News @ M-Media
Tag: international short news
  • စစ်ရေးလေ့ကျင့်ခန်းများအား ပြန်လည်စစ်ဆေးရန် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ပေးခံရ
    စစ်ရေးလေ့ကျင့်ခန်းများအား ပြန်လည်စစ်ဆေးရန် ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန အမိန့်ပေးခံရ
    နိုဝင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    334606_UK-soldiers
    ဝေးလ်နိုင်ငံတောင်ပိုင်းတွင် ပူပြင်းသောနေ့များတွင် ပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုကြောင့် စစ်သားသုံးဦး သေဆုံးခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ လေ့ကျင့်ခန်းများမှ ဖြစ်ပေါ်လာမည့် အန္တရာယ်များကို ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်ဆေးလုပ်ဆောင်ရန် အမိန့်ပေးခြင်းခံခဲ့ရသည်ဟု သိရသည်။
    ဝေးလ်နိုင်ငံတောင်ပိုင်း Brecon Beacon ဒေသတွင် ဇူလိုင်လအတွင်းက ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ခဲ့သည့်စစ်သားများအနက် အသက် ၃၁ နှစ်အရွယ် ဂျွန်မဟာ၊ အသက် ၂၄-နှစ်အရွယ် ဂျွန်ရောဘတ်နှင့် အသက် ၃၁ နှစ်အရွယ် ဂျိမ်းဒန်စဘီတို့မှာ ရာသီဥတုပူပြင်းမှုဒဏ်ကြောင့် သေဆုံးခဲ့ရသည်။
    ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အမှုဆောင်အဖွဲ့(HSE) ကဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်သားများ၏ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းအတွက် လုံလောက်သော စစ်ဆေးမှုများ ပြုလုပ်ခြင်းမရှိဟု ယမန်နေ့ကထုတ်ပြန်သော ကြေညာချက်တွင် ရေးသားထားသည်။
    ထို့ပြင် HSE စစ်ဆေးရေးမှူးက ထိုကဲ့သို့ စစ်ရေးလေ့ကျင့်မှုများကြောင့် ဖြစ်ပေါ်လာတက်သော ဆိုးရွားသည့် အန္တရာယ်များနှင့် စပ်လျဉ်းပြီး အရေးယူ ဆောင်ရွက်မှုများပြုလုန်ရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနသို့ အမိန့်ပေးခဲ့သည်။
    ထိုအမိန့်အရ ကာကွယ်ရေးဝန်ကြီးဌာနမှာ ရာသီဥတုပူပြင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များ အပါအ၀င် စစ်ရေးလေ့ကျင့်မှုများတွင် ဖြစ်ပေါ်တတ်သည့် အန္တရာယ်များကို စစ်ဆေးရန် နိုဝင်ဘာလ အကုန်အထိ အချိန်ရရှိမည်ဖြစ်သည်။
    Ref : Press TV
  • အစ္စရေးကျူးကျော်စစ် တစ်နှစ်ပြည့်အခမ်းအနား ဂါဇာတွင်ပြုလုပ်
    အစ္စရေးကျူးကျော်စစ် တစ်နှစ်ပြည့်အခမ်းအနား ဂါဇာတွင်ပြုလုပ်
    နိုဝင်ဘာ ၁၄၊ ၂၀၁၃
    M-Media
    download
    အစ္စရေးကပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်ဒေသအပေါ် ယမန်နှစ်က ပြုလုပ်ခဲ့သည့် ၈-ရက်ကြာ ကျူးကျော်စစ် တစ်နှစ်ပြည့်အခမ်းအနားအား ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်းများက ကျင်းပခဲ့ကြသည်ဟုသိရသည်။
    အစ္စလာမ့်မစ်ကာကွယ်ရေးလှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်နှင့် အစ္စလာမ့်မစ်ဂျေဟာဒ် လှုပ်ရှားမှုအဖွဲ့များ၏ အဖွဲ့ဝင်များအပါအ၀င် ပါလက်စတိုင်းနိုင်ငံသား ထောင်ပေါင်း များစွာတို့က ဂါဇာရှိလမ်းများပေါ်တွင်စုရုံးကာ အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုများအတွက် ပြန်လည်ခုခံရန် အဆင်သင့်ရှိကြောင်း ပြသခဲ့ကြသည်။
    ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ အစ္စရေးနိုင်ငံက ဂါဇာကမ်းမြောင် ဒေသအား ကျူးကျော်တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုကြောင့် အမျိုးသမီးများနှင့် ကလေးငယ်များအပါအ၀င် ပါလက်စတိုင်း အရပ်သား ၁၆၀ ကျော်သေဆုံးခဲ့ပြီး ၁၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
    ၂၀၀၈ ခုနှစ်ကလည်း ဂါဇာဒေသအား အစ္စရေးတို့က ၂၂ ရက်ကြာ တိုက်ခိုက်ခဲ့ပြီး ပါလက်စတိုင်း အရပ်သား ၁၄၀၀ ကျော်သေဆုံးခဲ့ကာ သေဆုံးသူများထဲတွင် ကလေးငယ် ၃၀၀ ကျော် ပါဝင်ခဲ့သည်။
    Ref : Press TV
  • သြစတေးလျ နာမည်ကြီး ရပ်ဘီ ကစားသမားတစ်ဦး အစ္စလာမ်ဘာသာသို့ ကူးပြောင်း
    သြစတေးလျ နာမည်ကြီး ရပ်ဘီ ကစားသမားတစ်ဦး အစ္စလာမ်ဘာသာသို့ ကူးပြောင်း
    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    Aussie-Rugby-Star-Seeks-New-Life-in-Islam_0
    လက်ဝှေ့အားကစားသမားတစ်ဦး၏ အကူအညီကြောင့် သြစတေးလျ နာမည်ကြီး ရဘ်ဘီကစားသမားတစ်ဦးဖြစ်သည့် ဘလက် ဖာဂူဆန်မှာ အစ္စလာမ်ဘာသာ အတွင်းသို့ ပြောင်းလဲသက်ဝင်ခဲ့သည်ဟု သိရသည်။
    ပြီးခဲ့သည့် သောကြာနေ့က ဆစ်ဒနီမြို့ရှိ Zetland ဗလီဝတ်ကျောင်းတော်တွင် သြစတေးလျ လက်ဝှေ့ကစားသမား မွန်ဒိုင်းနှင့်အတူ ၀တ်ပြုဆုတောင်းနေသည့် ဖာဂူဆန်၏ ဓာတ်ပုံပေါ်ထွက်လာပြီးနောက် သတင်းများက ဖာဂူဆန်မှာ အစ္စလာမ်ဘာသာသို့ ပြောင်းလဲသက်ဝင်ကြောင်း ဖော်ပြခဲ့ကြသည်။
    ဖာဂူဆန်က အစ္စလာမ်မှာ အဆင်မပြေမှုများနှင့် ကြုံတွေ့နေရသည့် ၎င်း၏ဘ၀အား ပိုမိုတိုးတက်ကောင်းမွန်အောင် ကူညီနိုင်မည်ဟု ယူဆသည့်အတွက်ကြောင့် ယခုကဲ့သို့ ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အယူဝါဒအသစ်သို့ ပြောင်းလဲခြင်းအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
    ဖာဂူဆန်မှာ အစ္စလာမ်သို့ ပြောင်းလဲဝင်ရောက်လာသည့် ပထမဆုံး ရဘ်ဘီကစားသမားမဟုတ်ဘဲ၊ လွန်ခဲ့သည့်ငါးနှစ်က နယူးဇီလန် ရဘ်ဘီအကျော်အမော် ဘီလ် ၀ီလီယံမှာ ဆစ်ဒနီမြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုအတွင်း ပြုလုပ်သည့် ၀တ်ပြုဆုတောင်းပွဲကို တက်ရောက်ပြီးနောက် အစ္စလာမ်သို့ ပြောင်းလဲသက်ဝင် လာခဲ့သည့် ပထမဦးဆုံး ရဘ်ဘီကစားသမားဖြစ်သည်။
    အစ္စလာမ်ဘာသာမှာ ခရစ်ယာန်ဘာသာပြီးလျှင် သြစတေးလျရှိ ဒုတိယအကြီးဆုံးအယူဝါဒတစ်ခုဖြစ်ပြီး သြစတေးလျလူဦးရေ သန်း ၂၀ ၏ ၁.၇ ရာခိုင်နှုန်းမှာ အစ္စလာမ် ဘာသာ ကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြသည်။
    Ref :  OnIslam & Newspapers
    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများအနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]
  • မွတ်စလင်မ်အမျိုးသမီး ညီလာခံ ရုရှားတွင်ပြုလုပ်
    မွတ်စလင်မ်အမျိုးသမီး ညီလာခံ ရုရှားတွင်ပြုလုပ်
    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    conf_muslimat_saratov
    “The role of women in modern society” ဟု အမည်ရသည့် မွတ်စလင်မ် အမျိုးသမီးညီလာခံတစ်ခုကို ရုရှားနိုင်ငံ အနောက်ပိုင်း Saratov Oblast ပြည်နယ် Saratov မြို့ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။
    ထိုညီလာခံအား Saratov မြို့အခြေစိုက် မွတ်စလင်မ် အမျိုးသမီးအဖွဲ့အစည်း Rodnik က ရုရှားမွဖ်သီကောင်စီနှင့် ရုရှားမွတ်စလင်မ်အမျိုးသမီး အစည်းအရုံးတို့၏ ကူညီမှုဖြင့် စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။
    ညီလာခံသို့ မော်စကို၊ တာတာစတန်၊ ဒါဂီစတန်၊ ဘရှ်ကော့တ်တိုစတန် စသည့် ပြည်နယ်များနှင့် ရုရှားနိုင်ငံတစ်ဝှမ်းမှ မွတ်စလင်မ်အမျိုးသမီး ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး၊ ယခုလက်ရှိအခြေအနေများ၊ ကလေးငယ်များအား ပြုစုပျိုထောင်းခြင်း၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးကိစ္စရပ်များအပါအ၀င်၊ အလှူဒါနပြုလုပ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြပြီး ၎င်းတို့ ကြုံတွေရသော အတွေ့အကြုံများကိုလည်း မျှဝေခဲ့ကြသည်။
    အစ္စလာမ်ဘာသာမှာ ရုရှားနိုင်ငံတွင် ခရစ်ယာန်ဘာသာပြီးနောက် ကိုးကွယ်ယုံကြည်မှုအများဆုံး အယူဝါဒတစ်ခုဖြစ်ပြီး ရုရှားနိုင်ငံတစ်ဝှမ်းတွင် အစ္စလာမ်နှင့်ပက်သက်သည့် ရှေးဟောင်းအမွေအနှစ်များစွာရှိနေကာ ရုရှား လူဦးရေ၏ ၁၄ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြသည်။
    Ref : Islam RU
  • ဖိလစ်ပိုင်အစိုးရက နိုင်ငံအား အရေးပေါ်အခြေအနေကြေညာ
    ဖိလစ်ပိုင်အစိုးရက နိုင်ငံအား အရေးပေါ်အခြေအနေကြေညာ
    နိုဝင်ဘာ ၁၂၊ ၂၀၁၃
    M-Media
    ဖိလစ်ပိုင်နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးတိုက်ခတ်ခဲ့သည့် တိုင်ဖုန်းဟိုင်ယန်ကြောင့် လူသောင်းချီသေဆုံးခဲ့ပြီးနောက် အစိုးရက နိုင်ငံအား ကပ်ဘေးကျရောက်သည့် အရေးပေါ်အခြေအနေကြေညာလိုက်သည်ဟု သိရသည်။
    မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံးခံစားရပြီး စားဝတ်နေရေးအခက်အခဲများ ကြုံတွေနေရသည့် သန်းချီသောလူများအား အကူအညီများအလျင်အမြန် ဆောင်ရွက်ပေးရန် အတွက် ဖိလစ်ပိုင်သမ္မတ ဘန်အစ်ဂနို အကွီနိုက ယမန်နေ့တွင်အမိန့်ပေးခဲ့ပြီး၊ ဒုက္ခရောက်နေသူများထံ အကူအညီများမြန်မြန်ရောက်ရှိလိမ့်မည်ဟု ကတိပေးခဲ့သည်။
    “တည်တည်ငြိမ်ငြိမ်နေဖို့၊ ဆုတောင်းဖို့နဲ့ ပူပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့ ကျွန်တော်မေတ္တာရပ်ခံလိုပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ဖေးမခြင်းကသာ ဒီကပ်ဆိုး ကနေ လွတ်မြောက်နိုင်ဖို့ ကျွန်တော်တို့ကို ကူညီနိုင်မှာဖြစ်ပါတယ်” ဟု အကွီနိုက ရုပ်မြင်သံကြားမှတစ်ဆင့် ယမန်နေ့ကပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
    အမေရိကန်၊ ဥရောပ၊ နယူးဇီလန်နှင့် သြစတေးလျနိုင်ငံတို့အပါအ၀င် အခြားသောနိုင်ငံများနှင့် အဖွဲ့အစည်းများမှာ မုန်တိုင်းဒဏ်ခံခဲ့ရသော ဒေသများတွင် ကယ်ဆယ်ရေး နှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ယမန်နေ့ကတည်းက ဖိလစ်ပိုင်သို့ လာရောက်နေကြသည်ဟု သိရသည်။
    Ref : Aljazeera