News @ M-Media
Tag: international short news
  • ဇွန် ၂၅-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန် ၂၅-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန်-၂၅၊ ၂၀၁၃
    M-Media
    တူရကီနိုင်ငံရှိ ကာ့ဒ် သူပုန်များဆွေးနွေးမည်
    နှစ်သုံးဆယ်ကြာ လက်နက်စွဲကိုင် တိုက်ခိုက်လာသော ကာ့ဒ် သူပုန်ခေါင်းဆောင် အပ်ဒူလာအိုဂျာလန်းက နိုင်ငံတွင်းမှ ဆုတ်ခွာ၍ တွေ့ဆုံဆွေးနွေးမည်ဟု ကမ်းလှမ်းလာသည်။
    ကိုရီးယား နှစ်နိုင်ငံရှိ ဝဘ်ဆိုက်များ တိုက်ခိုက်ခံရ
    တောင်နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံ စစ်ပွဲ ၆၃ နှစ်ပါတ်လည် မြောက်သော နေ့တွင် နှစ်နိုင်ငံလုံးရှိ အရေးကြီး ဝဘ်ဆိုက်များ DDoS တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး တရားခံကို မသိနိုင်သေးပေ။
    ဆိုနီမှ ရေအောက်တွင်ပင် သုံးနိုင်သော Xperia Z Ultra ဖုန်းထုတ်လုပ်
    screen အရွယ် ၆.၄” ရှိသော Xperia Z Ultra ဖုန်းသည် ပါးလွှာပြီး ရေအောက်တွင်ပင် သုံးနိုင်မည်၊ ကလောင်တံဖြင့်လည်း ပုံဆွဲခြင်း စာရေးခြင်းများ ပြုလုပ်နိုင်မည် ဟု ဆိုသည်။
    ဂျပန် သုတေသန ပညာရှင်များက အသားတစ်ရှုးများကို ဖေါက်ထွင်းမြင်နိုင်အောင်ပြုလုပ်
    အသစ်တွေ့ရှိသော SeeDB သကြားပြော်ရည်တွက် သုံးရက်ခန့် စိမ်ထားခြင်းဖြင့် အသားတစ်ရှုးများကို ဖေါက်ထွင်းမြင်နိုင်အောင်ပြုလုပ် နိုင်ခဲ့သည်။ ဦးနှောက် သုတေသနကဲ့သို့ နားလည်ရခက်ခဲသော လေ့လာမှုမျိုးတွင် စတင် သုံးနိုင်ခဲ့သည်။
  • ဇွန် ၂၄-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန် ၂၄-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန်- ၂၄၊ ၂၀၁၃
    M-Media
    Edward Snowden  မော်စကိုမှ မထွက်ခွာသေး
    အမေရိကန်၏ အင်တာနတ်နှင့် ဖုန်းစကားများ စောင့်ကြည့်နေသည့် အကြောင်း ကို ဖော်ထုတ်ခဲ့သူ Edward Snowden ရုရှနိုင်ငံ မော်စကိုမှ ကျူးဘားနိုင်ငံ ဟာဗားနားသို့ ထွက်ခွာမည်ဟု ဆက်လက်  ထွက်ခွာမည်ဟု ခန့်မှန်းထားကြသော်လည်း မော်စကိုတွင် ရှိနေဆဲဟု သိရသည်။ အီကွေဒေါနိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားသည်ဟု ဆိုသည်။
    ———————————————–
    Edward Snowden  အား WikiLeaks အဖွဲ့မှ ကူညီ
    Edward Snowden  ၏ ဟောင်ကောင် မှ မော်စကို ခရီးစဉ်တွင် WikiLeaks မှ ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင် Sarah Harrison ကိုယ်တိုင်လိုက်ပါ စောင့်ရှောက်ခဲ့ပြီး အီကွေဒေါနိုင်ငံတွင် ခိုလှုံခွင့်ရရေး နှင့် လုံခြုံသောခရီးစဉ် ဖြစ်ရေးအတွက် ကူညီပေးနေသည် ဟုဆိုသည်။
    ———————————————–
    နယ်လ်ဆင်မန်ဒဲလား ၏ အခြေအနေ စိုးရီမ်ရ
    အဆုပ်ရောဂါဖြင့် ဆေးရုံတင်ထားရသော တောင်အာဖရိက နိုင်ငံခေါင်းဆောင်ဟောင်း အသက် ၉၄နှစ် အရွယ် နယ်လ်ဆင်မန်ဒဲလား ၏ အခြေအနေမှာ အစိုးရိမ်ရဆုံး အခြေအနေဖြစ် ၍ နိုင်ငံသားများမှ ဝမ်းနည်းစွာ ဆုတောင်းပွဲများ ပြုလုပ်ကြသည်။
    ———————————————–
    လက်ဘနွန်တွင် စစ်သား ၁၂ဦးသေဆုံး
    လက်ဘနွန် တောင်ပိုင်းရှိ ဆီဒွန်မြို့တွင် ဆီးရီယား ပြည်တွင်းစစ်၏ အကျိုးဆက် အဖြစ် ဆွန်နီ သေနပ်သမားများ၏ ပစ်ခတ်မှာကြောင့်  စစ်သား ၁၂ဦးသေဆုံး ခဲ့သည်။
    ———————————————–
    အမေရိကန် အစိုးရဲ့ လျို့ဝှက်သတင်းများကို ကမ္ဘာပြည်သူများကို ဖွင့်ပြလိုက်ကြသူ အချို့အကြောင်း
    Snowden သည် အမေရိကန်နိုင်ငံ CIA(Central Intelligence Agency) နှင့် NSA(National Security Agency) တို့၏ နည်းပညာပိုင်းဆိုင်ရာ လက်ထောက် ဖြစ်ပါသည်။
    Bradley Manning သည် အီရတ်စစ်အခြေစိုက်စခန်း၏ အမေရိကန် စစ်ထောက် လှမ်းရေး တစ်ဦးဖြစ်သည်။ Manning သည် လျှို့ဝှက် စာတမ်း ခုနှစ်သိန်းနှစ်သောင်းကို WikiLeaks ဆီ ဖွင့်ချလိုက်ပါသည်။
    ———————————–
    ကယ်လီဖိုးနီးယား ဗလီဝတ် ကျောင်းတော်သစ် တည်ဆောက် ဖွင့်လှစ်
    နိုင်ငံခြားသား များ ဒေသခံမွတ်စလင်များ၏ စုပေါင်း ရန်ပုံငွေ ဖြင့် လေးနှစ်ကြာ တည်ဆောက်မှုပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းတွင် ဗလီဝတ်ကျောင်းတော် တစ်လုံးကို အောင်မြင်စွာ တည်ဆောက်ပြီးစီးခဲ့ပါသည်။
    —————————
    မီးခိုးငွေ့များကြောင့် အဆိုးဝါးဆုံး လေထုညစ်ညစ်မှု စင်ကာပူပြီး မလေးရှား၌ ဖြစ်ပွားနေ
    တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ တာဝန်ရှိသူများသည် မလေးရှားနိုင်ငံ တောင်ပိုင်းဒေသများတွင် အရေးပေါ်အခြေနေထုတ်ပြန်ထားကြောင်း၊ အင်ဒိုနီးရှား နိုင်ငံ၏ တောမီးလောင်မှုကြောင့် လွင့်လာသည့် မီးခိုးမှုန့်များသည် နှစ်ပေါင်း များစွာ အတွင်း မကြုံဖူးသော အဆိုးဆုံး လေထုညစ်ညမ်းမှု အခြေနေ ဖြစ်ပေါ်နေကြောင်း သိရသည်။
    —————————
    ဟလာလ်အစားအစာများအပေါ် ဂျပန်များ ဦးတည်လာ
    ဒေသခံမွတ်စ်လင်များ နှင့် ကမ္ဘာလှည့်ခရီးသည်များ၏ လိုအပ်ချက်အရ ဂျပန်နိုင်ငံမြို့တော် တိုကျိုရှိ စားသောက်ဆိုင်တို့သည် ဟလာလ်အစားအစားများ တိုးချဲ့ရောင်းချနိုင်ရန် ဦးတည်လျက်ရှိသည်။
  • ဇွန် ၂၂-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန် ၂၂-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန်-၂၁၊၂၀၁၃
    M-Media
    လျှပ်စစ်ကား တကြိမ်အားဖြည့်ရုံနဲ မိုင် ၂၀၀ ကျော်မောင်းနှင်နိုင်
    မိုင် ၂၅၀ ကျော်အထိ မောင်းနှင်နိုင်တဲ့ ဘက်ထရီအဟောင်းနဲ့အသစ်လဲသုံးနိုင်တဲ့ စနစ်သစ်တရပ်ကို Tesla ကားကုမ္ပဏီက ကြေညာခဲ့ပါတယ်
    Edward Snowden ကိုဖမ်းဆီးနိုင်ခြင်း မရှိသေး
    အမေရိကန်၏ အင်တာနတ်နှင့် ဖုန်းစကားများ စောင့်ကြည့်နေသည့် အကြောင်း ကို ဖော်ထုတ်ခဲ့သူ Edward Snowdenကို ဟောင်ကောင်မှ ဖမ်းဆီးပေးနိုင်ခြင်း မရှိသေးဟုဆိုသည်။
    ဘရာဇီးလ် ဆန္ဒပြမှုများ ပြေလည်စေမည်
    ဘရာဇီးလ်သမ္မတ Dilma Rousseffက ဆန္ဒပြမှုများ အဆုံးသတ်စေရန် အများပြည်သူအတွက် ပိုမို ကောင်းမွန်သောဝန်ဆောင်မှု နှင့် တွေ့ဆိုဆွေးနွေးမှုများပေးမည်ဟု ဂတိပေးလိုက်သည်။
    ကိုယ်ဝန်ဆောင်များ နေ့စဉ် သံဓါတ်အားဆေးလိုအပ်
    Harvard University သုတေသန တွေ့ရှိချက်တွင် မွေးဖွားမည့်  ကလေးကို သေးငယ် ခြင်း မရှိစေရန်နှင့် သွေးအားမနည်းစေရန်   နေ့စဉ် သံဓါတ်အားဆေးသောက်ရန်လိုအပ်သည်ဟုဆိုသည်။
    ပြင်သစ်-မွတ်စလင် အမျိုးသမီးများအပေါ် အကြမ်းဖက်တိုက်ခိုက်မှု ပဲရစ်တွင် လူထောင်ချီ ဆန့်ကျင်ဆန္ဒပြ
    ပြင်သစ်နိုင်ငံ (France) ပဲရစ်မြို့ (Paris) အနီးမှာ လူထောင်ချီတဲ့ ပြင်သစ်နိုင်ငံသားတွေဟာ မကြာသေးမီက နိုင်ငံအတွင်း ဖြစ်ပေါ်ခဲ့တဲ့ မွတ်စလင်အမျိုးသမီးတွေအပေါ် အကြမ်းဖက်တိုက်မှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။
    ကင်ညာနိုင်ငံတွင် မွတ်စလင်နှင့် ခရစ်ယာန် လက်တွဲကာ မူးယစ်ဆေးဝါး တိုက်ဖျက်မည်
    အာဖရိကတိုက် (Africa) အရှေ့ပိုင်း နိုင်ငံတစ်ခုဖြစ်တဲ့ ကင်ညာ (Kenya) နိုင်ငံမှာ မွတ်စလင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေ လက်တွဲပြီး အရက်၊ မူးယစ်ဆေးဝါး သုံးစွဲမှုတွေကို တိုက်ဖျက်ဖို့ စီမံကိန်းချမှတ် ဆောင်ရွက်တော့မှာဖြစ်ကြောင်း Washington Post သတင်းဌာနမှာ ဖော်ပြထားပါတယ်။
    မကြာခင်တွင် လူများသည် ၄င်းတို့၏ဦးနှောက် မှတ်ဥာဏ်များကို ကွန်ပျူတာထဲ ထည့်သိမ်းလာကြမည်ဟု ဂူဂဲလ်ဦးဆောင် အင်ဂျင်နီယာဆို
    ကာဇ်ဝလ်၏ ပြောကြားချက်အရ လူသားများသည် ကွန်ပျူတာအတွင်းသို့ သူတို့၏ စဉ်းစားဉာဏ် များကို မကြာခင်တွင် ပြောင်းလဲထည့်သွင်းနိုင်မည်ဖြစ်ပြီး၊ အခြားသော တိုးတက်မှုများက တစ်ဖြည်းဖြည်း နောက်ကလိုက် လာမည်ဖြစ်ကြောင်း သိရသည်။
    Facebook မှ အသုံးပြုသူ လူ ၆ သန်း၏ အချက်အလက်များကို ဆော့ဖ်ဝဲ မှားယွင်းချက်ကြောင့်ဖြန့်ဝေမိကြောင်း တောင်းပန်
    Facebook အသုံးပြုသူ လူ၆သန်းအတွင်းမှ အချို့လူများ၏ တယ်လီဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများကို မှားယွင်းစွာ ဖြန့်ဝေမိကြောင်း။ ထိုသို့ဖြစ်ရခြင်းမှာ ဆော့ဖ်ဝဲ မှားယွင်းချက်ကြောင့် ဖြစ်သည်ဟု Facebook မှ သောကြာနေ့က ပြောကြားခဲ့သည်။ သို့သော်လည်း ငွေကြေးနှင့် ပတ်သက်သော အချက်အလက်များကိုတော့ ဖြန့်ဝေမိခဲ့ခြင်းမရှိဟု ဆိုသည်။
    Snowden ကိုသူလျှိုမှုတွေနဲ့ တရားစွဲ
    အမေရိကန်အစိုးရရဲ့ ထိပ်တန်းလျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ်တွေကို လူသိရှင်ကြားဖွင့်ချခဲ့သူ Edward Snowden ကို သူလျှိုလုပ်မှုတွေနဲ့ ဗဟိုအစိုးရရှေ့နေတွေက တရားစွဲလိုက်ပြီလို့ တာဝန်ရှိသူတွေက ပြောပါ တယ်။ ဟောင်ကောင်မှာရှိနေတဲ့ Snowden ကို ဟောင်ကောင် အာဏာပိုင်တွေအနေနဲ့ ယာယီဖမ်းဝရမ်းနဲ့ ဖမ်းဆီးဖို့အတွက်လည်း အမေရိကန် တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။
    ဆီးရီးယားသမ္မတ ဘက်ရှာအယ်လ်အာဆတ်ကို ဆန့်ကျင်ကြတဲ့ အနောက်နိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေက သူပုန်တွေအတွက် နောက် ထပ် ထောက်ပံ့မှုတွေ ပေးမယ်လို့ ဆီးရီးယားမိတ်ဆွေနိုင်ငံများ အစည်းအဝေးမှာ ကတိပြုခဲ့ကြတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။
    အိန္ဒိယရေကြီးမှု ၆၀၀ နီးပါးသေဆုံး
    အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မုတ်သုန်မိုး သည်းထန်စွာရွာပြီး ရေကြီးမှုကြောင့် လူ ၆၀၀ နီးပါးသေဆုံးပြီး ပျောက်ဆုံးနေသူ သောင်တင်နေသူ ထောင်ပေါင်းများစွာ ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လာမယ့်ရက်တွေမှာလည်း မိုးအကြီးအကျယ် ဆက်ရွာဖို့ရှိတယ်လို့ ဒီကနေ့ စနေနေ့မှာ တာဝန်ရှိသူတွေ က ပြောပါတယ်။
  • ဇွန် ၂၁-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန် ၂၁-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန်-၂၁၊၂၀၁၃
    M-Media
    လူဦးနှောက်၏ အသေးစိပ် သုံးဘက်မြင်ပုံ
    ယခင်ရှိသော ပုံများထက် အဆ ၅၀  ပိုမိုအသေးစိတ်သော ပုံကို သုတေသန ပညာရှင်များ အသုံးပြုနိုင်ရန် ဂျာမဏီနှင့် ကနေဒါ ပညာရှင်များ ပူးပေါင်း ထုတ်လုပ်လိုက်သည်။
    ထူးခြားသော  ဂလက်ဆီ ဖုန်းအသစ်
    Windowsဖုန်းမှapps များနှင့် Android ဖုန်းမှapps များ နှစ်မျိုးစလုံးကို သုံးနိုင်အောင် ပြုလုပ်ထား သည့်အပြင် ရေစိမ်ခံ​သော ဖုန်းအသစ်ကို ဆမ်ဆောင်းက ထုတ်လုပ်လိုက်သည်။
    စင်္ကာပူလေထု အခြေအနေဆိုးရွား
    အင်ဒိုနီးရှားမှ လေယာဉ်များဖြင့် တောမီးကို ကြိုးစားငြိမ်းသတ်နေသော်လည်း စင်ကာပူလေထုသို့ မီးခိုးဖုံးလွှမ်းလာမှုမှာ အန္တရာယ်ရှိသော အဆင့် ရောက်ရှိလာသည်။
    ဂျာမဏီမှ ယူကရိန်း ဝန်းကြီးချုပ်ဟောင်းကို ဆေးကုပေးလို
    ထောင်ကျခံနေရသော ယူကရိန်း ဝန်းကြီးချုပ်ဟောင်း Yulia Tymoshenko မကျန်းမာသောကြောင့် ဆေးကုသပေးရန် ဂျာမဏီမှ ခေါ်ယူလိုသည်ဟုဆိုသည်။
    ပဲရစ် လေကြောင်းပြပွဲမှ ရုရှလေယာဉ်
    ပဲရစ် လေကြောင်းပြပွဲတွင် Airbus နှင့် Boeing တို့၏ လေယာဉ်သစ်များထက် ပိုမို စိတ်ဝင်စားမှုခံရသည့် လေယာဉ်မှာ ရုရှ၏ Sukhoi Su-35 ဖြစ်သည်.။ ၎င်း၏ သွက်လက် ထူးခြားစွာ ကွေ့ဝိုက်နိုင်စွမ်းကြောင့် လူကြိုက်များခြင်း ဖြစ်သည်။
    ဂလော်စတာ ဗလီကျောင်းတော် မီးရှို့မှုတွင် ပါဝင်သော ကြံရာပါအား ဖမ်းမိ
    ဂလော်စတာ (Gloucester) မှ ဗလီကျောင်းတော် မီးရှို့မှုတွင် ပါဝင်ခဲ့သော ကြံရာပါလူအား ဗြိတိန်စုံထောက်များက လက်ရဖမ်းဆီးထားပြီဖြစ်သည်။
    အင်္ဂါနေ့ည၊ ဒေသစံတော်ချိန် ၁၂.၅၀ နာရီခန့်တွင် ရိုင်ခရော့ဖ်လမ်း (Ryecroft Street) ရှိ ဗလီကျောင်းတော်သည် မီးလောင်ကျွမ်းနေသဖြင့် မီးသတ်ကိုခေါ်ယူငြိမ်းသတ်ခဲ့ရသည်။ ယင်းမီးရှို့မှုတွင် မည်သူမျှ ထိခိုက်ဒဏ်ရာ မရ ရှိခဲ့သော်လည်း ဗလီကျောင်းတော်၏ အ၀င်တံခါးသည် မီးလောင်ကျွမ်းမှုကြောင့် အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်
    မာလာဝီနိုင်ငံရှိ မွတ်စ်လင်မ် မိန်းကလေးများ ပညာသင်ခွင့် ပိုမိုရရှိလာ
    မာလာဝီနိုင်ငံရှိ မိန်းကလေးများတွင် မူလတန်းထက်ကျော်လွန်ပြီး ပညာသင်ကြားခွင့်မရခဲ့သူဦးရေမှာ နှစ်များစွာအတွင်း ပိုမိုတိုးတက်များပြားလာခဲ့သည်ဟု သုံးသပ်ချက်များကဆိုသည်။ မိန်းကလေးများအတွက် ပညာရေးသည် အရေးပါကြောင်း ရှင်းပြပေးသော မာလာဝီရှိ မွတ်စ်လင်မ်များ၏ ပညာပေးလှုံ့ဆော်ပွဲများကြောင့် ထိုသို့ပညာသင်ကြားခွင့်ရရှိလာခြင်းပင်ဖြစ်သည်ဟု လူထုခေါင်းဆောင်များက ယုံကြည်ကြသည်။
    ဆန္ဒပြပွဲတွေကြောင့် ဘရာဇီးသမ္မတ ၀န်ကြီးအဖွဲ့စည်းဝေးပွဲခေါ်
    ဘရာဇီးလ်နိုင်ငံမှာ အစိုးရဘက်က ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ဖို့ ကြိုးစားပေမဲ့ ဆန္ဒပြတောင်းဆိုလှုပ်ရှားမှုတွေ ပိုပြီး ပြင်းထန်လာတဲ့အတွက် အရေးပေါ် ဝန်ကြီးအစည်းအဝေးကျင်းပဖို့ သမ္မတက တောင်းဆိုလိုက်ပါတယ်။
    “အလ္လာဟု အတ်က်ဗရ်” ဟု အော်သော ဂျူး တစ်ယောက်အား အစ္စရေး လုံခြုံရေး တပ်သားမှ သေနတ်ဖြင့် ပစ်သတ်
    သောကြာနေ့က ဂျေရူစလင်နိုင်ငံ၊ ဂျူးလူမျိုးတို့၏ အထွဋ်အမြတ်ထားသော နေရာတစ်ခုဖြစ်သော အနောက်ဘက် တံတိုင်းရှိ ပြည်သူ့နားနေခန်းတွင် တာဝန်ရှိသော လုံခြုံရေးတပ်သားသည် အစ္စရေးနိုင်ငံသားအား သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။ အာရဗ် ဘာသာစကားအရ “ဘုရားသခင်သာ အကြီးကျယ်ဆုံး” ဟုအဓိပ္ပာယ်ရသည့် “အလ္လာဟု အတ်က်ဗရ်” ဆိုသောအော်ဟစ်သံကို ထိုသူ့ထံမှကြားရပြီးနောက်တွင် လုံခြုံရေးတပ်သားသည် သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
    အမေရိကန်-တာလီဘန် ရက်ပိုင်းအတွင်း ဆွေးနွေးမည်
    လာမယ့်ရက်တွေအတွင်း ဒိုဟာမှာ တာလီဘန်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒိုဟာဆွေးနွေးပွဲဟာ နဂိုရ်တုန်းက မနေ့က ကြာသာပတေးနေ့မှာ စတင်ကျင်းပဖို့ ပြင်ဆင်ထားတာဖြစ်ပြီးတော့ အဲဒီမှာ တာလီဘန်ကိုယ်စားလှယ်တွေရော အမေရိကန်အဆင့်မြင့်အရာရှိတွေပါ တက်ရောက်ဆွေးနွေးဖို့ ရှိနေပါတယ်။
    ဒူဘိုင်းမြို့၌ ကျမ်းတော်မြတ်ကုရ်အာန် သရုပ်ဖော် အဆင့်မြင့်ဥယျာဉ် ဆောက်လုပ်မည်
    အာရပ်စော်ဘွားများ ပြည်ထောင်စု (United Arab Emirates)၊ ဒူဘိုင်း(Dubai) မြို့၌ အမေရိကန်ဒေါ်လာ (၇.၅) သန်းခန့် ကုန်ကျမည်ဟု ခန့်မှန်းထားသော အဆင့်မြင့် ပန်းဥယျာဉ်တစ်ခုအား ဆောက်လုပ်မည်ဖြစ်ကြောင်း သိရှိရသည်။ ထူးခြားချက်မှာ အဆိုပါပန်းဥယျာဉ်တွင် ကျမ်းတော်မြတ်ကုရ်အာန်၌ ဖော်ပြထားသော ပန်းအမျိုးအစားတို့အား စိုက်ပျိုးပြသမည် ဖြစ်သည်။
  • ဇွန် ၁၈-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန် ၁၈-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း
    ဇွန်-၁၈၊၂၀၁၃
    M-Media
    အာဖဂန်နစ္စတန် လုံခြုံရေးတာဝန်များ လွှဲပြောင်း
    NATO တပ်ဖွဲ့များ ဦးစီးတာဝန်ယူထားသော နိုင်ငံ လုံခြုံရေးတာဝန်ကို ယနေ့  အာဖဂန်တပ်ဖွဲ့များက ဦးစီးသွားရန် တာဝန်ယူလိုက်ပြီဖြစ်သည်။
    Boeing ကုမ္ပဏီ က ပိုမိုရှည်လျားသည့် ၇၈၇ ဂျက်လေယာဉ် ထုတ်လုပ်မည်။
    Boeing ကုမ္ပဏီ မှထုတ်လုပ်သော လေယာဉ် အချို့တွင် ဘက်ထရီ ပြဿနာ ပေါ်ခဲ့ ပြီးနောက် ပြန်လည် အောင်မြင်မှုအတွက်၇၈၇ လေယာဉ်ကို  ဒီဇိုင်း အသစ်ဖြင့် ပြန်လည်ထုတ်လုပ်မည်ဟု ကြောငြာသည်။
    အာဖဂန်အစိုးရ တာလီဘန်နှင့် ဆွေးနွေးမည်။
    တာလီဘန်နှင့် ဆွေးနွေးရန် ကာတာနိုင်ငံသို့ ကိုယ်စားလှယ် အဖွဲ့ စေလွှတ်မည်ဟု သမ္မတ ဟာမစ်ကာဇိုင်းက ယနေ့ ပြောဆိုလိုက်သည်။
    .ဘရာဇီးတွင် အကြီးမားဆုံး ဆန္ဒပြပွဲ ဖြစ်ပေါ်
    တနင်္လာနေ့ညပိုင်းက လူဦးရေ နှစ်သိန်းခွဲခန်းက နိုင်ငံတော် ငွေကြေးသုံးစွဲမှု၊ ခရီးစရိတ်များ မြင့်တက်လာမှု ရဲများ၏ အကြမ်းဖက်မှု စသည်ကိစ္စများ အတွက်  ဆန္ဒပြခဲ့ကြသည်။
    အီရန် ခေါင်းဆောင်သစ်က အမေရီကန်နှင့် ဆွေးနွေးလို
    ရွေးကောက်ပွဲ အနိုင်ရ အီရန် သမ္မတသစ် ဟာဆန်ရိုဟာနီက နူကလီးယားအရေး ပြေလည်ရန် ဆွေးနွေးသွားမည်ဟု ဆိုသည်။
    မန်ဒဲလား ကျန်းမာရေးအတွက် တောင်အာဖရိက မွတ်စလင်မ်များ ဆုတောင်း
    ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များ သည် တောင်အာဖရိက အထင်ကရ ခေါင်းဆောင်ဖြစ်ပြီး အဆုတ်ရောဂါဖြင့် ဆေးရုံတင် ထားရသူ လူဖြူ-လူမည်းဆန့်ကျင်ရေးခေါင်းဆောင် မန်ဒဲလားအတွက် ဆုတောင်းလျက်ရှိကြသည်။
    ဆီးရီးယားအပေါ် ကန် – ရုရှား သဘောထားကွဲပေမဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းလို
    ဆီးရီးယားအရေးနဲ့ပတ်သက်လို့ အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံကြား ကွဲလွဲမှုတွေရှိပေမဲ့ ဆီးရီးယားနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ရပ်ဆိုင်းပြီး၊ ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အားလုံးအနေနဲ့ ပဋိပက္ခတွေကို စေ့စပ် ညှိနှိုင်း ဖြေရှင်းရမယ် ဆိုတဲ့အပေါ်မှာတော့ နှစ်နိုင်ငံစလုံးက သဘောတူတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင် (Vladimir Putin) က ပြောပါတယ်။
    တရုတ်ဆူပါကွန်ပျူတာ
    တရုတ် အမျိုးသား နည်းပညာ ကာကွယ်ရေးတက္ကသိုလ် က ထုတ်လုပ်တဲ့ ဆူပါကွန်ပျူတာသစ်ဟာ အရင် အမေရိကန်က ထုတ်လုပ်တဲ့ Titan ဆူပါကွန်ပျူတာရဲ့ အမြန်နှုန်းကို ကျော်လွန်ပြီး ကမ္ဘာပေါ်မှာ အမြန်ဆုံးအလုပ်လုပ်တဲ့ ဆူပါကွန်ပျူတာအဖြစ် သတ်မှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။