဲမှာ အန်ကယ် ၀င်ပြိုင်ခဲ့တာ ရွှေတံဆိပ်ဆုပေါ့ ချန်ပီယံဖြစ်ခဲ့တယ်။ ၁၉၆၄ မှာပဲ မြန်မာနှင့် ယိုးဒယားချစ်ကြည်ရေးပွဲမှာ ရွှေထပ်ခဲ့ရတယ်။ ၁၉၆၆ မှာ အမျိုးသား တံခွန်စိုက်ပွဲမှာ ယှဉ်ပြိုင်ခဲ့တာ ငွေတံဆိပ်ဆု ရခဲ့တယ်။ ၁၉၆၈ မှာ ရရှား-မြန်မာ ချစ်ကြည်ရေးပွဲမှာ ငွေရခဲ့တယ်။ ၁၉၆၉ မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံ SEAP GAME  ပြိုင်ပွဲမှာ ရွှေရခဲ့တယ်။ အဲဒီနောက်တော့ အန်ကယ် ကစားတာ နားလိုက်တော့တယ်။

    M-Media ။        ။ အန်ကယ်ဘယ်အချိန်မှာ နားခဲ့တာလဲ၊ ဘာကြောင့်နားခဲ့တာလဲ။
    ဖြေ။          ။ ၁၉၇၁ ခုနှစ် အသက် ၂၄ နှစ်မှာပဲနားခဲ့တယ်၊ အိမ်ကမိဘကလည်း ဘောက်စင်ထိုးနေတာကို သိပ်သဘောမကျဘူး တခြားစီးပွားရေးပဲ လုပ်ရမယ်ဆိုလို့ စောစောပဲနားလိုက်တာပါ။

    M-Media ။          ။ အန်ကယ်အနားယူပြီးတဲ့အချိန်ကစပြီး ဘာတွေလုပ်ခဲ့ပါလဲ။
    ဖြေ။           ။ အားကစားလောကကအနားယူပြီးချင်း ကုန်သွယ်ရေးမှာ လုပ်ခဲ့တယ်၊ နောက်တော့ မြို့နယ်အားကစားအရာရှိ လုပ်ခဲ့တယ်၊ နှစ်နှစ်လောက် လုပ်ပြီးတော့ သဘောင်္လိုက်ခဲ့တယ်။ ၁၉၉၆ ကစပြီးတော့ ဘာမှမလုပ်တော့ဘူး။

    M-Media ။           ။ အန်ကယ် SEA GAME အတွက် နေပြည်တော်မှာ ဘယ်လို မီးရူးတိုင်ကို ကိုင်ဆောင်ခွင့်ရခဲ့ပါသလဲ။
    ဖြေ။           ။ သတင်းစာထဲမှာ ကြေငြာပါလာတာတွေ့တော့ လျှောက်လိုက်တယ်၊ နောက်တော့ နေပြည်တော်ကိုခေါ်ပြီး ရွှေရထားတဲ့ အားကစားသမားဟောင်းတွေကို ဂုဏ်ပြုတယ်၊  အဲဒီရောက်မှ မီးရူးတိုင်ကိုနေပြည်တော်ကို လာရောက်ကိုင်ပေးပါလို့ ပြောတော့ ကိုင်ဖြစ်သွားတာပါ။

    M-Media – အခုလို ဖြေကြားပေးတဲ့ အန်ကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်။

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • လက်ရွေးစင် အဖြစ် ၁၉၆၉ ကျွန်းဆွယ် ဘောလီဘော ချန်ပီယံဆု နှင့် မြန်မာ့ အကောင်းဆုံး နည်းပြဆရာဆု ရခဲ့ဘူးသည် ဒေါ်ဘေဘီ

    လက်ရွေးစင် အဖြစ် ၁၉၆၉ ကျွန်းဆွယ် ဘောလီဘော ချန်ပီယံဆု နှင့် မြန်မာ့ အကောင်းဆုံး နည်းပြဆရာဆု ရခဲ့ဘူးသည် ဒေါ်ဘေဘီ

    ဒီဇင်ဘာ ၂၄၊ ၂၀၁၃
    M-Media
    သီရိ

    DSC02369

    ရန်ကုန်    ။         ။    ရန်ကုန်။           ။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအထိမ်းအမှတ် မီးရှူးတိုင်သယ်ဆောင်သည့် အခမ်အနားတွင်  နိုင်ငံအတွက် အာရှနှင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့သော မြန်မာမွတ်စလင် အားကစားသမားများ ဖြစ်ကြသည့် ဒေါ်ဘေဘီ(ဘော်လီဘော)၊ ဦးအေးလွင်(ဘောလီဘော)၊ ဦးဝင်းမောင်(လက်ဝှေ့)၊ ဦးမောင်လှ(ပြေးခုန်ပစ်)၊ ဦးသိန်းလွင်(လက်ဝှေ့) တို့ ပါဝင်သယ်ဆောင်ခွင့်ရခဲ့ရရှိခဲ့ပါသည်။ အဆိုပါ (၅) ဦး အနက်မှာ နိုင်ငံတကာ ပြိုင်ပွဲများ တွင် ဘောလီဘော နည်းပြ တာဝန်ဖြင့် တိုင်းပြည်အတွက် ဆုတံဆိပ်များ ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဘောလီဘော လက်ရွေးစင်ဟောင်း ဒေါ်ဘေဘီကို  M-Media မှ တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါသည်။

    M-Media – အန်တီရဲ့မွေးသက္ကရာဇ်နဲ့ မိသားစုအကြောင်းလေးကို ပြောပြပေးပါ။
    ဖြေ – ဇွန်လ-၁၄ ရက် ၁၉၄၈-ခုနှစ်မှာ အဖ ဦးစု အမိ ဒေါ်မွန်တို့မှာ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမှာ မွေးခဲ့တယ်၊ ဦးစိုးသိန်းနဲ့အိမ်ထောင်ကျပြီး သမီးနှစ်ယောက်ထွန်းကားခဲ့တယ်။

    M-Media – အန်တီငယ်စဉ်တုန်းက ဘယ်ကျောင်းမှာ ပညာသင်ကြားခဲ့ပါသလဲ။
    ဖြေ – သူငယ်တန်းကနေ စပြီး ၇-တန်းထိ မြစ်ကြီးနားမှာတက်ခဲ့တယ်၊ ၈-တန်းရောက်တော့ ရန်ကုန်ပြောင်းလာခဲ့တယ်။

    DSC02036a

    M-Media – အန်တီအားကစားကိုဘယ်အချိန်မှာ စပြိုင်ခဲ့တာပါလဲ။ ဘယ်လိုပြိုင်ပွဲတွေ ပြိုင်ဖြစ်ခဲ့ပါသလဲ။
    ဖြေ – အန်တီငယ်ငယ်လေးကတည်းက အားကစားဆို အကုန် စိတ်ဝင်စားတယ်။ ကျောင်းကပြိုင်ပွဲတွေမှာ ဆိုရင်အကုန်ဝင်ပြိုင်တယ်၊ အားသန်တဲ့ ကစားနည်းဆိုပြီးမရှိခဲ့ဘူးပေါ့။ နောက်မှအားသန်ရာဖြစ်လာတာ။ ငယ်ငယ်ကအကုန်ဆော့တယ် စာကိုလဲစိတ်မ၀င်စားတော့ဘူး အားကစား ကိုပဲ စိတ်နှစ်ထားတယ်။ ၁၉၆၅ မြန်မာတစ်နိုင်ငံလုံးကျောင်းသား အားကစားပွဲတော်မှာ အန်တီ ကြက်တောင်ရိုက် ပြိုင်ပွဲမှာ ငွေတံဆိပ်ရခဲ့တယ်။ ၇-တန်းပေါ့ ၁၉၆၆ မှာ ဘော်လီဘော တိုင်းနဲ့ပြည်နယ်မှာ အရွေးခံရတယ်၊ အဲဒီပွဲမှာ အကောင်းဆုံးဆုကိုရခဲ့တယ်၊ ၅-ကြိမ်မြောက် ASIAN GAME မှာ အန်တီ လက်ရွေးစင်အနေနဲ့ သွားပြိုင်ခဲ့ရတယ်၊ အဲဒီမှာတော့ နံပါတ် ၆ ပဲရခဲ့တယ်၊ ၁၉၆၇ ခုနှစ်မှာ ၄ ကြိမ်မြောက် SEAP GAME ပွဲမှာ ငွေတံဆိပ်ဆုရခဲ့တယ်၊ အဲဒီနောက်အန်တီ ကချင်ပြည်နယ်မှာ နည်းပြဆရာကို ၁၀ နှစ်လောက်လုပ်ခဲ့တယ်၊ နည်းပြလဲလုပ် ပြိုင်ပွဲတွေရှိရင်လဲ ၀င်ပြိုင်ပေါ့ နှစ်ခုလုံးလုပ်တယ် တံခွန်စိုက်ပွဲတွေကိုလဲ အမြဲဝင်ပြိုင်တယ်၊ ၁၉၆၉ မှာ မြန်မာအိမ်ရှင်ဖြစ်တဲ့ အရှေ့တောင်အာရှကျွန်းဆွယ် Seap Game မှာ ရွှေတံဆိပ်ဆုရခဲ့တယ်။ ၁၉၇၃ မှာ ဘောလီဘောအဖွဲ့ချုပ် က ပေးတဲ့ မြန်မာပြည်မှာ ပထမဆုံးနဲ့ နောက်ဆုံးပေးတာဖြစ်တဲ့ အမျိုးသမီး အကောင်းဆုံး နည်းပြဆရာဆုကိုရခဲ့တယ်၊ ၁၉၇၃ ထိ အန်တီ လက်ရွေးစင် ဖြစ်ခဲ့တယ်။ နောက်တော့ အန်တီနားလိုက်တယ်။

    12

    M-Media – အခု ၂၇-ကြိမ်မြောက် SEA GAME ပွဲမှာရောအန်တီ ဘယ်လိုမျိုးတွေ လုပ်ဆောင်ခဲ့ရပါသလဲ။
    ဖြေ – ရန်ကုန်မှာ အန်တီ မီးရှုးတိုင်ကိုင်ရတယ်၊ နောက် နေပြည်တော်ကိုလိုက်သွားပြီးတော့ ဘော်လီဘော်ပြိုင်ပွဲ တစ်လျှောက်လုံး လူကြီးတစ်ယောက် အနေနဲ့ ဘေးကနေကြည့်ပေးဖို့ အန်တီတို့ အရင်က ကစားသမားဟောင်းတွေကိုခေါ်တော့ အန်တီသွားရောက် ဆောင်ရွက်ပေးခဲ့တယ်။

    M-Media – အန်တီအနေနဲ့ SEA GAME ပွဲမှာရော ဘယ်လိုပီတိတွေရခဲ့ပါသလဲ။
    ဖြေ – အရမ်းပျော်မိတာပေါ့ ဟိုးအရင်ကကွဲကွာနေတဲ့ သူငယ်ချင်းဟောင်းကစားသမားဟောင်းတွေကိုလဲ တစ်နေရာတည်းမှာတွေ့ရတယ်။ မြန်မာ ပြည်မှာတစ်ခါမှ မမြင်ဖူးတဲ့ ကြီးကျယ်ခမ်းနားတဲ့ပွဲကြီးကိုလည်း တွေ့မြင်ရတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ ပီတိဖြစ်မိတယ်။ နောက်ဆုံးပိတ်ပွဲနေ့ က ဆိုရင်နောက်ဆုံးအပိတ်သီချင်းမှာ သူငယ်ချင်းတွေနဲ့အတူ အရမ်းပျော်ခဲ့တယ်။ ခွဲခွာကြရတော့မယ် ပြီးတော့မယ်ဆိုတော့လည်း တစ်မျိုးကြီးပဲ ခံစားရတာပေါ့ စိတ်မကောင်းဘူး။

    M-Media – SEA GAME ပွဲမှာရော ဘော်လီဘောအနေနဲ့ ဘယ်လိုဆုတွေရယူခဲ့ပါသလဲ။
    ဖြေ – ဘော်လီဘော ပွဲကတော့ အဆင့် (၄) နေရာပဲချိတ်တယ်။

    M-Media – အန်တီအနေနဲ့ ကစားသမားတွေကိုဘယ်လိုသုံးသပ်မိပါသလဲ။
    ဖြေ – ဆုမရတော့ အရမ်းကိုစိတ်မကောင်းဖြစ်မိတယ်၊ သေချာကြိုးစားမှ ပြိုင်ပွဲဆိုတာဆုရမှာလေ။ အဲဒီတော့အများကြီးလိုသေးတယ်။ကစားသမားတွေရော၊ သင်တဲ့လူတွေရော သေချာလုပ်ဖို့လိုအပ်ပါတယ်။

    M-Media – အန်တီ နောက်အနာဂတ်သားကောင်းလေးတွေကို ဘာများပြောကြားချင်ပါသလဲ။
    ဖြေ – ဆုမရလို့စိတ်ဓာတ်မကျပါနဲ့ နောက်လာမဲ့ပြိုင်ပွဲတွေမှာ သေချာကြိုးစားရင် ရွှေတံဆိပ်ဆုကိုဆွတ်ခူးနိုင်မှာ ဖြစ်ပါတယ်။

    M-Media – အခုလို ဖြေကြားပေးတဲ့ အန်တီ့ကို ကျေးဇူးအများကြီးတင်ပါတယ်။
    ဖြေ – အန်တီကလည်း ကျေးဇူးတင်ပါတယ်။

    —————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများ၊ ဘာသာပြန် များကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

    M-Media ၏ ခွင့်ပြုချက်မရှိဘဲ စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် ထည့်သွင်းဖော်ပြခြင်းများ လုံးဝ ခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]