News @ M-Media

Tag: international short news

  • ဒီဇင်ဘာ ၂၀၊ နိုင်ငံတကာသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၀၊ နိုင်ငံတကာသတင်း စုစည်းမှု

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media

    မနီလာလေဆိပ်တွင် မြို့တော်ဝန်တစ်ဦး သေနတ်ဖြင့် သတ်ဖြတ်ခြင်းခံရ


    – ဖိလစ်ပိုင်နိုင်ငံ၏ မြို့တော် မနီလာတွင် ယနေ့နံနက်ပိုင်းက သေနတ်ဖြစ် ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ထိုပစ်ခတ်မှုအတွင်း မြို့တော်ဝင်တစ်ဦး အပါအ၀င် လူလေးဦး သေဆုံးခဲ့သည်ဟု သိရသည်။ ဖိလစ်ပိုင်တောင်ပိုင်း မြို့တစ်မြို့မှ မြို့တော်ဝင်ဖြစ်သူ Ukol Talumpa မှာ မိသားစု၊ သက်တော်စောင့်များနှင့်အတူ လေယာဉ်ပေါ်မှဆင်းပြီး ၀င်ပေါက်မှ ထွက်လာစဉ် လူနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် မြို့တော်ဝင်၏ ဇနီးလည်းပါဝင်ခဲ့ကာ အခြားလူလေးဦးမှာလည်း ဒဏ်ရာရရှိခဲ့ကြသည်။

    အခင်းဖြစ်ပွားပြီးနောက် လေဆိပ်ရှိ ရဲများက တရားခံများအား လိုက်လံဖမ်းဆီးခဲ့သော်လည်း တရားခံများမှာ ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက် သွားခဲ့ပြီး၊ အမည်မဖော်လိုသည့် မျက်မြင်သက်သေတစ်ဦးကမူ သေနတ်ဖြင့် ပစ်ခတ်ခဲ့သော သူနှစ်ဦးမှာ ရဲဝတ်စုံများ ၀တ်ထားကြသည်ဟု ပြောကြား ခဲ့သည်။ Ukol Talumpa အမှာ အစိုးရအတိုက်အခံပါတီမှဖြစ်ပြီး မေလကပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် အာဏာရပါတီ၏ မဟာမိတ်ပါတီမှ တစ်ဦးကို ကျော်ဖြတ်ကာ Labangan မြို့ မြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

    Ref : Channel News Asia
    ………………………….

    နိုင်ငံတကာအာကာသစခန်းရှိ စက်ရုပ် ပထမဦးဆုံးအကြိမ် လူနှင့် အပြန်အလှန်စကားပြော

    – နိုင်ငံတကာအာကာသစခန်းသို့ ရောက်ရှိနေသည့် စက်ရုပ်မှာ ဂျပန်အာကသယာဉ်မှူးတစ်ဦးနှင့် ပထမဆုံး စကားပြောကြားခဲ့သည်ဟုသိရသည်။

    ကီရိုဘိုဟု အမည်ရသည့် အဆိုပါစက်ရုပ်မှာ အလွန်သေးငယ်ပြီး အန်ဒရွိုက်ဆော့ဖ်ဝဲကိုအသုံးပြုထားခြင်းဖြစ်ကာ၊ အသိဥာဏ်ရှိပြီး လူတစ်ဦးအား မည်ကဲ့သို့ တုံ့ပြန်ပြောဆိုရမည်ကို သင်ယူနိုင်စွမ်းရှိသည်။ ကီရိုဘိုမှာ ဂျပန်အာကာသယာဉ်မှူးဖြစ်သူနှင့် အပြန်အလှန်စကားပြောဆိုခဲ့ခြင်းဖြစ်ပြီး

    “ဆန်တာကလော့ အာကာသထဲကို လာလိမ့်မယ်။ သူလာရင် မင်းဘာတောင်းမလဲ၊ ကီရိုဘို” ဟု ဆန်တာကလော့ ဦးထုပ်ဆောင်းထားသော ကီရိုဘိုအား ဂျပန်အာကာသယာဉ်မှူး ကိုအီချီ ၀ါကာတာက မေးမြန်းရာ ကီရိုဘိုက

    “ငါအရုပ်ဒုံးကျည်လိုချင်တယ်…..ဆန်တာကလော့ဆီက တောင်းရအောင်” ဟု ကီရိုဘိုက ပြန်လည်ပြောကြားခဲ့သည်။ ဒီဇင်ဘာ ၆ ရက်နေ့က ဂျပန်ဘာသာစကားဖြင့် ပြောဆိုခဲ့သည့် အဆိုပါ အပြန်အလှန်ပြောဆိုမှုဗီဒီယိုအား၊ ယနေ့တွင် ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်သည်။

    ကီရိုဘိုအား ပြီးခဲ့သည့် သြဂုတ်လ ၁၀ ရက်နေ့ကတည်းက နိုင်ငံတကာ အာကာသစခန်းသို့ ရိက္ခာပို့ယာဉ်ဖြင့် တစ်ပါတည်း ပေးပို့ခဲ့ခြင်းဖြစ်ပြီး၊ ကမ္ဘာနှင့်ဝေးကွာနေသည့် အာကာသယာဉ်မှူးများအတွက် အဖော်အဖြစ် ထားရှိမည့် ပရောဂျက်၏ အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။

    Ref : AFP
    ………………………………….

     

  • အာရဗီစာ လက်ရေးလှ ရေးသားခြင်း ပြပွဲ ရုရှားနိုင်ငံတွင် ပြုလုပ်

    အာရဗီစာ လက်ရေးလှ ရေးသားခြင်း ပြပွဲ ရုရှားနိုင်ငံတွင် ပြုလုပ်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၃
    M-Media

    နိုင်ငံတကာ အာရဗီဘာသာစကားနေ့အထိမ်းအမှတ် အာရဗီစာ လက်ရေးလှ ရေးသားခြင်း ပြပွဲ ရုရှားနိုင်ငံတွင် ပြုလုပ်

    hasmuhammad-hadji

    ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်ခဲ့သည့် နိုင်ငံတကာ အာရဗီဘာသာစကားနေ့အား ဂုဏ်ပြုသောအားဖြင့် ရုရှားနိုင်ငံ အနောက်တောင်ပိုင်း Dagestan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Makhachkala မြို့တွင် အာရဗီလက်ရေးလှ ရေးသားခြင်း ပြပွဲတစ်ခု ပြုလုပ်ခဲ့သည်ဟုသိရသည်။

    သတင်းအချက်အလက်နှင့် သတင်းစာ ၀န်ကြီးဌာန၊ ယဉ်ကျေးမှုဖွဲ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနတို့၏ ကူညီထောက်ပံ့မှုဖြင့် ကျင်းပခဲ့သည့် အဆိုပါပြပွဲတွင် အာရဗီလက်ရေးအလှ ရေးသားမှုပြိုင်ပွဲမှ ရွေးချယ်ထားသည့် လက်ရာပေါင်း ၈၀ နီးပါးကို ထည့်သွင်းပြသခဲ့သည်။  ၁၀-နှစ်ကျော်ကြာ နှစ်စဉ် ကျင်းပခဲ့ သည့် အာရဗီလက်လက်ရေးအလှ ရေးသားခြင်းပြိုင်ပွဲအား နိုင်ငံတစ်ဝှမ်းရှိ လက်ရေးအလှ ပညာရှင်များ၏ လက်ရာပေါင်း ၁၃၀ ကျော်ပါဝင် ယှဉ်ပြိုင် ခဲ့ကြပြီး၊ ထိုလက်ရာများ၏ သက်တမ်းမှာ ၆-နှစ်မှ နှစ်-၆၀ အထိ ရှိကြသည်။

    “အစ္စလာမ့်ယဉ်ကျေးမှုမှာ လက်ရေးလှပညာကို အရေးပါတဲ့နေရာတစ်ခုသတ်မှတ်ထားပါတယ်။ လက်ရေးလှ ပညာရပ်ဟာ စိတ်ဝေဒနာ ကုသတဲ့ပုံစံ တစ်ခု အဖြစ် ပြောနိုင်ပါတယ်။ ပြီးတော့ အဲဒါဟာ အကျိုးသက်ရောက်တဲ့ စွမ်အားလည်းရှိပါတယ်” ဟု Dagestan ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ထင်ရှားသော အစ္စလာမ်ဘာသာရေးခေါင်းဆောင် ဟက်စ်မိုဟာမက် ဟာဂျီ အဘူဘာကရော့ဗ်က ပြောကြားခဲ့သည်။

    Ref : Islam RU

  • ဒီဇင်ဘာ ၁၉၊ နိုင်ငံတကာသတင်းများ

    ဒီဇင်ဘာ ၁၉၊ ၂၀၁၃
    M-Media

    2013121933126199734_20

    – ရွေးကောက်ပွဲမတိုင်မီက သူဌေးတစ်ဦးဆီမှ ကန်ဒေါ်လာ ၅ သိန်း ယူခဲ့သည့် သတင်းထွက်ပေါ်လာပြီးနောက် တိုကျိုမြို့၏ မြို့တော်ဝန်ဖြစ်သူ နာအိုကီ အီနိုဆီမှာ ယနေ့တွင် ရာထူးမှနှုတ်ထွက်သွားခဲ့သည်ဟု သိရသည်။ နာအိုကီမှာ ၂၀၂၀ ခုနှစ် အိုလံပစ်ပြိုင်ပွဲအား တိုကျိုမြို့တွင် ကျင်းပနိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့သူလည်းဖြစ်သည်။

    ရွေးကောက်ပွဲမတိုင်ခင် Tokushukai ဆေးရုံအား ပိုင်ဆိုင်သော မိသားစုထံမှ ထိုငွေကြေးများကို ယူခဲ့သည့်ဟု နာကိုအီက ၀န်ခံခဲ့သော်လည်း ထိုငွေများမှာ အတိုးမဲ့နှစ်ရှည် ချေးယူခြင်းသာဖြစ်သည်ဟု ကာကွယ်ပြောကြားခဲ့သည်။

    –  အိန္ဒိယ သံတမန်အမျိုးသမီးတစ်ဦးအား ဖမ်းဆီးထားခဲ့ခြင်းအတွက် အမေရိကန်က အိန္ဒိယနိုင်ငံအား တောင်းပန်လိုက်သည်ဟု အိန္ဒိယ ရုပ်သံချန်နယ် တစ်ခုဖြစ်သည့် CNN-IBN က ယနေ့တွင် ဖော်ပြခဲ့သည်။ အမေရိကန်အစိုးရမှ ထိုအမျိုးသမီးအား ပြီးခဲ့သည့်သီတင်းပတ်က နယူးယောက်မြို့တွင် ဖမ်းဆီးထားခြင်းဖြစ်ပြီး ဆိုးရွားသည့် စစ်ဆေးမှုများကိုလည်းပြုလုပ်ခဲ့ကာ ထိုအဖြစ်အပျက်ကြောင့် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တင်းမာမှုမှာ မြင့်တက်လာခဲ့ပြီး အိန္ဒိယနိုင်ငံကလည်း နိုင်ငံအတွင်းရှိ အမေရိကန်သံအမတ်များအား ကန့်သတ်မှုများပြုလုပ်ခဲ့သည်။

    …………………………..

    – လာမည့်နှစ်တွင် ရုရှားနိုင်ငံ ဆိုချီတွင်ပြုလုပ်မည့် ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲ ပိတ်ပွဲအခမ်းအနားတွင် ပါဝင်ရန် အမေရိကန်မှ စေလွှတ်မည့် ကိုယ်စားလှယ်အဖွဲ့တွင် လိင်တူချစ်သူနှစ်ဦးကို ရွေးချယ်ခဲ့ပြီး ထိုကဲ့သို့ရွေးချယ်မှုက ရုရှားရှိ လိင်တူချစ်တူ ဆန့်ကျင်သူများအား ဒေါသထွက်စေခဲ့သည်။ အမေရိကန်မှ စေလွှတ်မည့် ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်မည့် လိင်တူချစ်သူနှစ်ဦးမှာ တစ်နစ်မယ်ဟောင်း ဘီလီဂျီန်းကင်းနှင့် ဟော်ကီကစားသးမား ကာအစ်သလင်အားကာဟောင်း တို့ဖြစ်ကြသည်။ ၎င်းတို့နှစ်ဦစလုံးမှာ လိင်တူချစ်သူများအဖြစ် တရားဝင် ၀န်ခံထားသူများဖြစ်ကြသည်ဟု အိမ်ဖြူတော်က ယမန်နေ့က ပြောကြားခဲ့သည်။
    …………………………

    –   လာမည့်နှစ် ဧပြီလ မတိုင်ခင် အစ္စရေးနှင့် ငြိမ်းချမ်းရေးဆွေနွေးမှုများကို ဆက်လက်လုပ်ဆောင်ရန် ပါလက်စတိုင်းက ဆန္ဒရှိနေသည်ဟု ပါလက် စတိုင်း ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းသူ စအီဘ် အီရီကတ်က ပြောကြားခဲ့သည်။ လာမည့်ဧပြီလမှာ ငြိမ်းချမ်းရေး အကြိုသဘောတူညီချက်၏ နောက်ဆုံး သတ်မှတ်ရက်ပြီး ထိုကဲ့သို့ အကြိုသဘောတူညီချက် ရရှိပြီးပါက နောက်ဆုံးအဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် နည်းဆုံး ၆ လမှ ၁-နှစ်အထိ ကြန့်ကြာမြင့်မည်ဖြစ်သည်။

    ……………………………….

    –  ဗီယက်နမ်နိုင်ငံတောင်ပိုင်းရှိ စီးပွားရေးမြို့တော်ဖြစ်သည့် ဟိုချီမင်းတွင် လာမည့် ၂၀၁၄ ခုနှစ်တွင် အလုပ်အကိုင်ပေါင်း ၂ သိန်းကျော်ကို ဖန်တီးပေးမည်ဟု ဗီယက်နမ် လူ့စွမ်းအား အရင်းအမြစ်ဌာနရှိ အစီအစဉ်ချမှတ်ရေးစင်တာက ယနေ့တွင်ပြောကြားလိုက်သည်။ ထိုအလုပ်အကိုင်များအား အထူးသဖြင့် စီးပွားရေး၊ ၀န်ဆောင်မှုလုပ်ငန်း၊ ကျန်မာရေးစောင့်ရှောက်မှု၊ ခရီးသွားကဏ္ဍ၊ အာမခံလုပ်ငန်း၊ အင်ဂျင်နီယာနယ်ပယ်၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ၊ အီလက်ထရောနစ်နှင့် အအေခန်းလုပ်ငန်း စသည့် ကဏ္ဍများတွင် ဖန်တီးပေးမည်ဖြစ်ကာ နိုင်ငံ၏အလုပ်သမားပမာဏ ၃၅.၀၈ ရာခှိုင်နှုန်းအထိ အလုပ်အကိုင်များ ရရှိမည်ဖြစ်သည်။

    ………………………………….

    – အာဖဂန်နိုင်ငံမြောက်ပိုင်း ဘတ်ဒက်ရှန်ပြည်နယ်ရှိ တာလီဘန် တိုက်ခိုက်ရေးသမား ၆၀ မှာ တိုက်ခိုက်မှုများကို စွန့်လွှတ်ကာ အစိုးရ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လာခဲ့သည်ဟု ပြည်နယ်အစိုးရ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အဟ်မဒ် န၀စ်ဒ် ဖရိုတန်က ယနေ့တွင်ပြောကြားခဲ့သည်။ ထိုတာလီဘန် ၆၀ ဦးတွင် ထိုပြည်နယ်ရှိ တာလီဘန်ခေါင်းဆောင် ၂ ဦဖြစ်သည့် အီနာယာတွလ္လာဟ်နှင့် အဘာစ့်ဆိုသူတို့ ပါဝင်ကြောင်း၊ ထိုကဲ့သို့ သောင်းကျန်းသူများ အစိုးရနှင့် ပူးပေါင်းလာခြင်းက ပြည်နယ်တည်ငြိမ်အေးချမ်းရေး ပိုမိုတောင့်တင်းအောင် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း အဟ်မဒ်က ထည့်သွင်းပြောကြားခဲ့သည်။

  • ဖိလစ်ပိုင်အလှမယ် နိုင်ငံတကာ အလှမယ်ဘွဲ့ Miss International ဆွတ်ခူး

    ဖိလစ်ပိုင်အလှမယ် နိုင်ငံတကာ အလှမယ်ဘွဲ့ Miss International ဆွတ်ခူး

    ဒီဇင်ဘာ ၁၈၊ ၂၀၁၃
    M-Media

    52b13e0edddb5

    ဂျပန်နိုင်ငံ တိုကျိုမြို့ Shinagawa Prince ဟိုတယ်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၃-ခုနှစ် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွင် ဖိလစ်ပိုင်အလှမယ် ဘီအာ ရိုဆေး ဆန်တီယေဂိုက နိုင်ငံတကာ အလှမယ်ဘွဲ့ Miss International 2013 ဘွဲ့အား ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။ ပြိုင်ပွဲဝင် ၆၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည့် ၅၃ ကြိမ်မြောက် အဆိုပါပြိုင်ပွဲတွင် ရိုဆေးမှာ နယ်သာလန်အလှမယ်နှင့် နယူးဇီလန်အလှမယ်တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်နှစ်ပြိုင်ပွဲက အနိုင်ရရှိခဲ့သည့် အလှမယ်မှာ ယခုပွဲအား တက်ရောက်နိုင်ခြင်း မရှိသောကြောင့် ၂၀၀၈ ခုနှစ်တွင် ဆုရရှိခဲ့သည့် စပိန်မယ်က ရိုဆေးအား သရဖူဆောင်းပေးခဲ့သည်။

    ဆုရရှိခဲ့မှုနှင့်ပက်သက်၍ ရိုဆေးက “ဒါဟာ ကျွန်မရဲ့ အိပ်မက်ပါပဲ။ ကျွန်မကိုရွေးချယ်ခဲ့တဲ့အတွက် ဂျပန်ပြည်ကို ကျေးဇူးတင်ပါတယ်။ ဒီပွဲက ကျွန်မရဲ့ သရဖူနဲ့ ကျမရဲ့ဘွဲ့(ဆုကြေးငွေ)ကို မုန်တိုင်းဒဏ်ခံပြည်သူတွေကို ကူညီသွားမှာပါ။ ဒါ(ဒီဆု)ဟာ ကျွန်မရဲ့နိုင်ငံနဲ့ ကျွန်မရဲ့ ပြည်သူတွေအတွက်ပါ” ဟု ပြောကြားသွားခဲ့သည်။

    Ref : Dawn

  • ဒီဇင်ဘာ ၁၈ နိုင်ငံတကာ သတင်းများ

    ဒီဇင်ဘာ ၁၈ ၊ ၂၀၁၃
    M-Media

    အိန္ဒိယ သံတမန်တဦး အမေရိကန် ဖမ်းဆီး၊ နှစ်နိုင်ငံ ဆက်ဆံရေးတင်းမာ

    နယူးယောက်မြို့ရှိ အိန္ဒိယသံတမန်တစ်ဦးအား အမေရိကန်မှ ဖမ်းဆီးလိုက်ခြင်းကြောင့် အမေရိကန်နှင့် အိန္ဒိယတို့၏ ဆက်ဆံရေးမှာ တစ်ဖြည်းဖြည်းတင်းမာလာခဲ့ပြီး အိန္ဒိယသို့ ရောက်ရှိနေသည့် အမေရိကန် ကွန်ဂရက်မှ ကိုယ်စားလှယ်အဖွဲ့အား အိန္ဒိယ အာဏာပိုင်များက တွေ့ဆုံခြင်း မရှိသည် အထိ ဖြစ်လာခဲ့သည်။

    အိန္ဒိယနိုင်ငံအတွင်းရှိ အမေရိကန် သံအမတ်များအားလုံး ၎င်းတို့၏ သက်သေခံကဒ်များကို ချိတ်ဆွဲရန် ယမန်နေ့တွင် အစိုးရက ညွှန်ကြားခဲ့ပြီး၊ နယူးဒေလီရှိ အမေရိကန်သံရုံးရှေ့မှ လုံခြုံရေးအဆီးအတားများကိုလည်း ဖယ်ရှားပစ်ခဲ့သည်။ ထို့ပြင် အမေရိကန် သံအမတ်များ၏ လေဆိပ်သို့ ၀င်ရောက်ခွင့်ကိုလည်း ပိတ်ပင်ထားကာ ယခုထက်ပိုမို၍ ကန့်သတ်ချက်များပြုလုပ်မည်ဟု သိရသည်။

    ကွန်ဂရက်ပါတီ ဒုတိယဥက္ကဌနှင့် ဖက်ဒရယ်ပြည်ထဲရေးဝန်ကြီး ဆူရှီကူးမားတို့ကလည်း အိန္ဒိယ သံတမန်အား အမေရိကန်တို့ဖမ်းဆီးထားမှုကို ဆန့်ကျင်သောအနေဖြင့် နယူးဒေလီသို့ ရောက်ရှိနေသည့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံရန် ယမန်နေ့က ငြင်းဆန်ခဲ့ကြသည်။

    ap348027554787_wide-6df48de2f27e3d85f86213277a4611b374ea6051-s6-c30
    ——————————
    ရုရှမှ ယူကရိန်းရဲ့ ကြွေးမြီ ဒေါ်လာ ၁၅ ဘီလီယံ လျော်ပေး

    – ယူကရိန်းနိုင်ငံတင်ရှိနေသည့် ကြွေးမြီး ကန်ဒေါ်လာ ၁၅ ဘီလီယံအား လျော်ပေး နှင့် ရုရှားမှ တင်ပို့နေသာ ဓာတ်ငွေ့ဈေးနှုန်းကို သုံးပုံတစ်ပုံအထိလျှော့ချရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ယမန်နေ့တွင် သဘောတူခဲ့သည်ဟု သိရသည်။ ထိုသဘောတူညီချက်မှာ နိုင်ငံအတွင်းကြုံတွေ့နေ ရသည့် လစာအခက်အခဲနှင့် ပြီးခဲ့သည့် နှစ်အစကတည်းက ဖြစ်ပေါ်နေသည့် စီးပွားရေးကျဆင်းမှုကြောင့် ကြုံတွေ့ရနိုင်သည့် အခက်အခဲများကို ကျော်လွှားရန် ကူညီမှုတစ်ခု လည်းဖြစ်သည်။ သို့သော်လည်း ထောင်ပေါင်းများစွာသော ယူကရိန်းပြည်သူများမှာ ထိုသဘောတူညီချက်အား လက်မခံဘဲ ကိဗ်မြို့၏ လွတ်လပ်ရေးရင်ပြင်တွင် စုရုံးကာ ဆန္ဒပြနေကြသည်။
    —————————————–

    အမေရိကန် Gay မဂ္ဂဇင်းတစ်ခုမှ ပုပ်ရဟန်းမင်းကြီးကို ၂၀၁၂ အတွက် အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်

    – လိင်တူချစ်သူများ အခွင့်အရေးကို ဦးစားပေးဖော်ပြသည့် အမေရိကန် မဂ္ဂဇင်းတစ်ခုက ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ယခုနှစ်အတွင်အကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့သည်ဟု သိရသည်။ ပုပ်ရဟန်းမင်းကြီးအနေဖြင့် လိင်တူချစ်သူများအား အားပေးသည့် စကားများကို ပြောဆိုခဲ့ခြင်းကြောင့် The Advocate ဟု အမည်ရသည့် အဆိုပါ မဂ္ဂဇင်းက ထိုကဲ့သို့ ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး၏ ၇၇ နှစ်မြောက် မွေးနေ့နှင့်လည်း တိုက်ဆိုင်နေသည်။

    Source:Reuters

    ——————————

    နိုင်ငံတကာ အာကာသစခန်း ISS ပြင်ဆင်မည်

    – နိုင်ငံတကာ အာကာသစခန်း ISS ရှိ အကြီးဆုံးအအေးပတ်လမ်းတစ်ခု ပျက်စီးမှုအား အမြန်ပြုပြင်ရန်အတွက် အမေရိကန် ပညာရှင်များက အာကာသအတွင်း ဆင်းသက်ဆောင်ရွက်မည်ဟု နာဆာမှ ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ ISS ရှိ အအေးပတ်လမ်းနှစ်ခုမှ တစ်ခုမှာ ပန့်နှင့် အဆို့ရှင် ပြဿနာကြောင့် ပြီးခဲ့သည့် တစ်ပါတ်က ပိတ်ပစ်ခဲ့ရပြီး ISS တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရှင်သုံးဦးမှာ စနေ၊ တနင်္လာနှင့် ဗုဒ္ဓဟူးနေ့များတွင် အာကာသအတွင်းသို့ ဆင်းသက်ကာ ပြင်ဆင်မည်ဖြစ်သည်။

    —————————–

    ဖိလစ်ပိုင်အလှမယ် နိုင်ငံတကာ အလှမယ်ဘွဲ့ Miss International ဆွတ်ခူး

    – ဂျပန်နိုင်ငံ တိုကျိုမြို့ Shinagawa Prince ဟိုတယ်တွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ၂၀၁၃-ခုနှစ် နိုင်ငံတကာ အလှမယ်ပြိုင်ပွဲတွင် ဖိလစ်ပိုင်အလှမယ် ဘီအာ ရိုဆေး ဆန်တီယေဂိုက နိုင်ငံတကာ အလှမယ်ဘွဲ့ Miss International 2013 ဘွဲ့အား ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။ ပြိုင်ပွဲဝင် ၆၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ၅၃ ကြိမ်မြောက် အဆိုပါပြိုင်ပွဲတွင် ရိုဆေးမှာ နယ်သာလန်အလှမယ်နှင့် နယူးဇီလန်အလှမယ်တို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

    ပြီးခဲ့သည့်နှစ်ပြိုင်ပွဲက အနိုင်ရရှိခဲ့သည့် အလှမယ်မှာ ယခုပွဲအား တက်ရောက်နိုင်ခြင်း မရှိသောကြောင့် ၂၀၀၈ ခုနှစ်တွင် ဆုရရှိခဲ့သည့် စပိန်မယ်က ရိုဆေးအား သရဖူဆောင်းပေးခဲ့သည်။

    ဆုရရှိခဲ့မှုနှင့်ပက်သက်၍ ရိုဆေးက “ဒါဟာ ကျွန်မရဲ့ အိပ်မက်ပါပဲ။ ကျွန်မကိုရွေးချယ်ခဲ့တဲ့အတွက် ဂျပန်ပြည်ကို ကျေးဇူးတင်ပါတယ်။ ဒီပွဲက ကျွန်မရဲ့ သရဖူနဲ့ ကျမရဲ့ဘွဲ့(ဆုကြေးငွေ)ကို မုန်တိုင်းဒဏ်ခံပြည်သူတွေကို ကူညီသွားမှာပါ။ ဒါ(ဒီဆု)ဟာ ကျွန်မရဲ့နိုင်ငံနဲ့ ကျွန်မရဲ့ ပြည်သူတွေအတွက်ပါ” ဟု ပြောကြားသွားခဲ့သည်။
    ……………………………….