News @ M-Media
Tag: India
  • အိန္ဒိယ၀န်ကြီးချုပ် မိုဒီ ပါကစ္စတန်သို့ သွားရောက်
    အိန္ဒိယ၀န်ကြီးချုပ် မိုဒီ ပါကစ္စတန်သို့ သွားရောက်
    ဒီဇင်ဘာ ၂၅၊ ၂၀၁၅
    M-Media
    india
    – အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီမှာ ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း လာဟိုးမြို့သို့ ယနေ့တွင် ရောက်ရှိခဲ့ပြီး ကြေငြာခြင်းမရှိဘဲ သွားရောက်ခဲ့သောကြောင့် အံ့အားသင့်ဖွယ် လည်ပတ်မှုလည်း ဖြစ်သည်။
    ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကွာဇီ ခလီလွလ္လာဟ်ကမူ မိုဒီရောက်ရှိလာခြင်းကို အတည်ပြုခဲ့ပြီး ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်နှင့် တွေ့ဆုံသွားမည်ဖြစ်ကာ ကိစ္စအများအပြားကို ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။ ယနေ့မှာ နာဝဇ်ရရှစ်ဖ်၏ မွေးနေ့လည်းဖြစ်သည်။
    ပြီးခဲ့သည်မေလက ဒေလီမြို့တွင်ပြုလုပ်ခဲ့သည့် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် မိုဒီက နာဝဇ်ရှရစ်ဖ်အား ဖိတ်ကြားခဲ့ပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦး၏ သံတမန်ဆက်ဆံရေးမှာ ရင်းနှီးလာခဲ့ပြီး ရှရစ်ဖ်ကလည်း ပြီးခဲ့သည့် ၂ လအရင်က ကက်ရှ်မီးယားဒေသကိစ္စ အပါအ၀င် နှစ်နိုင်ငံပြဿနာများကိုဆွေးနွေးရန်အတွက် မိုဒီအား တိုက်တွန်းဆော်သြခဲ့သည်။
    Ref: PressTV
  • တောင်ကိုရီးယားနှင့် အိန္ဒိယတို့က အီရန်မှ ရေနံတင်သွင်းမှုကို တိုးမြှင့်မည်
    တောင်ကိုရီးယားနှင့် အိန္ဒိယတို့က အီရန်မှ ရေနံတင်သွင်းမှုကို တိုးမြှင့်မည်
    ဒီဇင်ဘာ ၂၄၊ ၂၀၁၅
    M-Media
    – နိုင်ငံရှိ လိုအပ်သော ရေနံဝယ်လိုအားကို ထောက်ပံ့ပေးသည့် နိုင်ငံများကို ပိုမိုခွဲဖြန့်နိုင်ရန်အတွက် အာရှနိုင်ငံများ၏ ရေနံဝယ်လိုအားကို အဓိက ဖြည့်ဆည်းပေးမည့်နိုင်ငံ ဖြစ်လာဖွယ်ရှိသော အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုများကို ချက်ခြင်းဖယ်ရှားပေးရေးအတွက် တောင်ကိုရီးယားက ချိန်ဆနေသည်ဟု သိရသည်။
    “အကယ်၍ အီရန်အပေါ် ပိတ်ဆို့မှုတွေကို ဖယ်ရှားမယ်ဆိုရင် အီရန်ရဲ့ ရေနံစိမ်းတွေကို အဲဒီပိတ်ဆို့မှု မပြုလုပ်ခင်က ရှိခဲ့တဲ့အတိုင်း ရေနံကုမ္ပဏီက ပြန်ဝယ်ဖို့ မျှော်လင့်နေကြပါတယ်” ဟု တောင်ကိုးရီးယား ကုန်သွယ်၊ စက်မှုနှင့် စွမ်းအင် ၀န်ကြီးဌာနက ပြောကြားခဲ့သည်။
    တောင်ကိုးရီးယားသည် လက်ရှိတွင် အီရန်နိုင်ငံမှ အဓိက ရေနံတင်သွင်းသည့် နိုင်ငံဖြစ်ပြီး ကနဦး နျူကလီးယားသဘောတူညီမှုစာချုပ်အရ အီရန်နိုင်ငံမှ ရေနံကို တစ်ရက်လျှင် ရေနံစည်ပေါင်း တစ်သန်းခန့် ၀ယ်ယူနေသည်။ စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားပြီးပါက နိုင်ငံတကာမှ ၀ယ်လိုအားကြောင့် အီရန်၏ ရေနံတင်ပို့မှုမှာ မြင့်တက်လာဖွယ် ရှိနေသည်။
    အီရန်မှာ လက်ရှိတွင် အိန္ဒိယသို့ ပို့ဆောင်စရိတ်အခမဲ့၊ ရက် ၉၀ ငွေချေစနစ်ဖြင့် ရေနံများကို လျှော့ဈေးများဖြင့် ရောင်းချပေးနေသည်။ အိန္ဒိယမှာ အီရန်နိုင်ငံ၏ ရေနံစိမ်းများကို ဒုတိယအများဆုံး ၀ယ်ယူသည့် နိုင်ငံဖြစ်သည်။
    အီရန်တာဝန်ရှိသူများကမူ စီးပွားရေးပိတ်ဆို့မှုကြောင့် ၀ယ်ယူမှုရပ်တန့်ခဲ့သည့် နိုင်ငံများ အပါအ၀င် ရေနံတင်သွင်းသူများမှ ၀ယ်ယူရန်ကမ်းလှမ်းမှုများကို စဉ်းစားသွားရန် ဆန္ဒရှိနေသည်ဟု ပြောကြားခဲ့သည်။
    Ref: Presstv
  • အိန္ဒိယဖုန်းကုမ္ပဏီက ဖုန်းအားလုံးကို ပြည်ထွင်း၌သာ ထုတ်လုပ်နိုင်ရန် စီစဉ်နေ
    အိန္ဒိယဖုန်းကုမ္ပဏီက ဖုန်းအားလုံးကို ပြည်ထွင်း၌သာ ထုတ်လုပ်နိုင်ရန် စီစဉ်နေ
    ဒီဇင်ဘာ ၁၈၊ ၂၀၁၅
    M-Media
    – အိန္ဒိယရှိ အီလက်ထရောနစ်ကုမ္ပဏီတစ်ခုဖြစ်သော Micromax မှာ ၂၀၁၈ ခုနှစ်တွင် နိုင်ငံအတွင်း ဖြန့်ဖြူးနေသည့် ဖုန်းအားလုံးကို အိန္ဒိယ၌ ထုတ်လုပ်သွားမည်ဖြစ်ကြောင်း တွဲဖက်တည်ထောင်သူ ရာဟူးလ် ရှာရ်မာက ပြောကြားခဲ့ပြီး နိုင်ငံအတွင်း ကုန်ကျစားရိတ်များ ပိုမိုသက်သာလာခြင်းကြောင့် တရုတ်နိုင်ငံတွင် ထုတ်လုပ်နေခြင်းမှ ပြည်တွင်းသို့ ပြောင်းလဲခြင်းဖြစ်သည်ဟု ဆိုသည်။
    ၎င်းတို့၏ ဖုန်းထုတ်လုပ်မှု သုံးပုံနှစ်ပုံထက်နည်းသောပမာဏကို လက်ရှိတွင် အိန္ဒိယ၌ တပ်ဆင်ထုတ်လုပ်နေပြီး တရုတ်လုပ်သားစရိတ်များ ကြီးမြင့်လာကာ ပြည်တွင်းရှိ အပိုပစ္စည်းဈေးကွက်မှာ ကြီးထွားလာသည့်အတွက်ကြောင့် ပြည်တွင်း၌သာအပြည့်အ၀ ထုတ်လုပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
    “နောက်ထပ် ၂၄ လအတွင်းမှာ ရာနှုန်းပြည့် ဒီမှာပဲ လုပ်ဖြစ်တော့မှာပါ၊ အိန္ဒိယမှာ ဘယ်လိုဂေဟစနစ်တစ်ခုမှ မရှိပါဘူး။ တစ်ဖြည်းဖြည်းနဲ့ ကျွန်တော်တို့ဟာ မျက်စိကျစရာနေရာ ဖြစ်လာပါတယ်။ လုပ်သားစရိတ်အနေနဲ့ ပြောမယ်ဆိုလည်း အိန္ဒိယဟာ တရုတ်ထက် အများကြီး ဈေးပေါပါတယ်” ဟု ရာဟူးလ်က အင်တာဗျုးတစ်ခုတွင် ဖြေကြားခဲ့သည်။
    ၂၀၀၈ မှစ၍ ဈေးသက်သာသော စမတ်ဖုန်းများ ရောင်းချသည့် Micromax ၏ လုပ်ငန်းမှာ အလျင်အမြန်ပင် ကြီးထွားလားခဲ့ကာ အိန္ဒိယ၌ စက်ရုံသစ်များတည်ဆောက်ရန်အတွက် ရူပီး သန်း ၃ ထောင်ကို ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်သည်။ ထို့သို့ဆောင်ရွက်ခြင်းမှာမှာ တရုတ်နိုင်ငံအား မှီခိုနေရခြင်းကို လျော့ချရန်လည်း ဖြစ်သည်။
    Micromax မှာ အိန္ဒိယတွင် တောင်ကိုးရီးယား၏ ဆမ်ဆောင်းပြီးနောက် ဒုတိယအကြီးဆုံး စမတ်ဖုန်းရောင်းချသည့် ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့တတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ကို ပိုင်ဆိုင်ထားသည်။
    ကုမ္ပဏီ၏ နောက်ဆုံးထုတ် YU စမတ်ဖုန်းကို ယမန်နေ့က မိတ်ဆက်ပြသခဲ့ပြီး ကမ္ဘာ့စွမ်းဆောင်ရည်အမြင့်ဆုံး စမတ်ဖုန်းဟု ကျွေးကြော်ထားသည်။ YUTOPIA တံဆိပ် စမတ်ဖုန်းကိုမူ အိန္ဒိယရှိ ၀င်ငွေကောင်းသူများကို ရည်ရွယ်ထုတ်လုပ်ခဲ့သည်။
    Ref: Channelnewsasia
  • အိန္ဒိယတောင်ပိုင်းရေလွှမ်းမှု လူ ၂၀၀ ကျော်သေဆုံး
    အိန္ဒိယတောင်ပိုင်းရေလွှမ်းမှု လူ ၂၀၀ ကျော်သေဆုံး
    ဒီဇင်ဘာ ၃၊ ၂၀၁၅
    M-Media
    india
    – အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နန်ဒူးပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုကြောင့် ယခုအချိန်အထိ လူပေါင်း ၂၆၉ ဦး သေဆုံးခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း တာဝန်ရှိသူများက ရုန်းကန်နေရသည်။
    မိုးများ ဆက်လက်၍ ကြီးမည်ဟု မိုးလေ၀သက ခန့်မှန်းထားချက်ကြောင့် စစ်သားများ၏ ကယ်ဆယ်ရေးလုပ်ငန်းများမှာ ထိရောက်မှုမရှိဘဲ ပြည်နယ်မြို့တော် ချန်နိုင်းတွင်လည်း ရေးကြီးမှုကြောင့် ကုန်ထုတ်စက်ရုံများ၊ အိုင်တီလုပ်ငန်းများနှင့် နေရနံလုပ်ငန်းများလည်း ပိတ်ပစ်ခဲ့ရသည်။
    အဆိုပါရေကြီးမှုကြောင့် အိန္ဒိပြည်သူ ၃ သန်းခန့်မှာ အခြေခံဝန်ဆောင်မှုများကို ဆုံးရှုံးနေရပြီး လက်ရှိအချိန်အထိ ကယ်ဆယ်ထားသူမှာ ၁၈၀၀၀ သာ ရှိသေးသည်။ ဒဏ်ရာရရှိသူများမှာမူ ၁၀၀၀ ကျော်ရှိနေသည်။ အိန္ဒိယအစိုးရက ကနဦး ကူညီကယ်ဆယ်ရေးအတွက် ကန်ဒေါ်လာ ၁၄၁ သန်း အသုံးပြုမည်ဟု ကတိပြုခဲ့ပြီး အဆောက်အဦးများ ပျက်ဆီးဆုံးရှုံးမှုအတွက် စစ်တမ်းကောက်ယူသွားမည်ဟု ဆိုသည်။
    Ref: Channelnewsasia
  • အိန္ဒိယရှိ မသန်စွမ်းအမျိုးသားတစ်ဦး ဒေါက်တာဘွဲ့ရ
    အိန္ဒိယရှိ မသန်စွမ်းအမျိုးသားတစ်ဦး ဒေါက်တာဘွဲ့ရ
    နိုဝင်ဘာ ၂၁၊ ၂၀၁၅
    M-Media
    syco
    – အိန္ဒိယနိုင်ငံမှ ၉၅ ရာခိုင်နှုန်း မသန်စွမ်းဖြစ်နေသော သုတေသနပညာရှင် အမျိုးသားတစ်ဦးမှာ ကွန်ပျူတာသိပ္ပံ ဘာသာရပ်တွင် ဒေါက်တာဘွဲ့ရရှိခဲ့သည်ဟု သိရသည်။
    အက်စ်ဟန်ရှ် ဂွပ်တာဆိုသူဖြစ်ပြီး Brain Coumputer Interface စာတမ်းဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့ခြင်းဖြစ်ကာ ဂျဝါဟာလာ နေရူးတက္ကသိုလ်၌ အထူးအခမ်းအနားဖြင့် ၎င်းအား ဂုဏ်ပြုခဲ့သည်။ ပါမောက္ခဘွဲ့ ချီးမြှင့်ခြင်းအခမ်းအနားကို လာမည့်နှစ်တွင် ပြုလုပ်မည်ဖြစ်သည်။
    ဦးနှောက်အစိတ်အပိုင်းတစ်ခု ချို့ယွင်းမှုကြောင့် ခန္ဓာကိုယ်ကို ပုံမှန်အလုပ်လုပ်၍ မရသည့် ရောဂါဖြင့် ကြီးပြင်းလာခဲ့သော အသက် ၃၂ နှစ်အရွယ် အက်စ်ဟန်ရှ်ကမူ အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားတွင် ၎င်း၏ မိခင်၊ ဆရာတို့အား မိမိ ကံကြမ္မာကို ထုဆစ်ပေးခဲ့သည့်အတွက် ကျေဇူးတင်ကြောင်း ပြောကြားခဲ့သည်။
    ထို့ပြင် ဂျာအန်ပူးရ်ရှိ Umanath Singh အင်ဂျင်နီယာတက္ကသိုလ်သို့ နေ့စဉ် ဆိုက်ကားဖြင့် လိုက်ပို့ပေးသော ဆိုက်ကားစရာ မီရာ ဆာဟူကိုလည်း ကျေးဇူးတင်သည်ဟု ၎င်းက ထည်သွင်းပြောကြားခဲ့သည်။
    အက်စ်ဟန်ရှ်မှာ ဂျဝါဟာလာ နေရူးတက္ကသိုလ်၌ အလုပ်လုပ်ကိုင်သွားမည်ဖြစ်ပြီး တက္ကသိုလ်ကလည်း ၎င်းအား လက်ခံရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။
    Ref: Siasat