News @ M-Media

Tag: international short news

  • အောက်တိုဘာ ၂၁၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစုစည်းမှု

    အောက်တိုဘာ ၂၁၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစုစည်းမှု

    အောက်တိုဘာ ၂၁၊ ၂၀၁၃
    M-Media

    အမေရိကန်၏ သူလျှိုလုပ်ငန်းအား မက္ကဆီကို ရှုတ်ချ

    အမေရိကန်အမျိုးသားထောက်လှမ်းရေးအေဂျင်စီ(NSA) က မက္ကဆီကိုရှိအဖွဲ့အစည်းများနှင့် မက္ကဆီကိုနိုင်ငံသားများအား လျှို့ဝှက်ထောက်လှမ်းနေများကို ရှုတ်ချကြောင်း မက္ကဆီကိုနိုင်ငံက ယမန်နေ့တွင်ပြောကြားလိုက်သည်။

    NSA မှာ ၂၀၁၀ ခုနှစ်က မက္ကဆီကိုသမ္မတ ဖီးလစ်ကယ်လ်ဒရွန်၏ အီးမေးလ်အကောင့်ကို ၀င်ရောက်ကြည့်ရှုခဲ့သည်ဟု NSA ၀န်ထမ်းဟောင်း အက်ဒ၀ပ်စနိုးဒင်၏ ဖွင့်ချမှုကို ကိုးကားကာ ဂျာမနီရှိ Spiegel မဂ္ဂဇင်းက ရေးသားဖော်ပြထားသည်။

    ထိုပြင့် NSA မှာ “Flatliquid” ဟုအမည်ရသည့် စစ်ဆင်ရေးတွင် ကယ်လ်ဒရွန်၏ အီးမေးလ်အကောင့်အပါအ၀င် သံတမန်ရေးရာနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ်မှုများအတွက် မက္ကဆီကို ကတ်ဘိနတ်အဖွဲ့ဝင်များအသုံးပြုသည့် သမ္မတရုံးဒိုမိန်းကိုလည်း ဖောက်ထွင်းခဲ့သည်ဟု သိရသည်။

    “ဒါမျိုးလုပ်ဆောင်ချက်တွေဟာ လက်မခံနိုင်စရာပါ။ တရားလည်းမ၀င်သလို မက္ကဆီကိုရဲ့ဥပေဒနဲ့ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာလည်းဖြစ်ပါတယ်” ဟု မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

    အမေရိကန်သမ္မတ ဘာရက်အိုဘားမားမှာ မကြာသေးမီက မက္ကဆီကိုသမ္မတ အာကွင်း ပီနာနှင့်တွေ့ဆုံခဲ့စဉ်အတွင်း အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများကပြုလုပ်ခဲ့သော အဆိုပါသူလျှိုလုပ်ငန်များအား စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်သွားမည်ဟု ကတိပေးခဲ့ကြောင်း အဆိုပါ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
    Ref : xinhua

    ___________________________

    ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန်အတွက် ရုရှားနှင့် အီရန် လေတပ်အရာရှိများ တီဟီရန်တွင်တွေ့ဆုံ

    အီရန်နှင့်ရုရှား နှစ်နိုင်ငံ စစ်ရေးနှင့်ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ပူပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ဆွေးနွေးရန်အတွက် နှစ်နိုင်ငံလေတပ်အရာရှိများသည် မြို့တော်တီဟီရန်၌ ယမန်နေ့က တွေ့ဆုံခဲ့ကြသည်ဟုသိရသည်။

    အစ္စလာမ့်မစ်ပြည်သူ့သမ္မတနိုင်ငံ လေတပ်တပ်ဗိုလ်မှူးချုပ် ဟာဆန်ရှား စာဖီနှင့် ရုရှားလေတပ် စစ်ဦးစီးချုပ် ဗစ်တာ နီကိုလာဗစ်ခ်ျ ဘွန်ဒါရဗ်တို့တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

    အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် သံတမန်အဖွဲ့ကိုဦးဆောင်ကာ အီရန်နိုင်ငံသို့ လေးရက်ကြာခရီးစဉ်အဖြစ် ရောက်ရှိနေသည့် နီကိုလာဗစ်ခ်ျမှာ ယမန်နေ့ နံနက်ပိုင်း ကလည်း Khatam al-Anbiya လေတပ်စခန်းတွင် ဗိုလ်မှူးချုပ် ဖာဇက် အစ္စမာအီလီနှင့်လည်း တွေ့ဆုံခဲ့သည်။

    ထိုတွေ့ဆုံဆွေးနွေးမှုများအတွင်း လေယာဉ်မှူးများအား လေ့ကျင့်ပေးရေးနှင့် ပက်သက်ပြီး အဓိကဆွေးနွေးခဲ့ကြောင်း၊ အီရန်နိုင်ငံကလည်း ၎င်းတို့၏ လေယာဉ်မှူးများ အား နိုင်ငံခြားသို့စေလွှတ်လေ့ကျင့်ပေးရန် စိတ်အားထက်သန်လျက်ရှိကြောင်း အီရန်လေတပ် ဒုတိယဗိုလ်ချုပ်ကြီး အလီရီဇာ ဘာခိုရ်ကပြေကြားခဲ့သည်။

    ယခုနှစ်ဇန်န၀ါရီလက ရုရှား ပြည်ထဲရေးဝန်ကြီး ဗလာဒီမာ အလက်ဇန်ဒရိုဗစ်ခ်ျ အီရန်နိုင်ငံသို့ လာရောက်စဉ်အတွင်း အီရန်-ရုရှား နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စအတွက် နားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့သည်။
    Ref : presstv

    ___________________________

    မိမိကိုယ်ကို မတော်တဆပစ်ခတ်ခဲ့မှုကြောင့် မြောက်ကယ်ရိုလိုင်းနားတွင် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

    အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနာပြည်နယ်တွင် ၂ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ မိမိကိုယ်ကို သေနတ်ဖြင့် မတော်တဆ ပစ်ခတ်မိသောကြောင့် သေဆုံးခဲ့သည်ဟုသိရသည်။

    စနေနေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီ သမီးငယ်လေးမှာ သူမ၏ အဒေါ်နှင့်အဖွားတို့ဖြစ်သူတို့နှင့် အိမ်၌ရှိနေခိုက် ကျည်ဖြည့်ထားသော သေနတ်အား တွေ့ရှိခဲ့ပြီးနောက် ယခုကဲ့သို့ မတော်တဆဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် ကလေးငယ်အား ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သော်လည်း လမ်း၌ပင် သေဆုံးခဲ့သည်ဟု သိရသည်။

    အမေရိကန်နိုင်ငံတ၀ှမ်းတွင် သေနတ်ဖြင့်ပစ်ခတ်မှုများကြောင့် ပြီးခဲ့ဒီဇင်ဘာလကစ၍ ယခုအချိန်အထိ လူပေါင်း ၂၈၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည်ဟု The Slate မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
    Ref : presstv

    ___________________________

    ခဲယမ်းမီးကျောက်များတွေ့ရှိမှုကြောင့် ဆယ်ကျော်သက်များအား ကန်ရဲတပ်ဖွဲ့ဖမ်းဆီး

    လက်နက်ခဲယမ်း သေတ္တာ ၇၀ တွေ့ရှိရသောကြောင့် အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်တွင် ဆယ်ကျော်သက်သုံးဦးအား ယမန်နေ့က ဖမ်းဆီးခဲ့သည်ဟုသိရ သည်။

    ဘလာတီမိုးမြို့တွင် ယမန်နေ့ နံနက်ပိုင်းက အတားအဆီးတစ်ခုအား တိုက်မိမလိုဖြစ်ခဲ့သည့် မီးမှိတ်ထားသော Chevy ကား အနက်ရောင် အားစစ်ဆေးခဲ့ရာမှ လက်နက် ခဲယမ်းများနှင့်တကွ ထိုလူငယ်သုံးဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

    ထိုလက်နက်ခဲယမ်းများမှာ ဥပေဒစိုးမိုးရေးအတွက် အသုံးပြုသည့် လက်နက်ခဲယမ်းများဖြစ်ပြီး အမေရိကန်လေတပ်အရာရှိတစ်ဦးအတွက် ထုတ်ပေးထားသော ပစ္စည်းများ ဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

    ဖမ်းဆီးရမိခဲ့သည့် လူငယ်များမှာ ၁၅၊ ၁၆ နှင့် ၁၈ နှစ်အရွယ်ရှိဆယ်ကျော်သက်များဖြစ်ကြပြီး ပလာယာ၊ ဓာတ်မီး၊ လက်အိတ်များနှင့် အခြားသော ကားနှင့်ပက်သက် သည့် ပစ္စည်းများကိုလည်း ကားအတွင်း တွေ့ရှိခဲ့ရသည်ဟု သိရသည်။
    Ref : cnn

    ___________________________
    ကိုကာပင်စိုက်ပျိုးသူများနှင့် ရဲများထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရဲနှစ်ဦးသေ

    တောင်အမေရိကနိုင်ငံတစ်ခုဖြစ်သည့် ဘိုလီဗီးယားနိုင်ငံတွင် ကိုကာပင် စိုက်ပျိုးသူများနှင့် ရဲ့တပ်ဖွဲ့များအကြား ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့သည်ဟုပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ၎င်းတို့စိုက်ပျိုးထားသည့်ကိုကာပင်များအား အစိုးရကဖျက်ဆီးမှုကို မကျေနပ်သည့် လယ်သမားများက ယမန်နေ့က ဆန္ဒပြစဉ်အတွင်း ရဲတပ်ဖွဲ့များနှင့်ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုဆန္ဒပြပွဲတွင် လယ်သမား ၇၀၀ ကျော်ပါဝင်ခဲ့ပြီး အချို့မှာ လက်နက်များ ကိုင်ဆောင်ထားကြပြီး ထိုသူတို့၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး အခြား ၁၆ ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    အစိုးရက နိုင်ငံ၏အနောက်တောင်ဘက် အပိုလိုဒေသရှိ ကိုကာပင်စိုက်ခင်းများမှာ တရားဝင်စိုက်ပျိုးထားခြင်းမဟုတ်ဟု ကြေညာခဲ့ပြီး ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
    Ref : xinhua

    ___________________________

    ဒက်ထရွိုက်မြို့ သက်ကြီးရွယ်အိုများစောင့်ရှောက်မှု စင်တာအနီး အမျိုးသမီးနှစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရ

    အမေရိကန်ပြည်ထောင်စု ဒက်ထရွိက်မြို့ရှိ သက်ကြီးရွယ်အိုများ စောင့်ရှောက်ရေးစင်တာအနီးတွင် ယမန်နေ့က သေနစ်ဖြင့်ပစ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့သည်ဟုသိရသည်။

    ယမန်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၆၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှာ သူ၏ရည်းစားဖြစ်သူနှင့် စကားများခဲ့ပြီးနောက် ဆက်ဆံရေးပြတ်သွားသောကြောင့် အိမ်သို့သွား၍ ရိုင်ဖယ်သေနတ်ယူလာကာ ၎င်းတို့နှစ်ဦး၏ဆံဆက်ရေးအား ပျက်ဆီးအောင်ပြုလုပ်ခဲ့သည်ဆိုသည့် အမျိုးသမီးနှစ်ဦးအား ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူများမှာ အသက် ၅၀ အရွယ်နှင့် ၆၀ အရွယ်ရှိ အမျိုးသမီးများဖြစ်ကြသည်။

    အသက် ၅၀ အရွယ်ရှိအမျိုးသမီးမှာ သူမ၏ နေအိမ်တိုက်ခန်းရှေ့ရှိ ခုံတန်းတွင်ထိုင်နေစဉ်ပစ်သတ်ခံရပြီး အသက် ၆၀ အရွယ်အမျိုးသမီးမှာ နေအိမ်အတွင်းပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ လူသတ်မှုအား ကျူးလွန်သည့် အမျိုးသားအား အခင်းဖြစ်ပွားပြီးချင်းပင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
    Ref : xinhua

    ___________________________

    အပြာရုပ်ရှင်ကားများ ရိုက်ကူးသည့် ဂိုဏ်းသို့ သမီးများအား ရောင်းချခဲ့သော လင်မယားအား အမေရိကန်တွင်ဖမ်းဆီး

    မိမိတို့၏ရင်သွေးငယ်များအား လိင်စိတ်နှိုးဆွသည့် ဇာတ်ကားများရိုက်ကူးသော ဂိုဏ်းတစ်ခုသို့ ရောင်းစားမှုဖြင့် အမေရိကန်ဇနီးမောင်နှံနှစ်ဦးအား အမေရိကန်ရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့သည်ဟု သိရသည်။

    ထိုဇနီးမောင်နှံနှစ်ဦးမှာ အသက် ၆၁နှစ်အရွယ်ရှိ ရွန်နီလီမက်ကောနှင့် အသက် ၄၀ အရွယ်ရှိသည့် ကွန်နီဆူးမက်ကောတို့ဖြစ်ကြပြီး အသက် ၁၂၊ ၁၅၊ ၁၇ နှစ်အရွယ်ရှိ ၎င်းတို့၏သမီးများအား ကာယကံရှင်ဆန္ဒမပါဘဲ လိင်ပိုင်းဆိုင်ရာအမူအရာများအား အတင်းအဓ္ဓမလုပ်ခိုင်းခဲ့ခြင်းဖြစ်သည်။

    ထို့ပြင် အသက် ၅ နှစ်အရွယ်သမီးဖြစ်သူ၏ သွားများမှာလည်း ဆိုးရွားစွာပျက်ဆီးနေပြီး၊ ခန္ဓာကိုယ်တွင်လည်း ပိုးမွှားများ အကိုက်ခံထားရသည့်ဒဏ်ရာများ များပြားစွာရှိနေခြင်းကြောင့် သားသမီးများအား လစ်လျူရှုမှုအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နသည်ဟု သိရသည်။

    Ref : huffingtonpost


    ___________________________

  • အောက်တိုဘာ ၁၉၊ နိုင်ငံတကာသတင်းတို စုစည်းမှု

    အောက်တိုဘာ ၁၉၊ နိုင်ငံတကာသတင်းတို စုစည်းမှု

    အောက်တိုဘာ ၁၉၊ ၂၀၁၃
    M-Media

    မောင်းသူမဲ့လေယာဉ်မှ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများနှင့် ပက်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရန် ကုလတိုက်တွန်း

    မောင်းသူမဲ့လေယာဉ်မှ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် ပါကစ္စတန်၊ အာဖဂန်နစ္စတန်နှင့် ယီမင်နိုင်ငံတို့တွင် အနည်းဆုံး အရပ်သား ၄၅၀ သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂက ပြောကြားလိုက်သည်။

    ယမန်နေ့က အလ်ဂျာဇီးရားမှ ရရှိခဲ့သည့် ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် အမေရိကန်၏ ဒရုန်းများဖြင့်တိုက်ခိုက်မှုကြောင့် ပါကစ္စတန်တွင် အနည်းဆုံး အရပ်သား ၄၀၀ သေဆုံးခဲ့ကြောင်း ပါကစ္စတန်အစိုးရက အတည်ပြုခဲ့သည်ဟု ဖေါ်ပြထားသည်။ ထိုဖော်ပြချက်မှာ ယခင်က အမေရိကန်တာဝန်ရှိသူများ၏ ထုတ်ဖော် ပြောဆိုချက်နှင့် လုံးဝ ဆန့်ကျင်နေသည်။

    ထို့ပြင် တိုက်ခိုက်ခံရသည့်နိုင်ငံများမှ ပွင်လင်းမြင်သာမှုမရှိသောကြောင့် ဒရုန်းလေယာဉ်များဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သားအရေအတွက်ကို အတိကျမသိရှိရဟု ထိုအစီရင်ခံစာတွင် ထည့်သွင်းရေးသားထားပြီး ထိုကဲ့သို့ပွင့်လင်းမြင်သာမှုမရှိခြင်းက ဥပေဒကြောင်းအရ စိုးရိမ်ဖွယ်ရာအခြေအနေကို ပိုမိုဖြစ်ပေါ် စေသည်ဟု ဖော်ပြထားသည်။

    သို့သော်လည်း စီအိုင်အေကဦးဆောင်ပြုလုပ်သည့် ဒရုန်များဖြင့် လတ်တလောတိုက်ခိုက်မှုများကြောင့် သေဆုံးဒဏ်ရာ ရရှိသူများ စာရင်းကို အမေရိကန်က ထုတ်ပြန်ခြင်းမရှိသေးပေ။

    Ref : aljazeera


    _____________________________
    အစိုးရအသုံးစားရိတ်ဖြတ်တောက်မှုကြောင့် အီတလီပြည်သူများ ဆန္ဒပြ

    အီတလီအစိုးရက သတ်မှတ်ခဲ့သည့် အသုံးစားရိတ် ဖြတ်တောက်မှုများကိုမကျေနပ်ကြသည့် ထောင်ပေါင်းများစွာသော အီတလီ အလုပ်သမားများမှာ ရောမမြို့ အပါအ၀င် အခြားမြို့ကြီးများတွင် ယမန်နေ့ကဆန္ဒပြခဲ့ကြသည်။

    ထိုဆန္ဒပြမှုမှာ အီတလီနိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူအများအပြားပါဝင်မှုကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအား ရပ်တန့်ခဲ့ရသည်။

    ပြီးခဲ့သည့် နှစ်အနည်းငယ်က ဖြစ်ပွားခဲ့သော ကမ္ဘာ့စီးပွားရေး ကပ်ဆိုက်မှုဒဏ်ကို ခံခဲ့ရသည့် အီတလီနိုင်ငံတွင် အစိုးရအသုံးစားရိတ်ဖြတ်တောက်မှု၊ အထူးသဖြင့် ပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးစားရိတ်ဖြတ်တောက်မှုမှာ တိုင်းပြည်အတွက် အခက်အခဲကိုသာလျှင် ပို၍ဖြစ်စေမည်ဟု အီတလီအလုပ်သမား သမဂ္ဂကပြောဆိုခဲ့ပြီး ခြားသော ဝေဖန်သူများကလည်း ထိုကဲ့သို့အသုံးစားရိတ်ဖြတ်တောက်မှုမှာ နိုင်ငံအတွင်း ပြောင်းလဲမှုအနည်းငယ်သာ ဖြစ်စေမည်ဟု ပြောကြားခဲ့သေးသည်

    အသုံးစားရိတ်ဖြတ်တောက်မှုများကို ဆန့်ကျင်သောဆန္ဒပြပွဲကို ယနေ့တွင် ထပ်မံပြုလုပ်ရန်စီစဉ်ထားပြီး လာမည့်သီတင်းပတ်တွင်လည်း ယခုထက်ပို၍ ကြီးမားသော ဆန္ဒပြုမှု တစ်ခုကိုလည်း အလုပ်သမား သမဂ္ဂမှ ပြုလုပ်ဖွယ်ရှိနေ သည်။

    Ref : aljazeera


    _____________________________
    နာဇီလက်သစ်ပါတီ၏ လုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့ရသည့် အဆိုတော်အား ဂုဏ်ပြုသည့်အခမ်းအနားကို ဂရိပြည်သူများပြုလုပ်

    ပြီးခဲ့သည့်လက လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည့် ဂရိဖက်ဆစ်ဆန့်ကျင်ရေး အဆိုတော် ပါဗလို့စ် ဖိုင်ဆာစ့်အား ဂုဏ်ပြုသည့်အခမ်းအနားတစ်ခုကို ဂရိပြည်သူများက ယမန်နေ့တွင် ပြုလုပ်ခဲ့ကြသည်ဟုသိရသည်

    ထိုအခမ်းအနားသို့ တက်ရောက်လာသူ လူပေါင်း ၁၀၀၀ ခန့်က ဖိုင်ဆာစ့် ဓားဖြင့်ထိုးသတ်ခြင်းခံရသည့် အသင်မြို့အနောက်ဘက် ဆင်ခြေဖုံးတွင်စုရုံးခဲ့ကြပြီး ဖိုင်ဆာစ့် လဲကျခဲ့သည့်နေရာတွင် ဖယောင်းတိုင်များထွန်းခြင်း၊ လွမ်းသူ့ပန်းခွေများချခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

    ဖိုင်ဆာစ့်အား နာလီလက်သစ် Golden Dawn ပါတီဝင်များက စက်တင်ဘာ ၁၈ ရက်နေ့တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုသတ်ဖြတ်မှုဖြစ်ပွားပြီးနောက် Golden Dawn ပါတီအား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြမှုများ ဂရိနိုင်ငံတစ်ဝှမ်းတွင်ဖြစ်ပွားခဲ့ပြီး ဂရိအစိုးရက Golden Dawn ပါတီ၏ ခေါင်းဆောင်များနှင့် ပါတီဝင်အချို့ကို ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်။

    Ref : presstv


    _____________________________

    ကိုလံဘီယာနိုင်ငံတွင် မိုင်းတွင်ပြိုကျ အလုပ်သမားများ ပိတ်မိနေ

    တောင်အမေရိက နိုင်ငံတစ်ခုဖြစ်သည့် ကိုလံဘီယာနိုင်ငံတွင် မိုင်းတွင်းတစ်ခုပြိုကျမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး မိုင်းလုပ်သား ၂၀ ဦး ပိတ်မိနေသည်ဟု ကိုလံဘီယာ အာဏာပိုင်များက ထုတ်ဖော်ပြောကြားလိုက်သည်။

    နိုင်ငံအနောက်မြောက်ဘက် Antioquia ခရိုင်ရှိ Buriticaမြို့တွင် ယမန်နေ့က ပြိုကျခဲ့ခြင်းဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်မှုများကို အလျင်အမြန် ပြုလုပ်နေကြောင်း၊ ပိတ်မိနေသည့် မိုင်းလုပ်သားနှစ်ဦး လွတ်မြောက်လာကာ ဆေးရုံသို့ ပို့ဆောင်ကုသနေကြောင်း ကယ်ဆယ်ရေးအေဂျင်ဆီမှ ဒါရိုက်တာဖြစ်သူ ဆီဇာ ဟာနန်ဒက်ဇ်က ပြောကြားခဲ့သည်။

    Ref : xinhua


    _____________________________
    ဦးနှောက်အတွင်းရှိ အန္တရာယ်ရှိသော ပရိုတိန်းများအား အိပ်စက်ခြင်းဖြင့် သန့်ရှင်းနိုင်

    အိပ်စက်ခြင်းက ဦးနှောက်အတွင်းရှိ အန္တရာယ်ရှိသော ပရိုတိန်းများကို ရှင်းလင်းပစ်နိုင်သည်ဟု အမေရိကန်သုသေသနပညာရှင်များပြုလုပ်ခဲ့သည် စမ်းသပ်မှုတွင် တွေ့ရှိရသည်။

    အိပ်စက်အနားယူခြင်းဖြင့် ဦးနှောက်အတွင်း ရေပိုက်များကဲ့သို့သွယ်တန်းလျက်ရှိသည့် ဆဲလ်ကွန်ယက်ကို ရှင်သန်စေပြီး ဦးနှောက်အတွင်းရှိအသုံးမလိုသော ပရိုတိန်း များကို ချေဖျက်ပေးသည်ဟု သုသေသနပညာရှင်များက ပြောဆိုခဲ့ကြသည်။

    ထို့ပြင် ထိုကဲ့သို့ သန့်ရှင်းမှုစနစ်မှာ ဦးနှောက်အတွင်းရှိ မှတ်ဥာဏ်များအား ပြုပြင်ခြင်းနှင့် သင်ယူလေ့လာမှုအတွက်ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ထိုကဲ့သို့ အန္တရာယ်ရှိသော ပရိုတိန်းများအား သန့်ရှင်းနိုင်မှုမရှိပါက ဦးနှောက်မူမမှန်ခြင်းများ ဖြစ်ပေါ်တတ်ကြောင်း ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။

    Ref : presstv


    _____________________________

    လက်ဘနွန်လေပိုင်နက်သို့ အစ္စရေးတိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်ခဲ့

    အစ္စရေးတိုက်လေယာဉ်များမှာ လက်ဘနွန်လေပိုင်နက်ထဲသို့ တရားမ၀င် ၀င်ရောက်လာခဲ့ပြီး နိုင်ငံနယ်နမိတ်တော်တော်များများသို့ ၀င်ရောက်ပျံသန်းခဲ့သည်ဟု သိရသည်။

    ယမန်နေ့က၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး လက်ဘနွန်မြို့တော်ဘေရွတ်မှ အစ္စရေးတိုက်လေယာဉ်များ၏အသံကိုကြားရကြောင်း၊ ထို့ပြင် ဘေရွတ်မြို့ ဝေဟင်ပြင်အနိမ့်ပိုင်း အထိ ဆင်းသက်ပျံသန်းခဲ့ကြောင်း လက်ဘနွန်နိုင်ငံအတွင်းမီဒီယာများကဖော်ပြခဲ့ကြသည်။

    အစ္စရေးတိုက်လေယာဉ်များမှာ လက်ဘနွန်နိုင်ငံပိုက်နက်အတွင်းသို့ နေစဉ်နီးပါး ကျူးကျော်ဝင်ရောက်လေ့ရှိပြီး လက်ဘနွန်နိုင်ငံက ကုလသမဂ္ဂသို့ တိုင်ကြားထား သော်လည်း မည်သည့်ဖြေရှင်းမှုမှ ပြုလုပ်ပေးခြင်းမရှိချေ။

    Ref : presstv


    _____________________________
    တိုက်တန်းနစ် သင်္ဘောမှ တယောအား လေလံတင်တော့မည်

    အင်္ဂလန်နိုင်ငံ ဆောက်သက်တန်မှ အမေရိကန်နိုင်ငံ နယူးယောက်သို့အသွား မြောက် အတ္တလန်တိတ် သမုဒ္ဒရာထဲတွင် နစ်မြုပ်ခဲ့သည့် ကမ္ဘာကျော် တိုက်တန်းနစ်သင်္ဘောတွင် ပါဝင်သွားခဲ့သည့် တီးဝိုင်းတွင် တီးခတ်ခဲ့သည့် တယောအား ဒီကနေ့တွင် လေလံတင်တော့မည်ဟုသိရသည်။

    ထိုတယောမှာ တိုက်တန်းနစ်သင်္ဘောပေါ်တွင်လိုက်ပါခဲ့သည့် အင်္ဂလိပ်နာမည်ကြီးတယောသမား ဝေါလေ့စ်ဟာတလေ၏ တယောဖြစ်သည်။ သင်္ဘောနစ်မြုပ်ပြီး သီတင်းနှစ်ပါတ် အကြာတွင်တွေ့ရှိရသည့် ဟာတလေ၏ အလောင်းပေါ်တွင် တိုတယောအား တယောအိတ်နှင့်တကွ တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    သို့သော်လည်း ထိုတယောမှာ ဆယ်ဆုနှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့ပြီး ၂၀၀၆ ခုနှစ်တွင်မှ ယော့ခ်ရှိုင်းယားဒေသ တွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုတယောအား အင်္ဂလန်အနောက်တောင်ပိုင်း Wiltshire ကောင်တီရှိ Devizes မြို့တွင် လေလံတင်ရောင်းချမည်ဖြစ်ပြီး လေလံတင်သူ ဟင်နရီ အလ်ဒရစ်ဂ်ျနှင့် သားဖြစ်သူက ပေါင် ၃ သိန်းအထိ ရရှိမည်ဟု ခန့်မှန်းထားသည်။

    တယောပိုင်ရှင် ဟာတလေမှာ တိုက်တန်းနစ်သင်္ဘောနစ်မြုပ်နေစဉ်တွင် သင်္ဘောရှိခရီးသည်များ စိတ်သက်သာရာရစေရန်အလို့ငှာ ခရစ်ယာန်ဓမ္မတေးကို သီဆိုရန်ဆုံးဖြတ်ခဲ့သည့် တီးဝိုင်းဖွဲ့ဝင် ၇ ဦးမှတစ်ဦး ဖြစ်သည်ဟု အသက်မသေဘဲ ကျန်ရစ်သူတစ်ချို့က ပြောကြားခဲ့သည်။

    Ref: News Straits Times


    _____________________________

    တရုတ်နိုင်ငံတွင် ၀က်သားများကို ဟာလာလ် အမဲသားအဖြစ် လိမ်လည်ရောင်းချသူများ ဖမ်းဆီး

    တရုတ်နိုင်ငံ ရှန်ဇီပြည်နယ် ဇီယန်မြို့တွင် ဟလာလ် အမဲသားများ ထုတ်လုပ်သည့် စက်ရုံတစ်ခုအတွင်း ၀က်သား ကီလို ၂သောင်းအား တွေ့ရှိခဲ့သည်ဟု တရုတ်ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

    ထိုဝက်သားများအား ဖယောင်း၊ စက်ရုံသုံး ဆားများနှင့် ဓာတုဗေဒပစ္စည်းများ အသုံးပြုကာ အမဲသားနှင့် တူညီအောင်ပြုလုပ်ကြပြီး ဒေသအတွင်းတွင် ကီလို (၂၀၀၀) ကျော်ခန့်ရောင်းချပြီးဖြစ်သည်ဟု ထိုင်ဝမ်နိုင်ငံထုတ် Want China Times သတင်းစာတွင် ရေးသားဖော်ပြခဲ့သည်။

    ရဲတပ်ဖွဲ့ကထုတ်ပြန်သော အစီရင်ခံစာတွင် ထိုစက်ရုံမှာ ညဘက်တွင် ၀က်သားများအားတင်သွင်းကာ အမဲသားများကဲ့သို့ပြုပြင်ပြီး နောက်တစ်နေ့ နံနက်တွင်ရောင်းချကြသည်ဟု ဖော်ပြထားသည်။ ထိုသတင်းက ဟာလာလ် အမဲသားအမှတ်ဖြင့် ၀ယ်ယူစားသုံးခဲ့သည့် ဇီယန်ဒေသတွင် နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များ အတွက် စိတ်အနှောက်အယှက်ဖြစ်စေခဲ့သည်။

    အစ္စလာမ်သာသနာက ၀က်သားအပါအ၀င် အချို့သော အစားအသောက်အချို့ကို စားသုံးခြင်း မပြုရန် တားမြစ်ထားသည်။

    ထိုကဲ့သို့သော လိမ်ညာဆောင်ရွက်မှုများမှာ တရုတ်နိုင်ငံတွင်အဖြစ်များပြီး ယခုနှစ်အစောပိုင်းက အစားအသောက် လိမ်လည်မှုများနှင့်ပက်သက်၍ လူ ၉၀၄ ဦးကို ဖမ်းဆီးခဲ့သည်ဟု Medical Daily သတင်းစာက ဖော်ပြခဲ့သည်။

    Ref: World Bulletin


    _____________________________

  • အောက်တိုဘာ ၁၈၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစုစည်းမှု

    အောက်တိုဘာ ၁၈၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစုစည်းမှု

    အောက်တိုဘာ ၁၈၊ ၂၀၁၃
    M-Media

    လေထုညစ်ညမ်းမှုက အဆုတ်ကင်ဆာကိုဖြစ်စေနိုင်သည်ဟု WHO ဆို

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ အဖွဲ့ခွဲတစ်ခုဖြစ်သော နိုင်ငံတကာ ကင်ဆာရောဂါ သုသေသန အေဂျင်စီ (IARC) အဖွဲ့က လေထုညစ်ညမ်းမှုများမှာ အဆုတ် ကင်ဆာ ရောဂါကိုဖြစ်ပွားစေနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

    ကျွမ်းကျင်သူများ၏လေ့လာချက်များအရ လေးထုညစ်ညမ်းမှုမှာ အဆုတ်ကင်ဆာဖြစ်ပွားစေနိုင်ပြီး ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်မှု အန္တရာယ်ကိုလည်း တိုးပွားစေ နိုင်ကြောင်း ထင်ရှားသော အထောက်အထားများ တွေ့ရှိရသည်ဟု IARC က ယမန်နေ့တွင် ကြေညာချက်ထုန်ပြန်ခဲ့သည်။

    လေထုညစ်ညမ်းမှု၏ အဓိကအကြောင်းအရင်းများမှာ သယ်ယူပို့ဆောင်ရေးယာဉ်များ၊ ဓာတ်အားပေးစက်ရုံမျာ၊ စက်ရုံနှင့် လယ်ယာများမှ ထုတ်လွှတ်ခြင်းများနှင့် ချက်ပြုတ်ခြင်းများဖြစ်ပြီး၊ ၂၀၁၀ ခုနှစ် စစ်တမ်းများအရ ကမ္ဘာတစ်ဝှမ်း အဆုတ်ကင်ဆာကြောင့် သေဆုံးသူ ၂၂၃၀၀၀မှာ လေထုညစ်ညမ်းမှုကြောင့်ဖြစ်သည်ဟု
    အဆိုပါအေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
    Ref : aljazeera

    _______________________

    လုံခြုံကောင်စီဝင် အသစ် ၅ နိုင်ငံကို ကုလရွေးချယ်

    လူ့အခွင့်အရေး စောင့်ကြည့်သူများ၏ ကန့်ကွက်မှုများရှိနေသည့် ဆော်ဒီအာရေဗျ၊ ချဒ် နှင့် နိုင်ဂျီးရီးယားနိုင်ငံအပါအ၀င် ချီလီနှင့် လစ်သူယေးနီးယားနိုင်ငံတို့အား လုံခြုံရေးကောင်စီ အမြဲတမ်းမဟုတ်သည့် အဖွဲ့ဝင်များအဖြစ် ကုလသမဂ္ဂကရွေးချယ်ခဲ့သည်။

    ယမန်နေ့က ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ၂ နှစ်တာ တာဝန်ထမ်းဆောင်ရမည့် ထို ၅ နိုင်ငံမှာ ၂၀၁၄ ဇန်န၀ါရီ ၁-ရက်နေ့မှစ၍ အဇာဘိုင်ဂျန်၊ ဂွာတီမာလာ၊ ပါကစ္စတန်၊ မော်ရိုကို နှင့် တိုဂိုနိုင်ငံတို့၏နေရာတွင် စတင်တာဝန်ထမ်း ဆောင်ရမည်ဖြစ်သည်။

    ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အဖွဲ့ဝင် ၁၅ နိုင်ငံရှိပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနှင့် တရုတ်တို့မှာ ဗီတိုအာဏာအသုံးပြုခွင့်ရှိသည့် အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများဖြစ်ကြကာ ကျန် ၁၀ နိုင်ငံမှာ ဗီတိုအာဏာမရှိသော အမြဲတမ်းအဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများဖြစ်ကြသည်။

    အဆိုပါ ၅-နိုင်ငံအား ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၁ နိုင်ငံက မဲပေးရွေးချယ်ခဲ့ခြင်းဖြစ်ပြီး လစ်သူယေးနီးယားက ၁၈၇ မဲ၊ ချီလီနှင့် နိုက်ဂျီးရီးယားတို့က ၁၈၆-မဲ၊ ချဒ်နိုင်ငံ ၁၈၄-မဲနှင့် ဆော်ဒီအာရေဗျနိုင်ငံ ၁၇၆-မဲ အသီးသီးရရှိခဲ့ကြသည်။

    ရွေးချယ်ခြင်းခံရသည့် နိုင်ငံငါးနိုင်ငံမှ တစ်နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျက နိုင်ငံက လုံခြုံရေးကောင်စီမှာ  ကမ္ဘာ့ငြိမ်းချမ်းရေးအားဆောင်ရွက်ရာတွင် ထိရောက်မှု မရှိကြောင်း၊ လုံခြုံရေးကောင်စီအတွင်း ပြုပြင်ပြောင်းလဲမှုများ မလုပ်ဆောင်သ၍ ထိုတာဝန်အား လက်ခံဆောင်ရွက်သွားမည်မဟုတ်ကြောင်း ယနေ့နံနက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
    Ref : aljazeera
    _______________________

    မြောက်ကိုရီးယားနျူးကလီးယားကိစ္စဆွေးနွေးရန် တောင်ကိုရီးယား ထိပ်တန်း လုံခြုံရေးအကြံပေး အမေရိကန်သို့သွားမည်

    မြောက်ကိုရီးယားနိုင်ငံ၏ နျူးကလီးယားပြဿနာနှင့် ယောင်ဗြုန်းရှိ နျူးကလီးယားဓာတ်ပေါင်းဖို ပြန်လည် လည်ပတ်မှုအကြောင်းနှင့်ပက်သက်ပြီး ဆွေးနွေးရန်အတွက် တောင်ကိုရီးယား လုံခြံရေးဆိုင်ရာ ထိပ်တန်းအကြံပေးဖြစ်သူမှာ အမေရိကန်နိုင်ငံသို့ လာမည့် သီတင်းပတ်တွင် သွားရောက်မည်ဟု တောင်ကိုရီုးယား ပြည်တွင်းမီဒီယာ များက ယနေ့တွင် ရေးသားဖော်ပြလိုက်သည်။

    တောင်ကိုရီးယား သမ္မတ ပတ်ဂျုံးဟေး၏ လုံခြုံရေးအကြံပေးဖြစ်သူ ကင်မ် ဂျန်ဆူးမှာ လာမည့်သီတင်းပတ်အတွင်းဝါရှင်တန်သို့သွားရောက်မည်ဖြစ်ပြီး အမေရိကန် လုံခြုံရေးအကြံပေး ဆူဆန်ရွိုက်စ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လုံခြုံရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မြောက်ကိုရီယား နျူးကလီးယားအရေး၊ နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်ဟု တောင်ကိုရီးယား ပြည်တွင်းသတင်းစာ Dong-a Ilbo တွင် ရေးသားဖော်ပြခဲ့သည်။

    သမ္မတရုံးတာဝန်ရှိသူ ချောင်ဝါဒေးကလည်း ထိုသတင်းအား အတည်ပြုခဲ့ပြီး ခရီးစဉ်အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်သွားမည်ဟု ပြောဆိုခဲ့သည်။ ထိုခရီးစဉ်မှာ မြောက်ကိုရီးယား၏ နျူးကလီးခြိမ်ခြောက်မှု အန္တရာယ်စိုးရိမ်ရမှု မြင့်တက်လာချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး တောင်ကိုရီးယား ထာက်လှမ်းရေး အေဂျင်စီများ၏ အဆိုအရ မြောက်ကိုရီးယားမှာ သြဂုတ်လမှစ၍ ယောင်ဗြုန်းရှိ နျူးကလီးယား စက်ရုံမှ ၅ မဂ္ဂါဝပ်ရှိသည့် ပလူတိုနီယံသုံး နျူကလီးယားဓာတ်ပေါင်းဖိုအား
    ပြန်လည် လည်ပတ်နေသည်ဟု သိရသည်။
    Ref : xinhua
    ________________________

    သြစတေးလျတွင် တောမီးလောင်ကျွမ်းမှုများဖြစ်ပွား

    သြစတေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်ပြည်နယ်တွင် လောင်ကျွမ်းနေသည့် တောမီးများအား ထိန်းချုပ်၍မရသေးဘဲ ထောင်ပေါင်းများစွာသော ဒေသခံများမှာ ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်နေရသည်ဟု သိရသည်။

    တောမီးလောင်ကျွမ်းမှုများမှာ ယမန်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်တစ်ဝိုက် နေရာ ၃၀၀-ခန့်တွင် လောင်ကျွမ်းလျက်ရှိကာ မီးသတ်ဝန်ထမ်း ၁၅၀၀ ကျော်က ငြိမ်းသက်ရန်ကြိုစားနေသည်။

    မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၂၀၀နှင့် မြေဧက ဟက်တာ ၂ သောင်းကျော် လောင်ကျွမ်းပျက်ဆီးခဲ့ပြီး လေများတိုက်ခတ်နေမှုကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားနေသည်ဟု မီးသတ်တပ်ဖွဲ့က ပြောကြားခဲ့သည်။
    ထိုမီးလောင်မှုများကို ငြိမ်းသက်ရန် ၂ ရက်တာကြာမြင့်မည်ဖြစ်ပြီး ယနေ့နှောင်းပိုင်းတွင် ငြိမ်းသက်နိုင်ဖွယ်ရှိသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
    Ref : xinhua

    ________________________

    ဆော်ဒီနှင့် ယူအေအီးသို့ စစ်လက်နက်ပစ္စည်းများ အမေရိကန်ရောင်းချမည်

    ပင်တဂွန်အနေဖြင့် ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံတို့သို့ ဒေါ်လာ ၁၁.၈ ဘီလီယံ တန်ဖိုးရှိ ဒုံးကျည်နှင့် ဘန်ကာခွင်းဗုံးများကို ရောင်းချတော့မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    ကာကွယ်ရေးနှင့် လုံခြံရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်ဆီက လက်နက်ရောင်းချရန် ကိစ္စအား ကန်ကွန်ဂရက်သို့ ယခုသီတင်းပတ်အတွင်း အစီရင်ခံတင်ပြခဲ့သည်ဟု ပင်တဂွန်က ယမန်နေ့တွင် ပြောဆိုလိုက်သည်။

    ထိုကဲ့သို့ လက်နက်ရောင်းချရန် သဘောတူညီမှုက ဆော်ဒီအာရေဗျ နိုင်ငံ၏ လက်ရှိနှင့်အနာဂတ်တွင်ကြုံတွေ့ရမည့် ခြိမ်းခြောက်မှုများအား ရင်ဆိုင်နိုင်စွမ်းကို တိုးမြင့် စေကြာင်း၊ ထို့ပြင် အမေရိကန်မဟာမိတ်နိုင်ငံများ၏ လေတပ်ပိုင်းဆိုင်ရာ အသုံးဝင်မှုနှင့် စွမ်းရည်ကို ပိုမိုတောင့်တင်းစေပြီး မဟာမိတ်နိုင်ငံများ၏ စစ်ဆင်ရေးများကို ပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း အေဂျင်ဆီက အစီရင်ခံစာတွင်ရေးသားဖော်ပြခဲ့သည်။

    ဆော်ဒီက GBU-39 ဘန်ကာခွင်းဗုံး ထောင်ချီ၍၀ယ်ယူမည်ဖြစ်ပြီး ယူအေအီးနိုင်ငံက တပ်ဆင်သယ်ဆောင်နိုင်သည့် BRU-61 စနစ်ပါဝင်သည့် GBU-39/B တာတိုပစ် ဒုံးကျည်များကို ၀ယ်ယူသွားမည်ဖြစ်သည်။
    Ref : presstv
    ________________________

    အမေရိကန်ပိုင်သင်္ဘောမှ သင်္ဘောသား ၃၅-ဦးအား အိန္ဒိယဖမ်းဆီး

    စစ်လက်နက်ပစ္စည်းများတင်ဆောင်ကာ အိန္ဒိယရေပိုင်နက်ထဲသို့ တရားမ၀င် ၀င်ရောက်လာသည့် အမေရိကန်သင်္ဘောတစ်စီးမှာ သင်္ဘောသား ၃၅ ဦးကို ဖမ်းဆီးလိုက် သည်ဟု အိန္ဒိယ အာဏာပိုင်များက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    အဖမ်းခံရသည့် သင်္ဘောမှာ အမေရိကန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြသည့် AdvanFort မှ ပိုင်ဆိုင်သော MV Seaman Guard Ohio အမည်ရ အစောင့်သင်္ဘောတစ်စီး ဖြစ်ပြီး ကုန်တင်သင်္ဘောများကို ပင်လယ်ဓားပြများရန် မှကာကွယ်ပေးသည့် သင်္ဘောတစ်စီးဖြစ်သည်။

    ထိုသင်္ဘောအား အိန္ဒိယတောင်ဘက် Tamil Nadu ပြည်နယ်ရှိ Tuticorin မြို့တွင် ကမ်းခြေစောင့်တပ်များက ပြီးခဲ့သည့် သီတင်းပတ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ သင်္ဘောပေါ်တွင် ရိုင်ဖယ် ၃၁ လက်နှင့် စစ်လက်နက်ပစ္စည်းစုံ ၅၀၀၀ ၀န်းကျင်ခန့်ပါဝင်သည်ဟု သိရသည်။

    ထိုသင်္ဘောမှာ မုန်တိုင်းဒဏ်မှခိုလှုံရန် အိန္ဒိယရေပိုင်နက်အတွင်းသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး သင်္ဘောတွင်ပါဝင်သွားသည့် သင်္ဘောသားများမှာ အိန္ဒိယ၊ ဗြိတိန်၊ ယူကရိန်းနှင့် အက်စတိုးနီးယားနိုင်ငံများမှဖြစ်ကြပြီး အမေရိကန်နိုင်ငံ သားများမပါဝင်ဟု သင်္ဘောကိုပိုင်ဆိုင်သည့် AdvanFort  ကုမ္ပဏီမှ ပြောကြားခဲ့သည်။
    Ref : time
    ________________________

    အဲလစ်ဇဘက် ဘုရင်မကြီးနှင့် မာလာလာတွေ့ဆုံမည်

    အမျိုးသမီးများပညာသင်ခွင့်ရရန် လှုပ်ရှားဆောင်ရွက်ခဲ့သည့် ပါကစ္စတန်မှ မာလာလာနှင့် ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် ၂ တို့ ဘက်ကင်ဟမ်နန်းတော်၌ ယနေ့တွင် တွေ့ဆုံကြမည်ဟုသိရသည်။

    အသက် ၁၆ နှစ်အရွယ် မာလာလာအား ဘုရင်မကြီးကဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး ဘုရင်မကြီးနှင့် ခင်ပွန်းဖြစ်သူ အေဒင်ဘတ်မြို့စားတို့က “Reception for Youth, Education and the Commonwealth” ခေါင်းစဉ်ဖြင့် ဧည့်ခံပွဲတစ်ခု ပြုလုပ်ကာ မာလာလာအား ကြိုဆိုရန်ရှိနေသည်။

    ဧည့်ခံပွဲနှင့်ပက်သက်၍ CNN သတင်းဌာန၏ ပြီးခဲ့သည့်တစ်ပါတ်က အင်တာဗျူးတွင် ဘုရင်မကြီး၏ အမိန့်ဖြစ်သောကြောင့် သွားရမည်ဖြစ်ကြောင်း မာလာလာက အရွှန်းဖောက်ပြောကြားခဲ့သည်။

    ယခုအခါ အင်္ဂလန်တွင် နေထိုင်နေသည့် ပါကစ္စတန်နိုင်ငံသူမာလာလာမှာ တာလီဘန်များကြီးစိုးရာ ဆွက်တောင်ကြားဒေသတွင် အမျိုးသမီးများ ပညာသင်ကြားခွင့် ဆုံးရှုံးနေမှုအား ရဲဝင့်စွာဖော်ထုတ်ခဲ့သောကြောင့် တာလီဘန်တို့၏လုပ်ကြံခြင်းကိုခံခဲ့ရပြီး ကံကောင်းထောက်မစွာဖြင့် အသက်သေဆုံးခြင်းမရှိခဲ့ပေ။
    Ref : cnn
    ________________________

    ရုရှားသို့ မည်သည့်လျို့ဝှက်ချက်မှ မယူလာဟု စနိုးဒင်ဖွင့်ဟ

    အမေရိကန်ထောက်လှမ်းရေးအေဂျင်ဆီများဖြစ်ကြသည့် NSA နှည် FBI တို့၏ လျို့ဝှက်ချက်များကိုဖွင့်ချခဲ့သည့် NSA ၀န်ထမ်းဟောင်း စနိုးဒင်က မည်သည့် လျို့ဝှက် ချက်ဖိုင်ကိုမှ ရုရှားသို့ ယူဆောင်လာခြင်းမရှိဟု ပြောကြားလိုက်သည်။

    နယူးယောက်တိုင်းမ်သတင်းစာနှင့်အင်တာဗျူးတွင် NSA ၏ ၀န်ထမ်းဟောင်းဖြစ်သူစနိုးဒင်က ၎င်းယူဆောင်လာသည့် လျို့ဝှက်ချက်အားလုံးကို ဟောင်ကောင်တွင် ရှိနေစဉ် ဂျာနစ်လစ်တစ်ဦးသို့ပေးအပ်ခဲ့ပြီး ၎င်းထံတွင် ကူးယူသိမ်းဆည်းထားခြင်းမရှိကြောင်း၊ တရုတ်ထောက်လှမ်းအေဂျင်စီနှင့် ရုရှားနိုင်ငံများမှာလည်း မည်သည့် စာရွက်စာတမ်းကိုမျှ ရရှိခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။

    အမေရိကန်ပြည်သူများနှင့် ကမ္ဘာ့တစ်ဝှမ်းလုံးရှိပြည်သူများ၏ ဖုန်းခေါ်ဆိုမှုများ နှင့် အင်တာနက်သုံးစွဲမှုများကို စောင့်ကြည့်လေ့လာနေသည့် အမေရိကန်၏ ကြီးမားသော ထောက်လှမ်းရေးလုပ်ငန်းကြီးကို ဖွင့်ချခဲ့သည့် စနိုးဒင်က ၎င်း၏ဖွင့်ချမှုမှာ အမေရိကန်၏ အချက်အလက်စုဆောင်းမှုများနှင့်ပက်သက်ပြီး အခြေအတင် ဆွေးနွေးပွဲများ ဖြစ်လာစေရန်လှုံ့ဆော်ပေးခဲ့ပြီး၊ အမေရိကန်၏ လုံခြုံရေးအား မြှင့်တင်ပေးရာ ရောက်သည်ဟု ခံစားရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref : sky

    ________________________

  • အောက်တိုဘာ-၁၆ နိုင်ငံတကာသတင်းတို

    အောက်တိုဘာ-၁၆

    M-Media

    အိန္ဒိယ တံငါသည်းများအား သီရိလင်္ကာဖမ်းဆီး
    Sri-Lanka-Navy-Arrests-37-Poachers-in-Eastern-Seas
    မိမိတို့၏ရေပိုက်နက်ထဲသို့ တရားမ၀င် ၀င်ရောက်လာသည့် အိန္ဒိယငါးဖမ်းသမား ၃၇ ဦးအား ဖမ်းဆီးလိုက်သည်ဟု သီရိလင်္ကာရေတပ်မှ ယမန်နေ့တွင်ပြောကြားခဲ့သည်။
    မြောက်ဘက်ပင်လယ်ပြင်ရှိ နိုင်ငံတကာရေပိုင်နက်အားကျော်လွန်၍ ၀င်ရောက်လာခြင်းကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး Thalaimannar ဒေသတွင် ၂၂ ဦးနှင့် Delft ကျွန်းစုတွင် ၁၅ ဦး စုစုပေါင်း ၃၇ ဦးဖြစ်သည်ဟု သီရိလင်္ကာရေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ကိုဆာလာဝါနကူလာဆူရီယာက ပြောကြားခဲ့သည်။

    ထို့ပြင် ထိုတံငါသည်များအား စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်အတွက် ကမ်းခြေရှိ တာဝန်ရှိသူများထံသို့ အပ်နှံသွားမည်ဟု ဆူရီယာက ထပ်လောင်းပြောကြားခဲ့သည်။

    တရားမ၀င်ရေပိုင်နက်ဖြတ်ကျော်မှုမှာ အိန္ဒိယနှင့် သီရိလင်္ကာနှစ်နိုင်ငံအခြား မကြာခဏဖြစ်ပွားလေ့ရှိသည့် ပြဿနာတစ်ခုဖြစ်သည်။
    (ဆင်ဟွာ)
    ……………………………………
    တောင်ကိုရီးယားတွင် ကုန်တင်သင်္ဘောတစ်စင်းနစ်မြုပ် လူ ၉ ဦးသေဆုံး

    တောင်ကိုရီးယားနိုင်ငံအရှေ့တောင်ဘက်တွင် ပနားမားနိုင်ငံဖြင့် မှတ်ပုံတင်ထားသည့် ကုန်တင်သင်္ဘောတစ်စင်း ယမန်နေ့က တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ကာ ၂ ဦးမှာပျောက်ဆုံးနေသည်ဟုသိရသည်။

    သင်္ဘောသား ၁၉ ဦးတင်ဆောင်လာသည့် အဆိုပါသင်္ဘောမှာ ဒေသစံတော်ချိန် ည ၉နာရီ ၂၁ မိနစ်တွင် နိုင်ငံအရှေ့တောင်ဘက်ရှိ ပိုဟန်းဆိပ်ကမ်းမြို့သို့ ဆိုက်ကပ်ရန် ကြိုစားနေစဉ် မုန်တိုင်းမိခဲ့သောကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ သင်္ဘောပေါ်တွင်လိုက်ပါသွားသည့် သင်္ဘောသားများမှာ တရုတ်နိုင်ငံမှ ၁၈ ဦးနှင့် ဗီယက်နမ်နိုင်ငံမှ ၁ ဦးတို့ဖြစ်ကြသည်။ အခြား ၈ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ၂ ဦးမှာပျောက်ဆုံးနေသည်ဟုသိရသည်။

    ထိုသင်္ဘောမှာ CHENGLU15 အမည်ရပြီး နိုင်ငံအနောက်ဘက် ပြုံတက်ဆိပ်ကမ်းမှ အရှေ့တောင်ဘက် ပိုဟန်းဆိပ်ကမ်းသို့ ကုန်များ ချရန် မောင်းနှင်လာခဲ့ခြင်းဖြစ်ပြီး ဒေသ စံတော်ချိန်  ၃ နာရီ ၄၀ က သင်္ဘော၏ကျောက်ဆူးမှာ ပြဿနာအနည်းငယ်ရှိခဲ့ပြီး နောက်ထပ် ၆ နာရီအကြာတွင် မုန်တိုင်းကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယား ကမ်းခြေစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
    (ဆင်ဟွာ)
    …………………………….
    တိုင်းဖုန်းမုန်တိုင်းကြောင့် ဂျပန်တွင် လူ ၁၄ ဦးသေ

    ဂျပန်နိုင်ငံအလယ်ပိုင်းနှင့် အရှေ့မြောက်ဘက်တို့တွင် အင်အားပြင်းထန်သော တိုင်ဖုန်းမုန်တိုင်းတစ်ခု ၀င်ရောက်ခဲ့ပြီး လေပြင်းမုန်တိုင်းများ တိုက်ခတ်ခဲ့ကာ မိုးများသည်းထန်စွာ ရွာသွန်းခဲ့သောကြောင့် အနည်းဆုံး လူ ၁၇ ဦးသေဆုံးခဲ့ပြီး အများအပြားပျောက်ဆုံးနေသည်ဟု သိရသည်။

    တိုကျိုမြို့တောင်ဘက် ကီလိုမီတာ ၁၂၀ ကွာဝေးသော  Izu Oshima ကျွန်းတွင် လေပြင်းများတိုက်ခတ်ခဲ့ကာ မြေပြိုမှုများဖြစ်ပွားခဲ့ပြီး လူ ၁၃ ယောက်သေဆုံးခဲ့ကာ အိမ်အလုံး ၃၀ ၀န်းကျင် ပျက်စီးခဲ့သည်။ ထို့ပြင် တစ်နာရီ ၁၂၂.၅ မီလီမီတာဖြင့် စံချိန်တင်မိုးရွာခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှာ ကယ်ဆယ်ရေးလုပ်ငန်းများကို အပြင်းအထန်လုပ်ဆောင်နေသည်ဟု သိရသည်။

    ထို့ပြင်အခြားသေ Kanto၊ Ninomiyaနှင့် Kanagawa ဒေသများတွင် လူအသေပျောက်ရှိသည်ဟု ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ မုန်တိုင်းကြောင့် အမြန်ရထားခရီးစဉ်များစွာကိုလည်းဖျက်သိမ်းခဲ့ရပြီး၊ နိုင်ငံတကာ လေယာဉ်ခရီးစဉ် ၁၉၃ ခုနှင့် ပြည်တွင်း ခရီးစဉ် ၂၁၁ ခုတို့ကိုလည်း ဖျက်သိမ်းခဲ့ရသည်ဟု သိရသည်။

    ……………………………………
    လိမ်လည်မှုဖြင့် တရားစွဲဆိုခံရသည့် နယူးဇီလန် နိုင်ငံရေးပါတီခေါင်းဆောင် တစ်ဦး ရာထူးမှနှုတ်ထွက်

    အစိုးရနေရာအများစုတွင်အနိုင်ရရှိထားသည့် နယူးဇီလန်နိုင်ငံရေးပါတီငယ် တစ်ခုမှ ခေါင်းဆောင်ဖြစ်သူမှာ ရွေးကောက်ပွဲတွင်လိမ်လည်ခဲ့သည်ဟုသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံရပြီးနောက် ၎င်းတာဝန်ယူထားသည့် ၀န်ကြီးရာထူးမှ နှုတ်ထွက်သွားခဲ့သည်ဟုသိရသည်။

    ဂျွန်ဘန့်က်ဟုအမည်ရသည့် အဆိုပါပုဂ္ဂိုလ်မှာ ACT Party ၏ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး နိုင်ငံရှိ အင်တာနက်လုပ်ငန်းသူဌေး ကင်မ် ဒေါ့ကမ်နှင့် Sky City ကာစီနိုလုပ်ငန်းတို့မှ ရွေးကောက်ပွဲရန်ပုံငွေအဖြစ် ပုံဖျက်ကာ ငွေကြေးအမြောက်အများအား တရားမ၀င်ရယူခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် ယနေ့တွင် တရားစွဲဆိုခြင်းခံရပြီးနောက် ရာထူးမှ နှုတ်ထွက်သွားခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းမှာ ပါလီမန်တွင်ဆက်လက်ရှိနေမည်ဖြစ်သည်။

    ထိုကိစ္စမှာ ဘန့်က်၏ ၂၀၁၀ ခုနှစ် အောက့်လန်မြို့တော်ဝန်ရာထူးအား ၀င်ရောက်အရွေးခံရာတွင် ရှုံးနိမ့်ခဲ့မှုနှင့် ဆက်စပ်နေသည်။ နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကီးက ဘန့်က်၏ နှုတ်ထွက်မှုအား လက်ခံခဲ့ပြီး ပြဿနာများ ဖြေရှင်းပြီးသွားသည်အထိ စောင့်ကြည့်မည်ဟု ပြောကြားခဲ့သည်။
    Ref: Press TV
    ……………………………………..
    ဆန်ဒီယေဂို မြို့တော်ဝန်ဟောင်း လိင်ပိုင်းဆိုင်ရာစော်ကားမှုအတွက် အပြစ်ရှိကြောင်းထွက်ဆိုခဲ့

    အမေရိကန်နိုင်ငံ၏ အဌမမြောက် အကြီးဆုံးမြို့တော်ဖြစ်သည့် ဆန်ဒီယေဂိုမြို့ မြို့တော်ဝန်ဟောင်း ဘော့ဘ်ဖီလ်နာမှာ နိုင်ငံရေးအခမ်းနားများတွင် အမျိုးသမီးများအား ပြည့်တန်ဆာများကဲ့သို့ လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်ဟု သိရသည်။

    မြို့တော်ဝန်အဖြစ် ၈ လကျော်တာဝန်ထမ်းဆောင်ပြီးချိန်တွင် အမျိုးသမီးတစ်စုက ဖီလ်နာမှာ ၎င်းတို့အား လိင်ပိုင်းဆိုင်ရာ အရှက်ရစေရန်ပြုလုပ်ခဲ့ကြောင်း ဖော်ထုတ်ပြောဆိုလာသည့်အတွက်  သြဂုတ်လ ၃၀ ရက်နေ့တွင် ရာထူးမှ နှုတ်ထွက်ခဲ့သည်။

    အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ဖီလ်နာမှာ အမျိုးသမီးတစ်ဦးအား သူမ၏ဆန္ဒမပါဘဲ နမ်းခြင်းနှင့် အခြားအမျိုးသမီးတစ်ဦး၏ တင်ပါးအားကိုင်တွယ်ခြင်း စသည့် လိင်ပိုင်းဆိုင်ရာစော်ကားမှုအချို့အတွက် တရားစွဲဆိုခံရခြင်းဖြစ်သည်။
    Ref: Press TV

  • အောက်တိုဘာ ၁၅၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၁၅၊ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    အောက်တိုဘာ ၁၅၊ ၂၀၁၃
    M-Media

    ငွေလိမ်လည်သော လူမှုဖူလှုံရေးလုပ်ငန်းများအား ဂျပန်ပြင်းထန် စွာအရေးယူတော့မည်

    လူမှုဖူလှုံရေးလုပ်ငန်းများ၏ ငွေကြေးလိမ်လည်မှုများကို ပြင်းထန်းစွာအပြစ်ပေးနိုင်ရန်အာရုံစိုက်လုပ်ဆောင်နိုင်မည့် ပြည်သူအား ကာကွယ်ပေးသော ဥပဒေမူကြမ်း တစ်ခုကို ဂျပန်ကတ်ဘိနက်မှ အတည်ပြုလုပ်ပြီဟု ဂျပန်ပြည်တွင်းမီဒီယာ၏ ဖော်ပြချက်မှ သိရှိရသည်။

    ငွေကြေးလိမ်လည်သော လူမှုဖူလုံရေးလုပ်ငန်းများအား ယခင်က ယန်း ၃ သိန်း (အမေရိကန် ၃၀၄၁ ဒ်ါလာ)သာ ဒဏ်ငွေရိုက်နိုင်ရာမှာ ထိုဥပဒေအရ ယန်း ၁ သန်း (အမေရိကန် ၁၀၁၃၇ ဒေါ်လာ) အထိ ဒဏ်ငွေတပ်ရိုက်နိုင်မည်ဖြစ်ပြီး ထိုဥဒေမှာ လာမည့်နှစ် ဇူလိုင်လတွင် ပဌာန်းနိုင်ဖွယ်ရှိသည်ဟု ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့ သည်။
    Ref : xinhua

    ______________________

    ထိုင်းနိုင်ငံရှိ ရွှေဆိုင်များ မှတ်ပုံတင်ရတော့မည်

    ရွှေရောင်းချရာတွင် ဈေးကစားခြင်းများကို ထိန်းချုပ်ရန် စီမံချက်တစ်ခုကို ထိုင်းနိုင်ငံကဆောင်ရွက်တော့မည်ဖြစ်ပြီး ထိုစီမံချက်အရ ထိုင်းနိုင်ငံရှိ ရွှေအရောင်းဆိုင်
    ၇၅၀၀၀ ကျော်မှ ပြည်တွင်းကုန်သွယ်မှုဌာနသို့ မှတ်ပုံတင်ရတော့မည်ဟုသိရသည်။

    ထိုစီမံချက်အားဆောင်ရွက်ရန် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ထိုင်းဗဟိုဘဏ်နှင့် ရွှေကုန်သည်ကြီးများ အသင်းတို့မှ အတည်ပြုပေးခဲ့ခြင်းဖြစ်သည်ဟု ထိုင်းကုန်သွယ်ရေး
    ဒုတိယ၀န်ကြီး Yanyong Phuangrach က ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် ထိုကဲ့သို့မှတ်ပုံတင်ခြင်းများပြုလုပ်ခြင်းကြောင့် တာဝန်ရှိသူများအနေဖြင့် ရွှေဆိုင် များ၏ ဆောင်ရွက်ချက်များကို စာရွက်စာတမ်းများထက် အွန်လိုင်းကို အသုံးပြုကာ ပိုမိုစောင့်ကြည့်နိုင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ုထိုင်းနိုင်ငံ၏ရွှေလုပ်ငန်းမှာ နှစ်စဉ် ဘတ် ၁ ထရီလီယံတန်ဖိုးရှိပြီး ပြင်ပမှတင်သွင်းမှုတန်ဖိုး ဘတ် ဘီလီယံ ၃၀၀ ထက်ပိုမိုများပြားနေကြောင်း၊ ထိုကဲ့သို့ မှတ်ပုံတင်ခြင်း များ လုပ်ပေးလိုက်ခြင်းကာ ဈေးဝယ်သူများအား ပိုမိုကာကွယ်နိုင်မည်ဟု ယုံကြည်ရကြောင်း Phuangrach ကထည့်သွင်းပြောကြားခဲ့သည်။
    Ref : xinhua
    ______________________

    အမေရိကန်တွင် ကျောင်းဆရာတစ်ဦး ဓားထိုးခံရ

    အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လောင်းဘိခ်ျမြို့ ကျောင်းတစ်ခုတွင် ကျောင်းဆရာမတစ်ဦးအား ဓားဖြင့်ထိုးသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်ဟုသိရသည်။

    အသတ်ခံရသူမှာ အသက် ၅၃ နှစ်အရွယ်ရှိ ကဲလ်လီ တေလာဆိုသည့်အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမ၏ကျောင်းသားများနှင့် ပန်းခြံထဲတွင် သောကြာနေ့ ပျော်ပွဲရွှင်ပွဲ ကျင်းပနေစဉ် လူတစ်ဦးမှ သူမ၏နောက်ကျောအား ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ပွားချိန်တွင် မူကြိုဆင့်မှ ၆ တန်းအဆင့်ရှိ ကျောင်းသားနှစ်ဒါဇင်ခန့် နှင့် အခြားသော ဆရာဆရာမများလည်းရှိနေသည်ဟုသိရသည်။

    အခင်းဖြစ်ပွားပြီးနောက် အသက် ၅၀ အရွယ်ရှိ စတီဗင်ဘရောင်းဆိုသူအား လူသတ်မှုဖြင့်သံသယရှိသည့်အတွက် ဖမ်းဆီးလိုက်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ခဲ့သည်။ ဘရောင်းမှာ ၎င်း၏မြေးဖြစ်သူနှင့်ပက်သက်ပြီး ဆရာမတေလာအပေါ် အမြင်မကြည်မှုများရှိနေသည်ဟု ရဲတပ်ဖွဲ့ကပြောကြားခဲ့သော်လည်း တေလာ၏  မိသားစုနှင့် သူငယ်ချင်းများက ဘရောင်းမှာ လူသတ်မှုကိုကျူးလွန်နိုင်သည်ဟု မထင်ကြောင်း ပြောကြားခဲ့သည်။
    Ref : presstv

    ______________________

    စီးပွားရေးနိုဘယ်ဆုအား အမေရိကန်နိုင်ငံသားများဆွတ်ခူး

    စီးပွားရေဆိုင်ရာနိုဘယ်ဆုကို ယမန်နေ့ကပေးအပ်ချီးမြှင့်ခဲ့ရာ အမေရိကန်စီးပွားရေးပညာရှင်သုံးဦးက ပူးတွဲရရှိသွားသည်ဟု သိရသည်။

    ထိုသုံးဦးမှာ ဆွီဒင်တော်ဝင်သိပ္ပံအကယ်ဒမီမှ အဲဂျန်ဖာမာ၊ လားစ် ပီတာ ဟန်ဆန်နှင့် ချီကာဂိုတက္ကသိုလ်မှ ရောဘတ်ရှီလာတို့ဖြစ်ကြပြီး ဈေးကွက်အတွင်း ပိုင်ဆိုင်မှု အားလုံးအား လေ့လာနိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်ရန်အတွက် မည်ကဲ့သို့လေ့လာရမည်ကို ဖော်ထုတ်ခဲ့သည့်အတွက်ရရှိခဲ့ခြင်းဖြစ်သည်။

    ၎င်းတို့သုံးဦးမှာ သန်းနှင့်ချီသော ရင်းနှီမြှုပ်နှံသူများအား အကျိုးဖြစ်ထွန်းစေ ခဲ့သည့် ရှယ်ယာပိုင်ဆိုင်မှုများနှင့်စပ်လျဉ်း၍ ပိုမိုကောင်းမွန်သော နည်းလမ်းများကို
    ဖော်ထုတ်ခဲ့သည့်အတွက် နိုဘယ်ဆုအား ပေးအပ်ခဲ့ခြင်းဖြစ် သည်ဟု နိုဘယ်ဆု ချီးမြှင့်ရေးကော်မတီကပြောကြားခဲ့သည်။
    Ref : online

    ______________________

    ဘဂျင်းလေဆိပ်၌ ဗုံးခွဲခဲ့သူအား ထောင်ဒဏ် ၆-နှစ်ချမှတ်

    ဇူလိုင်လအတွင်းက ဘေဂျင်းနိုင်ငံကာလေဆိပ်တွင် ဗုံးခွဲခဲ့သည့် မသန်စွန်းအမျိုးသားစ်ဦးအား ဘေးဂျင်းတရားရုံးမှ ထောင်ဒဏ် ၆-နှစ်ချမှတ်လိုက်သည်ဟု သိရသည်။

    ရှန်ဒုန်ပြည်နယ်မှ အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ဂျီဇွန်ရှင်ဆိုသူဖြစ်ပြီး အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းအား
    ထားရှိခဲ့သည့်အတွက် အပြစ်ရှိကြောင်းတွေ့ရှိရ၍ ထိုကဲ့သို့ အပြစ်ပေးခဲ့ခြင်းဖြစ်သည်ဟု ချာအိုယန်ခရိုင် ပြည်သူ့တရားရုံးမှထုတ်ပြန်သော ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်။

    ထိုကဲ့သို့ဗုံးခွဲရခြင်းမှာ သူအား မသန်စွမ်းသူတစ်ဦးဖြစ်သည်အထိ ရိုက်နှက်ခဲ့ကြသည့် အာဏာပိုင်များ၏လုပ်ရပ်အား ပြည်သူများ သိရှိစေရန်ရည်ရွယ်၍ လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း ၀န်ခံထွက်ဆိုခဲ့သည်ဟု သိရသည်။

    ပြီးခဲ့သည့်ဇူလိုင် ၂၀ ရက်နေ့က ဂျီမှာ ဗုံးအားလေဆိပ်အတွင်းသို့ယူသွားခဲ့ပြီး ဂိတ်ပေါက်အမှတ်သုံးတွင် ချထားရန်စီစဉ်နေစဉ် လုံခြုံရေးဝန်ထမ်းများက တွေ့ရှိခဲ့ပြီး
    စနက်တံမဖြုတ်ရန် ဖျောင်းဖြခဲ့သော်လည်း ဂျီက စနက်တံဖြုတ်ခဲ့သောကြောင့် ဗုံးမှာပေါက်ကွဲခဲ့ကာ ဂျီ၏ လက်တစ်ဖတ်အား ပြတ်တောက်သွားစေခဲ့ပြီး အခြားသူများ အားထိခိုက်မှုမရှိခဲ့ပေ။
    Ref : cnn

    ______________________

    ဘက်ကင်ဟမ်နန်းတော်သို့ တရားမ၀င် ၀င်ရောက်ရန် ကြိုးပမ်းသူအား ရဲတပ်ဖွဲ့ကဖမ်းဆီး

    ဘက်ကင်ဟမ်နန်းတော်အတွင်းသို့ တရားမ၀င်ဝင်ရောက်ရန်ကြိုးပမ်းခဲ့သည့် အသက် ၄၄-နှစ်အရွယ် အမျိုးသားတစ်ဦးအား ယမန်နေ့က ဖမ်းဆီးလိုက်သည်ဟု တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားခဲ့သည်။

    ဒေးဗစ်ဘဲလ်မာအမည်ရသည့် အဆိုပါအမျိုးသားအား ဗစ်တိုရီးယားအထိမ်းအမှတ်ကျောက်တိုင်နှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် နန်းတော်သို့ဝင်ရသည့် အဓိက ၀င်ပေါက်တွင် တားဆီးခဲ့ခြင်းဖြစ်ပြီး ရှာဖွေစစ်ဆေးမှုများအရ ၎င်းတွင် ဓားတစ်ချောင်းပါရှိသည်ဟု သိရသည်။

    ဘဲလ်မာအား တားမြစ်ထားသောနေရာသို့ဝင်ရောက်မှုနှင့် အန္တရာယ်ရှိစေသော လက်နက်ကိုင်ဆောင်မှုတို့ဖြင့်ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ပြီး နောက်ပိုင်းတွင်
    တရားစွဲဆိုသွားမည်ဟု ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
    Ref : cnn

    ______________________

     

    လူ ၂၀ အနည်းဆုံးသေဆုံးခဲ့တဲ့ ဖိလစ်ပိုင် ငလျင်

    ဖိလစ်ပိုင်နိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများစိတ်ဝင်စားရာ ကျွန်းသုံးခုတွင် ပြင်းအား ၇.၁ မဂ္ဂနီကျုရှိသည့် ငလျင်တစ်ခု ယနေ့တွင်လှုပ်ခတ်ခဲ့ရာ အဆောက်အဦးများ ပြိုကြခဲ့ပြီး အနည်းဆုံး လူ ၂၀-ဦးသေဆုံးခဲ့သည်ဟုသိရသည်။

    ဖိလစ်ပိုင်နိုင်ငံ၏ ဒုတိယအရေးပါဆုံးဖြစ်သောဖြစ်ပြီး လှပသော အပန်းဖြေကမ်းခြေများများစွာရှိသည့် စီဘူးတွင် ငလျင်ဒဏ်ကြောင့် အဆောက်အဦး ၁၅-လုံး၊ စီဘူးမှ သင်္ဘောဖြင့်သွားရပြီး သဲဖြူကမ်းခြေများကြောင့် ကျော်ကြားသည့် ဘိုဟိုလ်ကျွန်းနှင့် စီကွီဂျာကျွန်းတို့တွင် အဆောက်အဦး ၅လုံး ပြိုကျပျက်စီးခဲ့သည်ဟု ဖိလစ်ပိုင် လူမှုကာကွယ်ရေးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရိုင်နယ်လ်ဒို ဘာလီဒိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    ထို့ပြင် တက္ကသိုလ်များ၊ ဆေးရုံများ၊ ခရစ်ယာန်ဘုရားကျောင်းများအပါအ၀င် အဆောက်အဦးအများအပြားမှာ ဆိုးဆိုးဝါးဝါး ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး၊ လမ်းမကြီး အချို့ မှာလည်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည်ဟု ဒေသခံများနှင့် ကမ္ဘာ့လှည့်ခရီးသွားများက ပြောကြားခဲ့သည်။

    အဆိုပါငလျင်မှာ ဒေသစံတော်ချိန် ယနေ့နံနက် ၈ နာရီ ၁၂ မိနစ်တွင် ဘိုဟိုလ်ကျွန်းရှိ လူဦးရေ ၁၈၀၀၀ရှိသော ဘလီလီဟန်မြို့အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည် ဟု အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
    Ref : channelnewsasia
    Phillipine
    ______________________