News @ M-Media
Tag: france
  • ရဝမ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရ၍ နှစ်ပတ်လည် အခမ်းအနား ပြင်သစ် မတက်တော့
    ဧပြီ ၆၊ ၂၀၁၄
    M-Media
    – ရ၀မ်ဒါလူမျိုးတုန်းသ တ်ဖြတ်မှုတွင် ပြင်သစ်နိုင်ငံ ပါဝင်ခဲ့သည်ဟု ရ၀မ်ဒါသမ္မတက စွပ်စွဲခဲ့ပြီးနောက် လူမျိုးတုန်း သတ်ဖြတ်မှု နှစ် ၂၀ မြောက် ၀မ်းနည်းဖွယ် အခမ်းအနားကို တက်ရောက်တော့မည် မဟုတ်ဟု ပြင်သစ်နိုင်ငံက ပြောကြားလိုက်သည်။
    357379_Rwanda-genocide
    ၁၉၉၄ ခုနှစ်တွင် ရ၀မ်ဒါ၌ဖြစ်ပွားခဲ့သော လူမျိုးတုန်း သတ်ဖြတ်မှုအတွက် နိုင်ငံရေးအရ ပြင်ဆင်မှုများပြုလုပ်မှုတွင် ဘယ်လ်ဂျီယံနှင့် ပြင်သစ်နိုင်ငံတို့မှာ တိုက်ရိုက်ပါဝင်ခဲ့သည်ဟု ရ၀မ်ဒါသမ္မတ ပေါလ် ကာဂိမ်းက ပဲရစ်မြို့ထုတ် အပတ်စဉ်ဂျာနယ် Jeune Afrique ၏အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
    ကာဂိမ်း၏ ထိုပြောကြားချက်က နှစ်နိုင်ငံကြား ရင်ကြားစေ့ရေး ကြိုးပမ်းမှုကို အနှောက်အယှက်ဖြစ်စေသည်ဟု ပြင်သစ်ဘက်က ပြန်လည်တုံ့ပြန်ခဲ့ပြီး ရ၀မ်ဒါမြို့တော် ကီဂါလီ၌ မနက်ဖြန်တွင်ပြုလုပ်မည့် လူမျိုးတုန်းသတ်ဖြတ်မှု နှစ် ၂၀ မြောက် ၀မ်းနည်းဖွယ် အခမ်းအနားအား ပြင်သစ် တရားရေးဝန်ကြီးက တက်ရောက်ရန် စီစဉ်ထားမှုကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
    နိုင်ငံတောင်ပိုင်း လူသားချင်းစာနာသည့် တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ပြင်သစ်စစ်သားများကိုလည်း “သွေးကန်ထဲမှ မင်းသားများ” ဟု ကာဂိမ်းက စွပ်စွဲခဲ့ပြီး၊ ပြင်သစ်ဘက်ကမူ ထိုစွပ်စွဲချက်အား ငြင်းဆိုခဲ့ကာ ၎င်းတို့၏စစ်သားများမှာ အရပ်သားများအား ကာကွယ်ခဲ့သည်ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။
    ရ၀မ်ဒါ-ပြင်သစ် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း အေးစက်ခဲ့သော်လည်း နောက်ပိုင်းတွင် အနည်းငယ် တိုးတက်ခဲ့သည်။ ပြင်သစ် ဘက်ကမူ ရ၀မ်ဒါ လူမျိုးတုန်း သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သည့် ရ၀မ်ဒါစစ်တပ် အရာရှိဟောင်း ပါစကယ် စင်မ်ဘီကန်ဂွါအား  ပြီးခဲ့သည့်လက ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ပြီး ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ပထမဆုံး ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းလည်းဖြစ်သည်။
    AFP
  • ကျဆုံး မွတ်စလင် စစ်သည်ဟောင်းများကို ဂုဏ်ပြုသောအားဖြင့် ပဲရစ်မြို့ ဗလီကြီးသို့ သမ္မတ Hollande သွားရောက်လည်ပတ်
    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၄
    M-Media
    1_2624098
    မွတ်စလင် စစ်သည်များကို ဂုဏ်ပြုလေးစားသောအားဖြင့် ပဲရစ်မြို့ Grand Mosque သို့ ရောက်ရှိလာသည့် ပြင်သစ် သမ္မတ Francois Hollande  (ဓာတ်ပုံ)
    ၁၉၁၄ နှင့် ၁၉၁၈ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံ အတွက် အသက်ပေးသွားခဲ့ကြသော မွတ်စလင် စစ်သည်တော်များ အပေါ် တန်ဖိုးထား လေးစားသောအားဖြင့် ပြင်သစ် သမ္မတ Francois Hollande  သည် ပဲရစ်မြို့Grand Mosque ဗလီကြီးသို့ အလည်အပတ် သွားရောက်ခဲ့သည်။
    ဤသို့ရောက်ရှိစဉ်၌ အခမ်းအနား မိန့်ခွန်း မပြောကြားမီ အလျင် မွတ်စလင် စစ်သည်များ၏ မမေ့နိုင်သော လုပ်ရပ်တို့ကို တန်ဖိုးထားကြောင်း Hollande   မှ အမှတ်တရ ဂုဏ်ပြုစကားဆိုသည်။
    ၁၉၂၂ နှင့် ၁၉၂၆ ခုနှစ် အတွင်း တည်ဆောက်ခဲ့သော ပဲရစ်ရှိ Grand Mosque သည် ပြင်သစ်နိုင်ငံတွင် အကြီးမားဆုံး ဗလီဝတ် ကျောင်းတော်ဖြစ်သည်။ ၂၂ မီတာအမြင့်ရှိ ၀တ်ပြုရေး ဖိတ်ခေါ်မျှော်စင် ပါဝင်သည့် ၎င်းဗလီ၌ ပထမဆုံး စုပေါင်းဝတ်ပြုမှုကို ၁၉၂၆ ခုနှစ်တွင် အယ်လ်ဂျီးရီးယားနိုင်ငံသား နာမ်ပိုင်း ဓမ္မ ပညာရှင်(ဆွူဖီ) အဟ်မဒ် အလ် အလ၀ီမှ ဦးဆောင်ခဲ့သည်။
    ပထမ ကမ္ဘာစစ် အတွင်း ဂျာမဏီကို ရင်ဆိုင်ရာ၌ မွတ်စလင် စစ်သည်ပေါင်း တစ်သိန်းခန့် အသက်ပေးသွား ခဲ့ကြသည်ဟု Inter France သတင်းဌာနမှ ထုတ်ပြန်ဖော်ပြသည်။
    Ref:Al Arabiya News
  • ဒုတိယကမ္ဘာစစ်အတွင်း ပြင်သစ်ရွာသားများကို သတ်မှု နာဇီတပ်ဖွဲ့ဝင်တစ်ဦးအား ဂျာမနီတွင် တရားစွဲ
    ဇန်နဝါရီ ၉ ၊ ၂၀၁၄
    M-Media
    20141822181941734_20
    – ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်နိုင်ငံရှိ ရွာသားအချို့အား သတ်ဖြတ်ခဲ့မှုတွင် ပါဝင်ခဲ့မှုကြောင့် နာဇီ Waffen-SS တပ်မှ စစ်သားဟောင်း တစ်ဦးအား ဂျာမနီရှိ တရားသူကြီးများက ယမန်နေ့က တရားစွဲဆိုလိုက်သည်ဟု သိရသည်။
    ထိုစစ်သားဟောင်းမှာ အသက် ၈၈ နှစ်အရွယ်ရှိပြီး ကိုလုံးမြို့တွင် နေထိုင်သူဖြစ်သည်။ ၎င်းမှာ ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်နိုင်ငံအလယ်ပိုင်း Limousin ဒေသရှိ Oradour-sur-Glane ရွာအား နာဇီစစ်တပ်များက ဖျက်ဆီးခဲ့မှုတွင် ပါဝင်ခဲ့ပြီး၊ ၎င်းနှင့် အခြားစစ်သားတစ်ဦးမှာ ရွာသား ၂၅ ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကာ၊ ရွာရှိ ခရစ်ယာန်ဘုရားကျောင်းအား မီးရှို့မှုတွင်လည်း ကူညီခဲ့သူဖြစ်သည်ဟု တရားသူကြီးများအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အချင်မ် ဟန်စတန်ဘာဂ့်က ယမန်နေ့တွင် ပြောကြားခဲ့သည်။
    သို့သော်လည်း အဆိုပါစစ်သားဟောင်း၏ နာမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ဘဲ၊ မည်သည့်ပြစ်မှုများဖြင့် တရားစွဲဆိုထားသည်ကိုလည်း မပြောခဲ့ပေ။ ထိုစစ်သားဟောင်း၏ ရှေ့နေကမူ ၎င်း၏အမှုသည်မှာ ၁၉၄၄ ခု ဇွန်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော အဆိုပါ စစ်ဆင်ရေးတွင် သေနတ်တစ်ချက်မှ ပစ်ခဲ့ခြင်းမရှိဘဲ၊ ရွာသားများ၏ အသက်ကို ကယ်တင်ရန်သာ ကြိုးစားခဲ့သည်ဟု ကာကွယ်ပြောဆိုထားသည်။
    Ref: aljazeera
    ဓါတ်ပုံ အညွှန်း- ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်နိုင်ငံအလယ်ပိုင်း Limousin ဒေသရှိ Oradour-sur-Glane ရွာအား နာဇီစစ်တပ်များက ဖျက်ဆီးခဲ့စဉ် (၁၉၄၄)
    Photo- AFP
  • ပဲရစ်မြို့ရှိ အိုးအိမ်မဲ့သူများ အတွက် မွတ်စ်လင်မ်တို့၏ဒါန
    သြဂုတ်-၄၊၂၀၁၃
    M-Media
    Muslim Charity Feeds Paris Homeless
    ပဲရစ်မြို့ရှိ ထောင်နှင့်ချီသော မွတ်စ်လင်မ်ဟုတ်သူ မဟုတ်သူ သူဆင်းရဲများ နှင့် အိုးမဲ့အိမ်မဲ့များကို ရမဿွာန်ဥပုသ်လ အတွင်း လုပ်အားပေးများဖြင့် ကျွေးမွေးပြုစုသည့် ဒါနအစီအစဉ်တစ်ရပ် ပြုလုပ်လာခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီ ဖြစ်၏။
    “ ဒီကိုလာရောက်ပြီး ဥပုသ်လွှတ်ဝါဖြေတဲ့ မွတ်စ်လင်မ်တွေကိုသာမက အသက်အရွယ်နဲ့ကျောထောက်နောက်ခံမရွေး မွတ်စ်လင်မ်မဟုတ်သူတွေ၊ အိုးအိမ်မဲ့သူတွေ၊ အရက်စွဲနေသူတွေကိုပါ ကျွန်တော်တို့ ကျွေးမွေးပြုစုကြပါတယ်။ ကျွန်တော်တို့ရဲ့တံခါးကို လူတိုင်းအတွက် ဖွင့်လှစ်ပေးထားပါတယ် ” ဟု ဒါနအသင်းဥက္ကဌ ဟကီမ် ဒီဒိုးရှေး(Hakim Didouche) မှ သြဂုတ်လ ၃ ရက်၊ စနေနေ့တွင် France 24 သို့ ပြောကြားခဲ့သည်။
    ပဲရစ်မြို့ အရှေ့မြောက်ဖက် ပိုတေး ဒီ လိလပ်စ်(Porte des Lilas)အရပ်တွင် သတ္တုနှင့်ပလပ်စတစ်စပ် ယာယီအဆောက်အဦ၌ (လူမျိုးဘာသာကျောထောက်နောက်ခံမရွေး) အိမ်ရာမဲ့နှင့်နွမ်းပါးသူများအား စွပ်ပြုတ်တိုက်ကျွေးရေးအစီအစဉ်(Une Chorba Pour Tous)ကို လုပ်အားပေး ၃၀ ဦးဖြင့် ထိထိရောက်ရောက် ဆောင်ရွက်လျက်ရှိသည်။
    လွန်ခဲ့သည့် ၂၁ နှစ်ကျော်ကာလမှစ၍ ရမဿွာန်လမြတ်အတွင်း နေ့စဉ်နေ့တိုင်း လူတစ်ထောင် နှင့် ၁၂၀၀ ၀န်းကျင်အထိ ယင်းသို့ အခမဲ့ကျွေးမွေးလာခဲ့ခြင်းဖြစ်သည်။ ၄င်းကို Culture Qatar – ကာတာယဉ်ကျေးမှုအဖွဲ့ နှင့် တစ်ဦးချင်းအလှူရှင်များမှ ပံ့ပိုးထောက်ပံ့ကြသည်။
    “ အလှူရှင်အများစုဟာ တစ်ဦးချင်းသီးသန့်လှူဒါန်းသူတွေ ဖြစ်ပါတယ် ” ဟု ဒီဒိုးရှေးက ပြောပြ၏။
    ကျွေးမွေးမှုမတိုင်မီ တစ်နာရီခန့်အလိုတွင် မိမိအိမ်သို့ ယူပြန်လိုသူ ရာပေါင်းများစွာကို တန်းစီစေ၍ ထုပ်ပိုးပေးကမ်းကြသည်။
    လုပ်အားပေးသူ ၃၀ ဦးတွင် ကျောင်းသူကျောင်းသားများ၊ အလုပ်သမားများ၊ အလုပ်လက်မဲ့များ နှင့် အငြိမ်းစားများ ပါဝင်သည်။ ၄င်းသူတို့သည်  ချက်ပြုတ်ရေး၊ ဟင်းရွက်သီးနှံစီမံရေး၊ အစီအစဉ်ကျနရေး၊ သန့်ရှင်းရေး စသည့် မိမိတို့နှစ်သက်အားသန်ရာကဏ္ဍများ၌ စာနာမှုဖြင့် တိတိကျကျ ၀င်ရောက်လုပ်ကိုင်သွားလေ့ရှိကြသည်။
    “ တစ်စုံတစ်ရာကို ကောင်းကျိုးပြုပေးဆပ်ပြီး ကူညီဖို့အတွက် ဒီကိုရောက်လာခြင်းဖြစ်ပါတယ်။ ရမဿွာန်လအတွင်းမှာ ပိုမိုအားထုတ်ဖို့အရေးကြီးတယ်။ ဒီလိုလုပ်ခြင်းက နာမ်ပိုင်းဆိုင်ရာတင်းတိမ်မှုခံစားချက်ကို ရရှိစေတယ်လေ ” ဟု အသက် ၂၂ နှစ်အရွယ် လုပ်အားပေးတစ်ဦးဖြစ်သော အစ်စင်းန်မှ ဆိုသည်။
    မမေ့နိုင်စရာ အမှတ်သညာ
    မိမိ၏ခင်ပွန်းသည် ခါလစ်ဒ်နှင့်အတူ လာရောက်ဝါဖြေသော ၀ရ်ဒဟ်(၂၈ နှစ်)က “ ၀ါဖြေခြင်းက ကျွန်မအဖို့ အရေးအပါဆုံး သမယတစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ကျွန်မ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ပါဘူး ” ဟု France 24 သို့ပြောကြားခဲ့သည်။ သူမသည် ပြင်သစ်အနောက်ပိုင်းဒေသ ဇာတိမြေမှ ပဲရစ်သို့ မကြာသေးမှီက ပြောင်းရွှေ့လာသူဖြစ်သည်။ သူမအတွက် မျှော်လင့်မထားသောရပ်ဝန်းမှ အစီအစဉ်ကြောင့် အံ့သြ၀မ်းသာဖြစ်နေခဲ့၏။
    ထိုဇနီးမောင်နှံကား လွန်ခဲ့သည့် ၂ ပတ်ကတည်းက ရောက်လာခဲ့ခြင်းဖြစ်ပြီး၊ နေအိမ်နှင့်အလုပ်အကိုင် အခြေတကျ မရှိသေးချေ။
    “ ဒီ့အလျင်က ကျွန်တော်တို့ဟာ ဈေးဆိုင်တွေမှာ အချိန်အတော်ကြာ သွားလာခဲ့ပြီး ကားထဲမှာဖြစ်စေ၊ ဟိုတယ်မှာ ဖြစ်စေ စားသောက်ကြရတယ်။ ဒီရောက်လာတော့ တော်တော်အဆင်ပြေသွားတယ်။ နွေရာသီရဲ့အပူဒဏ်ပြင်းနေလင့်ကစား ပူပူနွေးနွေးစားသောက်ရတာက စိတ်ချမ်းသာစရာပါဘဲ ” ဟု ခါလစ်ဒ် က ဆို၏။
    ပြင်သစ်၌ အစ္စလာမ့်ပြက္ခဒိန်၏အမွန်မြတ်ဆုံး ရမဿွာန်လသည် ဇူလိုင် ၉ ရက်၊ အင်္ဂါနေ့က စတင်ခဲ့သည်။
    ရမဿွာန်လမြတ်တွင် အရွယ်ရောက်ပြီး မွတ်စ်လင်မ်တို့သည် အရုဏ်ချိန်မှ နေ၀င်ချိန်ထိ အစာရေစာ၊ ဆေးလိပ်၊ လိင်မှု ကိစ္စများကို ရှောင်ကြဉ်ကြသည့်ပြင် ဖျားနာသူများ၊ ခရီးသည်များကို ကူညီကြည့်ရှုလေ့ရှိကြ၏။ အလ္လာဟ်အရှင်မြတ်၏နှစ်မြို့မှု ရရှိရေးအလို့ငှာ ၀တ်ပြုမှုများ၊ မိမိကိုယ်ကို ထိန်းချုပ်မှုများ၊ ကောင်းမှုလုပ်ရပ်များဖြင့် ရမဿွာန်၏အချိန်ကာလများကို ဖြတ်သန်းလေ့ရှိကြသည်။
  • ဖရန့် ရီဘာရီ(Franck Ribéry) (ဘိုင်ယန်မြူးနစ် / ပြင်သစ်)
    သြဂုတ်-၂၊ ၂၀၁၃
    M-Media
    စုစည်းတင်ဆက်သူ-ဝေဇင်
    franck ribery
    အမည်အပြည့်အစုံ – ဖရန့် ရီဘာရီ(Franck Ribéry)
    မွေးသက္ကရာဇ်       – ၇၊ ၄၊ ၁၉၈၃
    ကစာသည့်နေရာ   – အလယ်တန်း
    ကလပ်               – ဘိုင်ယန်မြူးနစ်
    နိုင်ငံ                  – ပြင်သစ်
    ဖရန့်ရီဘာရီ(Franck Ribéry) ကို ၁၉၈၃ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် ပြင်သစ်နိုင်ငံမြောက်ပိုင်းရှိ Boulogne-sur-Mer မြို့တွင် မွေးဖွားခဲ့သည်။ ပြင်သစ်လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်ပြီး ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အသင်းတွင် ကစားနေသူဖြစ်သည်။ သူသည် ကွင်းလယ်ဘယ်တောင်ပံတွင် ကစားသူဖြစ်ပြီး သွက်လက် လျင်မြန်မှု၊ ဘောလုံးစွမ်းရည် ကျွမ်းကျင်မှုနှင့် သူ၏ တိကျသေချာသော ဘောလုံးပေးပို့မှုများကြောင့် လူသိများသည်။ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ပြီးနောက် ရီဘာရီမှာ ကမ္ဘာ့ဘောလုံးစင်မြင့် ထက်တွင် သူ့ခေတ်သူ့အခါ၏ ဘောလုံးမျိုးဆက်မှ ပြင်သစ်နိုင်ငံ၏ အကောင်းဆုံးဘောလုံးသမားတစ်ဦးအဖြစ် သတိပြုခြင်း ခံခဲ့ရသည်။ ပြင်သစ်နိုင်ငံ၏ ဂန္တ၀င် ကစားသမားဖြစ်သည့် ဇီဒိန်းက ပြင်သစ်ဘောလုံးလောက၏ အဖိုးတန် ရတနာတစ်ပါးအဖြစ် ရီဘာရီအား တင်စားခဲ့သည်။
    ပရော်ဖက်ရှင်နယ်စကားသမားဘဝ
    5
    ရီဘာရီသည် ဘောလုံးကစားသမားဘ၀ကို ၁၉၈၉ ခုနှစ်တွင် သူ၏မွေးရပ်မြေရှိ ကွန်တီ ဘိုလွန်နီ(Conti Boulogne) ကလပ်တွင်စတင်ခဲ့သည်။ ထိုကလပ်တွင် ၇ နှစ်ကြာကစားပြီးနောက် လိုင်လီအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ဖရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို စတင်ခဲ့သည်။ လိုင်လီအသင်းတွင် ၃ နှစ်ကြာကစားပြီးနောက် ၁၉၉၉ခုနှစ်တွင်  ယူအက်စ် ဘိုလွန်နီ(US Boulogne) အသင်းသို့ပြောင်းရွေ့ခဲ့ပြီး ၂ နှစ်ကြာ ကစားခဲ့သည်။ နောက်ပိုင်းတွင် ပြင်သစ်အပျော်တမ်းလိဂ် အသင်းဖြစ်သည့် အဲလက်စ်(Alès) နှင့် ဘရက်စ်(Brest) အသင်းတို့တွင် ၂ နှစ်ကြာကစားခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်တွင် ပြင်သစ်လိဂ်ဝမ်းကလပ် မတ်ဇ်(FC Metz) သို့ပြောင်းရွှေ့ခဲ့သည်။ သို့သော်လည်း မတ်ဇ်အသင်းတွင် ၆ လ သာကစားခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် တူရကီကလပ် ဂါလာတာစရေးသို့ပြောင်းရွှေ့ခဲ့ကာ ဂါလာတာစရေးနှင့် တူရကီဖလား(Turkish Cup) ကို ဆွတ်ခူးရရှိခဲ့သည်။
    ဂါလာတာစရေးတွင် ခြောက်လကြာပြီးနောက် ပြင်သစ်ကလပ်မာဆေးလ်အသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ မာဆေးလ်အသင်းတွင် နှစ်ရာသီကစားခဲ့ပြီး မာဆေးလ်အသင်းအား ပြင်သစ်ရှုံးထွက်ဖလား နောက်ဆုံးဗိုလ်လုပွဲထိ ရောက်ရှိအောင် ကူညီပေးခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ဂျာမနီကလပ် ဘိုင်ယန်မြူးနှစ်မှ အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းပေး၍ ခေါ်ယူခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းတွင် ခြေစွမ်းပြခဲ့သည့် ရီဘာရီမှာ အသင်းနှင့် ၂၀၁၃ ချန်ပီယံလိဂ်အပါဝင် ဆုဖလားပေါင်းများစွာကို ရရှိခဲ့သည်။
    နိုင်ငံလက်ရွေးစင်
    3
    ရီဘာရီသည် ပြင်သစ် ယူ ၂၁ အသင်းတွင်ကစားခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်း၏ အဓိက ကစားသမားတစ်ဦးလည်းဖြစ်လာခဲ့သည်။ ၂၀၀၆ ခုနှစ် မေလတွင် မက္ကဆီကိုနှင့်ကစားသောပွဲတွင် နိုင်ငံအသင်းအတွက် ပထမဦးဆုံး ပွဲထွက်ကစားခွင့်ရခဲ့သည့် ရီဘာရီမှာ ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်နှင့် ဥရောပဖလားဘောလုံးပြိုင်ပွဲနှစ်ကြိမ် ကစားခဲ့သူဖြစ်သည်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲ စပိန်အသင်းနှင့်ကစားသောပွဲတွင် သူ၏ ပထမဦးဆုံး နိုင်ငံတကာဂိုးကို သွင်းယူခဲ့ပြီး ဗိုလ်လုပွဲ အီတလီအသင်းနှင့်ကစားသည့်ပွဲတွင်လည်း ပါဝင်ခဲ့သည်။
    ရီဘာရီမှာ ပြင်သစ်နိုင်ငံ၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို နှစ်ကြိမ်တိုင်တိုင်ရရှိခဲ့သူဖြစ်ပြီး ဂျာမနီနိုင်ငံ၏ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကိုလည်း ဆွတ်ခူးရရှိခဲ့သူဖြစ်သည်။ ယူအီးအက်ဖ်အေမှရွေးချယ်သည့် တစ်နှစ်တာ အကောင်းဆုံးဘောလုံးအသင်းတွင်လည်း ပါဝင်ခွင့်ရရှိခဲ့သူဖြစ်ပြီး ပြင်သစ်နိုင်ငံ၏ အကောင်းဆုံး လူငယ်ကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရသူဖြစ်သည်။
    ရီဘာရီနှင့် အစ္စလာမ်သာသနာ
    2
    ရီဘာရီမှာ ၂၀၀၆ ခုနှစ်တွင်အစ္စလာမ်သာသာဝင်တစ်ယောက်ဖြစ်လာခဲ့ပြီး အစ္စလာမ်က သူ့အား ငြိမ်းချမ်းလုံခြုံစေသည်ဟုသူကဆိုသည်။
    ၂၀၀၉ ခုနှစ်တွင် ရီဘာရီသည် အွမ္မရာ ဘုရားဖူးခရီးစဉ်အဖြစ် မက္ကမြို့တော်သို့ မွတ်စလင်အသင်းဖော်များနှင့်အတူ သွားရောက်ခဲ့သည်။ ရီဘာရီမှာ ၎င်း၏ မွေးရပ် Boulogne-sur-Mer တွင် O’Shahiz  ဟု အမည်ရသည် အရက်မပါဘဲ သစ်သီးဖျော်ရည်များကို သာရောင်းသော ဘားတစ်ခုကို ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက ဖွင့်လှစ်ခဲ့သည်။ ပြင်သစ်များအား အရက်ကင်းစင်သည့် ရပ်ဝန်းတစ်ခု ဖန်းတီပေးလိုသည့် ရည်ရွှယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သူကဆိုသည်။
    အောင်မြင်မှုများ
    1
    ကလပ်
    ဂါလာတာစရေး၊ တူရကီဖလား (၂၀၀၅)
    မာဆေးလ်၊ ယူအီးအက်ဖ်အေ အင်တာတိုတိုဖလား (၂၀၀၅)
    ဘိုင်ယန်မြူးနစ်
    ဘွန်ဒစ်လီဂါ (၂၀၀၇-၂၀၀၈၊ ၂၀၀၉-၂၀၁၀၊ ၂၀၁၂-၂၀၁၃)
    ဂျာမနီရှုံးထွက်ဖလား (၂၀၀၈၊ ၂၀၁၀)
    ဂျာမနီလိဂ်ဖလား(၂၀၀၇)
    ဂျာမနီစူပါဖလား(၂၀၁၀၊ ၂၀၁၂)
    ချန်ပီယံလိဂ်ဖလား(၂၀၁၃)
    နိုင်ငံ
    ၂၀၀၆ ကမ္ဘာ့ဖလား ဒုတိယ
    တစ်ဦးချင်း
    UNFP ၏ တစ်နှစ်တာ အကောင်းဆုံး လူငယ်ဘောလုံးသမားဆု (၂၀၀၅၊ ၂၀၀၆)
    လိဂ်ဝမ်း အကောင်းဆုံးဂိုးသွင်းရှင်ဆု (၂၀၀၅-၂၀၀၆)
    UNFP ၏ တစ်လတာ အကောင်းဆုံး ဘောလုံးသမား (သြဂုတ် ၂၀၀၄၊ အောက်တိုဘာ ၂၀၀၅၊ ဧပြီ ၂၀၀၆)
    ပြင်သစ်နိုင်ငံ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု(၂၀၀၇၊ ၂၀၀၈)
    ဂျမနီနိုင်ငံ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု(၂၀၀၈)
    ယူအီးအက်ဖ်အေ တစ်နှစ်တာအကောင်းဆုံးအသင်း (၂၀၀၈)