News @ M-Media

Tag: international short news

  • ၃- ၈- ၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်း စုစည်းမှု

    ၃- ၈- ၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်း စုစည်းမှု

    သြဂုတ်-၃-၂၀၁၃
    M-Media

    အမေရိကန်၊ ဗြိတိန် တို့နှင့်အတူ ထားရှိသော  စုံစမ်းခွင့် ပဋိညာဉ်အား ဂျာမနီမှ ပယ်ဖျက်

    အတ္တလန်တိတ်တစ်ဖက်ခြမ်းမှ မဟာမိတ်နိုင်ငံများ၏ သတင်းအချက်အလက်များကို လျှို့ဝှက်လေ့လာသော ပရိုဂရမ်များမှာ အမေရိကန် လျှို့ဝှက်ထောက်လှမ်းရေးမှ ကျွမ်းကျင်ပညာရှင်အက်ဒ်ဝါ့ဒ် စနိုဒင် (Edward Snowden) ကြောင့် မီဒီယာများသို့ ပေါက်ကြားခဲ့သည်။ အီလက်ထရွန်းနစ်နည်းပညာအရ စုံစမ်းထောက်လှမ်းရေး အကြောင်းများအား သိရှိလိုက်ရပြီးနောက် ဂျာမနီသည်  အမေရိကန် ၊ ဗြိတိန်တို့နှင့်အတူ ပြုလုပ်ခဲ့သော စစ်အေးခေတ်ပဋိညာဉ်အား  ပယ်ဖျက်လိုက်သည်။
    __________________________________
    စပိန်နိုင်ငံ ရထားတိမ်းမှောက်မှု အရှိန်လွန်ခြင်းဖြစ်

    ယခင်အပါတ်က လူ၇၉ဦး သေဆုံးခဲ့ရသော ရထားတိမ်းမှောက်မှုတွင် ရထားမောင်းသူက တိမ်းမှောက်ချိန်တွင် ရှိသင့်သည့် အရှိန်ထက် နှစ်ဆခန့် ပိုမောင်းခဲ့ကြောင်း ဝန်ခံသွားသည်။
    __________________________________
    အမေရိကန်မှ အယ်လ်ကိုင်းဒါး တိုက်ခိုက်မှု သတိပေးချက်

    နိုင်ငံသားများအား ခရီးသွား သတိပေးချက်ထုတ်ပြန်ထားပြီး နိုင်ငံပေါင်းနှစ်ဆယ်ကျော်မှ သံရုံးများကို ယာယီပိတ်ထားလိုက်သည်။
    __________________________________
    အီရန်သမ္မတသစ် တရားဝင် အသိမှတ်ပြု

    Hassan Rohani အား အီရန် ၇ ဦးမြောက်သမ္မတအဖြစ် နိုင်ငံ့ ဥသျှောင် Ayatollah Ali Khamenei က ယနေ့ တရားဝင် အခမ်းအနားဖြင့် အသိအမှတ်ပြုလိုက်သည်
    __________________________________
    နယူးဇီလန် နို့မှုန့်တွင် ဘက်တီးရီးယားတွေ့ရှိ

    Fonterra မှထုတ်လုပ်သော နို့မှုန်တွင် botulism ဖြစ်စေသော ဘက်တီးရီးယားတစ်မျိုးကို တွေ့ရှိထားသောကြောင့် ကမ္ဘာတစ်ဝန်းမှ နို့မှုန့် တန် ၁၀၀၀ ကျော်ကို ပြန်လည် သိမ်းဆည်းသွားမှာ ဖြစ်ပါတယ်။
    __________________________________
    Ariel Castro အား ထောင်ဒါဏ် တစ်သက်ချ

    အမေရိကန်နိုင်ငံတွင် အမျိုးသမီးသုံးဦးအား လိင်ကျွန်အဖြစ် ရာစုနှစ် တစ်ခုကျော် ဖမ်းဆီး ပိတ်လှောင်၍ နှိပ်စက်ခဲ့သူ Ariel Castro အား တရားရုံးမှ ယမန်နေ့က ထောင်ဒါဏ် တစ်သက်ချလိုက်သည်။
    __________________________________
    တရုတ်နိုင်ငံမှာ ကမ္ဘာ့ဒုတိယအမြင့်ဆုံး မိုးမျှော်တိုက် ဆောက်လုပ်ပြီးစီး

    ကမ္ဘာပေါ်မှာ ဒုတိယအမြင့်ဆုံး မိုးမျှော်တိုက်ကြီးတခုကို တရုတ်နိုင်ငံရဲ့ ကူးသန်းရောင်းဝယ်ရေး အချက်အခြာကျတဲ့ မြို့တော် Shanghai မှာ အကြမ်းထည် ဆောက်လုပ်ပြီးစီး သွားပြီ ဖြစ်ပါတယ်။ ပေပေါင်း ၂,၀၀၀ ကျော်မြင့်တဲ့ အဲဒီ Shanghai Tower အဆောက်အဦးရဲ့ ထိပ်ဆုံးပိုင်းကို စနေနေ့မှာ ဆောက်လုပ် တပ်ဆင်လိုက်ပါပြီ။

  • ၁-၈-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်း စုစည်းမှု

    ၁-၈-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်း စုစည်းမှု

    သြဂုတ်-၁၊ ၂၀၁၃
    M-Media

    ဇင်ဘာဘွေ ရွေးကောက်ပွဲ

    ဗုဒ္ဓဟူးနေ့က ကျင်းပသောရွေးကောက်ပွဲတွင် နှစ်ပေါင်း ၃၃နှစ်ကြာ အာဏာဆုတ်ကိုင်ထားသော သမ္မတ Robert Mugabe က ဝန်ကြီးချုပ် Morgan Tsvangirai ကို အနိုင်ရဖွယ် ရှိပြီး ရွေးကောက်ပွဲမှာ တရားမျှတမှုမရှိဟု Morgan Tsvangirai ကပြောဆိုသည်။
    _______________________
    ပေါက်ကွဲလာတော့မည့် Irazú

    Costa Rica’s မီးတောင် Irazú သည် ပေါက်ကွဲရန် စတင်လှုတ်ရှားလာကြောင်း တိုင်းထွာမှုများအရ ပညာရှင်များက ပြောသည်။
    _______________________
    ဖီလစ်ပိုင်တပ်များ ဂိုလန်ကုန်းမြင့်တွင် ခြောက်လဆက်နေမည်

    ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်များကို ဂိုလန် အပစ်ခတ် ရပ်ဆဲ့ရေး ဇုန်တွင် ဆက်လက်ထားရှိပေးထားမည်ဟု ဖီလစ်ပိုင်နိုင်ငံခြားရေး ဝနကြီးကပြောဆိုသည်။
    _______________________
    Bradley Manning ထောင် ၁၃၆နှစ် ကျဖွယ်ရှီ

    အီရတ်စစ်ပွဲနှင့်ဆိုင်သော ထိတ်တန်းလှို့ဝှက်ချက် ၇၀၀,၀၀၀ ခန့်ကို WikiLeak သို့ ပေးပို့မှုဖြင့် စွဲဆိုချက်များစွာမှ အပြစ်ရှိကြောင်း ယနေ့ ဆုံးဖြတ်လိုက်သည်။
    _______________________
    ထိုင်းဘုရင် နန်းတော်သို့ ပြန်ရောက်

    အသက် ၈၅နှစ် အရွယ် ထိုင်ဘုရင်သည် လေးနှစ်ကြာ ဆေးရုံတွင် ကုသမှုခံယူခဲ့ပြီး နန်းတော်သို့ .နေ့ ပြန်လည် ရောက်ရှိသည်။
    _______________________
    မွတ်စလင်မ် ၃၅ နိုင်ငံမှ သံအမတ်ကြီးများကို ရမဿွန် ဥပုသ်လ ဂုဏ်ပြုညစာစားပွဲ ဂျပန်ဝန်ကြီးချုပ် ကျင်းပ

    ဂျပန်နိုင်ငံ၏ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးသည် မွတ်စလင်နိုင်ငံ ၃၅ နိုင်ငံမှ ကိုယ်စားလှယ်တော်များနှင့် သံအမတ်များအား ဖိတ်ကြားကာ ရမဿွန် ဥပုသ်လ ဂုဏ်ပြုညစာစားပွဲတစ်ခုကို ဗုဒ္ဓဟူးနေ့က ကျင်းပပြုလုပ်ခဲ့သည်။ အစ္စလာမ်သာသာဝင်များ ဥပုသ်ထွက်ချိန်၌ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ညစာစားပွဲမှာ ဂျပန်နိုင်ငံနှင့် အစ္စလာမ်ကမ္ဘာတို့ အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုကိုတိုးပွားစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
    http://www.m-mediagroup.com/news/16803
    ______________________
    ဥရောပ ဂီတခရီးစဉ်အတွင်း ပူးပေါင်းဖျော်ဖြေမည့် အစ္စရေး၊ ပါလစ္စတိုင်း ရော့ခ်တီးဝိုင်း

    “Orphaned Land” အဖွဲ့ဟာ ဂီတကို အသုံးပြုပြီး အစ္စရေး၊ ပါလစ္စတိုင်းနဲ့ အာရပ်တို့အကြား ငြိမ်းချမ်းမှုကို တည်ဆောက်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး “All Is One” အမည်ရှိ တေးဂီတ စီးရီးဟာ ဘာသာပေါင်းစုံ ချစ်ကြည်သင့်မြတ်ရေးကို ရည်ညွန်းထားကြောင်း ဆိုပါတယ်။ “Orphaned Land” အဖွဲ့ဟာ တူရကီ (Turkey) နိုင်ငံမှာလည်း အကြိမ်ပေါင်းများစွာ သွားရောက်ဖျော်ဖြေမှုတွေ ပြုလုပ်ခဲ့ဖူးပြီး ပရိသတ် အတော်အတန် ရရှိနေတဲ့ နာမည်ကြီး တေးဂီတအဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
    http://myanmarmuslimsvoice.com/archives/8337
    _______________________
    ရှန်ဟိုင်းအပူလှိုင်း ၁၀ ဦးသေ

    တရုတ်နိုင်ငံ နေရာတော်တော်များများမှာ စံချိန်ချိုးလောက်အောင် အပူလှိုင်းရိုက်ခတ်ခဲ့တဲ့အတွက် လူသေဆုံးမှုတွေ ကြုံခဲ့ရသလို၊ အစိုးရကလည်း အရေးပေါ် ကြေညာချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ ၉ ရက်ဆက်တိုက် ၁၀၀ ဒီဂရီဖာရင်ဟိုက်ကျော် ဖြစ်နေတဲ့ ရှန်ဟိုင်းမြို့မှာ အပူရှိန်ကြောင့် ၁၀ ယောက်ကျော်အထိ သေဆုံးခဲ့တဲ့ အကြောင်း ဒေသခံအာဏာပိုင်တွေကို ကိုးကားပြီး နိုင်ငံပိုင် ဆင်ဟွာသတင်းက ဖော်ပြခဲ့တာပါ။ နှစ်ပေါင်း ၁၄၀ အတွင်း ရှန်ဟိုင်းမြို့မှာ အပူဆုံး ဇူလိုင်လတလ ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။

  • ၃၁-၇-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ၃၁-၇-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇူလိုင်-၃၁-၂၀၁၃
    M-Media
    ဗုဒ္ဓဂါယာ ပေါက်ကွဲမှု့ နှင့် ပတ်သက်၍ ကျောင်းဆောင် ထိန်းသိမ်းရေး ဂေါပကအဖွဲ့ အတွင်းရေးမှူးဟောင်းများကို စစ်ဆေးမည်

    ဒ္ဓဂါယာတွင် ဆက်တိုက်ဖြစ်ပေါ်ခဲ့သည့် ပေါက်ကွဲမှု၏ အဓိက သံသယရှိသူမှာ IM (အိန္ဒိယ မူဂျာဟစ်ဒ်) များဖြစ်သော် လည်း NIA (အိန္ဒိယအမျိုးသားကာကွယ်ရေး အေဂျင်စီ) ၏ စုံစမ်းစစ်ဆေးခြင်းမှ ရရှိခဲ့သော အချက်အလက်များအရ ဗုဒ္ဓဂါယာ ဘုရားကျောင်း ဆောင် ထိန်းသိန်းရေး ကော်မတီ (Bodh Gaya Temple Management Committee (BTMC)) ၏ အတွင်းရေးမှုးဟောင်း ၂ ဦးအား စုံစမ်းမည်ဖြစ်ကြောင်း သိရသည်။

    ဗုဒ္ဓဂါယာ ပေါက်ကွဲမှု့ နှင့် ပတ်သက်၍ ကျောင်းဆောင် ထိန်းသိမ်းရေး အတွင်းရေးမှူးဟောင်းများကို စစ်ဆေးမည်


    __________________________
    စစ်ကြောရေးအခန်းထဲတွင် ငါးရက်ကြာ ပိတ်ထားခံရသူ ၄.၁ သန်း လျှော်ကြေးရ

    အမေရိကန်နိုင်ငံ San Diego မြို့မှ စက်မှုတက္ကသိုလ် ကျောင်းသား Daniel Chong, ၁၅ နှစ်သည် ၂၀၁၂ ခုနှစ် ဧပရယ်လ ၂၀ရက်က မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ဖမ်းဆီးစစ်ဆေးသူများက မေ့လျောကာ အစာ၊နှင့် ရေ မရှိပဲ အခန်းတွင်ပိတ်ထားခဲ့မိပြီး ၅ရက်ကြာမှ တွေ့ရှိသောကြောင့် ယခုအခါ ၎င်းအားနစ်နာကြေး ဒေါ်လာ ၄.၁ သန်း ပေးလျော်ရန် တရားရုံးက ဆုံးဖြတ်လိုက်သည်။
    __________________________
    တိုရန်တိုမြို့ သံလမ်းပြေးကားပေါ်မှ လူငယ်ကို ပစ်ခတ်မှု

    ကနေဒါနိုင်ငံ တိုရန်တိုမြို့ တွင် ၂၇ရက်နေ့က သံလမ်းပြေးကားပေါ်မှ ဓါးကိုင်၍ ရထားပေါ်မှ လူများကို ဆင်းခိုင်းသော ၁၈နှစ်အရွယ် လူငယ်ကို ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ၉ချက် ပစ်ခတ်မှု လဲကျသွားပြီးနောက် လျပ်စစ် ကျင်စက်သေနတ်ဖြင့် ပစ်ခတ်မှုများ ၏ ဗွီဒီယို ထွက်ပေါ်လာပီးနောက် ရဲတပ်ဖွဲ့ကို ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။
    __________________________
    ဗြိတိန်တွင် euthanasia ပြုခွင့် တရားရုံးကပယ်ချ

    ဝေဒနာပြင်းထန်ပြီး သေဆုံးခါနီး လူနာနှစ်ဦးက euthanasia (ဆေးထိုး၍ ညင်သာစွာသေဆုံးစေခြင်း) ကို တရားဝင်ခွင့်တောင်းထားခြင်းကို တရားရုံးက ပယ်ချလိုက်သည်။
    __________________________
    ဘရာဇီးရေပိုက်ပွင့်ထွက်မှု

    ဘရာဇီး မြို့တော်တွက် ဖိအားပြင်းသည့် ရေဖြန့်ဝေရေး ပိုက် ပေါက်ထွက်သွားရာမှ ၃နှစ်ကလေးငယ်တစ်ဦးသေဆုံးပြီး ၁၃ဦးဒါဏ်ရာရသည်။
    __________________________
    Google မှ Press TV ၏ Youtube account ကို အသုံးပြုခွင့်ပိတ်

    ကြာသာပတေးနေ့က စတင်ကာ Google သည် အီရန်အခြေစိုက် နိုင်ငံတကာ သတင်းဌာနတခုဖြစ်သော Press TV ၏ Youtube အကောင့် အသုံးပြုခွင့် ကို မည်သည့် အကြောင်းပြချက်မှ မပေးဘဲ ပိတ်ပင်လိုက်ကြောင်း။ ထို့ကြောင့် ကြည့်ရှုသူများ နှင့် နှစ်စဉ်ပုံမှန်ကြည့်ရှုနေသူများ မှာ Press TV သို့ ဆက်သွယ်မေးမြန်းကြကြောင်း သိရှိရသည်။

  • ၃၀-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်း စုစည်းမှု

    ၃၀-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်း စုစည်းမှု

    ဇူလိုင်-၃၀၊၂၀၁၃
    M-Media

    အမေရိကန်၏ အကြီးမားဆုံး ကလေးလိင်ကုန်ကူးမှုတိုက်ဖျက်ရေး

    ဤသုံးရက်ကြာ စစ်ဆင်ရေးကို မြို့ပေါင်း ၇၆မြို့တွင် တစ်ပြိုင်တည်း ပြုလုပ်ခဲ့ရာ ကလေးငယ် ၁၀၅ဦးကို ကယ်တင်နိုင်ခဲ့ပြီး တရားခံ ၁၅၀ဦး ဖမ်းမိ၍ $165,000. တန်ဖိုးရှိ ပစ္စည်းများ သိမ်းဆီးရမိသည်။
    ___________________________________________
    ဟက်ကာများက ကားကို ကွန်ပြူတာဖြင့် ထိန်းချုပ်လိုက်နိုင်

    ကွန်ပျူတာ သုတေသန ပညာရှင် Charlie Miller နှင့် Chris Valasek က ယခုခေတ်ပေါ်ကားများကို ကွန်ပျူတာ နှင့် ထိန်းချုပ်မှု ရယူနိုင်ကြောင်းကို လာမည့် ရက်ပိုင်းအတွင်း ကျင်းပမည့် Defcon ဟက်ကာ ကွန်ဖရန့်တွင် ပြသမည်ဖြစ်သည်။ ၎င်းနည်းကို Ford Escape နှင့် Toyota Prius.တို့တွင် စမ်းသပ်ထားပြီး အခြား ခေတ်ပေါ်ကားများတွင်လည်း အတူတူပင် ဖြစ်ကြောင်း on-board diagnostics port မှတစ်ဆင့် ဆက်သွယ်၍ electronic control units ကို ထိန်ချုပ်ကာ ကား စတီယာရင်၊ အရှိန်၊ ဘရိတ် နှင့် အခြား ထိန်းချုပ်မှုများကို ကားမောင်းသမား မောင်းနှင်နေစဉ်မှာပင် ကွန်ပျူတာ သမားက ထိန်းချုပ်ရယူသွားနိုင်ကြောင်း။ ထိုမှ တစ်ဆင့်တက်၍ ကြိုးမဲ့ နည်းပညာကိုသုံး၍ အဝေးမှလည်း ထိန်းချုပ်လာနိုင်ကြောင်း ရှင်းပြသွားသည်။
    ___________________________________________
    ဆွစ်ဇာလန်တွင် ရထားခေါင်းချင်းဆိုင်တိုက်

    နိုင်ငံ အနောက်ပိုင်း Granges-pres-Marnand ဒေသတွင် ရထား နှစ်စင်းတိုက်မိရာမှ ၃၅ ဦးဒါဏ်ရာရပြီး ရထားမောင်းသူတစ်ဦး သေဆုံးသည်။ တိုက်မိရသည့် အကြောင်းအရင်းကို စုံစမ်းဆဲဖြစ်သည်။
    ___________________________________________
    အမေရိကန်နိုင်ငံ ဖလော်ရီဒါ ဂစ်ပေါက်ကွဲမှု

    ဖလော်ရီဒါ အလယ်ပိုင်း ပရိုပိန်းဂစ် ထုတ်လုပ်စက်ရုံတွင် ပြင်းထန်သောပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၇ ဦး ဒါဏ်ရာရရှိသည်။
    ___________________________________________
    ပါကစ္စတန် ထောင်ဖေါက်မှု

    ပါကစ္စတန် Dera Ismail Khan မြို့အနီးရှိ ထောင်ကို သူပုန် တစ်ရာခန့်က လက်နက် အင်အားဖြင့် အပြင်းအထန်တိုက်ခိုက် ၍ သူပုန် ၃၀ ဦး အပါအဝင် ထောင်သား ၂၄၃ဦး လွတ်မြောက်သွားသည်။
    ___________________________________________
    ပင်မဆဲလ်ကို ဆီးအရည်မှ ပြုလုပ်နိုင်ခဲ့

    Guangzhou တက္ကသိုလ်မှ Duanqing Pei နှင့်အခြား တရုတ်သုတေသန ပညာရှင်များ က ခန္ဓာကိုယ် အစိတ်အပိုင်းများ တည်ဆောက်ရန် အသုံးပြုနိုင်သော ပင်မဆဲလ် ကို ဆီးအရည်မှ ပြုလုပ်နိုင်ခဲ့ကြောင်း Cell Regeneration ဂျာနယ်တွင် ဖေါ်ပြခဲ့သည်။
    ___________________________________________
    အီရန်သမ္မတဟောင်း အာမတ်ဒီနီဂျက် ရာထူးမှ အနားယူပြီး နောက်ပိုင်း နည်းပညာတက္ကသိုလ် ဖွင့်လှစ်မည်

    အီရန်အာဏာပိုင်တွေက သမ္မတဟောင်းကို နည်းပညာ တက္ကသိုလ်ဖွင့်လှစ်ဖို့ လိုအပ်တဲ့ ခွင့်ပြုချက်တွေကို ထုတ်ပေးပြီးဖြစ်ကြောင်းနဲ့ ဒီတက္ကသိုလ်မှာ သတင်းအချက်အလက် နည်းပညာ၊ နာနိုနည်းပညာ၊ အာကာသပညာရပ်တွေနဲ့ နူကလီးယား သိပ္ပံဘာသာရပ်တွေကို အထူးပြု သင်ကြားပို့ချဖွယ်ရှိတယ်လို့ အီရန်အခြေစိုက် tasnimnews.com က ဖော်ပြထားပါတယ်။

    http://myanmarmuslimsvoice.com/archives/8315

  • ၂၉-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်းချူပ် စုစည်းမှု

    ၂၉-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်းချူပ် စုစည်းမှု

    ဇူလိုင်-၂၉-၂၀၁၃
    M-Media

    ကမ္ဘောဒီးယားရွေးကောက်ပွဲ

    ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏ ပါတီက အမတ်အရေအတွက် ၁၂၃ နေရာအနက် ၆၈ နေရာ ရရှိခဲ့သော်လည်း ၎င်းတို့ ပါတီသက်တမ်းတစ်လျောက် အဆိုးရွားဆုံး ရလာဒ်ဖြစ်သည်။ ၎င်းတို့ အာဏာလက်ရှိ ပါတီဖြစ်သည့် အလျှောက် နည်းမျိုးစုံဖြင့် မဲပိုရအောင် ပြုလုပ်ခြင်းများရှိခဲ့သဖြင့် ရွေးကောက်ပွဲ ရလာဒ်ကို အတိုက်အခံပါတီမှ ကန့်ကွက်ထားသည်။
    ________________________________
    ဇင်ဘာဘွေရွေးကောက်ပွဲ

    ယခုလ ၃၁ရက်နေ့တွင် ကျင်းပတော့မည့် ရွေးကောက်ပွဲအတွက် ဇင်ဘာဘွေ နိုင်ငံတစ်ဝှမ်း ပါတီများမှ မဲဆွယ်ပွဲများ ပြုလုပ်လျက်ရှိသည်။
    ________________________________
    အစ္စရေးမှ ပါလက်စတိုင်းအကျဉ်းသားများလွှတ်

    ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြိုအဖြစ် ပါလက်စတိုင်း နိုင်ငံရေး အကျဉ်းသား ၁၀၄ဦး လွှတ်ပေးရန် လွှတ်တော်မှ အတည်ပြုပေးလိုက်သည်။
    ________________________________
    နိုကီယာ၏ ၄၁ megapixel ကင်မရာနှင့် ဖုန်း

    လက်ကိုင်ဖုန်း ထုတ်လုပ်သူများ၏ ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်တွင် နောက်ကျကျန်ခဲ့သော နိုကီယာက လူအများ အံ့ဩစေလောက်မည့် 41-megapixel camera ပါဝင်သည့် Lumia 1020 ကို မိတ်ဆက်ပြသလိုက်သည်။
    ________________________________
    ယူရို သန်း ၄၀ ဖိုး လက်ဝတ်ရတနာများ ခိုးယူခံရ

    တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံ အပန်းဖြေကမ်းခြေရှိ Carlton ဟိုတယ်တွင် လက်ဝတ်ရတနာ ပြပွဲပြုလုပ်စဉ် သေနတ်သမားတဦး ကလာရောက်လုယူသွားခဲ့ခြင်းဖြစ်ပြီး လိုက်လံဖမ်းဆီးနေဆဲဖြစ်သည်။
    ________________________________
    အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ၀ါရှင်တန်မှာ ပြန်လည်စတင်

    အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ၃ နှစ်ကြာလောက် ရပ်တန့်နေခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြန်စနိုင်ရေး အကြို ဆွေးနွေးမှုတွေ ဒီကနေ့ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့မှာ နှစ်ဘက် ကိုယ်စားလှယ်တွေ ပြုလုပ်ကြမှာ ဖြစ်ပါတယ်။