News @ M-Media

Tag: international short news

  • ဇွန် ၁၁-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၁၁-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန်- ၁၁ ၊ ၂၀၁၃
    M-Media

    အီရန်သမ္မတဟောင်း ခါတာမီက သမ္မတအဖြစ် ၎င်းမဲပေးမည့်သူကို ထုတ်ဖော်ပြောဆို

    လာမည့် ဇွန်လ ၁၄ ရက်နေ့တွင် အီရန်နိုင်ငံ၌ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ်အရွေးခံမည့် ဟာဆန် ရိုဟာနီ အား မဲပေးမည်ဟု အီရန်သမ္မတဟောင်း ခါတာမီက ပြောကြားလိုက်ပါတယ်။
    Read More

    အိန္ဒိယတိုက်လေယာဉ်နှစ်စင်း ပါကစ္စတန်လေပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့

    အင်္ဂါနေ့နံနက် ဒေသစံတော်ချိန် ၁၀ နာရီ မိနစ် ၄၀ က အိန္ဒိယနိုင်ငံမှ တိုက်လေယာဉ်နှစ်စင်းမှာ ပန်ဂျပ်ပြည်နယ်လေပိုင်နက်သို့  ကျူးကျော်ဝင်ရောက်ခဲ့တယ်လို့ ပါကစ္စတန်လေတပ်မှ ပြောကြားလိုက်ပါတယ်။
    Read More

    အစ္စလာမ့်မစ်စင်တာ မီးလောင်မှုနှင့် ပက်သက်သည့် သံသယရှိသူများကို ဗြိတိန်ရဲအဖွဲ့မှဖမ်းဆီး

    ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် လန်ဒန်မြို့အရှေ့တောင်ဘက်ရှိ အစ္စလာမ့်မစ်စင်တာမီးလောင်ကျွမ်းမှုနှင့် ပက်သက်သည့်ဟု သံသယရှိသူလေးဦးကို ဗြိတိန်ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ပါတယ်။
    Read More

    ဥရောပတိုက်အား လေပိုင်နက်တစ်ခုတည်းအဖြစ်စုစည်းရန် ဥရောပကော်မရှင်၏ အကြံပြုချက်အား ပြင်သစ်ကန့်ကွက်

    ဥရောပနိုင်ငံများ၏ လေပိုက်နက်များအား စုစည်း၍ ဥရောပတစ်တိုက်လုံးတွင် လေပိုက်နက်တစ်ခုတည်းသာထားရှိရန် ဥရောပကော်မရှင်၏ အကြံပြုချက်ကို ကန့်ကွက်သည့်အနေဖြင့် ပြင်သစ်လေကြောင်းထိန်းသိမ်းရေးဆောင်ရွက်သူများက သုံးရက်တာသပိတ်မှောက်ခြင်းကို ဒီကနေ့ စတင်လိုက်ပါတယ်။
    Read More

    တရုတ်နိုင်ငံ၏ လူလိုက်ပါသည့် ၅ ခုမြောက် အာကာသယာဉ် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့

    အမျိုးသမီးတစ်ဦးအပါအ၀င် အာကာသယာဉ်မှုးသုံးဦး လိုက်ပါသွားသည့် Shenzhou-10 အမည်ရှိအာကာသယာဉ်ကို ဒီကနေ့ နေ့လည်ပိုင်းတွင် တရုတ်နိုင်ငံမှ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်။
    Read More

    Taksim Square ရှိ ဆန္ဒပြသူများကို တူရကီရဲတပ်ဖွဲ့ဝင်များမှ အင်အားသုံး ဖြိုခွဲ

    တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ Taksim Square တွင် နှစ်ပတ်ကြာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသူများကို တူရကီ ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆန်များအသုံးပြုကာ ဒီကနေ့မနက်ပိုင်းက လူစုခွဲခဲ့ပါတယ်။
    Read More

    ဆီုနီက နောက်ဆုံးထွက် PlayStation 4 ဂိမ်းစက်အား ဈေးနှုန်းသတ်မှတ်

    ဆိုနီကုမ္ပဏီက PlayStation 4 ဂိမ်းစက်ဈေးနှုန်းအား ကန် ၃၉၉ဒေါ်လာ အဖြစ်သတ်မှတ်ခဲ့ပြီး ထိုဈေးနှုန်းမှာ ၎င်းတို့၏ပြိုက်ဘက် မိုက်ကရိုဆော့ဖ်မှထုတ်လုပ်သည့် နောက်ဆုံးထွက် Xbox One ဂိမ်းစက်ဈေးနှုန်းထက် ပိုမိုသက်သာကြောင်း သိရပါတယ်။
    Read More

    တူရကီ ဝန်ကြီးချုပ် ဆန္ဒပြ ခေါင်းဆောင်တွေကို တွေ့ဖို့ သဘောတူလိုက်ပြီ

    တူရကီ နိုင်ငံမှာ ဝန်ကြီးချုပ် Recep Tayyip Erdogan ဟာ ဗုဒ္ဓဟူး နေ့ကျရင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ အဖွဲ့တချို့ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ သဘောတူလိုက်ပြီလို့ ဒုဝန်ကြီးချုပ် Bulent Aric က ပြောပါတယ်။
    Read More

  • ဇွန် ၁၀-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၁၀-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၁၀ ၊၂၀၁၂
    M-Media

    တောင်အာဖရိကသမ္မတဟောင်း၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရဆဲဖြစ်

    ကျန်းမာရေးအခြေအနေဆိုးရွားမှုကြောင့် ပြီးခဲ့သည့် စနေနေ့အစောပိုင်းကတည်းက ဆေးရုံတွင်ဆေးကုသမှုခံယူနေရသော တောင်အာဖရိက သမ္မတဟောင်း နယ်ဆင်မင်ဒဲလား၏ အခြေအနေမှာ စိုးရိမ်နေရဆဲဖြစ်ပါတယ်။
    Read More

    သီရိလင်္ကာနိုင်ငံတွင် မုန်တိုင်းကြောင့် လူ ၃၁ ဦးသေဆုံး

    သီရိလင်္ကာနိုင်ငံအနောက်ပိုင်းတွင် စနေနှင့် တနင်္ဂနွေနေ့များက တိုက်ခတ်ခဲ့သော ပြင်းထန်သည့်မုန်တိုင်းကြောင့် ယခုအချိန်အထိ ၃၁ ဦးသေဆုံးကြောင်းသိရပြီး ၃၀ ကျော်ပျောက်ဆုံးနေပါတယ်။
    Read More
    စည်းလုံးညီညွတ်မှု နှင့် မတူကွဲပြားမှု ခေါင်းစဉ်ဖြင့် အမေရိကန်နိုင်ငံ မွတ်စ်လင်မ်များ အမွေအနှစ် ပွဲတော်ပြုလုပ်

    မွတ်စ်လင်မ့်ယဉ်ကျေးမှု နှင့် အမေရိကန် နွေရာသီ ဓလေ့ထုံးစံများ သဟဇာတဖြစ်ရေးအလို့ငှာ ပဲန်စီလ်ဗေးနီးယား (Pennsylvania) တွင် အစ္စလာမ့်အမွေအနှစ်ပွဲတော်တစ်ရပ် ကျင်းပရာ၌ စည်းလုံးညီညွတ်မှု နှင့် မတူကွဲပြားမှု ခေါင်းစဉ်အောက်သို့ရောက်ရှိရန် မွတ်စ်လင်မ် ထောင်ပေါင်းများစွာတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။

    Read More

    အိန္ဒိယနိုင်ငံ BJP ပါတီကိုတည်ထောင်သူ ပါတီမှနှုတ်ထွက်

    အိန္ဒိယနိုင်ငံရှိ အစိုးရအတိုက်အခံပါတီတစ်ခုဖြစ်သည့် BJP ပါတီကို တည်ထောင်ခဲ့သူ LK Advani မှာ ပါတီမှ နှုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။
    Read More

    အမေရိကန်၏ နျူးကလီးယားလက်နက်များ နယ်သာလန်တွင်ထားရှိ

    အမေရိကန်ပိုင်ဆိုင်သည့် နျူးကလီးယားလက်နက် ၂၂ ခုခန့်ကို နယ်သာလန်နိုင်ငံ Brabant ပြည်နယ်ရှိ Volkel လေတပ်စခန်းတွင် ထားရှိကြောင်း နယ်သာလန်ဝန်ကြီးချုပ်ဟောင်းဖြစ်သူ Ruud Lubber က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
    Read More

    ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ ပြင်သစ်တွင်ဖြစ်ပေါ်

    အလုပ်အကိုင်ကဏ္ဍများတွင် အမျိုးသမီးများ ခွဲခြားဆက်ဆံခံရမှုကို ဆန့်ကျင်သည့်အနေဖြင့် ပဲရစ်မြို့နှင့် အခြားမြို့ကြီးများတွင် အမျိုးသမီးအမြောက်အများ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
    Read More

    အလ်ကိုင်းဒါးခေါင်းဆောင်တစ်ဦးကို ယီမင် အစိုးရမှဖမ်းဆီး

    ပြည်တွင်းအလ်ကိုင်းဒါးခေါင်းဆောင်တစ်ဦးဖြစ်သူ Omar Ashour အား ယီမင်နိုင်ငံတောင်ပိုင်းတွင် ဖမ်းဆီးရမိခဲ့သည်ဟု ယီမင် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
    Read More

    စပိန်တင်းနစ်ကစားသမား နာဒလ် ၈ ကြိမ်မြောက် ပြင်သစ်အိုးပင်းချိန်ပီယံဖြစ်လာ

    စပိန်နာမည်ကျော် တင်းနစ်ကစားသမားဖြစ်သူ ရာဖေးလ်နာဒယ်မှာ တစ်နိုင်ငံတည်းသား ဒေဗစ်ဖရဲရားအား အနိုင်ယူကာ ပြင်သစ်အိုးပင်းချန်ပီယံဘွဲ့ကို ၈ ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ပါတယ်။

    Read More

    ၂၁ နှစ်အောက် ဥရောပချန်ပီယံပွဲ အိမ်ရှင် အစ္စရေး ကျင်းပခွင့်ကို သပိတ်မှောက်ကျရန် ပါလက်စတိုင်း တိုက်စစ်မှုးဟောင်း တိုက်တွန်း

    ဥရောပဘောလုံးအဖွဲ့မှ အစ္စရေးနိုင်ငံအား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပြုခြင်းကို အပြည်ပြည်ဆိုင်ရာအဖွဲ့များမှ သပိတ်မှောက်ကြရန် တိုက်တွန်းလိုက်သည်။ အစ္စရေးတို့သည် ပါလက်စတိုင်းနယ်မြေများကို ကျူးကျော်သိမ်းပိုက်ကာ ပါလက်စတိုင်းတို့အပေါ် လူ့အခွင့်အရေး ချိုးဖောက်လျက်ရှိကြောင်း ကမ္ဘာတစ်ဝှန်းမှ သိရှိနေကြသည်။
    Read More

  • ဇွန် ၉-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၉-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၉ ၊၂၀၁၃
    M-Media

    မက္ကဆီတွင် ထောင်နှင့်ချီသောလူများ အ၀တ်မဲ့ စက်ဘီးစီးကာ ဆန္ဒပြ

    မက္ကဆီကိုတွင် အ၀တ်မဲ့နှင့် အရှက်လုံအောင်ဖုံးရုံမျှ ၀တ်ဆင်ထားသသော စက်ဘီးသမားများသည် ပရမ်းပတာကားမောင်းသူများ၊ ကားများမှ ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု၊ ၀တ်စားဆင်ယင်မှုနှင့်ပတ်သက်၍ သဘောထားတင်းမာခြင်း အပါအ၀င် အနှောင့်အယှက်အဟန့်အတားဖြစ်စေသောအရာများစွာကို စက်ဘီးနင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ လုံးဝအ၀တ်မဲ့သူအချို့လည်းပါဝင်သည့် ဆန္ဒပြသူ သုံးထောင်ခန့်သည် ကမ္ဘာ့အ၀တ်မဲ့စက်ဘီးနင်းပြိုင်ပွဲဒေသတစ်ခုဖြစ်သော ဂျာလစ္စကိုပြည်နယ်၏အကြီးဆုံးမြို့တော် ဂွါဒလာဂျလာ သို့ ၁၂ မိုင်စက်ဘီးနင်းကာ ဆန္ဒထုတ်ဖော်ကြသည်။
    Read More

    လူ ၄၇ ဦးသေဆုံးခဲ့သည့် ဘတ်စ်ကား မီးလောင်ကျွမ်းမှုမှာ သွေးရိုးသားရိုးမဟုတ်ဟု တရုတ်နိုင်ငံမှဆို

    ရှားမိန်(Xiamen) ဆိပ်ကမ်းမြို့၏ အရှေ့တောင်ဘက်တွင် ယဉ်အသွားအလာရှုပ်ထွေးနေချိန်အတွင်း လူ ၄၇ ယောက် သေဆုံး၍ အမြောက်အများကို ဒဏ်ရာရစေခဲ့သော ဘတ်စ်ကားမီးလောင်ကျွမ်းမှု တစ်ရပ်သည်  ဖြစ်ပေါ်ခဲ့သည်။ တရုတ်နိုင်ငံရဲတပ်ဖွဲ့မှ အဆိုပါ မီးလောင်ကျွမ်းမှု၌ သံသယရှိသူအား သတ်မှတ်စုံစမ်းနေပြီဖြစ်ကြောင်း သိရသည်။
    Read More

    IB Times UK မှ တင်ဆက်သော Inside Burma – The Hidden Genocide ရုပ်/သံ သတင်းတို

    ဗြိတိန်အခြေစိုက် IB Times UK သတင်းဌာနက မြန်မာနိုင်ငံအတွင်း ဖြစ်ပွါးခဲ့တဲ့ အစ္စလာမ်သာသနာဝင်တွေကို ဦးတည်ပြီး အကြမ်းဖက်မှုတွေကို (၁၂)မိနစ်ကျော် ကြာရှိတဲ့ Documentary တစ်ခုပြုလုပ်ကာ တင်ဆက်သွားပြီး အဲဒီ Documentary သတင်းတိုကို Inside Burma – The Hidden Genocide လို့ အမည်ပေးထားပါတယ်။   ဗီဒီယိုအတွင်း ကုလသမဂ္ဂရဲ့ နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ ရခိုင်အကြမ်းဖက်မှုတွေကြောင့် ဒုက္ခသည် စုစုပေါင်း (၁၄၀၀၀၀) ရှိသွားပြီဖြစ်ပြီး အများစုက ရိုဟင်ဂျာလူမျိုးတွေ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    Read More

    အကျဉ်းကျ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၏ ယောက်ဖဖြစ်သူကို တရုတ်အစိုးရက အငြင်းပွားဖွယ် ထောင်ဒဏ်ချမှတ်

    အကျဉ်းကျခံနေရသည့် တရုတ် ငြိမ်းချမ်းရေးနိုဘယ်ဆိုရှင် Liu Xiaobo ၏ ယောက်ဖဖြစ်သူ Liu Hui ကို အိမ်ခြံမြေကိစ္စတွေမှာ လိမ်လည်မှုနဲ့ပက်သက်ပြီး အပြစ်ရှိကြောင်းတွေ့ရတဲ့အတွက် တရုတ်တရားရုံးက ထောင်ဒဏ် ၁၁ နှစ် ချမှတ်လိုက်ပါတယ်။
    Read More

    တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံ အလုပ်အကိုင် ကိစ္စရပ်များဆွေးနွေး

    စစ်ရေးအရတင်းမာမှုတွေဖြစ်ပွားပြီးတဲ့နောက် တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံရဲ့ အစိုးရတာဝန်ရှိသူများဟာ အလုပ်အကိုင်နဲ့ပက်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို နှစ်နိုင်ငံနယ်စပ်အနီးမှာ ဒီကနေ့မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။

    Read More
    အမေရိကန်ဦးဆောင်သည့် လေကြာင်းတိုက်ခိုက်မှုကြောင့် အာဖဂန်တွင် ကလေးငယ်နှစ်ဦးသေဆုံး

    မတည်ငြိမ်မှုများဖြစ်ပွားနေသည့် အာဖဂန်နစ္စတန် အရှေ့မြောက်ပိုင်းဒေသတွင် အမေရိကန်ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
    Read More

    အီရန်နိုင်ငံ၏ ရိုးရာဂီတတေးသံများအား ပိုလန်တွင် လူကြိုက်များ

    ပိုလန်နိုင်ငံတွင်ပြုလုပ်သည့် ဂီတအနုပညာပွဲတော်တစ်ခုတွင် အီရန်နိုင်ငံ၏ အဆိုပညာရှင်တစ်ဦးဖြစ်သည့် Ali Reza Qorbani မှ တင်ဆက်သည့် အီရန်ရိုးရာ တေးသံသာများမှာ ပိုလန်ပရိတ်သတ်များ၏ အားပေးမှုကို ရရှိခဲ့ပါတယ်။
    Read More

    ရုရှားသမ္မတဖြစ်သူ ပူတင် ဇနီးဖြစ်သူနှင့် ကွာရှင်း

    ရုရှားသမ္မတ ဗလာဒီမာပူတင်သည် နှစ်ပေါင်းသုံးဆယ်ကြာလက်တွဲလာခဲ့သည့် ဇနီးဖြစ်သူ လောယက်မီလာနှင့် ကွာရှင်းပြတ်စဲ ခဲ့ပါတယ်။
    Read More

    အိုလံပစ်ရွှေတံဆိပ်ဆုရှင်တစ်ဦး အရက်ဘားတစ်ခုတွင် လူမျိုးရေးခွဲခြားခံခဲ့ရ

    အိုလံပစ်ရွှေတံဆိပ်ဆုရှင်တစ်ဦးဖြစ်သူ ပြင်သစ်ဂျူဒိုကစားသမား တက်ဒီရင်နာမှာ ပဲရစ်မြို့ရှိ Buddha Bar ဟုအမည်ရသည့် အရက်ဘားတစ်ခုသို့ သွားရောက်ရာတွင် ၀န်ထမ်းတစ်ဦးက သူ့အား လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းများဖြင့် ဆက်ဆံခဲ့ပြီး ထိုအကြောင်းအရာအား သူ၏ အင်တာနက်စာမျက်နှာတွင်ဖွင့်ဟခဲ့မှုကြောင့် ထိုဝန်ထမ်းမှာ အလုပ်ထုတ်ခံခဲ့ရပါတယ်။
    Read More

    ဆန္ဒပြမှုများအတွင်း ကက်သလစ် ဘုရားကျောင်းတစ်ခု ဖျက်ဆီးခံခဲ့ရ

    လက်ဝဲနိုင်ငံရေးသမားတစ်ဦး အသတ်ခံရမှုကြောင့် ပြင်သစ်နိုင်ငံတွင် ဖြစ်ပေါ်နေသည့ှ်အကြမ်းဖက်ဆန္ဒပြမှုများအတွင်း ပြင်သစ်နိုင်ငံအနောက်ပိုင်းရှိ ခရစ်ယာန် ကက်သလစ် ဘုရားတစ်ခုမှာဖျက်ဆီးခံခဲ့ရကြောင်း ပြင်သစ်ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။
    Read More

  • ဇွန် ၈-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၈-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန်- ၈။၂၀၁၃
    M-Media

    ဂျူးနှင့်မွတ်စလင်လက်တွဲကာ အထင်အမြင် လွဲမှားမှုများအား ဆန့်ကျင်အောင်မြင်နိုင်
    ဂျူးမုန်းတီးရေးဝါဒနဲ့ အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့နေတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ (John Kerry)က အမေရိကန်နိုင်ငံက ထုတ်ပြန်တဲ့ ၂၀၁၂ ခုနှစ် အတွက် ဘာသာရေးလွတ်လပ်ခွင့် ကြေငြာစာတမ်းကို ထုတ်ပြန်ကြေငြာပြီး ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စရပ်တွေဟာ အသစ်အဆန်း မဟုတ်ပေမဲ့ ဒါမျိုးတွေ ကြုံတွေ့ရတိုင်း ဂျူးတွေနဲ့ မွတ်စလင်တွေဟာ အမြဲတမ်းလက်တွဲပြီး အပြန်အလှန်ကူညီ ဖြေရှင်းကြတဲ့ အလေ့အထတွေ ရှိခဲ့တယ်လို့လည်း ဂျွန်ကယ်ရီ (John Kerry)က ဆိုပါတယ်။
    Read More

    တရုတ်နိုင်ငံတွင် ဘတ်(စ်)ကားမီးလောင်မှုကြောင့် လူ ၄၇ ယောက်သေဆုံး
    တရုတ်နိုင်ငံ (Xiamen) ဆိပ်ကမ်းမြို့၏ အရှေ့တောင်ဘက်တွင်ဖြစ်ပေါ်ခဲ့သော ဘတ်(စ်)ကားမီးလောင်ကျွမ်းမှုကြောင့် လူ ၄၇ ယောက်သေဆုံးပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သည်။

    ကယ်လီဖိုးနီးယား၌ ပစ်ခတ်မှုကြောင့် လူ ၅ ဦးသေဆုံး ၊ လုံခြုံရေးရဲ ပစ်ခတ်မှုကြောင့် သေနတ်သမား သေဆုံး
    ကယ်လီဖိုးနီးယားပြည်နယ် စန်တာမော်နီကာ (Santa Monica) မြို့၌ သေနတ်သမားသည် လူ ငါးယောက်အား ပစ်သတ်ခဲ့ပြီးနောက်တွင် ဒေသကောလိပ် စာကြည့်တိုက် စောင့်ကြပ်သူ ရဲတပ်သား၏ ပစ်ခတ်မှုဖြင့် သေဆုံးသွားခဲ့ကြောင်း ရဲချုပ် ဂျက်ကလင်း စီးဘရွခ် (Jacqueline Seabrooks) ကပြောဆိုသည်။
    Read More

    ဒေါင်းရောဂါစု ကို ကြိုတင်စမ်းသပ်စစ်ဆေးနိုင်ရန် နည်းသစ် ထွက်ပေါ်
    အင်္ဂလန်နိုင်ငံ သုတေသနများမှ ကိုယ်ဝန် သုံးလတွင်ခန္ဓာကိုယ် ပြင်ပမှစမ်းသပ်နိုင်သည့် နည်းသစ်ကို ထုတ်ခေါ်နိုင်ခဲ့သည်။
    Read More

    Galaxy S4 နှင့် ဈေးနှုန်းတူ Galaxy S4 Active (ရေစိုခံ) ဖုန်းကို ထုတ်မည်ဟု Samsung ကြေညာ
    Samsung company က Galaxy S4 Active (ရေစိုခံ) ထုတ်မည် ဆိုကြောင်း လွန်ခဲ့သော နှစ်ရက်က ကြေညာခဲ့ပါသည်။  ၄င်း ရေစိုခံ S4 သည် နွေရာသီ၌ US နှင့် Sweden တို့တွင် ရေပန်းစားမည်ဟုလည်းခန့်မှန်းရပါသည်။
    Read More

    အင်္ဂါဂြိုဟ် တွင် တချိန်က ရေရှိခဲ့သည်မှာ သေချာ
    နာဆာ၏ Rover Opportunity က ကျောက်သားများကို စစ်ဆေးတွေ့ရှိမှုအရ အင်္ဂါဂြိုဟ် တွင် တချိန်က ရေရှိခဲ့သည်မှာ သေချာစေခဲ့သည်။
    Read More

    ကိုရီးယား နှစ်နိုင်ငံ ပြန်လည် ဆွေးနွေးမည်
    တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံအကြား ပူးတွဲစီးပွားရေးစီမံကိန်း ကိစ္စနဲ့ပတ်သက်ပြီး ဘယ်အချိန် ဘယ်နေရာမှာ တွေ့ဆုံ ဆွေးနွေးကြမယ်ဆိုတဲ့ အရေးနဲ့ပတ်သက်လို့ သဘောတူညီမှု ရခဲ့ကြပြီဖြစ်ပါတယ်။ တနင်္ဂနွေနေ့တွင် တောင်နှင့် မြောက်ကိုးရီးယား အရာရှိများနှင့်  Panmunjom ကျေးရွာတွင် ဆွေးနွေးမည်ဖြစ်သည်။
    Read More

    အမေရိကန်နှင့် အင်္ဂလန်နိုင်ငံ အင်တာနက်နှင့် တယ်လီဖုန်း ဆက်သွယ်မှုများကို ကြားဖြတ်ဖမ်းယူစစ်ဆေး
    အမေရိကန် ၏ နာမည်ကြီး ဆက်သွယ်ရေးကုမ္မဏီ ကိုးခုမှ ဆက်သွယ်မှုများကို ဖမ်းယူ စစ်ဆေးခဲ့သည်ဟုဆိုသည်။
    Read More

    ကုလသမဂ္ဂက ဂိုလန်တပ်သားများအတွက် ရုရှား၏ ကမ်းလှမ်းမှုကို လက်မခံနိုင်ကြောင်းဆို
    ကုလသမဂ္ဂ(ယူအန်)က အစ္စရေးနှင့် ဆီးရီးယားကြားသဘောတူညီချက်တစ်ခုကို ကုလသမဂ္ဂစူးစမ်းရေးမစ်ရှင်မှ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံများက တားမြစ်သောကြောင့် ဂိုလန်ကုန်းမြင့်ရှိ သြစတြေးလျမှ ငြိမ်းချမ်းရေးတပ်သားများကို အစားထိုးပေးမည်ဟူသော ကမ်း လှမ်းမှုကို လက်မခံနိုင်ကြောင်း သောကြာနေ့က ပြောကြားလိုက်သည်။
    Read More

  • ဇွန် ၇-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၇-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၇၊၂၀၁၃
    M-Media

    အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီမှ ပြည်သူများ၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းများအား လျို့ဝှက်သိမ်းဆည်းခဲ့
    အမေရိကန် တယ်လီဖုန်းကုမ္ပဏီ ဗာရီဇွန် (Verizon) အား ကမ္ဘာ့အကြီးဆုံး စုံစမ်း ထောက်လှမ်းရေးအဖွဲ့ဖြစ်တဲ့ အမျိုးသားလုံခြုံရေး အေဂျင်စီအဖွဲ့  US National Security Agency (NSA) မှ “ အမေရိကန်နိုင်ငံအတွင်း ပြည်သူ အချင်းချင်း နေ့စဉ်ခေါ်ဆိုခဲ့သော ဖုန်းမှတ်တမ်းများ နှင့် ပြည်ပမှ ၄င်းတို့ထံ အမေရိကန်နိုင်ငံ အတွင်းသို့ခေါ်ဆိုခဲ့သော ဖုန်းမှတ်တမ်းများအား တင်ပြရန် ” လျှို့ဝှက် ညွှန်ကြားခဲ့ကြောင်း The Washington Post သတင်းစာက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။
    Read More

    အာဟာရပြည့်ဝရေး ကိစ္စသည် ကမ္ဘာ့ဦးစားပေး ဖြစ်ကို ဖြစ်ရမည်ဟု သုတေသနပညာရှင်များ ပြောကြား
    ငါးနှစ်အောက် ကလေးငယ်များ၏ သေဆုံးမှု ၄၅% သည် အာဟာရချို့တဲ့ခြင်းကြောင့်ဖြစ်သည်ဟု Lancet ဆေးပညာဂျာနယ်ပါ သုတေသနပြုချက်တွင် ဖော်ပြထားပါသည်။ ၎င်းသုတေသနအရ အာဟာရချို့တဲ့ခြင်းကြောင့်  ငါးနှစ်အောက် ကလေးငယ်ပေါင်း ၃.၁သန်းခန့် နှစ်စဉ် သေဆုံးနေကြရသည်။
    Read More

    မြောက်ကိုးရီးယားတို့ အရေးပေါ်ဆက်သွယ်မှု လိုင်းပြန်ဖွင့်ပြီ
    မြောက်ကိုးရီးယားတို့သည် တောင်ကိုးရီးယားနှင့် စက်မှုဇုန်အရေးဆွေးနွေးမည့်နေရာကို ပြောကြားကြပြီးနောက် အဓိက ရေးပေါ်ဆက်သွယ်မှု ဖုန်းလိုင်းကို ပြန်လည်သုံးစွဲပြီဖြစ်သည်။ ပြုံးယမ်းအစိုးရက မတ်လအတွင်းပိတ်ထားခဲ့သည့် ကြက်ခြေနီလိုင်းကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သောကြာနေ့ အစောပိုင်းတွင် ကြေ ညာလိုက်သည်။
    Read More

    ဆီးရီးယားဒုက္ခသည်တွေအတွက် ဒေါ်လာသန်းပေါင်း ၄ ထောင်ကျော်လိုအပ်
    ဒီနှစ်ကုန်လောက်ရောက်ရင် ဆီးရီးယားနိုင်ငံက ဒုက္ခသည် အရေအတွက်ဟာ သုံးသန်းခွဲလောက် ရှိလာတော့မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းလိုက်ပါတယ်။ ဆီးရီးယားပြည်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေကြတဲ့  ဒီဒုက္ခသည်တွေအတွက် အရေးပေါ် ကယ်ဆယ်ကူညီရေးရန်ပုံငွေ အဖြစ် ဒေါ်လာသန်းပေါင်း လေးထောင်ကျော် ချထားပေးဖို့လည်း ကုလသမဂ္ဂအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။
    Read More

    ပါကစ္စတန်အစိုးရသစ် စစ်သွေးကြွပြဿနာကိုဖြေရှင်းမည်
    ပါကစ္စတန်ဝန်ကြီးချုပ်သစ် Nawaz Sharif ဟာ နိုင်ငံတွင်းရင်ဆိုင်နေရတဲ့ စီးပွားရေးကျဆင်းမှု၊ စွမ်းအင်ပြဿနာနဲ့ စစ်သွေးကြွအန္တရာယ်တွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းသွားနိုင်ဖို့ အတွက် ပြည်ထောင်စု အစိုးရ၀န်ကြီးအဖွဲ့ဝင် ၂၅ ဦးကို သောကြာနေ့က မိတ်ဆက်ပေးလိုက်ပါတယ်။

    Read More

    ဆန္ဒပြတောင်းဆိုမှုတွေ တူရကီဝန်ကြီးချူပ် လိုက်လျောမည်မဟုတ်
    တူရကီနိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေကို အစပျိုးခဲ့တဲ့ အီစတန်ဘူ မြို့လယ်က ပန်းခြံငယ်တခုကို ပြန်လည်ပြုပြင်ရေး အစီအစဉ်ကို ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားမှာပဲ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ၀န်ကြီးချုပ် Recep Tayyip Erdogan ကပြောလိုက်ပါတယ်။
    Read More

    တရုတ်အမေရိကန် ထိပ်သီးဆွေးနွေးပွဲစ
    ကမ္ဘာ့ သြဇာအကြီးမားဆုံး ခေါင်းဆောင် နှစ်ယောက်တို့ဟာ ညစာ စားသောက်ကြရင်း အလွတ်သဘော ကမ္ဘာ့အရေးကြီး ပြဿနာတွေ ပြောကြ ဆိုကြမှာ ဖြစ်ပါတယ်။ ဒါဟာ ခေါင်းဆောင် နှစ်ယောက်ကြား အလုပ် သဘောရော ပုဂ္ဂိုလ်ရေးပါ ဆက်ဆံရေး တည်ဆောက် နိုင်မှာ ဖြစ်ပါတယ်။

    Read More

    Smart ဗီဇာ အတွက် အာဆီယံ ၄ နိုင်ငံ သဘောတူ
    ခရီးသွား လုပ်ငန်း မြှင့်တင်ရေး အတွက် အလွယ်တကူ သွားလာ နိုင်မယ့် ဗီဇာမျိုး ထုတ်ပေး နိုင်ရေး၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် တို့ သဘောတူ လက်မှတ် ရေးထိုး လိုက်ကြ ပါတယ်။
    Read More

    အိုဘားမားထံ ကြက်ဆူဆီအဆိပ်ပါ စာပေးပို့မှုဖြင့် အမျိုးသမီးတစ်ဦးအား ဖမ်းဆီး
    အမေရိကန်သမ္မတ ဘာရတ် အိုဘားမား၊ နယူးယောက်ခ်မြို့တော်ဝန် မိုက်ခ် ဘလွန်းဘတ်ဂ်နှင့် တရားမဝင်လက်နက်ဆန့်ကျင်ရေးအဖွဲ့မှ ဒါရိုက်တာတို့ လိပ်မူ၍ ကြက်ဆူဆီအဆိပ် ပါဝင်သော စာသုံးစောင် ပေးပို့ခဲ့မှုနှင့် ဆက်စပ်၍ တက္ကဆက်ပြည်နယ်မှ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
    Read More