စက်တင်ဘာ ၈၊ ၂၀၁၆
M-Media
– ပြီးခဲ့သည့်နှစ်က ဆားဘီးယားနှင့် ကပ်နေသည့် ဟန်ဂေရီနယ်စပ်တွင် ဆီးရီးယားဒုက္ခသည်များအား ခြေထိုးခံခြင်း၊ ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့သည့် ဂျာနယ်လစ်တစ်ဦးကို ဟန်ဂေရီ အစိုးရရှေ့နေများက ယမန်နေ့တွင် တရားစွဲဆိုလိုက်သည်ဟု သိရသည်။
ပီထရာ လက်ဇ်လိုဆိုသည့် ကင်မရာရိုက်ကူးသူ အမျိုးသမီးဖြစ်ပြီး ‘လူငယ်အမျိုးသားတစ်ဦး၏ ခြေသလုံးအား ညာခြေဖြင့် ကန်ကျောက်မှု၊ မိန်းကလေးငယ်တစ်ဦး၏ ဒူးအား ညာခြေဖြင့် ဖြတ်ကန်မှု’ စသည့် ကျင့်ဝတ်မဲ့သော ထိုအပြုအမူအတွက် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် လက်ဇ်လိုမာ ကလေးငယ်တစ်ဦးကို ချီထားသည့် အမျိုးသားသားတစ်ဦးကိုလည်း ကန်ကျောက်ခဲ့ပြီး ထိုကန်ကျောက်မှုမှာ ထိမိခြင်းမရှိဟုလည်း ကြေငြာချက်တွင် ဖော်ပြထားသည်။ သို့သော်လည်း ထိုကဲ့သို့ကျူးလွန်ခြင်းမှာ လူမျိုးရေး ခွဲခြားလိုမှုမှ လှုံ့ဆော်သည့် အမုန်းရာဇ၀တ်မှုဖြစ်သည်ဆိုသော အထောက်အထားမရှိဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ထိုအဖြစ်အပျက်၏ ဗီဒီယိုမှာ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့သွားပြီးနောက် နိုင်ငံတကာမှ ဝေဖန်မှုများ ပေါ်ထွက်လာခဲ့ပြီး၊ လက်ဇ်လိုကမူ နောက်ပိုင်းတွင် သူမ၏ လုပ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့ကာ သူမအလုပ်လုပ်ရာ N1TV ကလည်း သူမအား ထုတ်ပယ်ခဲ့သည်။
Ref: Aljazeera


Leave a Reply
You must be logged in to post a comment.