News @ M-Media

Tag: international short news

  • ၂၃-၇-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှု အကျဉ်း

    ၂၃-၇-၂၀၁၃ နိုင်ငံတကာသတင်း စုစည်းမှု အကျဉ်း

    ဇူလိုင်-၂၃ ၊ ၂၀၁၃
    M-Media

    ဗုဒ္ဓဂါယာ ဗုံးပေါက်ကွဲမှု သံသယရှိသူမှာ CCTV မှတ်တမ်းများအရ အာသံပြည်နယ်မှ ဖြစ်

    ဇူလိုင်လ ၇ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် အဆိုပါ ဗုံးပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးနေသည့် အမျိုးသား စုံစမ်း စစ်ဆေးရေး အေဂျင်စီ(NIA) က ၎င်းတို့ ရရှိထားသည့် သဲလွန်စများမှာ အိန္ဒိယအရှေ့မြောက်ဘက် ပိုင်းရှိ ပြည်နယ် တစ်ခုကို ဖော်ပြနေသည်ဟု ဆိုသည်။
    http://www.m-mediagroup.com/news/16369
    ——————————————–
    တော်ဝင် မိသားစု၏ ကလေးငယ် ဖွားမြင်

    ဗြိတိန်နိုင်ငံ အိမ်ရှေ့မင်းသား ဝီလျံနှင့် ကတ်သရင်းတို့၏ သားယောင်္ကျားလေးကို ယနေ့ ဖွားမြင်သည်။
    ——————————————–
    နယူးယောက်လေဆိပ် လေယဉ် ချွတ်ယွင်းမှု

    ယနေ့မနက်က Southwest လေကြောင်းလိုင်းမှ Boeing 737 လေယာဉ်သည် နယူးယောက်မြို့ LaGuardia လေဆိပ်သို့ ဆင်းသက်စဉ် ဦးပိုင်း ဘီး ကျိုးသွားသောကြောင့် အဆင်းတွင် ဦးပိုင်းနှင့် မြေပြင်ပွတ်တိုက် ဆင်းခဲ့သော်လည်း ထိခိုက်ပွန်းပဲ့သူ အနည်းငယ်သာရှိခဲ့သည်။
    ——————————————–
    ယခုနှစ် ဝင်ငွေအများဆုံး အဆိုတော်

    အသက်သုံးဆယ်အောက် အဆိုတော်များအနက် လေဒီဂါဂါမှာ ယခုနှစ်အတွင်း ဒေါ်လာ သန်း၈၀ ဝင်ငွေ ရရှိသူအဖြစ် စံချိန်တင်ထားသည်ဟု Forbes မဂ္ဂဇင်း၏ စာရင်းများအရ သတ်မှတ်လိုက်သည်။
    ——————————————–
    ထိပ်တန်း အလှူဒါနရှင်များ စာရင်း၌ ဗြိတိန် မွတ်စ်လင်မ်များပါဝင်

    ဗြိတိန်မှ အလှူဒါနဆိုင်ရာ နာမည်ကျော် ၀က်ဘ်ဆိုဒ်တစ်ခုတွင် တင်ထားသည့် မှတ်တမ်းကောက်ချက်တစ်ရပ်၌အခြားသောဘာသာဝင်နှင့် နှိုင်းယှဉ်သော် ဗြိတိန်ရှိ မွတ်စ်လင်မ်များသည် ထိပ်တန်းအလှူဒါနရှင်များဖြစ်ကြောင်း တွေ့ရှိရသည် ဟုဆိုသည်။
    http://www.m-mediagroup.com/news/16360
    ——————————————–
    တရုတ်နိုင်ငံ ငလျင်သတင်း

    တနင်္လာနေ့မနက်က Gansu ဒေသကြီးတွင်လှုတ်ခတ်ခဲ့သော ပြင်းအား ၆.၆ ရှိသော ငလျင်ကြောင့် ၈၉ ဦး သေဆုံးခဲရသည်။
    ——————————————–
    နော်ဝေ၌ ခရစ်ယာန်အစွန်းရောက် Anders Breivik ၏ လူ (၇၇) ဦး အကြမ်းဖက်သတ်ဖြတ်မှု (၂) နှစ်ပြည့် အောင့်မေ့ဖွယ် ကျင်းပ

    ဝန်ကြီးချုပ်က “ဥရောပတိုက်၌ လက်ရာစွန်းရောက် ပါတီများပေါ်ပေါက်ကြီးထွားလာမှုကို ရင်ဆိုင်ဆန့်ကျင်ရမည်”ဖြစ်ကြောင်း ပြောကြားပြီး “အစွန်းရောက်မှု မှန်သမျှကို တွန်းလှန်ရမည်”ဟုလည်း ပြောဆိုလိုက်သည်။
    http://myanmarmuslimsvoice.com/archives/8212
    ——————————————–
    မွတ်စလင်များ Facebook တွင် အစ္စလာမ်ပြက္ခဒိန် Hijri ကို ထည့်သွင်းသုံးစွဲနိုင်တော့မည်

    လက်ရှိ အများသုံး အနောက်တိုင်း စံပြက္ခဒိန် Gregorian နဲ့ အတူတွဲ အသုံးပြုနိုင်မှာဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံ (Saudi Arabia) မှာ စတင်အသုံးပြုနိုင်အောင် ထုတ်လွှင့်မှာပါ။ မွတ်စလဖနိုင်ငံများ၊ မွတ်စလင်လူထု ရှိရာနိုင်ငံများ၊ အရပ်ဒေသများသို့ တဖြည်းဖြည်းခြင်း ဖြန့်ကျက်ပေးသွားမှာ ဖြစ်ပါတယ်။
    http://myanmarmuslimsvoice.com/archives/8203

  • ၂၁-၇-၂၀၁၃ နိုင်ငံတကာသတင်းအကျဉ်း စုစည်းမှု

    ၂၁-၇-၂၀၁၃ နိုင်ငံတကာသတင်းအကျဉ်း စုစည်းမှု

    ဇူလိုင်-၂၁၊၂၀၁၃
    M-Media

    ပြင်းအား ၆.၉ ရှိသော ငလျင် နယူးဇီလန် ကမ်းခြေတွင် လှုပ်ခတ်

    Wellington မြို့မှ ၃၅မိုင်အကွာ ရေအောက် ၆မိုင် အနက်တွင် လှုတ်ခတ်သော ငလျင်ကြောင့် ဆူနာမိ ဖြစ်ပေါ်ခြင်း မရှိသလို လူတစုံတဦး ထိခိုက်မှု လည်း မရှိခဲ့ပေ။
    ——————————
    ဘရာဇီးလ်နိုင်ငံသားများ ပုပ်ရဟန်းမင်းကြီးကို စောင့်မျှော်

    Pope Francis သည် တနင်္လာနေ့ညတွင် ဘရာဇီးလ်နိုင်ငံ သို့ ရောက်ရှိလာမည် ဖြစ်သောကြောင့် နိုင်ငံသားများစောင့်မျှော်လျှက် ရှိသည်။
    ——————————
    ဂျပန် ရွေးကောက်ပွဲသတင်း
    ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် အထက်လွှတ်တော် အတွက် အနိုင်ရကြောင်း ထွက်ပေါ်လာသော ရွေးကောက်ပွဲ ရလာဒ်များ အရသိရသည်။
    ——————————
    ဘယ်လ်ဂျီယံ ဘုရင်အသစ် ထီးနန်းဆက်ခံ

    ဘယ်လ်ဂျီယံ ဘုရင် Albert II က သားတော် Philippe ကို ယနေ့ ထီးနန်းလွှဲပြောင်း ပေးအပ်လိုက်သည်။
    ——————————
    Trayvon Martin အမှု ဆန္ဒပြမှုများ ဖြစ်ပေါ်

    အမေရိကန်တွင် အာဖရိကန်-အမေရိကန် လူငယ် Trayvon Martin သေဆုံးခဲ့မှု အတွက် တရားစီရင်ရေး ကို ဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိသည်။ သမ္မတ အိုဘားမားကလည်း Trayvon Martin သည် လွန်ခဲ့သော ၃၅နှစ်က သူကိုယ်တိုင်လည်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
    ————————-
    အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခဖြစ်နေသည်မှာ ဇီယွန်ဝါဒီ အစ္စရေး၏ လက်ချက်ဖြစ်ကြောင်း အီရန်သမ္မတပြော

    “ ဇီယွန်ဝါဒီများသည် တူရကီ၊ လစ်ဗျား၊ အီဂျစ် နှင့် အခြားနိုင်ငံများကို အမြဲတမ်း မငြိမ်မသက် ဖြစ်စေချင်ကြသည်။ ထိုလုပ်ဆောင်မှုများကိုတားဆီးရန် ကျွန်ုပ်တို့ အချင်းချင်းအကြား ညီနောင်ဝါဒကို ပိုမိုဖြန့်ကျက်ရန် လိုအပ်၏ ” ဟု ကြာသပတေးနေ့က အီရတ်ပါလီမန်မှ ပြောရေးဆိုခွင့်ရှိသူ အုစာမဟ် အလ်နုဂျိုင်ဖီ (Osama al Nujaifi) နှင့် နိုင်ငံ၏ ဥပဒေပြုများနှင့်အတူပြုလုပ်ခဲ့သော အစည်းအဝေးတွင် အဟ်မဒီ န်ီဂျဒ် က ပြောကြားခဲ့သည်။
    ——————-
    လူမှုအသိုင်းအဝန်းအတွင်း အမျိုးသမီးများ၏ ပါဝင်စွမ်းဆောင်မှု အရေးပါကြောင်း တူရကီဒုဝန်ကြီး ပြောကြား

    အမျိုးသမီးတွေအနေနဲ့လည်း လူမှုအသိုင်းအဝန်းအတွင်း မိမိတို့ရဲ့ ပါဝင်စွမ်းဆောင်နိုင်မှုကို အထင်မသေးသင့်ကြောင်း၊ အတိတ်ကာလ အစ္စလာမ့်သမိုင်းတစ်လျှောက် အမျိုးသမီး ပညာရှင်တွေဟာ အာဏာပိုင်တွေရဲ့ အစ္စလာမ့် နည်းဥပဒေတွေ မညီညွတ်မှုတွေကို ရဲဝင့်စွာ ထောက်ပြ ပြောဆိုခဲ့တဲ့ အစဉ်အလာကောင်းတွေကို အတုယူသင့်ကြောင်း ဆိုပါတယ်။ တူရကီနိုင်ငံမှာ အမျိုးသမီး အခွင့်အရေးတွေကို အပြည့်အဝ ပြဒါန်းဆောင်ရွက် ပေးနေကြောင်းနဲ့ အမျိုးသား၊ အမျိုးသမီး ခွဲခြားမှုမရှိကြောင်းကိုလည်း ဥပမာပေး ပြောဆိုသွားပါတယ်။
    http://myanmarmuslimsvoice.com/archives/8198
    ——————————–
    ဂျပန်ရွေးကောက်ပွဲ ဝန်ကြီးချုပ်တို့ နိုင်ခြေရှိ

    ဂျပန်နိုင်ငံရဲ့ စီးပွားရေးဟာ ပြန်လည် နလန်ထစပြုနေပြီဖြစ်ပြီး တနင်္ဂနွေနေ့ လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲမှာ သူ့ကို ထောက်ခံအားပေးဖို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက ပြောပါတယ်။ အထက်လွှတ်တော် ရွေးကောက်ပွဲမတိုင်မီ တရက်အလို စနေနေ့က တိုကျိုမြို့မှာ မစ္စတာ အာဘေးက အခုလိုပြောခဲ့တာပါ။

  • ၂၀-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်းချူပ် စုစည်းမှု

    ၂၀-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်းချူပ် စုစည်းမှု

    ဇူလိုင်-၂၀၊၂၀၁၃
    M-Media

    ဘေဂျင်းလေဆိပ်တွင် ဗုံးအသေးစားတစ်ခုပေါက်ကွဲ

    ဘီးတပ်ကုလားထိုင်ပေါ်မှ လူတစ်ဦးက အိမ်လုပ် ဗုံးတစ်လုံးကို ခွဲလိုက်သောကြောင့် လေဆိပ် အဆောင် ၃ တစ်ခုလုံး မီးခိုးများ ဖုံးလွှမ်းသွားကာ ဖေါက်ခွဲသူ ဒါဏ်ရာ ရသွားသည်။
    ——————————–
    အစ္စရေးမှ အရေးကြီး ပါလက်စတိုင်း နိုင်ငံရေး အကျဉ်းသားများလွှတ်မည်

    ငြန်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန်ပြောဆိုနေချိန်တွင် အပြုသဘောဆောင်သည့် အနေဖြင့် ပါလက်စတိုင်း နိုင်ငံရေး အကျဉ်းသားများလွှတ်မည် ဟုကြေငြာသည်။
    ——————————–
    အီသီဟိုးပီးယား၏ ရေကာတာကိစ္စ အီဂျစ် စိတ်ပူ

    နိုင်းမြစ်ပေါ်တွင် အီသီယိုးပီးယားမှ ရေကာတာဆောက်ရန် စီစဉ်နေရာ အီဂျစ် စိုက်ပျိုးရေးဝန်ကြီးမှ ကိုင်ရိုတွင် ဆွေးနွေးရန် အဆိုပြုချက်ကို တုန့်ပြန်ခြင်းမရှိ၍ စိုးရိမ်မိကြောင်း ပြောဆိုသည်။
    ——————————–
    ဥရောပသမဂ္ဂ၏ အစ္စရေးအပေါ် သတ်မှတ်ချက် အသစ်

    ဇန်နဝါရီလ ၁ရက်နေ့တွင် စတင် သက်ရောက်မည့် ဥပဒေအသစ်တွင် ၁၉၆၇ နောက်ပိုင်း အစ္စရေးမှ သိမ်းပိုက်ထားသော နယ်မြေများပေါ်တွင် တည်ထောင်ထားသည့် အဖွဲအစည်းများအား ဥရောပ နိုင်ငံများမှ ရန်ပုံငွေ ထည့်ဝင်ခြင်းမပြုရ ဟု သတ်မှတ်ထားသည်။
    ————————————–
    ဘရုစ်လီ၏ ဘဝနှင့် အထိမ်းအမှတ်၊ အမှတ်တရနေ့ ဟောင်ကောင်တွင်ကျင်းပ

    ဟောင်ကောင်မှာ စနေနေ့ကစလို့ ဘရုစ်လီကွယ်လွန်တဲ့ နှစ် (၄ဝ) ပြည့် အမှတ်တရနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဖြစ် ဟောင်ကောင် အမွေအနှစ်ပြတိုက်မှာ ငါးနှစ်ကြာပြသထားမယ့် ပြခန်းကိုဖွင့်လှစ်ပါလိမ့်မယ်။ ဒါဟာ မြို့တော်ရဲ့ အကျော်ကြားဆုံးအနုပညာရှင်တစ်ယောက်ရဲ့ အောင်မြင်မှုကို ပြသတဲ့ပြခန်းလည်းဖြစ်ပါတယ်။
    —————–
    အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲ ပြန်စနိုင်

    အစ္စရေးနဲ့ ပါလက်စ်တိုင်းကြား နှစ်ပေါင်းများစွာရှိလာခဲ့တဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်ဖို့ မျှော်လင့်ချက်တွေ တဖန် ပြန်လည် ပေါ်ပေါက်လာခဲ့ပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောလိုက်ပါတယ်။

  • ၁၉-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်းချူပ် စုစည်းမှု

    ၁၉-၇-၂၀၁၃ နိုင်ငံတကာ သတင်းအကျဉ်းချူပ် စုစည်းမှု

    ဇူလိုင်-၁၉ ၊ ၂၀၁၃
    M-Media

    ရုရှ အတိုက်အခံ ခေါင်းဆောင် ပြန်လွတ်

    ရုရှသမ္မတ ပူတင်၏ သည် ၎င်း၏ အဓိက အတိုက်အခံခေါင်းဆောင် Alexei Navalny ကို ထောင် ငါးနှစ် ချလိုက်ပြီးနောက် မနေ့ညက ကရင်မလင်နန်းတော် ရှေ့တွင် ဆန္ဒပြခဲ့ကြပြီး ဝေဖန်မှုများလည်း ပြင်းထန်လာသောကြောင့် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
    —————————————
    ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ပြန်ရောက်

    ဝန်ကြီးချုပ် Hun Sen၏ အဓိက အတိုက်အခံ ဖြစ်သူ Sam Rainsy ကို ထောင် ၁၂ နှစ် ပြစ်ဒါဏ်မှ လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ကြေငြာခဲ့ပြီး နောက် ယနေ့ ဖနွမ်ပင်သို့ ပြန်လာခဲ့ရာ ထောက်ခံအားပေးသူများစွာက ကြိုဆိုကြသည်။
    —————————————
    ပါကစ္စတန်၌ ပထမဆုံး လေထီးခုန် စစ်သမီး သင်တန်းဆင်း

    ကပ္ပတိန် ဆာဒီယာ (Sadia) ဟာ ပါကစ္စတန်နိုင်ငံရဲ့ ပထမဆုံး လေထီးခုန် စစ်သမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ကပ္ပတိန် ကီရင်းအရှရဖ် (Kiran Ashraf) ကတော့ သင်တန်းအတွင်း အကောင်းဆုံး လေထီးခုန် စစ်သည်အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်လိုက်ပါတယ်။
    http://myanmarmuslimsvoice.com/archives/8139
    ————————————
    ဒက်ထရွိုက်မြို့ ဒေဝါလီခံ

    အမေရိကန်နိုင်ငံ ဒက်ထရွိုက်မြို့ ၏ မြို့စည်ပင်သာယာ ကော်မတီမှာ အကြွေး ဒေါ်လာ ၁၈၅၀၀ သန်း တင်ရှိနေသောကြောင့် ဒေဝါလီခံ လိုက်ရခြင်း ဖြစ်သည်။ စက်မှုဖွံ့ဖြိုးမှု ဆုတ်ယုတ်လာခြင်း၊ လူမျိုးရေး တင်းမာမှုများရှိနေခြင်း ၊ နှင့် ခြစားမှုများကြောင်း မြို့ရှိ လူဦးရေမှာလည်း ၁၉၅၀ နှစ်များက ၁.၈သန်း ရှိခဲ့ရာမှ ယခုအခါ ၇သိန်းသာ ရှိတော့သည်ဟုဆိုသည်။
    ———————————
    စပိန်နိုင်ငံတွင် ဆန္ဒပြ

    ဝန်ကြီးချုပ် Mariano Rajoy ၏ အခွန်ရှောင်မှု အရှုပ်တော်ပုံကြောင့် ၎င်းအား ရာထူးမှ နုတ်ထွက်ပေးရန် မဒရစ်မြို့တွင် မနေ့ညကဆန္ဒပြရာတွင် ရဲနှင့် ဆန္ဒပြသူများကြား အကြမ်းဖက်မှုများရှိခဲ့သည်။
    ——————————-
    အမေရိကန် မွတ်စလင်မ် ကျောင်းသူ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် အရွေးခံရ

    ပါလက်စတိုင်းအရေးထောက်ခံလှုပ်ရှားတက်ကြွသူ အမေရိကန် မွတ်စ်လင်မ် ကျောင်းသူတစ်ဦးသည် ဂျူးအုပ်စုများ၏ ကန့်ကွက်မှုများအပေါ်အောင်မြင်ပြီး ၊ မွတ်စ်လင်မ်များအနက် ပထမဆုံး ကျောင်းသားသမဂ္ဂ ခေါင်းဆောင်အဖြစ် ခန့်အပ်ခံရသည်

    အမေရိကန် မွတ်စလင်မ် ကျောင်းသူ ကျောင်းသားသမဂ္ဂ ခေါင်းဆောင် အရွေးခံရ


    —————————–
    ကမ္ဘာ့ထိပ်တန်းသို့ အမေရိကန်ကို တရုတ်ကျော်တက်မည်ဟု ယူဆသူများပြား

    တရုတ်နိုင်ငံဟာ တနေ့ကျရင် အမေရိကန်ပြည်ထောင်စုကို ကျော်တက်ပြီး ကမ္ဘာ့ထိပ်တန်း အင်အားကြီးနိုင်ငံဖြစ်လာလိမ့်မယ်လို့ ကမ္ဘာက ပိုမို ယုံကြည်လာနေတဲ့အကြောင်း Pew သုတေသနဌာနက ကောက်ယူတဲ့ စစ်တမ်းသစ်တခုက ဆိုပါတယ်။ နိုင်ငံပေါင်း ၃၉ နိုင်ငံမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းတွေရဲ့ တ၀က်ကျော်က အမေရိကန်ပြည်ထောင်စုကို ကမ္ဘာ့ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံအဖြစ် အသိအမှတ်ပြုထားတုန်း ဖြစ်ပါတယ်။

  • ၁၈-၇၊ ၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု့ အကျဉ်း

    ၁၈-၇၊ ၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု့ အကျဉ်း

    ဇူလိုင်-၁၈၊ ၂၀၁၃
    M-Media

    အိန္ဒိယတွင် ကျောင်းမှနေ့လည်စာကြောင့် ကလေး ၂၂ဦးသေဆုံး

    ဇူလိုင်လ ၁၇ ရက်က အိန္ဒိယနိုင်ငံ Biharပြည်နယ် Gandamal ရွာ ရှိကျောင်းမှနေ့လည်စာတွင် ပိုးသတ်ဆေးများပါဝင်နေသောကြောင့် ကြောင့် ကလေး ၂၂ဦးသေဆုံးခဲ့ပြီး နှစ်ဒါဇင်ခန့်မှာ ဆေးရုံတင်ထားရသည်။
    ———————————–
    အီရန် သမ္မတသစ် အီရတ်သို့ ခရီးထွက်

    ပွင့်လင်းမှုရှိသော အီရန်သမ္မတသစ်သည် အီရတ်နိုင်ငံသို့ ယနေ့ သွားရောက်လည်ပတ်သည်။ ရှီယာခေါင်းဆောင်သော နိုင်ငံနှစ်ခု နောင်တွင်ပိုမို နီးစပ်လာမည့် အလားအလား ရှိလာသည့် သဘောဖြစ်သည်။
    ————————————–
    ဆီးရီးယား – တူရကီနယ်စပ်မြို့ကို ကာဒ်ပါတီမှ သိမ်းပိုက်

    ဆီးရီးယားရှိ ကာဒ်ပါတီသည် တူရကီရှိ ကာဒ်သူပုန်များနှင့်လည်း ဆက်နွယ်မှုရှိပြီး တူရကီနယ်စပ်အနီးရှိ ဆီးရီးယားမြို့ငယ်လေးကို ယနေ့ သိမ်းပိုက်လိုက်ကြောင်း တူရကီစစ်တပ်မှ ပြောသည်။
    ——————————————-
    ရုရှ အတိုက်အခံ ခေါင်းဆောင်ကို ထောင် ၅နှစ်ချ

    ရုရှသမ္မတ ပူတင်၏ အဓိက အတိုက်အခံခေါင်းဆောင် Alexei Navalny ကို ခိုးမှုဖြင့် စွဲချက်တင် ထောင်ချလိုက်ခြင်းသည် ပူတင်၏ အာဏာရှင် ဆန်လာခြင်း ဖြစ်ပြီး ရုရှနိုင်ငံသည် ဒီမိုကရေဆီမှ ဖယ်ခွာလာနေကြာင်း ဂျမဏီ အစိုးရပိုင်းမှ ပြောဆိုသည်။
    ——————————————–
    ပါလက်စတိုင်းနှင့် အစ္စရေး ဆွေးနွေးဖွယ်ရှိ

    အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ၏ အဆိုပြုသော ငြိမ်းချပ်းရေး ဆွေးနွေးပွဲ ကို ပါလက်စတိုင်းခေါင်းဆောင်များက လက်ခံဆွေးနွေးမည်ဆိုသည်ကို ကြေငြာဖွယ်ရှိကြောင်း သတင်းထွက်ပေါ်လာသည်။
    ———————————————
    ပါကစ္စတန် တာလီဘန်ခေါင်းဆောင် မှ မာလာလာသို့ အိတ်ဖွင့်ပေးစာ

    တာလီဘန်ခေါင်းဆောင် တစ်ဦး ဖြစ်သော Adnan Rasheed က ၎င်းသည် မာလာလာ ပစ်ခတ်ခံရသည့် သတင်းကြားရစဉ်က တုန်လှုပ်မိပါကြောင်း နှင့် တာလီဘန်၏ အမျိုးသမီးများအတွက် ပညာရေးအပေါ် အမြင်တို့ကို ရေးသားထားသည့် အိတ်မွင့်ပေးစာ ထုတ်ပြန်ခဲ့သည်။ မူရင်းစာကို အောက်ပါလင်ခ်တွင် ဖတ်နိုင်ပါသည်။
    https://www.documentcloud.org/documents/727684-adnan-rasheed-s-letter-to-malala-yousafzai.html
    ———————————–
    ငွေတိုးချေး ကုမ္ပဏီ၏ ၀တ်စုံ စပွန်ဆာ ကိစ္စကြောင့် Newcastle ရာသီအကြိုပွဲစဉ်မှ ဆစ်ဆေး နှုတ်ထွက်

    အသက် ၂၈ နှစ်အရွယ် ဆီနီဂေါကစားသမား တိုက်စစ်မှူး ဆစ်ဆေး က ငွေချေးကြွေးချ အတိုးပေးသည့် ကုမ္ပဏီကို အားမပေးနိုင်ကြောင်း ကလပ်အသင်းသို့ တရားဝင်ပြောကြားခဲ့ သဖြင့် ၄င်းတံဆိပ် အစား သူ့ကို တံဆိပ်မဲ့အင်္ကျီ သို့မဟုတ် ဒါနအဖွဲ့တံဆိပ်တစ်ခု ပါဝင်သောအင်္ကျီ ၀တ်ဆင်ခွင့်ပေးရန် အဆိုပြုခဲ့သည်။
    Read More=>http://www.m-mediagroup.com/news/16197
    ——————————
    PayPal မှ အမေရိကန် တစ်ဦး အကောင့်ထဲသို့ ဒေါ်လာ ဘီလီယံ ၉၂ သန်း မှားလွှဲပေးမိ

    PayPal မှ အမေရိကန် နိုင်ငံသား၏ အကောင့်ထဲသို့ ဒေါ်လာ ၉၂ quadirllion (စတာလင်ပေါင် 60 quadrillion) မှားယွင်းစွာ လွှဲပြောင်းပေးမိကြောင်း ဝန်ခံခဲ့သည်။
    Read More=>http://www.m-mediagroup.com/news/16186