News @ M-Media

Tag: international short news

  • ဒီဇင်ဘာ ၁၁ နိုင်ငံတကာသတင်း စုစည်းမှု

    ဒီဇင်ဘာ ၁၁၊၂၀၁၃
    M-Media

    ကွယ်လွန်သူ မင်ဒဲလားအတွက် ဆုတောင်းပွဲတက်နေစဉ်  နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၏ နေအိမ် ဖောက်ထွင်းခံရ

    – ယမန်နေ့က ဂျိုဟန်နစ္စဘတ်နှင့် ပြုလုပ်ခဲ့သည့် ကွယ်လွန်သူ တောင်အာဖရိကန် သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားအတွက် ဆုတောင်းပွဲသို့ သွားရောက်စဉ်အတွင်း နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၏ နေအိမ်မှာ ဖောက်ထွင်းခံခဲ့ရသည်ဟု Daily Mail သတင်းစာက ယနေ့တွင် ဖော်ပြခဲ့သည်။

    အသားအရောင်ခွဲခြားမှုကိုဆန့်ကျင်သည့် ဘုန်တော်ကြီး တူးတူး၏ နေအိမ်မှာ ကိပ်တောင်းမြို့ ဆင်ခြေဖုံးတွင်ရှိပြီး ၃ လအတွင်း ၂ ကြိမ်မြောက် ဖောက်ထွင်း ခံရခြင်းလည်းဖြစ်သည်။
    Ref: RT

    article-0-1A02693A00000578-429_634x390

    ——————————-

    ၁၅၇ နှစ်သက်တမ်းရှိ  သြစတြေးလျရှိ Holden  ကားကုမ္ပဏီ ၂၀၁၇ မှာရပ်ဆိုင်းတော့မည်။

    – ၁၅၇ နှစ်သက်တမ်းရှိ ပြီဖြစ်သည့် သြစတြေးလျရှိ Holden  ကားကုမ္ပဏီမှာ လာမည့် ၂၀၁၇ ခုနှစ်တွင် ကားထုတ်လုပ်မှုများကို ရပ်ဆိုင်းတော့မည်ဟု ယနေ့တွင် ကြေညာလိုက်သည်။

    ထိုကဲ့သို့ ရပ်ဆိုင်းမှုမှာ မိခင်ကုမ္ပဏီဖြစ်သည့် အမေရိကမှ General Motors ကားကုမ္ပဏီမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ ထုတ်လုပ်မှုစားရိတ်မြင့်မားခြင်း၊ ဒေသအတွင်းဈေးကွက်နည်းပါးခြင်းနှင့် ကမ္ဘာတစ်ဝှမ်းတွင် ကားထုတ်လုပ်သူများနှင့် ယှဉ်ပြိုင်ရမှုများကြောင့်ဖြစ်သည်ဟု Holden ကုမ္ပဏီ၏ စီအီးအိုဖြစ်သူ ဒန်အေကာဆန်က ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ရပ်နားလိုက်ပါက အလုပ်အကိုင်ပေါင်း ၃၀၀၀ ခန့် ဆုံးရှုံးသွားမည်ဖြစ်သည်။

    Ref: ဆင်ဟွာ

    ——————————-

    ပါလီမန်ဖျက်သိမ်းသည့် ထိုင်းအစိုးရ ဆုံးဖြတ်ချက် နိုင်ငံတကာထောက်ခံဟု အိမ်စောင့်အစိုးရပြော

    – ပါလီမန်အားဖျက်သိမ်းပြီး ရွေးကောက်ပွဲအား လာမည့် ဖေဖော်ဝါရီလတွင်ပြုလုပ်မည်ဟု ထိုင်းအစိုးရအဖွဲ့ကကြေညာခဲ့ပြီးနောက် ထိုကဲ့သို့ကြေညာမှုအား နိုင်ငံတကာ အသိုင်းအ၀ိုင်းများက ထောက်ခံပြောကြားခဲ့သည်ဟု ထိုင်းအိမ်စောင့်အစိုးရ၏ ၀န်ကြီးချုပ်နှင့် နိုင်ငံခြားရေး ၀န်ကြီးတို့က ယနေ့တွင်ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ထောက်ခံ အားပေးခဲ့ကြသည့်နိုင်ငံများမှာ အမေရိကန်၊ တရုတ်၊ ဂျာမနီနှင့် နယူးဇီလန်တို့ပါဝင်ခဲ့ကြပြီး၊ ထိုင်းအိမ်စောင့်အစိုးရအနေဖြင့် ဆန္ဒပြသူများနှင့် ဆွေးနွေးညှိနှိုင်းခြင်းအားဖြင့် ငြိမ်းချမ်းစွာ အဖြေရှာသွားမည်ဟု အိမ့်စောင့် အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Surapong Tovichakchaikul က ပြောကြားခဲ့သည်။

    Ref: ဆင်ဟွာ

    ——————————-

    နျူကလီးယားလက်နက် စွန်လွှတ်ရန် သဘောတူချက် အီရန်အပေါ်သံသယရှိနေဟု ကန် နိုင်ငံခြားရေးဝန်ကြီးပြော

    – နျူးကလီးယားအစီစဉ်အား စွန့်လွှတ်ရန်အတွက် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နောက်ဆုံး သဘောတူညီမှုချက်ရရှိရန် အီရန်အနေဖြင့် အမှန်အကန်ပြင်ဆင်နေမည်လား ဆိုသည်နှင့် ပတ်သက်၍ သံသယများ မြင့်တက်လာသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ယမန်နေ့တွင်ပြောကြားခဲ့သော်လည်း အီရန်အပေါ် ပိတ်ဆို့မှုအသစ်များ မပြုလုပ်ရန် အမေရိကန် ဥပဒေပြုအမတ်များအား တိုက်တွန်းပြောကြားခဲ့သည်။

    အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ နျူးကလီးယားကိစ္စဆိုင်ရာ ပဏာမ သဘောတူညီချက်ရရှိခဲ့ပြီးနောက် အစ္စရေးနှင့် အမေရိကန်ရှိ နိုင်ငံရေးသမားအချို့က အီရန်မှာ နျူးကလီးယားလုပ်ငန်းစဉ်အား အမှန်တစ်ကယ်စွန့်လွှတ်လိမ့်မည်မဟုတ်ဟု စွပ်စွဲခဲ့ကြပြီး၊ အီရန်ကမူ ထိုစွပ်စွဲချက်များအား ငြင်းဆိုခဲ့သည်။
    Ref: CNA
    …………………………..
    နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် ပြုလုပ်မည့် ဆန္ဒပြပွဲ ကျူးဘားတားမြစ်၊ အမျိုးသမီး ၂၀ ကို ထိန်းသိမ်း

    – ယမန်နေ့က ကျရောက်ခဲ့သည့် နိုင်ငံတကာလူ့အခွင့်အရေးနေ့တွင် ပြုလုပ်မည့် ဆန္ဒပြပွဲအား ကျူးဘားစိုးရက တားမြစ်ခဲ့ပြီး ထိုဆန္ဒပြပွဲတွင် ပါဝင်မည့် အမျိုးသမီး ၂၀ ကိုလည်း ထိန်းသိမ်းလိုက်သည်ဟု သိရသည်။ အဆိုပါဆန္ဒပြပွဲအား မြို့တော်ဟာဗာနားရှိ အဓိကလမ်းမတစ်လျှောက် ပြုလုပ်ရန်စီစဉ်ထားခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များက တားမြစ်ခဲ့ကာ ထိုပွဲတွင်ပါဝင်မည့်သူများကိုလည်း ကားများ၊ ခရီးသည်တင် ဘတ်စ်ကားများဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ ကျူးဘားနိုင်ငံ၏ ဥပဒေအရ မည်သည့်ဆန္ဒပြမှုကိုမဆို တားမြစ်ထားသည်ဟု နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့များက ပြောကြားခဲ့သည်။
    Ref: aljazeera
    ………………………………..
    တရုတ်နိုင်ငံ ရှန်ဇန်မြို့မှ ဈေးမီးလောင်မှု လူ ၁၅ ဦးသေဆုံး

    – တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်ပြည်နယ် ရှန်ဇန်မြို့ရှိ လယ်ယာထွက် အစားအသောက်များရောင်းချသည့် ဈေးတစ်ခုတွင် ယနေ့နံနက်စောစောပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့သည်။ မီးလောင်သည့် အကြောင်းအရင်းကိုမူ စုံစမ်းစစ်ဆေးလျက်ရှိပြီး၊ မီးသတ်ယာဉ် ၂၉ စီးနှင့် မီးသတ်သမား ၁၄၅ ဦးတို့က အဆိုပါ မီးလောင်ကျွမ်းမှုအား ၁ နာရီခွဲကြာ ငြိမ်းသက်ခဲ့ရကာ၊ ကယ်ဆယ်ရေးလုပ်သားများက ရှာဖွေမှုများပြုလုပ်နေသည်ဟု သိရသည်။
    Ref: CNA
    ………………………………..
    ဆေးခြောက် တရားဝင်ထုတ်လုပ်ရောင်းချခွင် ဥရုဂွေ ဆီးနတ်လွှတ်တော် အတည်ပြု

    – နိုင်ငံအတွင်း ဆေးခြောက် ထုတ်လုပ်ရောင်းဝယ်မှုများကို တရားဝင်ဖြစ်စေသည့် ဥပဒေတစ်ခုကို ဥရုဂွေး ဆီးနိတ်လွှတ်တော်မှ ယမန်နေ့က အတည်ပြုခဲ့ပြီးနောက် ဥရုဂွေးနိုင်ငံမှာ ဆေးခြောက်ထုတ်လုပ် ရောင်းချမှုအား တရားဝင်ခွင့်ပြုခဲ့သည့် ကမ္ဘာ့ပထမဆုံး နိုင်ငံဖြစ်လာခဲ့သည်။ ထိုကိစ္စအား ဆီးနိတ်လွှတ်တော်တွင် အခြေအတင်ဆွေးနွေးခဲ့ရပြီး ဥပဒေပြုအမတ် ၂၉ ဦးမှ လက်ဝဲယိမ်းအမတ် ၁၆ ဦးက ထောက်ခံမဲပေးခဲ့ပြီးနောက် အတည်ပြုခဲ့ခြင်းဖြစ်ကာ သမ္မတ ဂျိုဆေး မူဂျီကာ လက်မှတ်ထိုးရန်သာ ကျန်ရှိတော့သည်။ ထိုကဲ့သို့ ဥပဒေအတည်ပြုပြီးနောက် ဆေးခြောက်သုံးစွဲသူ ရာပေါင်းများစွာက လွှတ်တော်အရှေ့တွင် မီးရှူး မီးပမ်းများ ပစ်ဖောက်ကာ အောင်ပွဲခံခဲ့ကြသည်။

  • ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာသတင်း စုစည်းမှု

    ဒီဇင်ဘာ- ၁၀ ၂၀၁၃
    M-Media

    နိုင်ငံပိုင် Ria Novosti  သတင်းဌာန ပူတင်ဖျက်သိမ်း၊ Rossiya Segodnya (ရုရှားနေ့စဉ်) ဖြင့် အစားထိုး

    – ရုရှားသမ္မတ ဗလာဒီမာပူတင်မှ နိုင်ငံပိုင် သတင်းဌာနတစ်ခုဖြစ်သည့် Ria Novosti အေဂျင်စီအား ဖျက်သိမ်းကာ Rossiya Segodnya (ရုရှားနေ့စဉ်) အမည်ရသည့် သတင်းအေဂျင်စီ အသစ်ဖြင့် ယမန်နေ့က အစားထိုးလိုက်သည်ဟု သိရသည်။

    အေဂျင်စီအသစ်မှာ မီဒီယာရင်းမြစ်များ၏ အရည်အသွေးများကို မြှင့်ကာ ရုရှားနိုင်ငံ၏ပေါ်လစီနှင့် နိုင်ငံတစ်ဝှမ်းရှိ လူမှုဘ၀နေထိုင်မှုတို့အား ဘာသာစကားမျိုးစုံဖြင့် တင်ပြသွားမည်ဟု ကရင်မလင် ၀ဘ်ဆိုဒ်တွင် ရေးသားဖော်ပြခဲ့သည်။
    Ref: aljazeera

    201312919132681734_20

    —————————————————————-

    ဆန္ဒပြသူများနှင့် ဆွေးနွေးမှုပြုလုပ်ရန် ယူကရိန်း သမ္မတ ကမ်းလှမ်း

    – မြို့တော်ကိဗ်၏ လမ်းများပေါ်တွင် ထောင်ပေါင်းများစွာသောပြည်သူတို့မှာ သီတင်းပတ်အတော်ကြာ ဆန္ဒပြပွဲများပြုလုပ်ခဲ့ပြီးနောက် ရုရှားနှင့် ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် စိတ်အားထက်သန်သည့် ယူကရိန်းသမ္မတ ဗစ်တာယန်ကိုဗစ်ခ်ျက အတိုက်အခံများအား တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်ဟုသိရသည်။

    ဆိုဗီယက်ပြည်ထောင်စုမှခွဲထွက်ပြီးနောက်ပိုင်း ပထမဦးဆုံး သမ္မတဖြစ်ခဲ့သည့် လီယွန်နစ် ကရာဗ်ချော့၏ အကြံဥာဏ်ပေးမှုကြောင့် ထိုကဲ့သို့ ဆွေးနွေးရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ဖြစ်ပြီး သမ္မတရုံး ၀ဘ်ဆိုဒ်မှနေ၍ ကြေညာခဲ့သည်။

    ရုရှားနှင့် ဆက်ဆံရေး ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ဥရောပ ကုန်သွယ်ရေးသဘောတူညီချက်အား လက်မှတ်ထိုးရန် ယူကရိန်းအစိုးရက ငြင်းဆန်ခဲ့ပြီးနောက်ပိုင်း မြို့တော်ကိဗ်တွင် ထောင်ပေါင်းများစွာသော ပြည်သူတို့က ဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ကြပြီး ဆိုဗီယက်ပြည်ထောင်စုကို တည်ထောင်ခဲ့သည့် လီနင်၏ ရုပ်ထုကိုပါ ဖြိုချခဲ့သည်အထိ ဖြစ်ခဲ့သည်။

    #MMedia_IntShortNews

    —————————————————

    ပါလီမန် ဖျက်သိမ်းခဲ့သော်လည်း ထိုင်းအတိုက်အခံများ မကျေနပ်သေး

    – အတိုက်အခံများက အိမ်စောင့်အစိုးရ အကြီးအကဲ ရာထူးမှ နှုတ်ထွက်ပေးရန် တောင်းဆိုထားသော်လည်း လာမည့် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ပြုလုပ်မည့် ရွေးကောက်ပွဲ မတိုင်မီ နှုတ်ထွက်ပေးမည် မဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ရှင်နာဝပ်ထရာက ယနေ့တွင် ပြောဆိုလိုက်သည်။

    ယင်းလပ်မှာ ယမန်နေ့က ပါလီမန်အား ဖျက်သိမ်းပေးခဲ့ပြီး၊ ရွေးကောက်ပွဲပြုလုပ်မည့် ရက်ကို ကြေညာခဲ့သော်လည်း အတိုက်အခံများက ကြားဖြတ် အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းကာ တိုင်းပြည်အား အုပ်ချုပ်စေရန် အလိုရှိနေကြသည်။
    Ref: aljazeera

    ————————————————-

    လျှို့ဝှက်ထောက်လှမ်းရေး လုပ်ငန်းစဉ်များကို ရပ်တန့်ရန် နည်းပညာ ကုမ္ပဏီများက အိုဘားမားအား ဖိအားပေး

    – နိုင်ငံအတွင်းရှိ နည်းပညာလုပ်ငန်းများ၏ ဘဏ္ဍာရေးအခြေအနေကို ခြိမ်းခြောက်နေသော အမေရိကန်ထောင်လှမ်းရေးအေဂျင်စီမှ ပြုလုပ်နေသည့် အင်တာနက်မှ သတင်းအချက်အလက်များကို ကြားဖြတ်ခိုးယူနေမှုများအား အမေရိကန်အစိုးရအနေဖြင့် ထိန်းချုပ်ရန် ဆီလီကွန်တောင်ကြားရှိ နည်းပညာကုမ္ပဏီများဖြစ်သည့် Google၊ Apple၊ Yahoo၊ Facebook နှင့် Microsoft တို့မှ စုပေါင်းကာ သမ္မတ ဘာရက်အိုဘားမားအား ဖိအားပေးမှုကို တိုးမြှင့်ပြုလုပ်နေကြသည်။

    ထိုကုမ္ပဏီများမှ စုပေါင်းကာ သမ္မတအား လိပ်မူသော အိတ်ဖွင့်ပေးစာတစ်စောင်ကို ရေးသားခဲ့ပြီး ယမန်နေ့ထုတ် သတင်းစာများနှင့် http://reformgovernmentsurveillance.com တွင် ဖော်ပြခဲ့ကြသည်။

    ———————————————————————————-

    နိုင်ငံရှိ နိုင်ငံရေးသမားများ၏ ကံကြမ္မာနှင့်ပက်သက်၍ မှတ်ချက်ပေးရန် အမေရိကန်တွင် အခွင့်မရှိဟု တရုတ်ဆို

    တိုင်းပြည်အတွင်းရှိ နိုင်ငံရေးသမားများ၏ ကံကြမ္မာနှင့်ပက်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ၏ မှတ်ချက်ပေးမှုအား တရုတ်နိုင်ငံက ကန့်ကွက်ပြောဆိုလိုက်သည်ဟု Reuters သတင်းဌာနက ဖော်ပြထားသည်။ တရုတ်အစိုးရမှ ဖမ်းဆီးထားသည့် နိုဘယ်ဆိုရှင် လီရှောင်ဘိုအား ထိန်းသိမ်းမှု ငါးနှစ်ပြည့်မြောက်သည့်အချိန်တွင် ဂျွန်ကယ်ရီက ရှောင်ဘိုအား လွှတ်ပေးရန် တိုက်တွန်းခဲ့ပြီး ရှောင်ဘို၏ ဇနီးဖြစ်သူအတွက် စိးရိမ်မိသည်ဟု ပြောကြားခဲ့သည်။ သိုသော်လည်း နိုင်ငံအတွင်းရှိ ၁.၃ ဘီလီယံရှိသည့် ပြည်သူများကသာ နိုင်ငံအတွင်းရှိ လူ့အခွင့်အရေးနှင့်ပက်သက်၍ ပြောဆိုရန် အကောင်းဆုံးအခွင့်အရေးရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    Ref: RT

    ——————————————————-

    ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုများမှာ အကျိုးမရှိသော သက်ရောက်မှုများကို ဖြစ်စေနိုင်သည်ဟု ပါကစ္စတန်ဝန်ကြီးချုပ်ဆို

    နိုင်ငံအနောက်မြောက်ပိုင်း လူမျိုးစုဒေသများတွင် အမေရိကန်မှပြုလုပ်နေသည့် ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုများမှာ အကြမ်းဖက်ဝါဒအား စစ်ဆင်မှုနှင့် ပက်သက်ပြီး အကျိုးမရှိသော သက်ရောက်မှုများကို ဖြစ်စေနိုင်သည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် နာဝက်ဇ်ရှရစ်ဖ်က အစ္စလမ်မာဘတ်သို့ရောက်ရှိနေသော ဥရောပကိုယ်စားလှယ်အဖွဲ့နှင့်  ယနေ့တွေ့ဆုံမှုအတွင် ပြောကြားခဲ့သည်။

    ရှရစ်ဖ်မှာ ယမန်နေ့က အမေရိကန်ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်နှင့်တွေ့ဆုံခဲ့စဉ်က အဆိုပါ ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုများအကြောင်း ဦစားပေးဆွေးနွေးခဲ့ကာ ယနေ့ပြုလုပ်ခဲ့သည့် ပါလီမန်အစည်းအဝေးတွင်လည်း အမေရိကန်၏ ဒရုန်းဖြင့်တိုက်ခိုက်မှုများအား ရပ်တန့်ရန်တောင်းဆိုချက်ကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။
    Ref: ဆင်ဟွာ

     

  • ဒီဇင်ဘာ ၉၊ နိုင်ငံတကာသတင်း

    ဒီဇင်ဘာ ၉၊ ၂၀၁၃
    M-Media

    ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်နေသာ ဆက်ဆံရေး တင်းမာမှုလျော့ချရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး ပါကစ္စတန်ရောက်

    – အာဖဂန်နစ္စတန်ကျူးကျော်စစ်တွင် ပါဝင်နေသည့် ပါကစ္စတန်၏ အခန်းကဏ္ဍနှင့် ပါကစ္စတန်နိုင်ငံအတွင်း အမေရိကန်က ပြုလုပ်နေသည့် ဒရုန်းလေယာဉ်များဖြင့် တိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်နေသော တင်းမာမှုများကို လျော့ချရန် ကြိုးပမ်းမှု တစ်ခုအဖြစ် အမေရိကန်ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်မှာ ပါကစ္စတန်ဝန်ကြီးချုပ် နာဝက်ဇ်ရှရစ်ဖ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

    ပါကစ္စတန်သို့ရောက်ရှိနေသည့် ဟေဂယ်နှင့် ရှရစ်တို့ ပြုလုပ်ခဲ့သည့် ထိုဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းစေရန်အတွက် အတူကွလုပ်ဆောင်သွားရန် သဘောတူခဲ့ကြသည်။

    ပါကစ္စတန်သို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးလာရောက်မှုမှာ လေးနှစ်အတွင်း ပထမဆုံးအကြိမ်လည်းဖြစ်သည်။

    ဓါတ်ပုံအညွှန်း- အမေရိကန်ကာကွယ်ရေးဝန်ကြီးနှင့် ပါကစ္စတန် ကာကွယ်ရေးဦးစီးချူပ်တို့ တွေ့ဆုံနေစဉ်
    Ref: aljazeera

    201312981113248734_20

    ———————————————————

    ကုလ စစ်ဆေးရေးမှူးများ အီရန် နျူစက်ရုံများစစ်ဆေး

    – ကုလသမဂ္ဂမှ နျူးကလီးယား စုံစမ်းစစ်ဆေးရေးမှူးများမှာ အီရန်နိုင်ငံရှီ Arak နျူးကလီးယား စက်ရုံအား ယမန်နေ့က စစ်ဆေးခဲ့သည်ဟု သိရသည်။ အီရန်နိုင်ငံတောင်ဘက်တွင်ရှိသည့် ဆောက်လုပ်စဲ ထိုစက်ရုံအား စစ်ရေးအရအသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်မည်ဟု နိုင်ငံတကာမှ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေစဉ်အတွင်း စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် နိုင်ငံတကာ နျူးကလီးယားအေဂျင်စီမှ လာရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
    ————————————————-
    ခြစားမှုများ အမြစ်ဖြတ်မည်ဟု ကမ္ဘော့ဒီယား ၀န်ကြီးချုပ် ဟွန်ဆန်ပြော

    ဆင်းရဲမွဲတေမှုလျော့ချရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုဆောင်ရွက်ရန် အတွက် လာမည့် ၂၀၁၃-၂၀၁၈ သမ္မတသက်တမ်း အတွင်း နိုင်ငံအတွင်းရှိ ဆိုးရွားစွာဖြစ်ပေါ်နေသော ခြစားမှုများကို အမြစ်ဖြတ်မည်ဟု ကမ္ဘော့ဒီယား ၀န်ကြီးချုပ် ဟွန်ဆန်က ယနေ့တွင်ပြောကြားလိုက်သည်။ ခြစားမှုမှာ စီးပွားရေးဖွံဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု လျော့ချရေးတို့အတွက် အတားအဆီးဖြစ်နေကြောင်း ခြစားမှုကိုတိုက်ဖျက်ရေးလုပ်ဆောင်ရန် မိမိအနေဖြင့် ကတိပေးကြောင်း ယနေ့ကျရောက်သည့် နိုင်ငံတကာ ခြစားမှု တိုက်ဖျက်ရေးနေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
    ————————————————-
    အသုံးစရိတ် ယူရို ၃ ဘီလီယံ ဖြတ်တောက်ရန် ဂရိပါလီမန် အတည်ပြု

    – ကြွေးမြီများ ဖိစီးနေသော ဂရိနိုင်ငံတွင် နိုင်ငံသုံးငွေ ယူရို ၃ ဘီလီယံ ဖြတ်တောက်ရေးအစီစဉ်အား ပါလီမန်တွင် အတည်ပြုခဲ့သည်ဟုသိရသည်။ ခြောက်နှစ်ဆက်တိုက် စီးပွားရေး ကျဆင်းမှုများဖြစ်ပေါ်နေရာမှ ပြန်လည်ဦးမော့လာစေရန် အတွက် ထိုကဲ့သို့ အစီအစဉ်များ ပြုလုပ်ခဲ့ရခြင်းဖြစ်ပြီး ထိုဥပဒေမှာ လာမည့်နှစ်တွင် စတင်သက်ရောက်မည်ဖြစ်သည်။ ဂရိနိုင်ငံမှာ ပြီးခဲ့သည့်နှစ်က စီးပွားရေးပြိုလဲလု နီးပါး ဖြစ်ပွားခဲ့ပြီးနောက် လာမည့်နှစ်တွင် ၀.၆ ရာခိုင်နှုန်း တိုးတက်လာစေရန်မျှော်လင့်နေသည်။

    ————————————————-

    ဖုန်းခိုးနားထောင်သည့် ဗြိတိန်ထောက်လှမ်းရေးကို AI အဖွဲ့မှ ဥပဒေကြောင်းအရ ဆောင်ရွက်မည်ဟုပြော

    – ဗြိတိန်ထောက်လှမ်းရေး အေဂျင်စီများက ၎င်းတို့အဖွဲ့၏ ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ်နားထောင်မှုများ ပြုလုပ်ခဲ့သောကြောင့် ဗြိတိန်လုံခြုံရေးဆိုင်ရာ အသင်းအဖွဲ့များအား ဥပဒေအရ ဆောင်ရွက်သွားမည်ဟု လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သည့် Amnesty International အဖွဲ့ကကြေညာခဲ့သည်။ ဗြိတိန်ထောက်လှမ်းရေးက ထိုကဲ့သို့ပြုလုပ်မှုမှာ လူ့အခွင့်အရေးအက်ဥပဒေ အပိုဒ် ၈ (ကိုပိုင်အခွင့်အရေး)နှင့် အပိုဒ် ၁၀ (လွတ်လပ်စွာဖော်ထုတ်ခွင့်) ကိုချိုးဖောက်ရာရောက်ကြောင်း ထောက်လှမ်းရေးနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ကြားနားသော အစိုးရအုပ်ချုပ်မှုနှင့် ကင်းလွတ်သည့် ခုံအဖွဲ့ IPT သို့  Amnesty International အဖွဲ့က တိုင်ကြားထားသည်။

    ……………………………………
    အင်ဒိုနီးရှားမှာ ရထား ၂ စီးတိုက် အနည်းဆုံး လူ ၁၀ ဦးသေဆုံး

    – အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ဆင်ခြေဖုံးတွင် လူအပြည့်တင်ဆောင်လာသည့် ရထားတစ်စီးမှာ လောင်စာဆီးများတင်ဆောင်လာသည့် ကုန်တင်ကားတစ်စီးနှင့် တိုက်မိမှု ယနေ့တွင် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၀ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။ ဂျကာတာမြို့ အနောက်တောင်ဘက် ဘင်တာရိုဒေသတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုသို့တိုက်မိခဲ့ပြီးနောက် ကြီးမားသော ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်ခဲ့ကာ မီများလောင်ကျွမ်းခဲ့သည်။

    …………………………………….
    ထိုင်းပါလီမန်ဖျက်သိမ်း ဖေဖော်ဝါရီ ၂ ရက် ရွေးကောက်ပွဲ ကျင်းပါမည်။

    – ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာက ယနေ့ညနေတွင် ပါလီမန်ဖျက်သိမ်းကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့ပြီး၊ ထိုင်းဘုရင်မင်းမြတ်ကလည်း ထိုဖျက်သိမ်းမှုကို  လက်ခံခဲ့ကာ ရွေးကောက်ပွဲပြုလုပ်မည့် ရက်အား ဖေဖော်ဝါရီ ၂ ရက်ဟု သတ်မှတ်လိုက်သည်။ ယခုအချိန်တွင် ထိုင်းနိုင်ငံအား အိမ်စောင့်အစိုးရက အုပ်ချုပ်ထားမည်ဖြစ်ပြီး မကြာခင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ယင်းလပ်ရှင်နာဝပ်ထရာလည်း ပြန်လည်ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

    …………………………………………..
    မုန်တိုင်းဒဏ်ခံ ဖိလစ်ပိုင်ဒုက္ခသည်များအတွက် ပြည်ပမှ အကူညီများ ကြားဖြတ်အခိုးခံရ

    – ရဲတပ်ဖွဲ့မှ သင့်လျော်သော အရေးယူမှုများ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံခြားမှ ပေးပို့သော အကူအညီများအား ကြားဖြတ်ခိုးယူမှုများကို သိရှိသောသူများက ဖော်ထုတ်ကြရန် ဖိလစ်ပိုင် အစိုးရက ယနေ့တွင် တိုက်တွန်းပြောကြားခဲ့သည်။ ဗြိတိန်မှ စစ်တပ်သုံးရဟတ်ယာဉ်ဖြင့် ပေးပို့လိုက်သော အရေးပေါ် ထောက်ပံ့ရေးပစ္စည်းများမှာ ဟိုင်ယန်မုန်တိုင်းဒဏ်ခံ ပြည်သူများလက်သို့မရောက်ဘဲ ဈေးဆိုင်များတွင် တင်ရောင်းနေကြသည်ဟု Dailay Mail သတင်းစာက ဖော်ပြခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရက ထိုကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

    ……………………………………………
    ဆီးရီယားကလေးငယ် ၂၃ သန်း ပိုလီယိုကာကွယ်ဆေးတိုက်ရန် WHO စီစဉ်နေ

    – ဆီးရီးယားနိုင်ငံတွင် ပိုလီယိုရောဂါဖြစ်ပွားမှု ၁၇ ခုအားတွေ့ရှိခဲ့ရပြီးနောက် အရှေ့အလယ်ပိုင်းရှိ ကလေးငယ် ၂၃ သန်းအတွက် ပိုလီယိုကာကွယ်ဆေးတိုက်ကြွေးမှုများကို လုပ်ဆောင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နှင့် ယူနီဆက်ဖ်တို့က အစီစဉ်ချမှတ်ခဲ့သည်။ ထိုကဲ့သို့လုပ်ဆောင်မှုမှာ အရှေ့အလယ်ပိုင်းတစ်ခွင်တွင် အကြီးမားဆုံး ကာကွယ်ဆေးတိုက်ကျွေးမှု ဖြစ်လာမည်ဟု WHOနှင့် ယူနီဆက်ဖ်တို့၏ ယနေ့သတင်းထုတ်ပြန်မှုကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြခဲ့သည်။ ထိုကာကွယ်ဆေးတိုက်ကျွေးမှုကို အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ လက်ဘနွန်၊ ပါလက်စတိုင်းရှိ အနောက်ဖက်ကမ်းနှင့် ဂါဇာကမ်းမြှောင်ဒေသတို့နှင့် တူရကီနိုင်ငံတို့တွင် ပြုလုပ်သွားမည်။

  • ဒီဇင်ဘာ ၈ နိုင်ငံတကာသတင်း စုစည်းမှု

    ဒီဇင်ဘာ ၈ ၊ ၂၀၁၃
    M-Media

    britain-national-air

    – ဗြိတိန်နိုင်ငံရှိ လေကြောင်းထိန်းချုပ်ရေး စနစ်တွင် ယမန်နေ့က ဖြစ်ပေါ်သည့် နည်းပညာပိုင်းဆိုင်ရာ ပြဿနာအနည်းငယ်ကြောင့် လေယာဉ်ခရီးစဉ် ရာပေါင်းများးစွာအား ဖျက်သိမ်းခဲ့ရပြီး ခရီသည်များမှာလည်း ဒေါသ ထွက်ခဲ့ကြသည်။ အင်္ဂလန်တောင်ပိုင်း ဆွမ်ဝစ်က်ရှိ ထိန်းချုပ်ရေးစခန်းမှ နေ့ပိုင်းနှင့် ညပိုင်း ထိန်းချုပ်ရေးစနစ်များအကြား ခလုပ်များမှားယွင်းမှုကြောင့် ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပြီး လန်ဒန်ရှိ ဟီသရိုးလေဆိအပါဝင် အဓိကလေဆိပ်များအား ထိခိုက်ခဲ့ရခြင်းဖြစ်သည်ဟု အမျိုးသားလေကြောင်းလမ်းထိန်းသိမ်းရေးအဖွဲ့ NATS က ပြောကြားခဲ့သည်။

    – ၂၀၁၄ ခုနှစ်နောက်ပိုင်း အာဖဂန်တွင် အမေရိကန်တပ်များရှိနေမည့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ထိုးရန် နှောင့်နှေးနေခဲ့ပြီးနောက် အမေရိကန်က အာဖဂန်နစ္စတန်နိုင်ငံတွင် ပြုလုပ်မည့် ပရောဂျက် ၆ ခုအား ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။ ထိုလုံခြုံရေးဆိုင်ရာ သဘောတူညီချက်နှင့် ပက်သက်၍ အာဖဂန် မျိုးနွယ်စုခေါင်းဆောင်များနှင့် ဆွေးနွေးညှိနှိုင်းပြီးနောက် သမ္မတဟာမစ်ကာဇိုင်းက လာမည်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီအထိ လက်မှတ်ထိုးမည်မဟုတ်ဟု ပြောဆိုထားသည်။

    – နှစ်နိုင်ငံ မဟာဗျူဟာကျသော မိတ်ဖက်နိုင်ငံဖြစ်လာစေရန်အတွက် ယူကရိန်းသမ္မတ ဗစ်တာယန်ကိုဗစ်ခ်ျမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို သောကြာနေ့က ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ ယန်ကိုဗစ်ခ်ျမှာ ရုရှားနှင့် မိတ်ပျက်မည်ကို စိုးရိမ်သောကြောင့် ဥရောပယူနီယံ၏ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ထိုးရန်ငြင်းဆိုခဲ့ပြီး၊ ထိုလုပ်ရပ်ကြောင့် ယူကရိန်းပြည်သူများမှာ မြို့တော်ကိဗ်တွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုများကို အဆက်မပြတ်ပြုလုပ်နေကြသည်။

    – နိုင်ငံတော်မှ တရားဝင်ပြုလုပ်သည့် ညစာစားပွဲများတွင် ငါးမန်းတောင်၊ ငှက်သိုက်နှင့် တေားရိုင်းတိရစ္ဆာန်များအား ချက်ပြုတ်ထားသေား ဟင်းလျာများ မပါဝင်စေရန် တိကျသော ဥပဒေတစ်ခုကို တရုတ်နိုင်ငံ ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီတို့မှ ပူးပေါင်းထုတ်ပြန်လိုက်သည့် အဆိုပါဥပဒေတွင် အစိုးရ သို့မဟုတ် ပါတီမှ တာဝန်ရှိသူများ နိုင်ငံအတွင်းရှိဒေသများသို့ သွားရောက်လည်ပတ်ရာတွင် ဒေသခံအာဏာပိုင်များမှ ပြုလုပ်သော တည့်ခင်းဧည်ခံမှုများအပေါ် ပြည်သူ့ဘဏ္ဍာများ သုံးစွဲရေးနှင့်ပက်သက်ပြီး တိကျသော ဥပဒများကိုလည်း အသေးစိတ်ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ ကြီးကျယ်သော ညစာစားပွဲများတွင် တောရိုင်းတိရစ္ဆာန်များအား ချက်ပြုတ်ထားသော ဟင်းလျာများမှာ အလွန်လူကြိုက်များသည်။

    – အသက်အန္တရာယ်စိုးရိမ်ရသည့် ငှက်တုပ်ကွေး H7N9 ရောဂါအား လူတွင်ဖြစ်ပွားမှုကို တွေ့ရှိခဲ့ရသည်ဟု ဟောင်ကောင် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက သောကြာနေ့တွင် ပြောကြားခဲ့သည်။ နိုင်ငံတောင်ပိုင်းရှိ အသက် ၈၀ အရွယ်အဖိုးအို တစ်ဦးတွင် တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဆေးကုသမှုများ ပြုလုပ်နေသည်ဟု ဟောင်ကောင် ကျန်မာရေးကာကွယ်စောင့်ရှောက်သူ  Leung Ting-hung က သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ထိုကဲ့သို့တွေ့ရှိရမှုမှာ ငါးရက်အတွင်း ဒုတိယအကြိမ်လည်းဖြစ်သည်။

    – ဆူဒန်နိုင်ငံ ဒုတိယသမ္မတ အမှတ် ၁ အလီတာဟာမှာ ရာထူးက နှုတ်ထွက်သွားကြောင်း ဆူဒန် သမ္မတ အိုမာ အလ်-ဘရှီးရ်က ကြေညာခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ယနေ့တွင် ဖော်ပြခဲ့ကြသည်။ တာဟာမှာ ဆူဒန်ပြည်တွင်းစစ်အား အဆုံးသတ်နိုင်ခဲ့သည့် ၂၀၀၅ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် အတွက် အဓိက စေ့စပ်ဆွေးနွေးသူဖြစ်ခဲ့သည်။

    – နျူးကလီးယား အစီအစဉ်အား ထိန်းချုပ်ဟန့်တားရန် အီရန်နိုင်ငံနှင့်ပြုလုပ်ခဲ့သည့် သဘောတူညီချက်အား ဘာရက်အိုဘားမားက ကာကွယ်ခဲ့ပြီး၊ အစ္စရေးနိုင်ငံ၏ သံသယအား ပျောက်စေရန်အတွက် အီရန်နိုင်ငံအနေဖြင့် သဘောတူညီချက်အား မလိုက်နာပါက ပိတ်ဆို့မှုများ ပြုလုန်ရန်နှင့် စစ်ရေးအရ အရေးယူမှုများ အတွက် ပြင်ဆင်မှုများပြုလုပ်ရန် ကတိပေးခဲ့သည်။ အမေရိကန်အပါအ၀င် အင်အားကြီး ၆နိုင်ငံက အီရန်နှင့် သဘောတူညီခဲ့ပြီးနောက် အစ္စရေးနိုင်ငံက ထိုသဘောတူညီချက်အား ကန့်ကွက်ခဲ့ပြီး အမေရိကန်နှင့် အစ္စရေးတို့၏ ဆက်ဆံရေးမှာ အက်ကြောင်းလိုက်လာခဲ့သည်။

    – တောင်ကိုရီးယားနိုင်ငံက နိုင်ငံ၏တောင်ဘက်ရှိ လေကြောင်းကာကွယ်ရေးဇုံအား တိုးချဲ့မည်ဟု ကြေညာခဲ့ပြီး တိုးချဲ့မည့်ထိုဇုံအတွင်း ယခင်ကရှိနေသည့် တောင်ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေးဆိုင်ရာ လေပိုင်နက်အချို့ ပါဝင်မည်ဖြစ်သည်။ လေကြောင်း ဥပဒေနှင့် နိုင်ငံတကာ၏ ကျင့်သုံးမှုများအောက်တွင် အထူးသဖြင့်လေတပ် ဆိုင်ရာ ဆောင်ရွက်မှုများအား ထည့်သွင်း စဉ်းစားပြီးနောက် လေကြောင်း ကာကွယ်ရေးဇုံကို တိုးချဲ့ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆွတ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းမှာ ၁၉၅၁ ခုနှစ် ကိုရီးယားစစ်ပွဲအတွင်း အမေရိကန်လေတပ်က သတ်မှတ်ခဲ့သည့် လေကြောင်းကာကွယ်ရေးဇုံအား နှစ် ၆၀ အတွင်း ပထမဦးဆုံးအကြိမ် ပြောင်းလဲခြင်းလည်းဖြစ်သည်။

  • သမ္မတဟောင်း မော်စီကို ထောက်ခံပြီး ဆန္ဒပြမှုဖြင့် ဖမ်းခံသည့် အမျိုးသမီး ၂၁ ဦးအား အာဏာသိမ်း အီဂျစ်အစိုးရ ပြန်လွှတ်ပေး

    ဒီဇင်ဘာ ၈ ၊ ၂၀၁၃
    M-Media

    2013127193753524734_21
    – ငြိမ်းချမ်စွာ ဆန္ဒပြမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံရသည့် အီဂျစ် အမျိုးသမီး ၂၁ ဦအား အီဂျစ်အစိုးရက အချို့ကို ပြစ်ဒဏ်လျှော့ပေါ့ကာ၊ အချို့ကို ယမန်နေ့က ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

    ထို ၂၁ ဦးအနက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံထားရသည့် ၁၄ ဦးအားထောင်ဒဏ် တစ်နှစ်သို့ လျှော့ပေါ့ပေးခဲ့ကာ၊ ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသည့် အမျိုးသမီးငယ် ၇ ဦးအား လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

    ထိုအမျိုးသမီးများအား ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခြင်းခံထားရသော ဖြုတ်ချခံ သမ္မတမော်စီအား ထောက်ခံသောအနေဖြင့် အောက်တိုဘာ ၃၁ ရက်နေ့က ပြုလုပ်ခဲ့သော ဆန္ဒပြမှုနှင့် ဆက်စပ်မှုရှိသောကြောင့် ဖမ်းဆီးထိမ်းသိမ်းထားခဲ့ခြင်းဖြစ်ပြီး၊ ထိုဖမ်းဆီးမှုအား ဒေသတွင်းနှင့် နိုင်ငံတကာက ဆန့်ကျင်ခဲ့ကြသည်။

    Ref:  Al Jazeera and agencies