News @ M-Media
Tag: India
  • မြန်မာကိုစစ်ရေး အကူအညီပေးခြင်းဖြင့် တရုတ်အင်အားနှင့် ချိန်ခွင်လျှာညှိရန် အိန္ဒိယကြိုးပမ်း
    နိုဝင်ဘာ-၄ ၂၀၁၃
    M-Media
    Manmohan Singhs
    နယူးဒေလီ။        ။ မြန်မာနိုင်ငံတွင်း၌ တရုတ်မှ ဗျူဟာကျကျလမ်းခင်းထားမှုအား တန်ပြန်ရေးအတွက် အိန္ဒိယသည် မြန်မာကို ဒုံးကျည်လက်နက်များပေးနေရာမှာ ဝေဟင်စောင့်ကြည့် ရေကြောင်းကင်းလှည့်မှု နှင့် တန်ပြန်ထောက်လှမ်းမှုအသုံးချ တိုက်ပွဲဝင်စစ်သုံး ဆော့ဖ်ဝဲ အစီအစဉ်များကိုပါ အကူအညီပေးခြင်းဖြင့် တဆင့်ချင်း ခြေလှမ်းလာလျက်ရှိသည်။
    အိန္ဒိယစစ်ဦးစီးဗိုလ်ချုပ် ဘစ်ကရမ်းဆင်းသည် မြန်မာနိုင်ငံသို့အလည်အပတ်ရောက်စဉ် သမ္မတဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် လုံခြုံရေးဆိုင်ရာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု ကိစ္စများကို တွေ့ဆုံဆွေးနွေးခဲ့သည်။
    “ မြန်မာဟာ စစ်လက်နက်ထောက်ပံ့ရေး၊ စစ်သင်တန်း၊ နယ်စပ်ရေးရာကိစ္စများအားဖြင့် အိန္ဒိယနဲ့အနီးကပ်ဆက်ဆံပြီး လုံခြုံရေးတိုးမြှင့်ချဲ့ထွင်ဖို့ စိတ်အားထက်သန်နေပါတယ်။ မကြာတော့တဲ့ကာလအတွင်း ကျွန်တော်တို့က ဘူတန်၊ ဘော့စ်ဝါနာနဲ့အခြားဒေသမှာလုပ်ခဲ့သလိုမျိုး အိန္ဒိယနယ်မြေပိုင်နက်ထဲ စစ်လေ့ကျင့်ရေးသင်တန်းတစ်ရပ် အခြေစိုက်ပြုလုပ်သွားဖို့ မြန်မာဖက်က သဘောတူထားပါပြီ ” ဟု အရာရှိသူတစ်ဦးမှ ပြောကြားသည်။
    အိန္ဒိယသည် ဒုံးကျည်လက်နက်၊ မော်တာနှင့် ရိုင်ဖယ်သေနတ်များ၊ ရေဒါများ၊ ညဥ့်အမှောင်တွင်းအသုံးချကိရိယာများ၊ ဆက်သွယ်ရေးပစ္စည်းများအပြင် လမ်းတံတားတည်ဆောက်ရေးဆိုင်ရာပစ္စည်းကိရိယာများကို မြန်မာစစ်တပ်သို့ ထောက်ပံ့လျက်ရှိသည်။
    မြန်မာစစ်တပ်အတွက် “Combat decision resolution” နှင့် “Infantry company commanders tactical trainer” အမည်ရှိ တိုက်ပွဲဝင်စစ်သုံးဆော့ဖ်ဝဲအစီအစဉ် ၂ ရပ် သင်တန်းနှင့်အတူ ဝေဟင်ပျံစက်မဲ့ဂလိုက်ဒါယာဉ် ငါးစီးကိုလည်း ပြင်ဦးလွင်ရှိ စစ်တက္ကသိုလ်သို့ လွှဲပြောင်းပေးမည်ဟု ဗိုလ်ချုပ်ဆင်း၏ခရီးစဉ်၌ ယာယီသဘောတူညီချက် ရရှိခဲ့သည်။
    “ မီဇိုရမ်နယ် Mizoram က Vairengte မှာရှိတဲ့ အိန္ဒိယတပ်မတော် တန်ပြန်ထောက်လှမ်းရေးနဲ့တောတွင်း စစ်ဆင်ရေး သင်တန်းကျောင်းမှာ မြန်မာစစ်တပ်ကို အထူး သင်တန်းပေးမဲ့ အစီအစဉ်ကိုလည်း ပြုလုပ်ပေးမှာဖြစ်တယ်။ နှစ်စဉ်နှစ်တိုင်း သင်တန်း အသီးသီးနေရာမှာ ဦးရေ တစ်ရာကျော်မက လက်ခံပေးသွားမှာပါ။ ရေတပ်နဲ့လေတပ်တွေလည်း သင်တန်းမှာ အခါအားလျော်စွာ ထည့်သွင်း ပါဝင်ပါလိမ့်မယ်။ သူတို့တစ်တွေက ကုန်းကြောင်း တိုက်ပွဲသုံးယာဉ်နဲ့ တင့်ကားတွေ၊ သတင်းအချက် အလက်နည်းပညာ၊ ထောက်လှမ်းရေး နဲ့ အင်္ဂလိပ်ဘာသာ စကားဆိုင်ရာ သင်တန်းတွေကို အခြားအရာများထက် ပိုပြီးအားသန်နေကြတယ်။ မြန်မာတပ်မတော်ဦးစီးက လာမယ့် ဒီဇင်ဘာ ၁၁ ရက်ကနေ ၁၄ ရက်အထိ အိန္ဒိယကို လာရောက်ပါဦးမယ် ” ဟု ၄င်းမှ ထပ်မံပြောပြသည်။
    အိန္ဒိယ၏ ကုန်းကြောင်းရေကြောင်းနယ်နမိတ်နှင့် ၁၆၄၃ ကီလိုမီတာအထိ ထိစပ်ဆက်နွှယ်နေသည့် တစ်ခုတည်းသော အာဆီယံနိုင်ငံမှာ မြန်မာဖြစ်၏။ ၂၀၁၂ ခုနှစ်၊ မေလက ၀န်ကြီးချုပ် မန်မိုဟန်ဆင်းသည် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် နေပြည်တော်သို့ရောက်လာ၍ မြန်မာနိုင်ငံနှင့် သံတမန်ရေး၊ စီးပွားရေး၊ စစ်ရေးကိစ္စများ ပူးပေါင်းတိုးမြှင့်ရေးကို အခိုင်အမာဆွေးနွေးခဲ့သည်။
    ထို့နောက်ပိုင်း ကာကွယ်ရေးဝန်ကြီး A K Antony ၊ လေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး  N A K Browne စသည့် စစ်ရေးခေါင်းဆောင်များသည်လည်း စစ်ရေးဆက်ဆံမှုခိုင်မာအောင် မြန်မာသို့ အလည်အပတ်ရောက်လာခဲ့ကြသည်။ ယမန်နှစ်နိုဝင်ဘာလက အမေရိကန်သမ္မတ ဘားရက်အိုဘားမား သည် နေပြည်တော်သို့ ပထမဆုံးလာရောက်ခဲ့ပြီးနောက် အနောက်နိုင်ငံများသည် ပင်လျှင် မြန်မာစစ်ခေါင်းဆောင်များနှင့် သဟဇာတဖြစ်လာရေးအတွက် အားထုတ်လျက်ရှိနေပေသည်။
    Ref:indiatimes
  • အိန္ဒိယ မုဇဖ္ဖာနာဂါ၌ မွတ်စလင်မ် ၄ ဦး အသတ်ခံရပြီးနောက် ဟိန္ဒူ-မွတ်စ်လင်မ် အဓိကရုဏ်းဖြစ်ပွား
    နိုဝင်ဘာ-၂ ၂၀၁၃
    M-Media
    Muslims-Killed-in-Muzaffarnagar-Riots
    နယူးဒေလီ။     ။ အိန္ဒိယနိုင်ငံ၊ UP ဥတားပရာဒက်ရှ်ခရိုင်အနောက်ပိုင်းရှိ မုဇဖ္ဖာနာဂါ၌ အောက်တိုဘာ ၃၁ ရက်၊ ကြာသပတေးနေ့က ဟိန္ဒူ-မွတ်စ်လင်မ် အဓိကရုဏ်းဖြစ်ပွားရာ လူ ၄၇ ဦး သေဆုံးခဲ့သည်။ ထိုအရပ်၌ လွန်ခဲ့သည့်လက လူလေးဦးအား အကြမ်းဖက်မှု သတ်ဖြတ်ပြီးနောက် ယင်းသို့ ဖြစ်ပွားလာခြင်းဟု ဆိုသည်။
    “ ဗုဒ္ဓဟူးနေ့က အမှုဖြစ်ပွားချိန် ရဲတပ်ဖွဲ့က အချိန်မှီထိန်းသိမ်းပေမယ့်လည်း လက်ရဲဇက်ရဲလူတစ်ချို့ကြောင့် ပိုပြီးဆိုးရွားကုန်တယ်။ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ကို အရေးယူသွားမှာပါ ” ဟု ပြည်နယ်ရဲချုပ် ဒိဗ်ရာ့ဂ်ျ နာဂါမှ PTI  သတင်းဌာန၏သတင်းထောက်များထံ ပြောကြားသည်။
    အိန္ဒိယ၏အဆင်းရဲဆုံးပြည်နယ် ဥတားပရာဒက်ရှ် ၏ မြောက်ပိုင်း မုဇဖ္ဖာနာဂါခရိုင် ဗုဒ္ဓနာအရပ်၌ မွတ်စ်လင်မ်လေးဦး အကြမ်းဖက်သတ်ဖြတ်ခံရပြီးနောက် အဓိကရုဏ်းများဖြစ်ပေါ်ခဲ့ရာ လူ ၆၀ ကျော် သေဆုံးခဲ့ရသည်။
    သီးခြားဖြစ်စဉ်တစ်ခုအနေဖြင့် ဟုစိုင်းန်ပူးရ်ရွာအနီး လင်မယားနှစ်ဦးသည် ဆရာဝန်ထံမှအပြန်လမ်းတွင် တိုက်ခိုက်ခံရရာ အမျိုးသမီးဖြစ်သူ သေဆုံးသွားသည်။
    ယခုအခါ လူ ၈ ဦးအားဖမ်းဆီးထားပြီး ယမန်နေ့ညအကြမ်းဖက်မှု၌ ပါဝင်ပတ်သက်သူ ၁၅ ဦးအား စစ်ဆေးလျက်ရှိသည်။  ၄င်းဝန်းကျင်၌ ပြည်သူ့စစ်အဖွဲ့များကလည်း ကင်းလှည့်နေကြသည်။ ထိုဖြစ်ရပ်များကြောင့် ဒေသတွင်း လူ့အသိုင်းဝိုင်းများအကြား အခြေအနေတင်းမာနေ၏။
    မုဇဖ္ဖာနာဂါတွင် လတ်တစ်လောဖြစ်ပွားသည့် ဟိန္ဒူ-မွတ်စ်လင်မ်အဓိကရုဏ်းတွင် လူ ၄၇ ဦးသေဆုံးခဲ့ပြီး လူပေါင်း လေးသောင်းခန့် အိုးအိမ်စွန့်ခဲ့ရသည်ဟု အာဏာပိုင်များက ဆိုသည်။
    လူဦးရေ သန်း ၂၀၀ ရှိ ဥတားပရာဒက်ရှ်နယ်တွင် ၁၉၉၂ ခုနှစ်က ၁၆ ရာစု ရှေးဟောင်းဗလီဝတ်ကျောင်း တစ်လုံးအား မီးရှို့ရာမှ ပဋိပက္ခဖြစ်ပွားပြီး လူပေါင်း ၂၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ဖူးသည်။
    “ ဒီလိုအကြမ်းဖက်မှုဖြစ်လာအောင် အချို့သူတွေ မီးမွှေးနေတာပါ။ အဲ့ဒီလူတွေကို ကျွန်တော် သတိပေးလိုက်ပါမယ်။ သူတို့အနေနဲ့ အစိုးရရဲ့အင်အားကို စိန်ခေါ်ယှဉ်ပြိုင်နိုင်စွမ်း မရှိပါဘူး။ အလားတူလှုပ်ရှားမှုမျိုးတွေကို ဘယ်လိုချေမှုန်းရမယ်ဆိုတာ ကျွန်တော် ကောင်းကောင်းသိတယ်လို့ သူတို့ကို ပြောလိုက်ချင်ပါတယ် ” ဟု ဥတားပရာဒက်ရှ်၏ စမဂ်ျဝဒီ ပါတီအကြီးအကဲ မူလာယမ်ဆင်း ယဒဗ်က NDTY သို့ ကြာသပတေးနေ့တွင် သတိပေးပြောကြားလိုက်သည်။
    “ ဒီနိုင်ငံရဲ့ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး။ မုဇ္ဖဖာနာဂါအကြမ်းဖက်မှုမှာ တာဝန်ရှိသူအားလုံးကို ကြပ်ကြပ်မတ်မတ် အရေးယူသွားမယ် ” ဟုလည်း ၄င်းမှ မီဒီယာများထံပြောဆိုကြောင်း IBNS က ဖော်ပြသည်။
    အိန္ဒိယသမိုင်း၌ ယင်းဒေသတွင် မွတ်စ်လင်မ်ဆန့်ကျင်ရေးတိုက်ခိုက်မှုများမှာ တစ်ကြိမ်တစ်ခါတည်း မဟုတ်ခဲ့ပေ။ ၁၉၄၇ ခုနှစ်ကလည်းကောင်း၊ ၁၉၉၂ ခုနှစ်ကလည်းကောင်း ဖြစ်ပွားခဲ့ဖူး၏။
    ဥတားပရာဒက်ရှ်မှပြည်သူများသည် အေးချမ်းတည်ငြိမ်စွာနေထိုင်ရန် တိုက်တွန်းလိုက်ကြောင်း၊ ပြည်နယ်အစိုးရမှလည်း အတို့အထောင် လုပ်သူများကို ပြင်းထန်စွာ အရေးယူမည်ဟုမျှော်လင့်ကြောင်း၊ မိမိသည်လည်း စိတ်ထိခိုက်ရကြောင်း BJP ပါတီဥက္ကဌ ရဂ်ျနဆ်ဆင်းမှ ပြောကြားလိုက်သည်။
    Ref: OnIslam
  • ဇနီးဖြစ်သူမှ ဖေ့စ်ဘွတ်ပေါ် ဓာတ်ပုံတင်၍ အိန္ဒိယဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်
    အောက်တိုဘာ- ၃၁ ၂၀၁၃
    M-Media
    IIvqmMO.jpg.pagespeed.ce_.JI6TPQ4UAI
    မိမိ၏ကြင်စဦးဇနီးမှ ဖေ့စ်ဘွတ်ပေါ်ဓာတ်ပုံတင်သည့်အကြောင်းဖြင့် အချင်းများပြီးနောက် MNC ၌လုပ်ကိုင်နေသည့် ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးသည် ယမန်နေ့က မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။
    Jharkand မှ ချန်ဒန်ကူးမား (၂၉ နှစ်) သည် မိဘ၏ သဘောကို ဆန့်ကျင်၍ Chennai မှ စန်ဟီယာနှင့် Chennai ရှိ ချာ့ခ်ျကျောင်း တစ်ခုတွင် မကြာသေးမီက လက်ထပ်ထိမ်းမြားခဲ့သည်။ သတို့သမီး စန်ဟီယာသည် ခရစ်ယာန်ဖြစ်ပြီး ချန်ဒန်သည် ဟိန္ဒူဖြစ်သည်။ ချန်ဒန်၏ မိသားစုမှ သဘောမတူသော်လည်း စန်ဟီယာမိသားစု၏ အကျိုးဆောင်မှုဖြင့် ချာ့ခ်ျတစ်ခု၌ လက်ထပ် ထိမ်းမြားရန် သဘောတူခဲ့ကြသည်။
    မင်္ဂလာပွဲပြီးဆုံးပြီးနောက် ထိမ်းမြားမှုဓာတ်ပုံများကို စန်ဟီယာမှ ဖေ့စ်ဘွတ်ပေါ် တင်လိုက်သည်။ Jharkand ရှိ ချန်ဒန်၏ ၀မ်းကွဲညီအစ်ကိုများမှသိရှိပြီး သူ့မိဘများထံ အကြောင်းကြားနိုင်စေရန် ဖြစ်သည်။
    ချန်ဒန်၏မိဘများက သူ့အား မဆိုင်းမတွ ဆက်သွယ်လာပြီး ၄င်းတို့အနေဖြင့် အလွန်ပင် စိတ်ထိခိုက်ခံစားရကြောင်း ဖော်ပြလေရာ သူက ဖေ့စ်ဘွတ်ပေါ်တင်ထားသော ဓာတ်ပုံများကို ချက်ခြင်းဖယ်ရှားလိုက်၏။ ယင်းသို့ပြုခြင်းကို စန်ဟီယာမှ ကန့်ကွက်ပြီး မရှေးမနှောင်းမှာပင် ယင်းအဖြစ်ဆိုးကိုကြုံရခြင်းဖြစ်သည်။ စုံစမ်းမေးမြန်းပြီးနောက် ရဲတပ်ဖွဲ့က စန်ဟီယာသည် မိမိတို့၏ တရားဝင် ထိမ်းမြားမှု ဓာတ်ပုံများကို မဖယ်ရှားလိုခဲ့ပါဟု ပြောဆိုသည်။
    စနေနေ့ညဥ့်က အချေအတင်စကားများခဲ့ကြသည်။ ၄င်းနောက် သီးခြားစီ အခန်းခွဲအိပ်ခဲ့ကြသည်။ တနင်္ဂနွေနေ့ နံနက်ခင်းတွင် ချန်ဒန်သည် အခန်းတွင်းမှ ထွက်မလာသဖြင့် စန်ဟီယာမှာ တံခါးဖွင့်ကြည့်ရာ မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ထားကြောင်း တွေ့ခဲ့ရသည်။ အဆုံးစီရင်ရခြင်း စာတို တစ်စောင်ကိုလည်းရေးသားခဲ့သည်။ ၄င်းစာအရ ချန်ဒန်သည် မိမိ၏ဇနီးအား ချစ်မြတ်နိုးဆဲဖြစ်သော်လည်း သူမသည် ဖေ့စ်ဘွတ်ပေါ်မှ ဓာတ်ပုံများကို မဖယ်ရှားသည့် အတွက် အလွန် စိတ်ထိခိုက်ကာ မိမိဘ၀ကိုအဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ယင်းအမှုကို Chennai ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးဆဲဖြစ်သည်။
    Ref: The Real Singapore
    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]
  • နာမည်ကြီး ဟိန္ဒူ ဂုရုတစ်ဦး မုဒိန်းမှုဖြင့် ထိန်းသိမ်းခံရ
    စက်တင်ဘာ ၃ ၊ ၂၀၁၃
    M-Media
    _69601966_69601961
    သူသည် ဒဏ်ငွေဆောင်လျော်ကြေးပေးရန်တောင်းဆိုခြင်းခံထားရကာ အင်္ဂါနေ့တွင် တရားရုံးမှ ကြားနာမည်ဖြစ်သည်။
    အဆရာမ်ဘာဘူက မိမိ၌ အပြစ်မရှိကြောင်းဆို၍ ဒဏ်ငွေတပ်ခံရမှုကို ငြင်းဆိုထားသည်။
    ယခုနှစ်အစောပိုင်းတွင် ဒေလီမြို့ရှိ မုဒိန်းဂိုဏ်း၏ဓားစာခံများနှင့်ပတ်သက်၍ မဆင်မခြင်ပြောဆိုမှုအတွက် သူ့အား ဝေဖန်ခဲ့ကြသည်။
    သူ၏အမြင်က အိန္ဒိယလူထုအကြား ဒေါသူပုန်ထသွားစေခဲ့သည်။
    အသက် ၇၂ နှစ်အရွယ် ဂုရု၏ ပင်မတရားစခန်းမှာ ဂူဂျာရတ်ပြည်နယ်၊ အဟ်မဒီဘတ်မြို့၌ တည်ရှိပြီး အိန္ဒိယအတွင်း နောက်လိုက်သား သန်းနှင့်ချီရှိနေသည်။ သူ၏ ဟိန္ဒူဘာသာနှင့်ကျင့်ကြံမှုပုံဟန်များကြောင့် တဟုန်ထိုးရေပန်းစား ကျော်ကြားလာခဲ့သူဖြစ်သည်။
    အင်ဒိုရီမြို့လယ်ရှိ သူ့တရားစခန်း၌ သူ့အား စနေနေ့ညတွင် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ တနင်္ဂနွေနေ့တွင် အခင်းဖြစ်ပွားခဲ့သော ရာဂျတ်စတန်ပြည်နယ်အနောက်ပိုင်းရှိ ဂျိုဟ်ပူးရ်မြို့သို့ ပို့ဆောင်ခဲ့သည်။
    မြို့အသီးသီးရှိ သူ့အားထောက်ခံသူများမှ ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး နိုင်ငံရေးကိစ္စဖြင့် ထိန်းသိမ်းခံရသည်ဟု ဆိုကြသည်။
    သို့သော် ယင်းတရားစခန်းကို ဆန့်ကျင်သူတို့လည်း အများအပြားရှိနေကြကာ အခြားသောမုဒိန်းမှုကျူးလွန်သူတို့အတိုင်း စီရင်ဖို့တောင်းဆိုလျက်ရှိကြသည်။
    မိန်းကလေး၏မိသားစုသည် မိမိတို့မှာ ယင်းဂုရု၏နောက်လိုက်များအဖြစ် ၁၂ နှစ်ကြာအောင်ရှိခဲ့ကြကြောင်း၊ ပြီးခဲ့သည့် အပတ်က ၀တ်ပြုမှုပြီးသည့်နောက် မိန်းကလေးငယ်အား နေရစ်ရန် ခိုင်းစေပြီးစော်ကားခဲ့ကြောင်း၊ ထိုအချိန်တွင် မိခင်ဖြစ်သူမှာ ပြင်ပတွင်စောင့်ဆိုင်းနေခဲ့ရကြောင်း ရဲဌာနသို့ တိုင်ကြားထားသည်။
    Ref: BBC
  • ဗုဒ္ဓဂါယာ ပေါက်ကွဲမှု့ နှင့် ပတ်သက်၍ ကျောင်းဆောင် ထိန်းသိမ်းရေး အတွင်းရေးမှူးဟောင်းများကို စစ်ဆေးမည်
    ဇူလိုင်-၃၁-၂၀၁၃
    M-Media
    Ref: India Times
    ဘုရား ကျောင်းဆောင် ထိန်းသိမ်းရေး ဌာနမှ အတွင်းရေးမှုးဟောင်းများအား ဗုဒ္ဓဂါယာအတွင်း ပေါက်ကွဲမှုဖြင့် ပတ်သက်၍ NIA မှ စုံစမ်းမည်
    gaya
    GAYA: ဗုဒ္ဓဂါယာတွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲမှု၏ အဓိက သံသယရှိသူမှာ IM (အိန္ဒိယ မူဂျာဟစ်ဒ်) များဖြစ်သော် လည်း NIA (အိန္ဒိယအမျိုးသားကာကွယ်ရေး အေဂျင်စီ) ၏ စုံစမ်းစစ်ဆေးခြင်းမှ ရရှိခဲ့သော အချက်အလက်များအရ ဗုဒ္ဓဂါယာ ဘုရားကျောင်း ဆောင် ထိန်းသိန်းရေး ကော်မတီ (Bodh Gaya Temple Management Committee (BTMC)) ၏ အတွင်းရေးမှုးဟောင်း ၂ ဦးအား စုံစမ်းမည်ဖြစ်ကြောင်း သိရသည်။ ထို အတွင်းရေးမှုးဟောင်းများ သည် ယခင်က အလုပ်လုပ်ဆောင်ခဲ့ချိန်တွင် ရန်ငြိုးထားစရာ အကြောင်းများရှိခဲ့ကြောင်း နှင့် သူတို့၏ အကျင့်ပျက် လုပ်ဆောင် ချက်များကြောင့် သူတို့အား တရားဝင်ကြေငြာခြင်း မရှိဘဲ အလုပ်ထုတ်ပယ် ခဲ့သည့်အတွက်ကြောင့်ဖြစ်သည်။
    ၎င်း အတွင်းရေးမှုး ၂ ဦးအနက် တစ်ဦးသည် ဗုဒ္ဓတရားကျင့်ကြံခဲ့သော မြင့်မြတ်သည့် ဗောဓိညောင်ပင် ရှိ သစ်ကိုင်းများအား သဘာဝအတိုင်း မဟုတ်ဘဲ ကြွေကျအောင် လုပ်ဆောင်ခဲ့ပြီး ထို သစ်ကိုင်းများအား တန်ဖိုးတစ်ခုသတ်မှတ်ကာ ရောင်းချခဲ့သည် ဟု သိရသည်။ နောက်တစ်ဦးမှာ ဘုရားဗိမာန်တော်အား တားမြစ်ထားချိန်များတွင် နိုင်ငံခြားသား အုပ်စုများအတွက် ဖွင့်လှစ် ၀င်ခွင့်ပေးခဲ့သည် ဟု ဆိုသည်။ ရာဂျစ်ဗ်ဂူဘာ (Rajiv Gauba) ခရိုင်ရုံးတော်မှ ညွှန်ကြားချက်ဖြင့် ထိုအဖြစ်အပျက်များအား စစ်ဆေးရာ  စွပ်စွဲချက်များသည်  အမှန်ပင်ဖြစ်ကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ကြောင့် ပြစ်မှုကျူးလွန်ခဲ့သော အတွင်းရေးမှုးများအား တာဝန်မှ ထုတ်ပယ် ခဲ့ခြင်းဖြစ်သည်။
    ပြည်ထဲရေး ၀န်ကြီးဌာန၏ ၀န်ကြီး ဆူရှလ်ကူမားရှနှ်ဒ် (Sushil Kumar Shinde) က တင်ပြခဲ့သော ပေါက်ကွဲမှု အား ဖြစ်စေသည့် အကြောင်းအရာတွင် “ပြည်တွင်းလူမှုရေးဆိုင်ရာ အချက်အလက် ပါဝင်သည်” ဆိုသောခေါင်းစဉ်အပေါ်၌ စုံစမ်းရရှိခဲ့သော အချက်အလက်များက ထောက်ခံလျက်ရှိသည်။  အကြောင်းမှာ အစိုးရဌာနများသည် အဆိုပါ လူမှုရေးဆိုင်ရာ NGO ၏ အဆောက်အဦး၌  လျို့ဝှက်စခန်း ရှိနေပုံအား သိရှိခဲ့ရကြောင်း။ ထို NGO ဌာနအား စီမံခန့်ခွဲသူများ ယခင်က အတွင်းရေးမှုးဖြစ်ခဲ့ဖူးသူ ပင်ဖြစ်သည်။ ဗုဒ္ဓဘုရားဗိမာန်တော်နှင့် အနည်းငယ်သာ ကွာဝေးသော နေရာတွင် NGO အဖွဲ့သည် ရှိနေခဲ့ပြီး လျှို့ဝှက်စခန်းနှင့် ပတ်သက်၍ အချက်အလက်များအား အတည်ပြုနေဆဲဖြစ်သည်။
    မတူညီသော ဌာနများက အားလုံးနီးပါး သဘောတူထားသော အချက်မှာ ထိုအဖျက်လုပ်ငန်းကို လုပ်ဆောင် သူမှာ အိန္ဒိယမူဂျာဟစ် (IM) နှင့် ယင်းကဲ့သို့ အခြားသော အကြမ်းဖက်သူများ ဖြစ်နိုင်ကြောင်းဆိုသည်။ သို့သော်ငြား အကြံဉာဏ်၊ သတင်းအချက်အလက်များ ကို ပေးအပ်သူသည် ပြည်တွင်းမှ လူများပင်ဖြစ်လိမ့်မည်ဖြစ်ဖြစ်နိုင်ပြီး သူတို့သည် ငွေရေးကြေးရေးကြောင့် ပေးအပ် ရသည် သို့မဟုတ် လက်စားချေရန်လည်း ဖြစ်နိုင်ပေသည်။
    ထိုသို့ ပြည်တွင်း အဆက်အသွယ် ရှိမှသာလျှင် ဖောက်ခွဲရေး ပစ္စည်းများကို ဘုရားဗိမာန်တော် သို့ လွယ်လွယ်ကူကူ တင်သွင်း လာနိုင်မှာဖြစ်ပြီး၊ ဗိမာန်အတွင်းမှ ဖောက်ခွဲရေးပစ္စည်းတပ်ဆင်သူများ လည်း လွယ်လွယ်ကူကူ တိမ်းရှောင်နိုင်မှာဖြစ်သည်။
    ထို့အတူ အဖျက်သမားများသည် အရေးပါသည့် နေရာအားလုံး၊ ဗိမာန်အ၀င်ဝ နှင့် မြင့်မြတ်သည့် ဗောဓိညောင်ပင် အနီးတွင် တပ်ဆင်ထားသော အလုပ်လုပ်နေသည့် CCTV ကင်မရာ ၁၅ လုံးအားလည်း အောင်မြင်စွာ ကျော်ကွင်းသွားနိုင်ခဲ့သည်။ ဘုရားကျောင်းဆောင် ကော်မတီမှ အန်ဒေါဂျီ (N Dorje) က ပေါက်ကွဲမှုပြီးပြီးခြင်းပင် TOI သို့ ပြောကြားခဲ့သည်မှာ အဖျက်သမားများသည် ကင်မရာမှ မမြင်နိုင်သည့် အကွာအဝေးကို မှန်းဆချိန်ရွယ်ကာ အလုပ် လုပ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်းဖြစ်သည်။ ထို့ကြောင့် ထိုကင်မရာများ၏ နေရာများနှင့် သူတို့က ဘယ် အတိုင်းအတာထိ မြင်နိုင်ကြောင်း ပြောပြခဲ့သည်မှာ မည်သူဖြစ်မှာလဲဆိုသည်မှာ စဉ်းစားစရာပင် မလိုသော အရာပင်ဖြစ်နေသည်။