News @ M-Media

Tag: featured

  • ကသာမြို့၊ဗလီတစ်လုံး မီးကွင်း ပစ်မှု့ ဖြစ်ပွား

    ဇွန်-၂၊၂၀၁၃
    ဟာဂျူလီ-ကသာ

    ၁၊၆၊၂၀၁၃ ရက်နေ့ည ၁၁နာရီ၁၀မိနစ်အချိန်က ကသာမြို့ အမှတ်(၃)ရပ်ကွက်ရှိ မြှိုမဗလီအား မီးကွင်း ပစ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

    Katar

    ဖြစ်ပွားပုံမှာ ည၁၁နာရီ၁၀မိနစ်အချိန်တွင် အရှေ့ဘက်မှ အနောက်ဘက်သို့ ဦးတည်မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးပေါ်မှ ဓါတ်ဆီထည့်ထားသော ပလပ်စတစ်ဗူးတွင် အ၀တ်မီးစာ တပ်၍ လမ်းမပေါ်မှ ဗလီအတွင်းသို့ ပစ်သွင်း သွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်၊ထိုသို့ ပစ်သွင်းမှုကြောင့် မြို့မဗလီ(ဗလီကြီး)၏ မြောက်ဘက် တိုင်တစ်လုံး မီးဟပ်သွားခဲ့ပြီး မြို့ခံ မူဆလင်များနှင့် ဗုဒ္ဓဘာသာဝင်များမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ကြောင်း သိရှိရပါသည်။

    ဖြစ်ပွားရာဗလီသို့ ကသာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထွန်းအောင်ကျော် ၊မြှိုနယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်အောင်မြင့်နှင့် ခရိုင် ဒ/နမှ ရဲအုပ်မျိုးခိုင်နှင့် တပ်ဖွဲ့ဝင်များ၊နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ဌေးဝင်းနှင့် တပ်ဖွဲ့ဝင်များအပြင် လွှတ်တော်ကိုယ်စားလှယ်ဦးစိန်ထွန်း တို့ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ကိုလည်း တွေ့ရပါသည်။

    ယခုဖြစ်ပွားမှုနှင့် ပါတ်သက်၍ သက်ဆိုင်ရာမှ မီးကွင်းပစ်ခဲ့သည့် ဆူပူ ပြဿနာ ဖန်တီးလိုသူများကို စုံစမ်း ဖေါ်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးမှ ပြောကြားခဲ့ပြီး ဘာသာရေး အကြမ်းဖက်မှုမလိုလားသူ မြို့ခံဗုဒ္ဓဘာသာဝင်များဝင်များမှ အဖွဲ့ပေါင်းစုံပါဝင်သည့် ငြိမ်းချမ်းရေး အဖွဲ့ကို ဖွဲ့စည်းထားပြီး လုံခြုံရေးကို ယခုထက် ပိုမို တိုးမြှင့်ပေးကြရန် လိုလားနေကြောင်း သိရပါသည်၊ယခုရက်ပိုင်းအတွင်း ကသာမြို့ခံ ခမရ(၃၀၉)မှလည်း ညစဉ် လှည့်ကင်းများ ဆောင်ရွက်လျှက်ရှိနေပြီး ဘာသာရေး အဓိကရုဏ်းးများ မဖြစ်ပွားစေရန် ထိန်းသိမ်း သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

    Credit (ဟာဂျူလီ-ကသာ)
    http://herjulekatha.com/index.php/getpost/single/205

  • မူဆယ်မြို့တွင် ၉၆၉ လှုံ့ဆော်မှုများပြုလုပ်နေ

    ဇွန်လ-၁၊ ၂၀၁၃
    M-Media
    ရှမ်းကိုကို(မူဆယ်)

    မူဆယ် ။ ။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ၉၆၉ အဖွဲ့အား တရားဝင်သည်ဟု မြို့နယ် သာသနာရေးမှူးကိုယ်တိုင်ပြောဆိုခဲ့ပြီး မွတ်စလင်မ်များကိုလည်း လိုက်လံ စည်းရုံးပြောဆိုနေကြောင်း သတင်းရရှိသည်။

    1
    Photo Wirthu FB
    မေလ ၂၀-ရက်နေ့မှ ၂၄-ရက်နေ့ အထိ မူဆယ်တွင်ကျင်းပခဲ့သော “၉၆၉ တရားပွဲ”

    မူဆယ်မြို့တွင် ၉၆၉ လှုံ့ဆော်မှုများ လွန်စွာအားကောင်းနေပြီး စီးပွားရေးခိုင်မာတောင့်တင်းသူများမှ ယင်းလှုပ်ရှားမှုကို ဦးဆောင်မှု့ပေးနေပါတယ်။ ၉၆၉ အဖွဲ့ဝင်ပါက ဆိုင်ကယ်တစ်စီးပေးမည်ဟု မဲဆွယ်သတင်းလွှင့်မှုများ ရှိနေပြီး ၉၆၉ အဖွဲ့ဟုဆိုတာ မူဆယ်မြို့အ၀င် လွယ်တိမ်ခမ်းဘုရားကုန်းပေါ်တွင် ရုံးခန်းဖွင့်လှစ်ပြီး လှုံ့ဆော်နေကြောင်းသိရပါတယ်။ ၉၆၉ အဖွဲ့ ဥက္ကဌမှာ နောင်ရိုးကွမ်းယာပိုင်ဆိုင်ရှင်ဖြစ်ပြီး အဆိုပါကွမ်းယာ ဆိုင်ပိုင်ရှင်သည် ကွမ်းယာဆိုင်ဖွင့်ထားသော်လည်း အခြားသော စီးပွားရေးလုပ်ငန်းများဖြင့် မူဆယ်တွင် လူချမ်းသာ စာရင်းဝင်များဖြစ်ပါသည်။ ယင်း ၉၆၉ အဖွဲ့သည် တရားဝင်ဖြစ်ကြောင်းပြောဆိုပြီး မြို့နယ် သာသနာရေးမှူးမှ မွတ်စလင်မ်များအား လိုက်လံစည်းရုံးပြောဆိုနေကြောင်းလည်း သိရသည်။

    “မေ ၃၀-ရက်နေ့ကစတင်၍ မူဆယ်တွင် ပြဿနာဖြစ်စေရန် ဖန်တီးနေသော်လည်း ဒေသခံရှမ်းတိုင်းရင်းသားမှ ၀င်ရောက်ကာကွယ်ပေးနေမှုကြောင် အကြမ်းဖက်မှု မအောင်မြင်ခြင်းကို ၉၆၉ အဖွဲ့များက မကျေနပ်မှုများရှိနေကြပါတယ်။

    မြန်မာပြည်မမှ ရှမ်းပြည်နယ်သို့ လာရောက်စီးပွားရှာနေသော ဗမာများကို ဆူပူမူဖြစ်အောင်ဆက်လက် ဖန်တီးမည်ဆိုပါက ရှမ်းပြည်ပြင်ပသို့ မောင်းထုတ်သွားမည်ဟု ဒေသခံရှမ်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များကပြောပါတယ်။ လက်ရှိမူဆယ်မြို့မှ ဒေသခံမွတ်စလင်တို့မှာ တရုတ်ပြည် ရွှေလီ ကျယ်ခေါင်မြို့များသို့ သွားရောက်တိမ်းရှောင်ခိုလှုံနေကြရပါတယ်”လို့ ဟုလည်း မူဆယ်မြို့ခံတဦးက ဖုန်းဖြင့် M-Media ကို အသိပေးအကြောင်းကြားလာပါတယ်။

  • ဘာသာရေးကို အစွဲပြုပြီး အကြမ်းဖက်မှုဖြစ်စေရန် မြင်းမူမြို့တွင် ဖန်တီးလှုံ့ဆော်

    ဇွန်လ-၁၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    မြင်းမူမြို့။           ။         ဘာသာရေးကို အစွဲပြုပြီး အကြမ်းဖက်မှုများပြုလုပ်ရန်အတွက် မြင်းမူမြို့ မင်းရဲကျော်စွာရပ်ကွက်၌ ယမန်နေ့ မေလ ၃၁-ရက် ည (၁၀း၃၀)နာရီခန့်က အကြမ်းဖက်သမားတစ်စုက ဖန်တီးခဲ့သော်လည်း ပြဿနာကြီးကြီးမားမား မဖြစ်ပေါ်ခဲ့ပဲ ပြန်လည် တည်ငြိမ်အေးဆေးသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

    Myin Mu

    ယင်းသို့ အကြမ်းဖက်မှုဖြစ်စေရန် ဖန်တီးလှုံ့ဆော်ခဲ့မှုနှင့်ပတ်သက်၍ မြင်းမူမြို့သို့ ဆက်သွယ်စုံစမ်းခဲ့သည်။ “ဟုတ်ပါတယ်။ မြင်းမူမြို့မှာ အခြေအနေ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။ မနေ့ညက ၁၀-နာရီခွဲလောက်က ဖြစ်သွားတာပါ။ ဖြစ်တာက မင်းရဲကျော်စွာရပ်ကွက်ထဲက ဦးသိန်းမောင်ဆိုတဲ့ မွတ်စလင်မ်တစ်ယောက်ရောင်းတဲ့ ထတ္တရာဆိုင်အနားမှာ လူ ၁၀-ယောက်လောက်က တုတ်တွေကိုင်ပြီး လာစုနေတယ်။ ဟုတ်ပါတယ် မင်းရဲကျော်စွာဆိုတာ မွတ်စလင်မ်တွေအများစုနေတဲ့ရပ်ကွက်ပါ။ အဲဒီနားမှာက မွတ်စလင်မ်တွေပဲရှိတာ။ ဗုဒ္ဓ ဘာသာက ၂-ဦးလောက်ပဲရှိတာ။  အဲဒါကိုတွေ့တော့ ဘာဖြစ်ပြီလဲ မသိဘူး။ အခြေအနေတော့ မကောင်းဘူးလို့ သိလိုက်တယ်။ အဲဒီနားမှာ လူတွေက စုရုံးစုရုံးဖြစ်သွားတယ်။ ကျွန်တော်တို့ မြင်းမူမှာက ဘာသတင်းမှ မကြားထားဘူးဗျ။ ဗုဒ္ဓဘာသာဘက်ကလည်း သတင်းထွက်တာမရှိဘူး။ မထင်ထားတော့ ချက်ချင်း ရုတ်ရုတ်သဲသဲဖြစ်ကုန်တာ။ အဲဒီမှာ လူကြီးတွေ ကလေးတွေအတွက် စိတ်ပူပြီး တချို့လည်း ရှောင်သွားလိုက်ကြတယ်။ ဒီမှာ လူလတ်ပိုင်းတွေပဲ ကျန်ခဲ့တာပေါ့ဗျာ။

    ခုနကပြောသလို လူစုနေပြီးတော့ မိနစ် ၂၀-လောက်နေတော့ Light Truck ကားတစ်စီးရောက်လာတယ်။ ကားပေါ်မှာ ဘုန်းကြီး ၇-၈ ပါးပါတယ်။ လူတွေလည်းပါတယ်။ တုတ်တွေ ဓါးတွေနဲ့ဗျ။ လူတွေကတော့ မြင်းမူမြို့ အစွန်အဖျား ဆင်းရဲသားရပ်ကွက်က လူတွေဗျ။ ပြီးတော့ မနေ့ညနေ ၆-နာရီခွဲလောက်က မြင်းမူမြို့ထဲကို ၀င်လာတဲ့ Dina ကားတစ်စီးရဲ့ ခေါင်မိုးပေါ်မှာ ဘုန်းကြီးတွေ အပြည့်နဲ့ ၀င်လာတာ တွေ့လိုက်ရတယ်။ အဲဒီ ဘုန်းကြီးတွေက မင်းကျောင်းမှာ တည်းနေတယ်လို့ သိရတယ်ဗျ။ အခုတက်လာလည်း အဲ့ဒီ အရှေ့ကပဲ တက်လာတာဗျ။

    အဲဒီ Light Truck ကားရောက်လာပြီး မကြာဘူး ရဲတွေ မော်တော်ပီကယ်တွေ ရောက်လာပြီး လူစုခွဲဖို့ပြောတယ်။ ဖြစ်တဲ့ ထတ္တရာဆိုင်နားမှာနေတဲ့ ဗုဒ္ဓဘာသာအမျိုးသားကလည်း ဒီလိုအကြမ်းဖက်မှု ပြဿနာတွေ မဖြစ်စေချင်ဘူး။ သူကတည်း အတင်းကို တောင်းပန်ပြီး မွတ်စလင်မ်တွေကလည်း ပြဿနာ မရှိပါဘူး။ အေးအေးဆေးဆေးနေတာပါလို့ တောင်းပန်တယ်။ လူတွေ အဲလို စုရုံးစုရုံးဖြစ်နေတာကို လူစုခွဲဖို့ ပြောနေပေမယ့် ဘုန်းကြီးတွေက လူစုခွဲစရာမလိုဘူး၊ မခွဲနဲ့ဆိုပြီးပြောတယ်။ ဒါပေမယ့် ၂၅ မိနစ်လောက်ကြာပြီးတော့ လူစုခွဲသွားပါတယ်။

    အာဏာပိုင်အနေနဲ့တော့ လာတာက ရဲနဲ့ လုံထိန်းတော့ရှိတယ်။ ဖြစ်တဲ့နေရာနားမှ နည်းနည်းပဲ စောင့်နေတော့တယ်။ လုံခြုံရေးကတော့ ပတ္တရောင်ပုံစံမျိုး ဆိုင်ကယ်တွေနဲ့ ပတ်နေတယ်။ အခုတော့ အေးအေးဆေးဆေးဖြစ်သွားပါပြီ။ အေးဆေးသွားပြီဆိုပေမယ့် ကျွန်တော်တို့တော့ စိတ်မချနိုင်သေးပါဘူး။ လူကြီးတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် စိုးရိမ်နေရပါတယ်။ ဘာပြဿနာမှ မဖြစ်စေချင်ပါဘူး”လို့ M-Media ရဲ့ ဆက်သွယ်မေးမြန်းချက်ကို မြင်းမူမြို့ခံမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    Photo-Google

  • မန္တလေးမြို့တွင် ဘာသာရေးပဋိပက္ခဖြစ်စေမည့် စာအုပ်များဖြန့်ဝေပြီး ၉၆၉ တံဆိပ်များ လိုက်လံကပ်၍ လှုံ့ဆော်နေ

    မေလ-၃၁၊ ၂၀၁၃
    M-Media
    ရဲရင့်သူ

    မန္တလေးမြို့။ ။ မန္တလေးမြို့တွင် ဘာသာရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ပဋိပက္ခဖြစ်စေမည့် စာအုပ်များဖြန့်ဝေပြီး ၉၆၉ တံဆိပ်များကို လိုက်လံကပ်နေကြောင်း သတင်းရရှိပါတယ်။

    1

    ယင်းပဋိပက္ခဖြစ်စေရန် လှုံ့ဆော်မှုအား ဆက်သွယ်စုံစမ်းရာ မန္တလေးမြို့ ဈေးချိုအနီးအ၀ိုက်၊ ၂၇ လမ်း၊ ၈၃x၈၄ လမ်းကြားအတွင်းရှိ မိဘမေတ္တာ ကွမ်းယာဆိုင်မှ အဆိုပါ ဘာသာရေး ပဋိပက္ခ ဖြစ်စေမည့် စာအုပ်များ ဝေငှနေသည်ကို သိရပါတယ်။

    “အစကတော့ မသန်းအေး (မိဘမေတ္တာကွမ်းယာဆိုင်)ရဲ့ ယောက်ျားက ၉၆၉ တံဆိပ်တွေ ဝေတယ်၊ ကျွန်မက မကပ်ချင်ဘူး။ ဆိုင်မှာ ဘုရားစင် ရှိတယ်ပြောတော့ သူက ခင်ဗျားဗုဒ္ဓဘာသာမဟုတ်ဘူးလားဆိုပြီး ပြောပြီး အတင်းကပ်သွားတယ်ဆိုင်မှာ။ နောက်ပြီး ပြောသေးတယ် ဒီတံဆိပ် မကပ်ထားရင် နင်တို့ဆိုင်ကို ကုလားဆိုင်နဲ့ မှားဖျက်ရင် တာဝန်မယူဘူးလို့လည်း ပြောတယ်။ တကယ်ဆိုရင် ကျွန်မတို့က ဒီနားလေးမှာ ဆိုင်လာဖွင့်တာပါ ကိုယ်ပိုင် ဆိုင်ခန်းလည်း မဟုတ်ပါဘူး။ ဒီနားက ဘာသာပေါင်းစုံ ဆိုင်တွေ ရှိပါတယ်၊ ဒီနေ့ကျ ဒီစာအုပ် လာပေးတယ်၊ မလိုချင်ဘူး ပြောတော့ ဇွတ်အတင်းပေးသွားတယ်”လို့ အဆိုပါစာအုပ်လက်ခံရရှိပြီးနှင့် ၉၆၉ တံဆိပ် ကပ်ခံရသူ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးမှ ပြောပြလာပါတယ်။

    အဆိုပါ မိဘမေတ္တာ ကွမ်းယာဆိုင်သည် လမ်းဘေးတွင် တည်ခင်းဖွင့်သော ဆိုင်တစ်ဆိုင်ဖြစ်ပြီး စည်ပင်မှ လာဖမ်းလျှင် အမြဲတမ်း ပြေးနေရသော ဆိုင်ဖြစ်ကြောင်း၊ ၄င်းတို့နေထိုင်သည်မှာလည်း မြို့သစ်ထဲတွင် ဖြစ်ကြောင်း အဆိုပါ ရပ်ကွက်နှင့် ဘာမှ သက်ဆိုင်ခြင်း မရှိကြောင်း ပဋိပက္ခဖြစ်စေရန် နေ့စဉ် သွေးထိုးနေကြောင်း ဆက်လက် စုံစမ်းသိရှိရပါတယ်။

  • ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက် စာနယ်ဇင်း ကျင့်ဝတ်နှင့် ဆန်ကျင်နေ

    မေ-၃၀၊၂၀၁၃
    M-Media
    မောင်ပုည
    30052013
    ပြည်ထဲရေးဝန်ကြိးဌာ လက်ခံ မြန်မာနိုင်ငံရဲတပ်ဖွဲ၏ တရားဝင် သတင်းထုတ်ပြန်ရေး Facebook စာမျက်နှာ တခုဖြစ်သော ရန်ကုန်တိုင်း ရဲတပ်ဖွဲ့FB စာမျက်နှာတွင် ဖော်ပြသော မူခင်းဆိုင်ရာ သတင်းများမှာ လူမျိုး၊ဘာသာခွဲခြားပြီးဖော်ပြထားတာကို တွေ့ရှိပါသည်။

    မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် ဧပြီလ ၁၇ ရက်နေ့၌ ကျင်းပခဲ့ သည့် သတင်းစာဆရာများအသင်းညီလာခံတွင် စာနယ်ဇင်း ကျင့်ဝတ် ၁၁ ချက်ကို ချမှတ်ခဲ့ပါသည်။ ထိုကျင့်ဝတ်များမှ အမှတ်စဉ် ၈ တွင်

    စာနယ်ဇင်းများသည် တမင်ကြံရွယ် တွက်ဆလျက် ဘာသာရေး၊ လူမျိုးရေးမုန်းတီးမှုများကို လှုံ့ဆော်ခြင်းမပြုရ။ ဇာတိကို သော်၎င်း၊ ကိုးကွယ်ရာဘာသာကို၎င်း အကြောင်းပြု၍ မတရား ဝေဖန်ရေးသားခြင်းမပြုရ ဆိုပြီး ပါရှိပါသည်။

    ယခု အချိန်အခါတွင် လူမျိုးရေး၊ ဘာသာရေးကိုအကြောင်းပြုပြီး အဓိကရုဏ်း အကြမ်းဖက်မှုများ နိုင်ငံအနှံဖြစ်ပေါ်နေချိန်တွင် တရားဥပဒေစိုးမိုးရေး အတွက်ဆောင်ရွက်ရမည့် အုပ်ချူပ်ရေးအဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲရဲ့ သတင်းထုတ်ပြန်ချက်မှာ ငြိမ်းချမ်းစွာနေထိုင်လိုသော ပြည်သူများအကြားတွင် မေးခွန်းထုတ်စရာ ဖြစ်နေပေသည်။