News @ M-Media

Tag: India

  • ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှု သံသယရှိသူမှာ CCTV မှတ်တမ်းများအရ  အာသံပြည်နယ်မှ ဖြစ်

    ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှု သံသယရှိသူမှာ CCTV မှတ်တမ်းများအရ အာသံပြည်နယ်မှ ဖြစ်

    ဇူလိုင်-၂၂ ၊ ၂၀၁၃
    M-Media

    Bodh-Gaya-Bombing-Suspect-NIA-Sketch

    နယူးဒေလီ။ ။ မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှုသည့် အိန္ဒိယ မူဂျာဟစ်ဒင်(IM)အဖွဲ့ နှင့် ဘီဟာပြည်နယ်ရှိ ၎င်းတို့၏ အဖွဲ့ခွဲနှင့် ပတ်သက်မှုရှိမရှိ စုံစမ်းစစ်ဆေးနေသော်လည်း လုံခြုံရေးကင်မရာတွင်တွေ့ရသော ဗုံးဖောက်ခွဲသူဟု သံသယရှိသူမှာ အိန္ဒိယအရှေ့မြောက်ပိုင်း အာသံ(Assam) ပြည်နယ်မှဖြစ်သည်ဟု စုံစမ်းစစ်ဆေးမှုများအရ သိရသည်။

    ဇူလိုင်လ ၇ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် အဆိုပါ ဗုံးပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးနေသည့် အမျိုးသား စုံစမ်း စစ်ဆေးရေး အေဂျင်စီ(NIA) က ၎င်းတို့ ရရှိထားသည့် သဲလွန်စများမှာ အိန္ဒိယအရှေ့မြောက်ဘက် ပိုင်းရှိ ပြည်နယ် တစ်ခုကို ဖော်ပြနေသည်ဟု ဆိုသည်။

    “ဘီဟာပြည်နယ်က အကြမ်းဖက်အဖွဲ့ခွဲကို သံသယရှိနေပေမယ့် ဗုံးဖောက်ခွဲသူဟာ အာသံ ပြည်နယ်က ဖြစ်နိုင်တဲ့ အချက် အလက်တွေ ရှိနေပါတယ်။ အဲဒီ့ သံသယရှိသူကို တွေ့လိုက်တဲ့ မျက်မြင်သက်သေကလည်း ကျနော်တို့ကို ဒီလိုပဲ ပြောပါတယ်။ ဒါပေမယ့် စုံစမ်း စစ်ဆေးမှုတွေကိုတော့ ဆက်လက် လုပ်ဆောင်နေပါတယ်။ ဗုံးခွဲသူဟာ ဘီဟာပြည်နယ်အပါအ၀င် ဘယ်နေရာမှ ပြေးမလွတ်နိုင်ပါဘူး။”ဟု အေဂျင်စီ၏ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

    လုံခြုံရေးကင်မရာတွင် တွေ့ရသည့် ပုံရိပ်များနှင့် မျက်မြင် သက်သေများ၏ ထွက်ဆိုချက်များကိုအခြေခံ ရေးဆွဲထားသည့် ဗုံးဖောက်ခွဲသူဟု သံသယရှိသူနှစ်ဦး၏ ပုံကြမ်းများကိုလည်း ပြီးခဲ့သည့် သီတင်းပတ်က ထုတ်ပြန်ခဲ့သည်။

    မဟာဗောဓိဘုရားကျောင်း ပရ၀ုဏ်အတွင်း ဗုံး ၁၃ လုံးတပ်ဆင်ထားခဲ့သော်လည်း လူအများအပြား ထိခိုက်ဒဏ်ရာရအောင် ရည်ရွယ်ခြင်း မရှိဘဲ ဘုရားကျောင်းအတွင်း ပျက်ဆီးစေရန်သာဖြစ်သည်ဟု စုံစမ်းစစ်ဆေးမှုများက ဖော်ပြသည်။ “ဗုံးခွဲတိုက်ခိုက်သူဟာ ဘုရားကျောင်းအတွင်းမှာရှိတဲ့ ဗုဒ္ဓဆင်းတုတော်တွေကိုသာ ဖျက်ဆီးချင်တာဖြစ်ပေမယ့် ဘုရားရှိခိုး ဆုတောင်းမှုတွေ ပြုလုပ်နေတဲ့အတွက် ဘုရားကျောင်းအတွင်းထဲထိ ၀င်လို့ မရခဲ့ပါဘူး။ မျက်မြင် သက်သေတွေကလည်း ဒီလိုပဲထွက်ဆိုပါတယ်။” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    အိန္ဒိယနိုင်ငံ အရှေ့ မြောက်ပိုင်းပြည်နယ်ဖြစ်သော အာသံပြည်နယ်မှာ၂၀၀၁ ခုနှစ် သန်ခေါင်စာရင်းအရ လူဦးရေ ၁၇ သန်းကျော်ရှိပြီး ၆၅ % မှာ ဟိန္ဒူဘာသာဝင်များဖြစ်ကြသည်။

    Ref: The Times Of India

  • ဗုဒ္ဓဂါယာ ဗုံးပေါက်မှု အလ်ကိုင်ဒါ (သို့) တမီလ်ကျား လုပ်ရပ်ဖြစ်နိုင်ကြောင်း သီရလင်္ကာမှ အစွန်းရောက် ဆင်ဟလ ရဝယအဖွဲ့ခေါင်းဆောင် ပြောကြား

    ဇူလိုင်လ ၇၊ ၂၀၁၃
    M-Meida

    သီရိလင်္ကာမှ အစွန်းရောက်ဗုဒ္ဓ ဘာသာဝင်များက အရေးယူဆောင်ရွက်မှုများ ပျက်ကွက်မှုအတွက် အိန္ဒိယအစိုးရ၏ လုံခြုံရေးကို ဝေဖန်

    Akmeemana-dayarathana-thero

    ကိုလံဘိုမြို့။ ။ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာ အကြမ်းဖက်တိုက်ခိုက်မှုနှင့်ပတ်သက်၍ သီရိလင်္ကာ အစွန်းရောက် ဗုဒ္ဓဘာသာအဖွဲ့အစည်း ဆင်ဟလ ရဝယ(Sinhala Ravaya)က အိန္ဒိယ၏ လုံခြုံရေးမှာ သံသယဖြစ်စရာကောင်းကြောင်း ယနေ့ ပြောကြားခဲ့သည်။

    တနင်္ဂနွေနေ့ညနေတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဆင်ဟလ ရဝယအဖွဲ့၏ ခေါင်းဆောင် ဘုန်းတော်ကြီး အက်မီးမန ဒယရထ်န ထေရော (Ven. Akmeemana Dayarathna Thero) က တိုက်ခိုက်မှုကို အလ်ကေဒါကဲ့သို့ မွတ်စလင်မ် အစွန်းရောက်များ သို့မဟုတ် တမီလ်ကျား အကြမ်းဖက်အဖွဲ့အစည်း တမီလ်အမိမြေ လွတ်မြောက်ရေးကျားများ(Liberation Tigers of Tamil Eelam (LTTE))၏ သစ္စာခံများမှ ကျူးလွန်ခြင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

    တနင်္ဂနွေနေ့ မနက်အစောပိုင်းတွင် ဘီဟာပြည်နယ်၊ မဟာဗောဓိဘုရားကျောင်းတွင် အနည်းဆုံးဗုံးရှစ်လုံး ပေါက်ကွဲပြီး ဘုန်းကြီးနှစ်ပါး ဒဏ်ရာရရှိခဲ့သည်။ ပေါက်ကွဲနိုင်သည့် ဗုံးနှစ်လုံးကိုလည်း မဟာဗောဓိဘုရားကျောင်း ပရဝဏ်အတွင်း တွေ့ရှိခဲ့ပြီး ကျွမ်းကျင်ပညာရှင်အဖွဲ့မှ နောက်ပိုင်းတွင် မပေါက်ကွဲစေရန် ကာကွယ်နိုင်ခဲ့သည်။

    အကြမ်းဖက်များက ကမ္ဘာ့ ဗုဒ္ဓဘာသာအမွေအနှစ်ကို ဖျက်ဆီးရန် ကြိုးပမ်းနေမှုကို အိန္ဒိယအစိုးရမှ နှုတ်ဆိတ်နေကြောင်း ဘုန်းကြီးက ပြောခဲ့သည်။ အဆိုပါ ဗုဒ္ဓဘာသာဝင်ဘုန်းကြီးက ဆင်ဟလ ရဝယအဖွဲ့အနေဖြင့် ဤဖြစ်ရပ်အပေါ် အိန္ဒိယနိုင်ငံ၏ တုန့်ပြန်မှုကို လုံးဝ မကျေနပ်ကြောင်း ဆန္ဒထုတ်ဖော်လိမ့်မည်ဟု ပြောကြားခဲ့သည်။

    ထိုအဖွဲ့အစည်းက အပြစ်ရှိသူများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ရန် အိန္ဒိယအစိုးရကို တိုက်တွန်းလိုက်သည်။

    Ref: Colombopage
    Photo-http://mirror.lk/

  • ဗုဒ္ဓဂယာဗုံးကွဲမှု – လွန်ခဲ့သည့် ၆ လခန့်ကတည်းက ကြိုတင်သတင်းပေးမှုများရှိခဲ့ (နောက်ဆက်တွဲသတင်း)

    M-Media
    ဇူလိုင် ၇ ရက်၊ ၂၀၁၃

    temple-265__1761843881ဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်ပြီးနောက် သံသယတရားခံနှစ်ဦး၏ ရုပ်ပုံကြမ်း ပေါ်ထွက်လာပြီဖြစ်သည်။ ဗုဒ္ဓဂယာရှိ ဟိုတယ်နှစ်ခု အကြားတွင် လည်း မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးရှာဖွေတွေ့ရှိခဲ့သေးကြောင်း သိရသည်။

    ဘီဟာရ်ပြည်နယ်၊ ရဲအရာရှိချုပ်ဖြစ်သူက ဘုရားဝတ်တက်နေသူများ ရှိနေသော်လည်း မဟာဗောဓိဘုန်းကြီးကျောင်းအ၀န်းတွင် လုံခြုံရေးထပ်မံ တိုးမြှင့် ထားကြောင်း၊ လက်ရှိအနေအထားတွင်မူ အများပြည်သူ ဘုရားဖူးလာရောက်ခြင်းမှ တားမြစ်ထားကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

    အိန္ဒိယနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးကမူ ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှုများသည် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

    ယင်းသို့တိုက်ခိုက်မှုသည် ယူနက်စကိုမှ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် မဟာဗောဓိဘုန်းကြီးကျောင်းနှင့် မြို့ကို ရည်ရွယ်တိုက် ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

    ယမန်နှစ်က ထိုမြို့ကို အသေခံဗုံးတိုက်ခိုက်ခြင်းမျိုးမှ တားဆီးနိုင်ခဲ့သလို ဗုံးခွဲကြမည့် အိန္ဒိယနိုင်ငံသား မူဂျာဟစ်များကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၄င်းတို့ က မြန်မာပြည်ရှိ မွတ်စလင်များအတွက် ကလဲ့စားချေလိုခြင်းဖြစ်ကြောင်း ဒေလီရဲတပ်ဖွဲ့က ဆိုသည်။

    သို့သော် ယခုတိုက်ခိုက်ခြင်းအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ရှိကြောင်း ကြေညာခြင်းမရှိသေးသလို ထိုမြို့တွင် မော်စီတုန်းဝါဒီများလည်း အများအပြား ရှိကြောင်း zee news က တင်ပြသည်။

    ဗုံးပေါက်ကွဲမှုကြောင့် ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားသည့် မဟာဗောဓိပင်ရော အခြားရုပ်ပွားတော်များပါ တစုံတရာထိခိုက်ခြင်းမရှိသော်လည်း တိဘက်ဘုန်းကြီးတစ်ပါးနှင့် မြန်မာဘုန်းကြီးတစ်ပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “မဟာဗောဓိပင်နားမှာ ပထမ ဗုံးကွဲတော့ အနီးက စားပွဲခုံမြောက်တက်သွားတယ်၊ အဲဒီကနေ လူနှစ်ယောက်လောက် ဒဏ်ရာရသွားတယ်။ ဒုတိယ တစ်ကြိမ်ဗုံးကွဲတော့ ကျနော်ထင်တာ စာအုပ်ဗီရိုထဲကဖြစ်မယ်၊ ပရိဘောဂတွေတော့ ပျက်ဆီးသွားပေမယ့် ရုပ်ပွားတော်တွေနဲ့ သမိုင်းဝင်အထိမ်းအမှတ် ပစ္စည်းတွေတော့ မပျက်ဆီးဘူး” ဟု ဗုဒ္ဓဂယာကော်မတီအတွင်းရေးမှူး ဒေါဂျီက ပြောပြခဲ့သည်။

    ရဲတပ်ဖွဲ့၏ လက်ထောက်ဒါရိုက်တာဂျင်နရယ်ဖြစ်သူ S K Bharadwaj ကမူ – “ကျနော်တို့ လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက မဟာဗောဓိ ဘုန်းကြီးကျောင်းအ၀န်းမှာ အကြမ်းဖက်တိုက်ခိုက်တာမျိုး ဖြစ်နိုင်တယ်လို့ သတင်းရခဲ့တယ်။ ဒါကြောင့် ကျနော်တို့ လုံခြုံရေး တိုးမြှင့်ခဲ့သလို အပိုတပ်တွေ ပါချထားခဲ့ပါတယ်” ဟု ပြောကြားခဲ့ပြီး ၄င်းကပင် ယခုပေါက်ကွဲခဲ့သည့် ဗုံးအမျိုးအစားများမှာ ချိန်ကိုက်ဗုံးများဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့သည်။

    အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မန်မိုဟန်ဆင်းကမူ ထိုတိုက်ခိုက်မှုအား ပြင်းထန်စွာရှုံ့ချလိုက်သလို မိမိတို့နိုင်ငံအနေဖြင့် ထိုသို့သော ဘာသာရေးဆိုင် ရာနေရာများ ကို အကြမ်းဖက်မှုအား လုံးဝသည်းခံမည်မဟုတ်ကြောင်း ပြောဆိုသည်။

    သို့သော် ဘေဂျေပီပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ပရာကက်ရှ် ဂျဗက်ဒီကာကမူ – “ဗဟိုအေဂျင်စီတွေက ဒါမျိုးတိုက်ခိုက်မှုမျိုးကို သတိပေးခဲ့တယ်။ ဗုဒ္ဓဂယာ တိုက်ခိုက်ခံရနိုင်တဲ့အကြောင်းတွေကို သတင်းပေးပို့ခဲ့ပေမယ့် (ပြည်နယ်အစိုးရက) သင့်တော်တဲ့ အစီအစဉ်တစ်ခုမှ မလုပ်သေးဘူး။ ဒါကြောင့် ဗဟိုအစိုးရ ကလည်း ဒါမျိုးတိုက်ခိုက်မှုတွေကနေ ရှောင်နိုင်ဖို့ တာဝန်ယူပေးရလိမ့်မယ်။” ဟု ပြောကြားခဲ့သည်။

    ဗုဒ္ဓဂယာသို့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒလိုင်လားမား မကြာခဏ ဘုရားဖူးလာရောက်လေ့ရှိသလို လွန်ခဲ့သည့် ၆ လခန့်ကလည်း သီရိလင်္ကာသမ္မတ လာရောက်လည်ပတ်ခဲ့သေးသည်။ ဗုဒ္ဓဂယာတွင် နိုင်ငံပေါင်း ၅၂ နိုင်ငံမှ ဘုန်းကြီးကျောင်းများ တည်ရှိသည်။

  • ဗုဒ္ဓဂါယာတွင် ယနေ့နံနက်ပိုင်း၌ ဗုံးပေါက်ကွဲ

    M-Media
    ဇူလိုင်လ ၇ ရက်၊ ၂၀၁၃

    temple-265__1761843881ဗုဒ္ဓဂယာတွင် ယနေ့နံနက်တွင် ပေါက်ကွဲမှု ၉ ကြိမ် (အများဆုံး ခန့်မှန်း ချက်) ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုပေါက်ကွဲမှုများကြောင့် အနည်းဆုံး လူငါးဦး ဒဏ်ရာရရှိပြီး တစ်ဦးမှာမူ ပြင်းထန်ကြောင်း zee news သတင်း က ဖော်ပြသည်။ အစဉ်လိုက်ပေါက်ကွဲမှုများမှာ မဟာဗောဓိ ဘုရားအ၀န်း အ၀ိုင်းအတွင်း ဖြစ်ခဲ့ခြင်းဖြစ်သည်။

    သတင်းအချက်အလက်များရ ဘုရားအဆောက်အဦး ပျက်ဆီးခြင်း မရှိကြောင်း၊ အရေးပေါ် စုံစမ်းရေးနှင့် ဗုံးကျွမ်းကျင် သူများပါဝင်သည့် အဖွဲ့များသည် အခင်းဖြစ်ရာသို့ အလျင်အမြန် သွားရောက် ခဲ့ကြောင်း၊ ထောက်လှမ်းရေးမှ သတင်းပေးပို့ချက်အရ ဒေသခံရဲ ၀န်ထမ်းများလည်း လုံခြုံရေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

    ပေါက်ကွဲမှုသုံးကြိမ်မှာ တုရဂ္ဂီ ဘုရားကျောင်းဝန်း အတွင်းဖြစ်ပြီး ထိုဘုရားကျောင်းမှာ မဟာယန ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ဘုရားကျောင်းဖြစ်သည်။ ရဲအရာရှိများ၏ပြောပြချက်အရ ထိုဘုရား ၀န်းအတွင်း မပေါက်ကွဲသေးသည့် ဗုံး ၂ လုံးတွေ့ ရှိကြောင်း၊ ပေါက်ကွဲမှုများမှာ ၂ မိနစ်ခြားတစ်ခါ ဖြစ်ခဲ့ကြောင်း၊ ပထမဆုံးပေါက်ကွဲမှုမှာ နံနက် ၅.၃၀ နာရီတွင်ဖြစ်ကြောင်း သိရသည်။

    အခင်းဖြစ်ပွားရာနေရာသို့ ဘီဟားရ်ပြည်နယ်အကြီးအကဲဖြစ်သူ နိတိရှ်ကုမားရ် သွားရောက်နေပြီဖြစ်ကြောင်းလည်း သိရပြီး ထောက် လှမ်းရေး ကမူ မြန်မာပြည် ဂယက်ကြောင့် ထိုသို့ တိုက်ခိုက်ခံ ရခြင်းဖြစ်နိုင်ကြောင်း သတိပေး ပြောကြားခဲ့သည်။

    Ref: zeenews

  • အိန္ဒိယနိုင်ငံတွင် ပထမဆုံး မှန်ဖြင့် တည်ဆောက်ထားသော ဗလီ  ဖွင့်လှစ်

    အိန္ဒိယနိုင်ငံတွင် ပထမဆုံး မှန်ဖြင့် တည်ဆောက်ထားသော ဗလီ ဖွင့်လှစ်

    အောက်တိုဘာ၊ ၂၀ ၊ ၂၀၁၂
    M-Media
    Source: OnIslam

    ဗလီကြီး၏ နေ့ဘက်အလှ

    အိန္ဒိယနိုင်ငံ Meghalaya မြောက်ပိုင်းဒေသမှာ မှန်နှင့် တည်ဆောက်ထားတဲ့ ဗလီ တစ်လုံးကို ဖွင့်လှစ်လိုက်ပါတယ်။ အဆိုပါဗလီဝတ်ကျောင်းတော်ဟာ မြောက်ပိုင်း မဟာလယာပြည်နယ်ရဲ့ အကြီးဆုံးဗလီ ဖြစ်သွားပါပြီ။  အဲဒီဗလီကို အံ့သြ ချီးမွမ်းဖွယ်ကောင်းလောက်တဲ့ စွဲဆောင်မှုရှိတဲ့ ဗလီဝတ်ကျောင်းတော်ဟာ ရာပေါင်း များစွာသော ကမ္ဘာလှည့်ခရီးသည်တွေကို စွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

    ဒီဗလီကြီးပာာ ဘာသာပေါင်းစုံ စုစည်းညီညတ်မှု ရဲ့အမှတ်အသား ဖြစ်လာမယ်” လို့ လူနည်းစုရေးရာ ပြည်ထောင်စုဝန်ကြီး H Pala က Times of India သတင်းစာကိုပြောပါတယ်။ ဗလီကြီးရဲ့ ခမ်းနားမှုနှင့် စိတ်ငြိမ်းချမ်းမှုကို ပေးစေနိုင်မှုကိုလည်း Pala က မီးမောင်း ထိုးပြသွားပါတယ်။
    ဗလီကြီးက မဒီနာဗလီ လို့ အမည်ရပြီး Meghalaya ပြည်နယ်ရဲ့ မြို့တော် SHillong မြို့မှာ ဆောက်လုပ်ထားပါတယ်။

    Umshyrpi မြစ်ကမ်းတစ်လျှောက်မှာဆောက်လုပ်ထားတဲ့ အဆိုပါ ဗလီကြီးဟာ ၄ထပ်ရှိပြီး အမြင့်ပေ ၁၂၀ ရှိတဲ့အပြင် အောက်ခြေအကျယ်အ၀န်းက ၆၁ ပေကျယ်ပါတယ်။ ဒီဗလီဟာ Meghalaya ပြည်နယ်ရဲ့ မြို့တော်ဖြစ်တော်ဖြစ်တဲ့ Shillong  မြို့မှာ တည်ဆောက်ထားခြင်းဖြစ်ပြီး အိန္ဒိယ နိုင်ငံမှာ ပထမဆုံးသော မှန်နဲ့ တည်ဆောက်ထားတဲ့ ဗလီပဲဖြစ်ပါတယ်။

    ညဘက်အချိန်တွေမှာ ဗလီကြီးရဲ့ ဖန်သားတွေက ဖိတ်ဖိတ်တောက် ၀င်းလက် တောက်ပလာတတ်တယ်။ အဲဒီနယ်တစ်ဝိုက်မှာ အကြီးဆုံးဗလီဖြစ်တဲ့ ပေ ၁၂၀ မြင့်တဲ့  မဒီနာ ဗလီကြီးမှာ အမျိုးသမီးတွေကို ၀တ်ပြုဖို့ ခွင့်ပြုထားသလို မိဘမဲ့ဂေဟာကိုလဲ ထားရှိပေးထားပါတယ်။

    ဗလီကြိး၏ ညဘက် မီးရောင်များတွင် လှပနေပုံ

    ဒီဗလီကြီးထဲမှာ ဘာသာရေးဋ္ဌာန(Institution)တစ်ခုလည်း ပါဝင်မှာဖြစ်ပြီး အစ္စလာမ်နည်းကျ သင်ကြားမှာ ဖြစ်ပါတယ်။ စာကြည့်တိုက်မှာတော့ ဘာသာပေါင်းစုံကို နှိုင်းယှဉ်လေ့လာ နိုင်မယ့် စာအုပ်မျိုးစုံ ထားရှိမှာပါ။

    ဖွင့်ပွဲ အခမ်းအနား တက်ရောက်ခဲ့တဲ့ Shillong Muslim Union ရဲ့ ဥက္ကဌ ဖြစ်သူ ဥပဒေပြုအမတ်တယောက်ဖြစ်တဲ့ Syeedullah Nongrong  က “ဗလီကြီးဟာ ကမ္ဘာ့ခရီးသွားတွေကို ဆွဲဆောင်နိုင်လိမ့်မယ်” လို့ ပြောကြားချီးမွမ်းသွားပါတယ်။

    အိန္ဒိယလူဦးရေ သန်း (၁၁၀၀) တွင် မွတ်စလင်မ်ဦးရေ သန်းပေါင်း ၁၆၀ ရှိတဲ့ အိန္ဒိယဟာ အင်ဒိုနီးရှားနဲ့ ပါကစ္စတန်ပြီးရင် ကမ္ဘာ့တတိယ မွတ်စလင်မ် အများဆုံးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

    အိန္ဒိယ မွတ်စလင်မ်တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ လူမှုရေးနဲ့ စီးပွါးရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှုတွေ၊ လျစ်လျူရှုမှုတွေနဲ့ အတော်လေး ခံစားခဲ့ရပါတယ်။ သူတို့ကို စီးပွါးရေးလုပ်ငန်းခွင်တွေမှာ နေရာမပေးဘဲဆက်ဆံခံရခြင်း၊ ပညာရေး အဆင့်နိမ့်ပါးစေခြင်းတို့ကြောင့် အလုပ်လက်မဲ့ဦးရေ မြင့်မားလာရခြင်းတို့ကို ရင်ဆိုင်နေရပါကြောင်း သိရပါတယ်။