News @ M-Media

Tag: Interfaith

  • စစ်ကိုင်း မြို့မဗလီသို့ ဖောင်တော်ဦးကျောင်းမှ သင်တန်းသား/သူများ သွားရောက်လေ့လာ

    စစ်ကိုင်း မြို့မဗလီသို့ ဖောင်တော်ဦးကျောင်းမှ သင်တန်းသား/သူများ သွားရောက်လေ့လာ

    စက်တင်ဘာ ၁၀ ၊ ၂၀၁၆
    M-Media
    သတင်း-သီဟ
    14317564_10208624313819746_7522665794320260079_n
    စစ်ကိုင်းမြို့ မြို့မဗလီဝတ်ကျောင်းတော် သို့ မန္တလေး ဖောင်တော်ဦးအဖွဲ့မှ ဦးဇင်း ဦးမဏ္ဏလ ဦးဆောင်သောအဖွဲ့ ဒီကနေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် သွားရောက်လေ့လာခဲ့ကြောင်း သိရှိရသည်။
    .
    လေ့လာရေးခရီးစဉ်အတွင်း ဗလီဝတ်ကျောင်းတော်နှင့် ပတ်သက်၍ သိရှိလိုသည်များ၊ အစ္စလာမ်ဘာသာနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း မြို့ဗလီ ဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ်ဖြစ်သူ ဦးစိုးနေဦးက M-Media ကိုပြောပါတယ်။
    .
    ယခုကဲ့သို့ လာရောက်လေ့လာသည့်အတွက် အထူးပင်ဝမ်းသာမိကြောင်းနှင့် မည်သည့်အဖွဲ့အစည်းမှ မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း ဦးစိုးနေဦးက ထပ်ဆင့်ပြောကြားပါတယ်။

    14317563_1682753405380141_1713533428305160308_n

    13244627_1682753275380154_7869719835508180669_n

  • ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး လုပ်ငန်း ညှိနှိုင်း

    ဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေး လုပ်ငန်း ညှိနှိုင်း

    13681030_316690885338211_1892487387225913898_n

    ၁၊၈၊၂၀၁၆
    စံတော်ချိန် သတင်းစာမှ

    image via-Khin Maung Win

  • လူမျိုးဘာသာမရွေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မန္တလေးမြို့ ရန်ကင်းတောင်ခြေတွင် စုပေါင်းလမ်းလျှောက်

    လူမျိုးဘာသာမရွေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မန္တလေးမြို့ ရန်ကင်းတောင်ခြေတွင် စုပေါင်းလမ်းလျှောက်

    13754637_1228273143858270_6053106508638544754_n
    မန္တလေး၊ ဇူလိုင် ၁၅
    ကမ္ဘာကြီးတွင် မှီတင်းနေထိုင်ကြသော လူမျိုးဘာသာမရွေး ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးအတွက် မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင် ကျေးရွာအုပ်စု ရန်ကင်းတောင်ခြေတွင် ဇူလိုင် ၁၅ ရက် နံနက် ၈ နာရီ ခွဲက ရဟန်း၊ သံဃာနှင့် ကျောင်း သား၊ ကျောင်းသူအင်အား ၃ဝဝ ကျော် ဖြင့် စုပေါင်းလမ်းလျှောက်ပွဲပြုလုပ် ခဲ့ကြကြောင်း သိရသည်။
    .
    ”လူမျိုးတိုင်းမှာ လူကောင်းရှိသလို လူဆိုးလည်းရှိတယ်၊ အခုခေတ်မှ လူမှုကွန်ရက်ကခေတ်စားလာတော့ အစွန်းရောက်တဲ့လူတွေက မကောင်းတဲ့ဝါဒတွေဖြန့်ပြီး ခိုက်ရန်ဖြစ်ပွား အောင်လုပ်နေကြတယ်။ သတင်း တစ်ခုထွက်တိုင်း စဉ်းစားချင့်ချိန်ပြီး ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင် စေချင်လို့ပါဝင်လမ်းလျှောက်ဖြစ်တာပါ”ဟု ပါဝင်လမ်းလျှောက်သူ ဆရာ တော်တစ်ပါးက မိန့်ကြားသည်။ ရန်ကင်းတောင်ခြေရှိ ငြိမ်းချမ်းရေး တက္က သိုလ်ရှေ့ကံထူးအောင် ကျောင်းတိုက်တွင် စုဝေး၍ ရန်ကင်း တောင်တက်လမ်းအတိုင်း ဥယျာဉ် ပရိယတ္တိစာသင်တိုက်အထိ ခွင့်ပြု မိန့်ဖြင့် စုပေါင်းလမ်းလျှောက်ခဲ့ပြီး i Peace စာသားပါ ပူဖောင်းများ ကိုင် ဆောင်၍ ငြိမ်းချမ်းစွာ လမ်းလျှောက် ခဲ့ကြသည်။
    .
    ဇူလိုင် ၁၅ ရက် နံနက် ၇ နာရီ ကကျင်းပသော ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ခြေရှိ ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်အလယ်ပင်မ ဆောင် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ ပါမောက္ခချုပ် ဆရာတော် နှင့် မန္တလေး တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာဇော်မြင့်မောင်တို့ တက်ရောက်ခဲ့ပြီး ကမ္ဘာကြီးငြိမ်းချမ်း စေရန်ရည်ရွယ်၍ ရဟန်း၊ သံဃာ နှင့် ကျောင်းသား၊ ကျောင်းသူများက စုပေါင်းလမ်းလျှောက်ခြင်းကို ဆက် လက်ပြုလုပ် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
    .
    AXE
    democracytoday‬ မှ ကူးယူဖော်ပြပါသည်။

    https://www.facebook.com/YangonMediaGroup/photos/a.335477406471186.83922.334119789940281/1228273143858270/?type=3

  • စစ်ကိုင်းမြို့မဗလီမှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံ စုပေါင်းဝါဖြေပွဲနှင့် ဗလီဝတ်ကျောင်းလေ့လာရေး အစီအစဉ်

    စစ်ကိုင်းမြို့မဗလီမှာ ပြုလုပ်တဲ့ ဘာသာပေါင်းစုံ စုပေါင်းဝါဖြေပွဲနှင့် ဗလီဝတ်ကျောင်းလေ့လာရေး အစီအစဉ်

    ဇွန် ၂၇ ၊ ၂၀၁၆
    M-Media
    သတင်း- သီဟ
    .13438865_10208033040158274_1533931474015031113_n
    စစ်ကိုင်းမြို့မင်းလမ်းရပ် မြို့မဗလီဝတ်ကျောင်းတော်နှင့် CDNH တို့ ပူးပေါင်းကျင်းပြုလုပ်သော ဘာသာပေါင်းစုံ စုပေါင်း ဝါဖြေပွဲ အခမ်းအနား တရပ်ကို ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့ ညနေ ၅ နာရီမှာ အဆိုပါ မြို့မဗလီဝတ်ကျောင်းတော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
    .
    တက်ရောက်လာတဲ့ ဘာသာပေါင်းစုံမှာ ဧည်သည်တော်များဟာ မွတ်စလင်မ် တွေရဲ့ ဥပုသ်ထွက် ဝါဖြေပွဲ မပြုလုပ်ခင် ဗလီအတွင်းသို့ ဝင်ရောက်လေ့လာခဲ့ကြပြီး အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုပုံကို လေ့လာခဲ့ကြပြီး စစ်ကိုင်းမြို့မ ဗလီမှ ရှေ့ဆောင်ဆရာ ဦးစိုးနေဦးမှ အသေးစိတ်ရှင်းပြခဲ့ကြောင်း သိရပါတယ်။
    .
    အဲဒီနောက်တက်ရောက်လာတဲ့ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များမှ အသီးသီးအမှာစကားပြောကြခဲ့ကြပြီး အစ္စလာမ်ဘာသာဝင်များ ဥပုသ်ထွက်ချိန် ၌ အတူတကွ ဝါဖြေခဲ့ကြပါတယ်။
    .
    “စစ်ကိုင်းမြို့မှာ ဘာသာပေါင်းစုံ တွေ့ဆုံပွဲတွေကို ဗလီမှာပထမဆုံး ကျင်းပတာဖြစ်လို့ တက်ရောက်လာသူတွေ တော်တော်လေး သဘောကျကြပါတယ်။ ဗလီတွေကို လေ့လာဖို့ စိတ်အားထက်သန်သူတွေ တော်တော်များပါတယ်။ ကျနော်တို့ ရည်ရွယ်ချက်ကလည်း ဗလီတွေအပေါ်မှာ ရှိတဲ့ သံသယ ဖြစ်နေမှုတွေ ပပျောက်သွားအောင်ပါ။”  စစ်ကိုင်းမြို့မှ ဗလီရှေ့ဆောင်ဆရာ ဦးစိုးနေဦးက M-Media ကိုရှင်းပြခဲ့တာပါ။
    .
    “ကျနော်အဖွဲ့က လူငယ်တွေထဲမှာ ဗလီဆိုတာ တခါမှ မလေ့လာဘူးသူတွေရှိပါတယ်။ ဒီကနေ့ ပွဲမှာ လာရောက်ပြီးလေ့လာရတဲ့ အတွက် တချို့ အမြင်တွေပြောင်းလဲလာ တွေရှိပါတယ်။ အစီအစဉ် ပြုလုပ်တဲ့သူတွေကလည်း ဖော်ဖော်ရွေရွေနဲ့ ဧည့်ခံပြီး ရှင်းပြတဲ့အတွက် အထူးပဲ ကျေနပ်မိပါတယ် ” လိုပြောလာသူက ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အဖွဲ့ (စစ်ကိုင်း) မှ ကိုနေမင်းပါ။

    စစ်ကိုင်းမြို့မ ဗလီမှာ ပထမအဆုံး အကြိမ်အဖြစ် ပြုလုပ်တာဖြစ်ပြီး မြဝတီမင်းကြီးကျောင်းတိုက်ဆရာတော် နှင့် ဆရာတော်သံဃာတော်များ၊ စစ်ကိုင်းမြို့ရှိ ခရစ်ယာန်အဖွဲ့အစည်းမှ ဘုန်းတော်ကြီးများ၊ဟိန္ဒူဘာသာမှ ဘာသာရေးခေါင်းဆောင်များ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်မှ အမျိုးသား လွှတ်တော်အမတ် ဦးကျော်သောင်း ဘာသာပေါင်းစုံ လူမှုအဖွဲ့အစည်းများမှာ ၂၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။

    ဓါတ်ပုံ- ကိုစိုးနေဦး၊ ဒေါ်အမာနီ၊ ကိုဟယ်ရီတို့၏ FB စာမျက်နှာမှ ၇ယူဖော်ပြပါသည်။

    13494866_1642250052763810_1810434333230090135_n
    13438944_1642250106097138_8031005827415975171_n  13495343_10208033039758264_1930182004739054528_n 13501604_1642250346097114_2907016232829585536_n 13521904_269720140053530_2945882240132233048_n 13528688_1642250086097140_5514974256979015249_n

    13532758_1642250229430459_3173724829618366363_n 13532811_1642250322763783_4012908380155756923_n

  • ရွေးလက်ယာ အင်စတီကျုမှ ပြုလုပ်သော သဟဇာတကမ်ပိန်း/ရမသွာန်ဝါဖြေပွဲ (ရုပ်သံ)

    ရွေးလက်ယာ အင်စတီကျုမှ ပြုလုပ်သော သဟဇာတကမ်ပိန်း/ရမသွာန်ဝါဖြေပွဲ (ရုပ်သံ)

     

    ရွေးလက်ယာ အင်စတီကျူ့ရဲ့ သဟဇာတ ကမ်ပိန် လှုပ်ရှားမှု အနေနဲ့ဘာသာပေါင်းစုံ ၀ါဖြေပွဲလေးတခုကို ဇွန် ၂၅ ရက်နေ့က ဇဖရ်ရှား ဗလီဝတ် ကျောင်း တော်မှာ ပြုလုပ်ခဲ့ပါတယ်။

    ဘာသာတခု နဲ့တခုအကြား ယုံကြည် မှု မြင့်တင်ပြီး အပြန်အလှန်နားလည်ဖေးမမှု နဲ့အတူ ရေးရာကိစ္စတွေမှာ စုပေါင်းလက်တွဲ လုပ်ကိုင်နိုင်ဖို့ ရည် ရွယ် လုပ် ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

    မြန်မာနိုင်ငံနှစ်ချင်း ခရစ်ယာန်တက္ကသိုလ် Myanmar Institute of Theology (MIT) BA (Religion) Final သင်တန်းနှင့် ရန်ကုန်နိုင်ငံရေးသိပံ္ပမှ ခရစ်ယာန် ၊ဗုဒ္ဓဘာသာ ကျောင်းသူ/ကျောင်းသား၊ ဆရာ ၁၅ ဦးပါဝင်ခဲ့ပါတယ်။

    ရိုက်ကူး-မိုးစက်
    M-Media