News @ M-Media

Tag: Hungary

  • ဒုက္ခသည်များအပေါ် ရိုင်းပြခဲ့သည့် ဂျာနယ်လစ်တစ်ဦးကို ဟန်ဂေရီ ပြစ်ဒဏ်ချ

    ဒုက္ခသည်များအပေါ် ရိုင်းပြခဲ့သည့် ဂျာနယ်လစ်တစ်ဦးကို ဟန်ဂေရီ ပြစ်ဒဏ်ချ

    ဇန်န၀ါရီ ၁၄၊ ၂၀၁၇
    M-Media

    ဒုက္ခသည် သားအဖနှစ်ဦးအား လက်ဇ်လိုက ခြေထိုးခံခဲ့စဉ်

    – ၂၀၁၅ ခုနှစ်က နယ်စပ်တွင်ရှိနေသည့် ဒုက္ခသည်များအား ရဲတပ်ဖွဲ့က တားဆီးမှုအတွင်း ဒုက္ခသည်များကို ခြေထောက်ဖြင့် ကန်ခဲ့သည့် ဂျာနယ်လစ်တစ်ဦးကို ဟန်ဂေရီတရားရုံးက ၃ နှစ် ခံဝန်ဖြင့်နေထိုင်ရန် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။

    ရုပ်သံသတင်းထောက် ပီထရာ လက်ဇ်လိုဖြစ်ပြီး နိုင်ငံတောင်ပိုင်း ဇီဂဒ်မြို့ရှိ တရားရုံးကြားနာမှုအတွင်း ဗီဒီယိုမှတစ်ဆင့် ပါဝင်ခဲ့ကာ တရားရုံးအမိန့်အတွက် အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော အဆိုပါအဖြစ်အပျက်တွင် လက်ဇ်လိုမှာ ရဲများက လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးရသည့် ဆီးရီးယားဒုက္ခသည်များမှ အမျိုးသမီးငယ်တစ်ဦး အပါအ၀င် နှစ်ဦး ကိုခြေထောက်ဖြင့် ကန်ကျောက်ခဲ့ပြီး၊ နောက်ပိုင်းတွင် ကလေးငယ်တစ်ဦးကို ချီထားသည့် အသက် ၅၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း ခြေထိုးခံခဲ့သည်။

    တရားရုံးကမူ မိမိတို့အနေဖြင့် သူမ၏ အဖြစ်အပျက်တစ်ခုချင်းစီကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လက်ဇ်လို၏လုပ်ရပ်မှာ လူမှုကျင့်ဝတ်နှင့်မညီဟု ဆုံးဖြတ်ခဲ့သည်။ လက်ဇ်လိုကမူ မိမိမှာ မိမိကိုယ်ကို ခုခံကာကွယ်ခဲ့ခြင်းဖြစ်သည်ဟု ချေပခဲ့သော်လည်း တွေ့ရှိရသည့် အထောက်အထားများက ထိုချေပမှုနှင့် အံဝင်မှုမရှိဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။

    လက်ဇ်လို၏ ထိုလုပ်ရပ်ကို ရိုက်ကူးထားသည့် ဗီဒီယိုများ ထွက်လာခဲ့ပြီးနောက် ၎င်းအလုပ်လုပ်နေသည့် N1TV ရုပ်သံလိုင်းက သူမအား အလုပ်ထုတ်ခဲ့သည်။

    Ref: Aljazeera

  • ဆီးရီးယားဒုက္ခသည်များကို ကန်ကျောက်ခဲ့သည့် ဟန်ဂေရီဂျာနယ်လစ်တစ်ဦး တရားစွဲခံရ

    ဆီးရီးယားဒုက္ခသည်များကို ကန်ကျောက်ခဲ့သည့် ဟန်ဂေရီဂျာနယ်လစ်တစ်ဦး တရားစွဲခံရ

    စက်တင်ဘာ ၈၊ ၂၀၁၆
    M-Media

    hungary

    – ပြီးခဲ့သည့်နှစ်က ဆားဘီးယားနှင့် ကပ်နေသည့် ဟန်ဂေရီနယ်စပ်တွင် ဆီးရီးယားဒုက္ခသည်များအား ခြေထိုးခံခြင်း၊ ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့သည့် ဂျာနယ်လစ်တစ်ဦးကို ဟန်ဂေရီ အစိုးရရှေ့နေများက ယမန်နေ့တွင် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ပီထရာ လက်ဇ်လိုဆိုသည့် ကင်မရာရိုက်ကူးသူ အမျိုးသမီးဖြစ်ပြီး ‘လူငယ်အမျိုးသားတစ်ဦး၏ ခြေသလုံးအား ညာခြေဖြင့် ကန်ကျောက်မှု၊ မိန်းကလေးငယ်တစ်ဦး၏ ဒူးအား ညာခြေဖြင့် ဖြတ်ကန်မှု’ စသည့် ကျင့်ဝတ်မဲ့သော ထိုအပြုအမူအတွက် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် လက်ဇ်လိုမာ ကလေးငယ်တစ်ဦးကို ချီထားသည့် အမျိုးသားသားတစ်ဦးကိုလည်း ကန်ကျောက်ခဲ့ပြီး ထိုကန်ကျောက်မှုမှာ ထိမိခြင်းမရှိဟုလည်း ကြေငြာချက်တွင် ဖော်ပြထားသည်။ သို့သော်လည်း ထိုကဲ့သို့ကျူးလွန်ခြင်းမှာ လူမျိုးရေး ခွဲခြားလိုမှုမှ လှုံ့ဆော်သည့် အမုန်းရာဇ၀တ်မှုဖြစ်သည်ဆိုသော အထောက်အထားမရှိဟု ဆိုသည်။

    ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ထိုအဖြစ်အပျက်၏ ဗီဒီယိုမှာ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့သွားပြီးနောက် နိုင်ငံတကာမှ ဝေဖန်မှုများ ပေါ်ထွက်လာခဲ့ပြီး၊ လက်ဇ်လိုကမူ နောက်ပိုင်းတွင် သူမ၏ လုပ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့ကာ သူမအလုပ်လုပ်ရာ N1TV ကလည်း သူမအား ထုတ်ပယ်ခဲ့သည်။

    Ref: Aljazeera

  • ဒုက္ခသည်များအပေါ် ရိုက်နှက်မှု စုံစမ်းရန် ဟန်ဂေရီကို ကုလ တိုက်တွန်း

    ဒုက္ခသည်များအပေါ် ရိုက်နှက်မှု စုံစမ်းရန် ဟန်ဂေရီကို ကုလ တိုက်တွန်း

    ဇူလိုင် ၁၈၊ ၂၀၁၆
    M-Media

    hungary

    – နိုင်ငံအတွင်း ခိုလှုံဖို့ လာရောက်ကြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်တာ၊ ခွေးများလွှတ်ကာ ကိုက်ခိုင်းတာ စတာတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဟန်ဂေရီကို တိုက်တွန်းပြောကြားလိုက်ပြီး ပုံမှန်မဟုတ်တဲ့ ပြောင်းရွှေ့အခြေချသူတွေကို နယ်စပ်ခြုံစည်းရိုးအပြင်ဘက် ဆွဲထုတ်ဖို့ ခွင့်ပြုထာတဲ့ ဥပဒေအသစ်ကိုလည်း ရှုတ်ချခဲ့ပါတယ်။

    ဟန်ဂေရီတပ်ဖွဲ့တွေဟာ နိုင်ငံအတွင်း ၀င်ရောက်လာခဲ့တဲ့ ဒုက္ခသည်တွေကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတယ်ဆိုတဲ့ သတင်းတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထွက်ပေါ်လာခဲ့ပြီး ၀န်ကြီးချုပ်ရုံးအကြီးအကဲ ဂျာနို့စ် လာဇာကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ကာ စစ်သားတွေ၊ ရဲတွေရဲ့ တုံ့ပြန်မှုဟာ ကောင်းမွန်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဟန်ဂေရီဟာ တရားမ၀င်ရောက်လာတဲ့ ဒုက္ခသည်တွေကို တစ်ဖက်နိုင်ငံရဲ့ နယ်စပ် ခြံစည်းရိုး ငါးမိုင်ကျော်မှာ ထိန်းသိမ်းထားရမယ်ဆိုတဲ့ ဥပဒေသစ်တစ်ခုကို လက်ခံကျင့်သုံးဖို့ ပြီးခဲ့တဲ့လက ဆုံးဖြတ်ခဲ့ပါတယ်။

    “ဒီလိုကန့်သတ်ချုပ်ချယ်မှုတွေဟာ EU ဥပဒေ၊ နိုင်ငံတကာဥပဒေတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေပါတယ်၊ မတော်တရားပြုတဲ့ သတင်းတွေအပေါ် စုံစမ်းစစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒုက္ခသည်တွေကို ခွေးတွေလွှတ်ပြီး ကိုက်ခိုင်းတာ၊ ငရုတ်ကောင်း စပရေးတွေဖြန်းတာ၊ ရိုက်တာနှက်တာတွေလည်း ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒါတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဟန်ဂေရီအာဏာပိုင်တွေကို တောင်းဆိုပါတယ်” လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) ရဲ့ ပြောဆိုခွင့်ရှိသူ ၀ီလီယံ စပင်ဒလာက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ဆားဘီးယားကနေ ဟန်ဂေရီကို ၀င်ရောက်ဖို့ ကြိုးစားရင် Tisza မြစ်ထဲမှာ ဆီးရီးယားဒုက္ခသည်တစ်ဦး ရေနစ်သေဆုံးမှုနဲ့ ပတ်သက်ပြီး ရာဇ၀တ်မှုနဲ့ ညိစွန်းခြင်း ရှိ၊ မရှိ ဟန်ဂေရီအာဏာပိုင်တွေက ပြီးခဲ့တဲ့လအတွင်းမှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

    ဟန်ဂေရီဟာ တစ်နေ့ကို ဒက္ခသည် ၃၀ ကိုသာ ဖြတ်ကျော်ဝင်ရောက်ခွင့်ပေးပြီး စပင်ဒလာက အမျိုးသမီးနဲ့ ကလေးငယ်တွေအများစု အပါအ၀င် ဒုက္ခသည် ၁၄၀၀ ကျော်ဟာ ဆားဘီးယာနယ်စပ်တစ်လျှောက်မှာ သောင်တင်နေတယ်လို့ ဆိုပါတယ်။

    Ref : IINA

  • ဟန်ဂေရီက ဒုက္ခသည်များအပေါ် ဆက်ဆံမှု HRW ရှုတ်ချ

    ဟန်ဂေရီက ဒုက္ခသည်များအပေါ် ဆက်ဆံမှု HRW ရှုတ်ချ

    ဇူလိုင် ၁၅၊ ၂၀၁၆
    M-Media

    – ဟန်ဂေရီမှာ ရွှေ့ပြောင်းဒုက္ခသည်တွေကို ကြမ်းကြုတ်ရက်စက်စွာ ဆက်ဆံခဲ့တဲ့အပေါ် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ဝေဖန်ရှုတ်ချလိုက်ပြီး ဒုက္ခသည်တွေကို ဆားဘီးယားသို့ အတင်းအကြပ်ပြန်လည်မောင်းမထုတ်ခင် ရဲနဲ့စစ်သားတွေက ရိုတ်နှက်ခဲ့ကြတယ်လို့လည်း ပြောကြားလိုက်ပါတယ်။

    “ဟန်ဂေရီနယ်စပ်က ရွှေ့ပြောင်းဒုက္ခသည်တွေဟာ ဆားဘီးယားကို အတင်းအကြပ် ပြန်ပို့ခံခဲ့ရပြီး၊ တစ်ချို့ကိစ္စတွေမှာဆိုရင် သူတို့ကို ကာကွယ်ပေးဖို့ တောင်းဆိုတာကို စဉ်းစားမပေးဘဲ ရက်ရက်စက်စက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာမျိုးတွေ ရှိခဲ့ပါတယ်” လို့ Human Rights Watch က သူ့ရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    နယူးယောက်အခြေစိုက် အဲဒီအဖွဲ့ရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ အစီအရင်ခံမှာ ဧပြီနဲ့မေလအတွင်း ရွှေ့ပြောင်းဒုက္ခသည် ၁၂ ယောက်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးလည်း ပါဝင်ခဲ့ပြီး၊ အာဏာပိုင်တွေနဲ့ ကင်းလှည့်စစ်သားတွေဟာ သူတို့ကို ပြန်မောင်းမထုတ်ခင် ရက်ရက်စက်စက် ရိုက်နှက်ပြီး မတရားလုပ်ခဲ့တယ်လို့ ဖြေကြားထားပါတယ်။

    HRW သုတေသီတစ်ဦးဖြစ်သူ လီဒီယာ ဂေါလ်က ဟန်ဂေရီဟာ စည်းမျဉ်းအားလုံးကို ချိုးဖောက်နေပြီး ဆားဘီးယားက ဖြတ်လာတဲ့ ဒုက္ခသည်သည်တွေရဲ့ ခိုလှုံခွင့်တောင်းမှုကို မျက်နှာလွှဲခဲပစ်လုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဟန်ဂေရီပြည်ထဲရေးဝန်ကြီးဌာနကတော့ အခုနှစ်အတွင်းမှာ ဒီလိုတိုင်ကြားမှုပေါင်း ၈ ခုသာ ရှိသေးပြီး၊ စုံစမ်းစစ်ဆေးသူတွေက ဒီကိစ္စတွေဟာ အထောက်အထားမခိုင်မာဘူးလို့ ဆုံးဖြတ်ခဲ့ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပြီး HRW အနေနဲ့ အခြေအနေအချိန်အခါကို နားမလည်ဘဲ ခိုလှုံသူတွေနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကို တလွဲ အဓိပ္ပါယ်ကောက်နေတယ်လို့လည်း အဲဒီကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref : IINA

  • ဒုက္ခသည်အလောင်းများ တွေ့ရပြီးနောက် သြစတြီးယားနှင့် ဟန်ဂေရီတို့ ရှာဖွေဖမ်းဆီးမှု ပြုလုပ်

    ဒုက္ခသည်အလောင်းများ တွေ့ရပြီးနောက် သြစတြီးယားနှင့် ဟန်ဂေရီတို့ ရှာဖွေဖမ်းဆီးမှု ပြုလုပ်

    သြဂုတ် ၂၉၊ ၂၀၁၅
    M-Media

    austria

    – သြစတြီးယားနိုင်ငံ အဝေးပြေးကားလမ်းမပေါ်၌ ရပ်ထားသည့် ထရပ်ကားထဲတွင် ဒုက္ခသည် ၇၁ ဦး၏ အလောင်းများကို တွေ့ရှိခဲ့ရပြီးနောက် သြစတြီးယားနှင့် ဟန်ဂေရီနိုင်ငံတို့က ဖမ်းဆီးမှုများကို ပြုလုပ်ခဲ့သည်ဟု သိရသည်။

    သြစတြီးယားရဲတပ်ဖွဲ့ကမူ ၎င်းတို့မှာ လူ ၃ ဦးကို ဖမ်းဆီးလိုက်ပြီး ဟန်ဂေရီရဲတပ်ဖွဲ့က လူ ၄ ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ပြောကြားခဲ့သည်။

    အဆိုပါထရပ်ကားကို ကြာသာပတေးနေ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကနဦးတွင် သေဆုံးသူမှာ ၂၀ နှင့် ၅၀ ကြားတွင် ရှိမည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ သို့သော်လည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၇၁ ဦးအထိရှိကြောင်း တွေ့ရှိခဲ့ရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သြစတြီးယားရဲတပ်ဖွဲ့ တာဝန်ရှိသူ ဟန်စ် ပီတာ ဒို့စ်ကိုဇီးလ်က သေဆုံးသူများမှာ အမျိုးသား ၅၉ ဦး၊ အမျိုးသမီး ၈ ဦးနှင့် မွေးကင်းစ တစ်ဦးအပါအ၀င် ကလေးငယ် ၄ ဦးတို့ဖြစ်ကြကာ အသက်ရှုကြပ်၍ သေဆုံးရခြင်း ဖြစ်ဖွယ်ရှိသည်ဟု ပြောကြားခဲ့သည်။

    သေဆုံးသွားသူများထဲမှ အချို့တွင် ဆီးရီးယားမှ ခရီးသွားစာရွက်စာတမ်းတစ်ခုကို တွေ့ရှိခဲ့ရပြီး၊ အခြားသော နိုင်ငံများက ပါဝင်လားဆိုသည်ကို အချိန်ယူ၍ ဆုံးဖြတ်ရမည်ဟု ဒို့စ်ကိုဇီးလ်က ထည့်သွင်းပြောကြားခဲ့သည်။

    ဟန်ဂေရီ ရဲတပ်ဖွဲ့ကမူ ဘူလ်ဂေးရီးယား ၃ ဦးနှင့် အာဖဂန်တစ်ဦးတို့ကို ဖမ်းဆီးထားပြီး၊ တစ်အိမ်တက်ဆင်း ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီးနောက် အကြမ်းဖျင်း လူ ၂၀ ခန့်ကို စုံစမ်းမေးမြန်းခဲ့သည်ဟု ဆိုသည်။

    “ဒါဟာ ကြိုးကိုင်သူတွေဆီ ရောက်သွားမယ့် လမ်းကြောင်းလို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဒို့စ်ကိုဇီးလ်က ပြောကြားခဲ့ပြီး ဖမ်းဆီးထားသူများမှာ မှောင်ခိုဂိုဏ်းမှ ခေါင်းဆောင်များမဟုတ်ဟုလည်း ဆိုသည်။

    သီးခြားဖြစ်စဉ်တစ်ခုအဖြစ် ယမန်နေ့က ရိုးမေးနီးယားလူကုန်ကူးသူဟု သံသယရှိသူတစ်ဦး မောင်းနှင်လာသော ဗန်ကားတစ်စီးမှာ ဘူဒါပက်စ်သို့သွားရာ လမ်းကြောင်းတွင် တိမ်းမှောက်ခဲ့သောကြောင့် ဆီးရီးယားဒုက္ခသည် ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဟန်ဂေရီရဲတပ်ဖွဲ့က ဆိုသည်။

    ဟန်ဂေရီတွင် ပြီးခဲ့သည့်နှစ်က လူကုန်ကူးသူ ၅၉၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ယခုနှစ်အတွင်း ဖမ်းဆီးရမိထားသည့် လူကုန်ကူးသူအရေအတွက်မှာ ၇၇၆ ဦး ရှိနေပြီဖြစ်သည်။

    Ref: Aljazeera