News @ M-Media

Tag: fifa

  • ဖီဖာဥက္ကဌအဖြစ် ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဖီဂို ၀င်ရောက်ယှဉ်ပြိုင်မည်

    ဖီဖာဥက္ကဌအဖြစ် ကမ္ဘာကျော်ဘောလုံးသမားဟောင်း ဖီဂို ၀င်ရောက်ယှဉ်ပြိုင်မည်

    ဇန်န၀ါရီ ၂၉၊ ၂၀၁၅
    M-Media

    figo

    – တစ်ချိန်က ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဖြစ်ခဲ့သူ ဖီဂိုက မိမိအနေဖြင့် ဖီဖာဥက္ကဌဖြစ်ချင်သည်ဟု ပြောကြားလိုက်ပြီး လက်ရှိဥက္ကဌ ဆပ်ဘလတ္တာအား ယှဉ်ပြိုင်ရေး တရားဝင်ယှဉ်ကိုယ်စားလှယ်လောင်းဖြစ်ရန် လိုအပ်သော အရည်အချင်းမှာ မိမိတွင်ရှိနေသည်ဟု ဆိုသည်။

    `အခုလက်ရှိ ဖီဖာရဲ့ ဂုဏ်သိက္ခာကို ကျွန်တော်ကြည့်နေပြီး သဘောမကျပါဘူး။ ဘောလုံးလောကဟာ ဒီထက်ပိုပြီး ထိုက်တန်ပါတယ်။ ကျွန်တော့်ရဲ့ဘ၀တစ်လျှောက်လုံးမှာ ဘောလုံးဟာ အများကြီးအထောက်အကူ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်တော်က တစ်ခုခုပြန်ပေးဆပ်ချင်ပါတယ်´ ဟု ဖီဖာဥက္ကဌအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ထုတ်ပြန်ခဲ့သော ဖီဂို၏ ကြေညာချက်တွင် ဖော်ပြထားသည်။

    ဖီဖာမှာ လာဘ်ယူမှုပြဿနာ၊ ဘဏ္ဍာရေးပြဿနာများနှင့် ဝေဖန်မှုများကို ခံနေရသော်လည်း လာမည့်မေလ ၂၉ ရက်နေ့တွင် ပြုလုပ်မည့် ဥက္ကဌရွေးချယ်ပွဲတွင် ဘလတ္တာသာ ပြန်လည်အနိုင်ရရှိရန် ရေပန်းစားနေသည်။

    ဖီဖာဥက္ကဌအဖြစ် ၀င်ရောက်အရွေးခံရန် အဖွဲ့ဝင်နိုင်ငံ ၂၀၉ နိုင်ငံမှ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းခြင်းကို ဇန်ဝါရီ ၂၉ ရက် ဂရင်းနစ်စံတော်ချိန် ည ၁၁ နာရီတွင် ပိတ်မည်ဖြစ်သည်။

    ဖိဂိုက ဖီဖာဥက္ကဌရာထူးအတွက် ၎င်းဝင်ပြိုင်မည်ဟု ကြေညာပြီးနောက်ပိုင်း ၁ နာရီအကြာတွင် နယ်သာလန်ဘောလုံးအဖွဲ့ချုပ် မိုက်ကယ် ဗန်ပရက်ဂ်ကလည်း ၎င်းအနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု ကြေညာခဲ့သည်။

    ဖီဖာဥက္ကဌအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာထားသူများတွင် လက်ရှိဥက္ကဌ ဆပ်ဘလတ္တာ၊ ၎င်း၏ မဟာမိတ် ဂျယ်ရိုမီ ရှန်ပိန်း၊ ပြင်သစ်ဘောလုံးသမားဟောင်း ဂီနိုလာတို့ ပါဝင်နေသည်။

    Ref: aljazeera

  • မိမိဥက္ကဌဖြစ်ပါက ဖီဖာအား ပိုမိုပွင့်လင်းသော အဖွဲ့အဖြစ် ပြုလုပ်သွားမည်ဟု ဂျော်ဒန်  အိမ်ရှေ့မင်းသားပြော

    မိမိဥက္ကဌဖြစ်ပါက ဖီဖာအား ပိုမိုပွင့်လင်းသော အဖွဲ့အဖြစ် ပြုလုပ်သွားမည်ဟု ဂျော်ဒန် အိမ်ရှေ့မင်းသားပြော

    ဇန်န၀ါရီ ၁၃၊ ၂၀၁၅
    M-Media

    Prince Ali bin Al Hussein

    – မိမိအနေဖြင့် ဖီဖာဥက္ကအဖြစ် ရွေးချယ်ခံရပါက ပိုမိုပွင့်လင်းမြင်သာပြီး တိုးတက်လာသည့် အဖွဲ့တစ်ခုအဖြစ် ပြောင်းလဲသွားမည်ဟု ဂျော်ဒန်အိမ်ရှေ့မင်သား အလီ ဘင် အလ် ဟူစိန်က ပြောကြားခဲ့သည်။

    လက်ရှိတွင် ဖီဖာဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် မင်းသားအလီမှာ ဖီဖာ၏ ဥက္ကဌနေရာအတွက် ဆပ်ဘလတ္တာနှင့် ယှဉ်ပြိုင်သွားမည့် ၎င်း၏ အစီအစဉ်ကို ပြီးခဲ့သည့် တစ်ပတ်က ကြေညာခဲ့သူဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်မှုများနှင့် ပတ်သက်၍ ချစားမှုများရှိခဲ့သည်ဆိုသော သတင်းများကြောင့် နာမည်ပျက်နေသော ဖီဖာအားပြောင်းလဲမှုများ ပြုလုပ်မည်ဟု ကတိပေးခဲ့သူလည်းဖြစ်သည်။

    `ဖီဖာဟာ နည်းနည်းလျှို့ဝှက်တဲ့ အဖွဲ့အစည်း ဖြစ်နေပါတယ်။ ဒါပေမယ့် ဘောလုံးဆိုတာ ကမ္ဘာ့ပေါ်ပြူလာအဖြစ်ဆုံး အားကစားနည်းပါ။ ဒါ့ကြောင့် ကျွန်တော်တို့ ယုံကြည်မှုရှိရမှာဖြစ်ပြီး၊ ပွင့်လင်းဖို့၊ လူတိုင်းနဲ့ စေ့စပ်ဆွေးနွေးဖို့ကိုလည်း ဆောင်ရွက်ရပါလိ့မ်မယ်´ဟု မင်သားအလီက စနေ့နေ့တွင် မဲလ်ဘုန်း၌ ပြုလုပ်ခဲ့သော အာရှဘောလုံးအဖွဲ့ချုပ် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    အသက် ၃၉ နှစ်အရွယ် ရှိပြီဖြစ်သည့် အလီက မိမိအနေဖြင့် ဖီဖာဥက္ကဌဖြစ်လာရေး နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်များ၏ ထောက်ခံအားပေးမှုကို ရရှိရန်အတွက် မိမိရှေ့တွင် ကြီးမားသည့် စမ်းသပ်မှုများ ရှိနေသည်ဟုလည် ၀န်ခံခဲ့သည်။

    ထို့ပြင် အလီက ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်မှုများတွင် ချစားမှုများ ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ ဖီဖာ တရားသူကြီးဟောင်း မိုက်ကဲလ် ဂါစီယာ၏ အစီရင်ခံစာကိုလည်း လူသိရှင်ကြား ထုတ်ပြန်ရန် ထပ်မံ တိုက်တွန်းခဲ့သည်။

    လွန်ခဲ့သည့် ၁၇ နှစ်ကတည်းက ဖီဖာဥက္ကဌရာထူးကို ရယူထားသူ ဆပ်ဘလတ္တာမှာ ငါးကြိမ်မြောက် တာဝန်ထမ်းဆောင်နိုင်ရန်အတွက် မေလ ၂၉ ရက်နေ့တွင် ပြုလုပ်မည့် ဥက္ကဌသစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားရန် ရှိနေသည်။

    Ref: alarabiya

  • ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု အတွက် ဇကာတင် စာရင်း ဖီဖာထုတ်ပြန်

    ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု အတွက် ဇကာတင် စာရင်း ဖီဖာထုတ်ပြန်

    အောက်တိုဘာ ၂၉ ၊ ၂၀၁၄
    M-Media
    521991_heroa
    – ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or အတွက် စကာတင်စာရင်းကို ဖီဖာမှ  ထုတ်ပြန်ခဲ့ရာ ရော်နယ်ဒို၊ မက်ဆီတို့အပါအ၀င် ကမ္ဘာ့ဖလားဆုရ ဂျာမနီအသင်းမှ ကစားသမား ၆ ဦး ပါဝင်ခဲ့သည်ဟု သိရသည်။

    ကစားသမား ၂၃ ဦးပါ အဆိုပါစကာတင်စာရင်းကို ယနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ ဂျာမနီအသင်းမှ ပါဝင်သူများမှာ ဖိလစ်လမ်း၊ ဂေါ့ဇီ၊ တိုနီကရုစ်၊ သောမတ်စ်မူလာ၊ မန်နျူယဲလ် နျူအာ၊ ရှဝိုင်းစတိုင်ဂါတို့ဖြစ်ကြသည်။

    ကလပ်အသင်း အရကြည့်လျှင် ရီးယဲလ်နှင့် ဘိုင်ယန်မြူးနစ်တို့က ၆ ဦးစီ ပါဝင်ကြပြီး ဘာစီလိုနာမှ ၄ ဦး၊ ချယ်ဆီးမှ ၃ ဦး၊ မန်ယူ၊ မန်စီးတီး၊ ပီအက်စ်ဂျီ၊ ဂျူဗင်တပ်စ်တို့မှ ၁ ဦးစီ အသီးသီးပါဝင်ကြသည်။

    ၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံသမားဆုအတွက် ဘောလုံးသမားများနှင့် နည်းပြများက မဲပေးရွေးချယ်ရမည်ဖြစ်ပြီး ဆုရရှိသူအား ဆွဇ်ဇာလန်နိုင်ငံ ဇူးရစ်ခ်ျမြို့တွင် ဇန်န၀ါရီ ၁၂ ရက်နေ့၌ ကြေညာမည်ဖြစ်သည်။

    ပြီးခဲ့သည့်နှစ်က Ballon d’Or ဆုကို ရီးယဲလ်တိုက်စစ်မှူး ရော်နယ်ဒိုက ဘာကာမှ ပြိုင်ဘက် မက်ဆီနှင့် ဘိုင်ယန်မြူးနစ်မှ ရီဘာရီတို့ကို ကျော်ဖြတ်ကာ ရရှိခဲ့သည်။

  • ဘောလုံးသမားများအား တတိယလူ ပိုင်ဆိုင်မှုကို ဖီဖာပိတ်ပင်

    ဘောလုံးသမားများအား တတိယလူ ပိုင်ဆိုင်မှုကို ဖီဖာပိတ်ပင်

    စက်တင်ဘာ ၂၈ ၊ ၂၀၁၄
    M-Media
    1411737338243_wps_13_ZURICH_SWITZERLAND_SEPTEM
    – ကစားသမားတစ်ဦးအား ကလပ်အသင်းများမှမဟုတ်ဘဲ တတိယလူတစ်ဦးက ပိုင်ဆိုင်ကာ အပြောင်းအရွှေ့တွင် အကျိုးအမြတ်ရယူမှုများကို ပိတ်ပင်ရန် ဖီဖာအမှုဆောင်ကောင်စီက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    အဆိုပါကိစ္စနှင့်ပတ်သက်၍ အမှုဆောင်ကောင်စီတွင် ယမန်နေ့က မဲပေးကာ အတည်ပြုခဲ့ကြခြင်းဖြစ်ပြီး ထိုဥပဒေအတွက် စည်းမျဉ်းစည်းကမ်းများကို ယခုမှစ၍ ရေးဆွဲသွားမည်ဟု ဖီဖာ ဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားခဲ့သည်။

    ဘောလုံးသမားများအား တတိယလူက ပိုင်ဆိုင်ခြင်းမှာ အေးဂျင့်များအကြားတွင် ခေတ်စားနေပြီး လက်တင်အမေရိက၊ စပိန်နှင့် ပေါ်တူဂီတို့တွင် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြသည်။

    အင်္ဂလန်တွင်မူ ဘောလုံးသမားများအား တတိယလူပိုင်ဆိုင်ခြင်းကို တားမြစ်ထားသော်လည်း ပြီးခဲ့သည့်အပြောင်းအရွှေ့ဈေးကွက်တွင် ပရီးမီးယားလိဂ် ကလပ်အသင်းများမှာ ၎င်းတို့ခေါ်ယူချင်သည့် ကစားသမားများအား တတိယလူများထံမှ ၀ယ်ယူကြသည်ဟု သတင်းများထွက်ပေါ်လာခဲ့သည်။

    ထိုအထဲတွင် စပို့တင်းလစ္စဘွန်းမှ နောက်ခံလူ ရိုဂျိုကို မန်ယူက ခေါ်ယူမှုနှင့် ဘင်ဖီကာမှ မာကိုဗစ်ကို လီဗာပူးလ်မှ ခေါ်ယူမှုတို့မှာ တတိယလူများနှင့် အပြောင်းအရွှေ့ ပြုလုပ်ခဲ့သည့် သာဓကများဖြစ်ခဲ့သည်။

    တတိယပိုင်ရှင်စနစ်ကိုလိုလားသူများကမူ ဖီဖာ၏ထိုပိတ်ပင်မှုအား ဝေဖန်ခဲ့ပြီး၊ ၎င်းတို့မှာ ကလပ်အသင်းများ အမှန်တကယ်မ၀ယ်ယူနိုင်သည့် ကစားသမားများအား ခေါ်ယူပေးနိုင်သည်ဟု ပြောကြားခဲ့သည်။

    ref_ Daily Mail

  • ဘောလုံးကစားစဉ် ခေါင်းထိခိုက်မိက ဆေးကုရန် ပွဲ ၃ မိနစ် ရပ်နားမည့် အစီအစဉ် ဖီဖာ ထုတ်ပြန်

    ဘောလုံးကစားစဉ် ခေါင်းထိခိုက်မိက ဆေးကုရန် ပွဲ ၃ မိနစ် ရပ်နားမည့် အစီအစဉ် ဖီဖာ ထုတ်ပြန်

    စက်တင်ဘာ ၁၀ ၊ ၂၀၁၄
    M-Media

    Fifa medical chief proposes three-minute breaks to treat concussion

    – ဘောလုံးပွဲအတွင်း ကစားသမားများ ဦးခေါင်းထိခိုက်ဒဏ်ရာရပါက ဆေးကုသမှုပေးရန်အတွက် ပြိုင်ပွဲကို သုံးမိနစ်ရပ်နားမည့် အစီအစဉ်တစ်ခုကို ဖီဖာဆေးဘက်ဆိုင်ရာကော်မတီ ဥက္ကဌ မိုက်ကယ် ဒီဟူဂီက ထုတ်ဖော်လိုက်သည်ဟု သိရသည်။

    အဆိုပါ အစီအစဉ်ကို ယမန်နေ့တွင်ပြုလုပ်သည့် ညီလာခံတွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းထိခိုက်သွားသည့် ကစားသမား ဆက်လက်ကစားရန်အတွက် ဆရာဝန်တစ်ဦးတည်း၏ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်မည်ဖြစ်သည်။

    “ဦးခေါင်းထိခိုက်တယ်လို့ သံသယရှိတဲ့အခါ ပွဲကို သုံးမိနစ်ရပ်နားဖို့ ဒိုင်လူကြီးကို အမိန့်ပေးထားပါမယ်။ ကစားသမားရဲ့ အခြေအနေကို ကြည့်ရှုစစ်ဆေးဖို့အတွက် အသင်းက ဆရာဝန်ကို အချိန်ပေးဖို့ပါ။ အာရုံကြောနဲ့ဆိုင်တဲ့ စစ်ဆေးမှုတွေလုပ်ဖို့၊ ကစားသမားနဲ့ စကားပြောဖို့အတွက် ဆရာဝန်မှာ အခွင့်အရေးရှိနေပြီး၊ ဆရာဝန်က လက်ခံမှသာ ဒိုင်လူကြီးက အဲဒီကစားသမားကို ဆက်လက်ကစားစေမှာပါ” ဟု ဖီဖာအမှုဆောင်ကော်မတီ အဖွဲ့ဝင်ဖြစ်သူ ဒီဟူဂီက ညီလာခံတွင် ပြောကြားခဲ့သည်။

    ထိုအစီအစဉ်အား စက်တင်ဘာ ၁ ရက်နေ့က ယူအီးအက်ဖ်အေ ဆေးဘက်ဆိုင်ရာ ကော်မတီသို့ တင်ပြခဲ့ပြီး၊ တစ်ညီတညွတ်တည်း လက်ခံခဲ့သည်။ ထို့ပြင် လာမည့်သီတင်းပတ်တွင် ယူအီးအက်ဖ်အေ အမှုဆောင်ကော်မတီနှင့် စက်တင်ဘာ ၂၅ ရက်နေ့တွင် ဖီဖာအမှုဆောင်ကော်မတီများသို့ ပေးပို့တင်ပြသွားမည်ဟု  ဒီဟူဂီက ထပ်လောင်းပြောကြားခဲ့သည်။

    ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဦးခေါင်းထိခိုက်ခဲ့သူ ကစားသမား ငါးဦးအထိ ရှိခဲ့ပြီး ၎င်းတို့မှာ ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့သည့်အတွက် ဖီဖာမှာ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။