News @ M-Media

Tag: international short news

  • ဇွန် ၁၇-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၁၇-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန်-၁၇၊၂၀၁၃
    M-Media

    ရုရှသမ္မတ ပူတင် စိန်လက်စွပ် ခိုးယူဟု စွပ်စွဲခံရ
    New England Patriots  ဘောလုံးအသင်း  ပိုင်ရှင်  Robert Kraft ၏ စိန် ၁၂၄လုံးပါသော လက်စွပ်ကို ၂၀၀၅ ခုနှစ်က ခိုးယူသွားခဲ့ စွပ်စွဲထားသော်လည်း သမ္မတ ပူတင်ကမူ Robert Kraf ကသူ့အား လက်ဆောင် ပေးခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။

    နိုင်းလ် ရေကာတာကိစ္စ ဆွေးနွေး
    အီသီယိုးပီးယားပိုင်နက်အတွင်းရှိ နိုင်းလ်မြစ်ပေါ်တွင် တည်ဆောင်မည့် ရေကာတာ ကြောင်း တင်းမာမှုများ ပြေလည်စေရေး အီသီယိုးပီးယား နှင့် အီဂျစ် နိုင်ငံများ ဆွေးနွေးမည်။

    တရုတ်နိုင်ငံ ၏ ကမ္ဘာ့အမြန်ဆုံး ဆူပါ ကွန်ပြူတာ
    Tianhe-2 သည် အမေရိကန်၏ Titanကို ကျော်ဖြတ်၍ ကမ္ဘာ့ အမြန်ဆုံး ကွန်ပြူတာ အဖြစ် လာသည်။ Tianhe-2 သည်  တစ်စက္ကန်လျင် 17.59 petaflops တွက်ချက်နိုင်စွမ်း ရှိသည်။

    တရုတ်ကျောင်းသား တစ်ဦးကို ကျောင်းတက်ခွင့်ဆက်မပေးရန် တရုတ်နိုင်ငံမှ   ဖိအားပေးခဲ့
    နေအိမ် အကျယ်ချုပ်ဘဝမှ အမေရိကန်သို့ ထွက်ပြေးခိုလှုံလာသော ကျောင်းသား Chen Guangcheng အား နယူးယောက်တက္ကသိုလ်က ဆက်လက် ကျောင်းတက်ခွင့် မပေးရန် တရုတ်အစိုးရက ဖိအားပေးခဲ့သည်ဟု ဆိုသည်။

    ဆမ်ဆောင်းကုမ္ပဏီသည် solid-state drives အသစ် ထုတ်လုပ်
    လက်ရှိ SATA နည်းပညာထက် နှစ်ဆခွဲ ပိုမို မြန်ဆန်သော PCI-Express နည်းပညာသုံး solid-state drives ကို ပါးလွှာသော လက်ပ်တော့ပ်များ အတွက် မြောက်အများ ထုတ်လုပ်နေသည်ဟုဆိုသည်။

    ရွေးကောက်ပွဲပြီးနောက် အမေရိကန်နှင့်အီရန် တိုက်ရိုက်ဆက်ဆံရေး ထူထောင်မည်
    အစွန်းမရောက်အလယ်အလတ်ဝါဒီပညာရှင် ဟတ်စာန် ရူဟာနီ Hassan Rowhani  အား နိုင်ငံ့သမ္မတသစ်အဖြစ် ကြေငြာပြီးလျှင် အီရန်နိုင်ငံ၏အငြင်းပွားဖွယ် နျူကလိယအစီအမံများနှင့်စပ်လျဉ်း၍ တိုက်ရိုက်ဆွေးနွေးဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း စနေနေ့တွင် အမေရိကန်မှ ပြောကြားသည်

    လူထုရေးရာ နှင့် စီးပွားရေးလုပ်ငန်း၌ အသုံးပြုအချက်အလက်များကို စင်္ကာပူအစိုးရမှ ထုတ်ပြန်မည်
    ပြည်တွင်းလုပ်သားဈေးကွက်နှင့် ပတ်သက်သော အချက်အလက်များဖြင့် အလုပ်ရှင်များအားပံ့ပိုးနိုင်ရန်အတွက် လူ့စွမ်းအားဝန်ကြီးဌာနမှ ၀က်ဘ်ဆိုဒ် အသစ်တစ်ခုကို လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

  • ဇွန် ၁၆-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၁၆-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန်-၁၆၊၂၀၁၃
    M-Media
    မြောက်ကိုရီးယားမှ အမေရိကန်နှင့် ဆွေးနွေးလို
    မြောက်ကိုရီးယားမှ အမေရိကန်နှင့် အဆင့်မြင့် ကိုယ်စားလှယ်များ ညူကလီးယားနှင့် ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်လိုသည်ဟု တောင်ကိုရီးယားနှင့် ဆွေးနွေးပွဲ ပျက်ပြားအပြီး ပြောဆိုလိုက်သည်။

    အမေရိကန်သည် ဂျော်ဒန်တွင် ဂျက်လေယာဉ်များ ထားမည်
    ရုရှနိုင်ငံ၏ ဆီးရီယားမပျံသန်းရနယ်မြေကို ကန့်ကွက်မှုများ ရှိသော်လည်း  ဂျော်ဒန်တွင် F-16 ဂျက်လေယာဉ်များ နှင့် Patriot ဒုံးခွင်းဒုံးများ ထားရှိသွားမည်ဟု အမေရိကန်မှ  ဆိုသည်။

    Google ၏ နောက်ဆုံး အဓိကထားသည့် စီမံကိန်း
    Google သည် လေထု၏ stratosphere အလွှာတွင် မိုးပျံဘောလုံးကြီး လွှတ်တင်၍ အနိမ့်ပျံ ဂြိုဟ်တုကဲ့သို့ လုပ်ဆောင်မည့် အင်တာနတ် ထုတလွှင့်မှုများ စမ်းသပ်လျက် ရှိသည်။

    Facebook ၏ ကြေငြာချက်အသစ်
    Facebookသည် ဇွန်လ ၂၀ရက်တွင် ထူးခြားသော ထုတ်ကုန်အသစ် ထုတ်ဖေါ် ပြသမည် ဟု ကြေငြာထားသည်။

    ဗီယက်နမ်မှ ထင်ရှားသော ဘလော့ဂ်ဂါ တစ်ဦးကို ဖမ်းဆီး
    အစိုးရကို ပြင်းထန်သည့် ဝေဖန်မှုများရေးသားခဲ့သဖြင့် ဗီယက်နမ်မှ ထင်ရှားသော ဘလော့ဂ်ဂါ တစ်ဦးကို ဖမ်းဆီးခဲ့သည်။

    ဗြိတိန်နဲ့ ရုရှား ခေါင်းဆောင်တွေ ဆွေးနွေး
    ဗြိတိန်နဲ့ ရုရှား နိုင်ငံ ခေါင်းဆောင် တွေဟာ လန်ဒန်မြို့မှာ ဆွေးနွေး မှုတွေ ပြလုပ် နေရာ၊ ဆီးရီးယား အရေးက ဆွေးနွေး ပွဲကို အဓိက လွှမ်းမိုးမယ် လို့ မျှော်လင့်ရ။

    ငြိမ်းချမ်းရေးအတွက် ဒမတ်စကပ်စ် ဆွေးနွေးလို
    ဆီးရီးယားအစိုးရက နောက်လမှာဂျနီဗာ မြို့မှာ ကျင်းပ ပြုလုပ်မယ့် နိုင်ငံတကာ ငြိမ်းချမ်းရေး ဆွေနွေးပွဲကို တက်ရောက်ဖို့ အတွက် မူအားဖြင့် သဘောတူ ထားပြီ ဖြစ်တယ်လို့ ရုရှားက ပြောပါတယ်။

    ရွေးကောက်ခံ အီရန်သမ္မတ လူထုကိုမိန့်ခွန်းပြော
    ငြိမ်းချမ်းတည်ငြိမ်တဲ့ အီရန်နိုင်ငံတည်ဆောက်နိုင်ဖို့ ပြည်သူတွေအနေနဲ့ ဥပဒေကို ဆက်ပြီး လေးစားသွားကြပါလို့ သမ္မတသစ်အဖြစ် အရွေးခံထားရတဲ့ မစ္စတာ ဟက်ဆန်ရိုဟာနီ (Hassan Rowhani) ကပြောလိုက်ပါတယ်။

  • ဇွန် ၁၅-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၁၅-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇူလိုင် ၁၅၊ ၂၀၁၃
    M-Media

    FB user များ၏ အချက်အလက်များ အမေရိကန်အစိုးရကို ပေးအပ်ခဲ့ရ

    အမေရိကန် အစိုးရသည် Facebook အသုံးပြုသူများ၏ အချက်အလက်များကို တောင်းဆိုမှု ပြီးခဲ့သည့် နှစ်ဝက် အတွင်း အကြိမ် ၉,၀၀၀ မှ ၁၀,၀၀၀ ထိ ရှိသည်ဟု    ဆိုသည်။ user account အချက်အလက် အရေအတွက်  18,000 မှ 19,000 ထိ ပေးအပ်ခဲ့ရသည်ဟုဆိုသည်။
    Read More

    ဆီးရီးယား မပျံသန်းရ သတ်မှတ်ချက် တရားမဝင်ဟု ရုရှပြော

    ဆီးရီးယား မပျံသန်းရနယ်မြေ သတ်မှတ်ချက် သည် အပြည်ပြည်ဆိုင်ရ ဥပဒေအရ တရားမဝင်ကြောင်း ရုရှနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြောဆိုလိုက်သည်။
    Read More

    ပါကစ္စတန်မှ ပထမဆုံး အမျိုးသမီး တိုက်လေယာဉ်မှူး

    ဖာရွတ်ခ်သည် ပန်ဂျာပ့်ပြည်နယ်၏ သမိုင်းဝင်မြို့တော် ဘဟာဝါလ်ပူးရ် (Bahawalpur) မှဖြစ်ပြီး၊ လွန်ခဲ့သော ၁၀ နှစ်ခန့်က ပါကစ္စတန်လေတပ်တွင် လေယာဉ်မှူးဖြစ်ခဲ့သော အမျိုးသမီး ၁၉ ယောက်အနက် တစ်ဦး ဖြစ်သည်။ သူမ အပြင် အခြားသော အမျိုးသမီးတိုက်လေယာဉ်မှူး ၅ ဦးရှိသေးသော်လည်း ၄င်းတို့သည် တိုက်ပွဲဝင်နိုင်ရေး  နောက်ဆုံးအဆင့် စမ်းသပ်ရန်လိုအပ်နေသေးသည် ဟုသိရသည်။
    Read More

    ပါကစ္စတန်တွင် ကျောင်းကားဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား

    တောင်ပိုင်းပါကစ္စတန် တက္ကသိုလ် ကျောင်းသူများ စီးသော ကျောင်းကားကို ဗုံးခွဲတိုက်ခိုက်၍ ၁၁ဦး သေဆုံးခဲ့ရသည်။ ၁၉ဦး ဒါဏ်ရာရာခဲ့သည်။
    Read More

    တူရကီ၌ ဆန္ဒပြဆန်ကျင်မှုများ ဆက်လက်ဖြစ်ပေါ်နေ

    တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ ပန်းခြ၌ နှစ်ပါတ်ကြာ ပြီဖြစ်သော ဆန္ဒပြမှုများသည် ဝန်ကြီးချုပ် အယ်ရ်ဒိုအန်း၏ ရပ်တန့်ရန် တောင်းဆိုချက်ကို ဆန့်ကျင်၍ ဆက်လက် ဖြစ်ပေါ်လျက် ရှိသည်။
    Read More

    အမေရိကန်ရောက်နေသည့် နာဇီ အရာရှိလွှဲပေးရန် ပိုလန်တောင်းဆို

    အမေရိကန် Minnesota တွင် နေထိုင်နေသော အသက် ၉၄နှစ်အရွယ် ရှိပြီဖြစ်သည့် ဒုတိယကမ္ဘာစစ်အတွင်း အမျိုးသမီးနှင့် ကလေးငယ်များ ကို သတ်ဖြတ်မှု ကျူလွန်သူ  နာဇီ အရာရှိဟောင်းကို လွှဲပြောင်းပေးရန် ပိုလန်နိုင်ငံ တရားရေးဌာနမှ တောင်းဆိုထားသည်။
    Read More

  • ဇွန် ၁၃-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၁၃-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန်- ၁၃၊၂၀၁၃
    M-Media

    အိမ်ရှိ Wi-Fi မှ လှုပ်ရှားမှုများကို ဖမ်းယူသိရှိနိုင်မည့် နည်းပညာ
    WiSee ဟုခေါ်သော ထိုနည်းပညာကို ဝါရှင်တန်တက္ကသိုလ် သုတေသန အဖွဲ့က တီထွင်ခဲ့သည်။ Xbox Kinect ၏နည်းပညာနှင့်ဆင်တူသော ကိုယ်ဟန်အမူယာဖြင့် ကွန်ပြုတာမှ တဆင့် အမိန့်ပေးခိုင်းစေမှုများ ပြုလုပ်နိုင်မည်။
    Read More

    တရုတ် အာကာသယဉ်မှုးများ အာကာသယဉ်ငယ် အပိုင်းထဲသို့ရွှေ့ပြောင်းဝင်ရောက်
    နှစ်ရက်ကြာ အာကာသခရီးစဉ်အတွင်း အာကာသယဉ် ချိတ်ဆက်မှုအတွက် ယာဉ်ကို အောင်မြင်စွာ လှည့်နိုင်ခဲ့သည်။
    Read More

    Facebookမှ #hashtags ကို စတင် အသုံးပြု
    Facebook တွင်လည်း Twitter တွင်အသုံးပြုသော #သင်္ကေတ ဖြင့် လက်ရှိခေတ်စားနေသော  စကားလုံးများကို ရေးသားသည့် နည်းကို အသုံးပြုနိုင်ပြီ ဖြစ်သည်။
    Read More

     

    အိုဘားမား အစိုးရ PRISM သူလျှိုနည်းပညာကို EU မှ လက်ခံရန် ပြောဆိုနိုင်ခဲ့
    လွန်ခဲ့သောတစ်နှစ်ခန့်က ထိုနည်းပညာကို EUမှ ပိတ်ဆို့တားဆီးမှု မပြုရန် စည်းရုံးနိုင်ခဲ့သည်ဟု ဆိုသည်။
    Read More

    အစ္စရေးသည် ဂါဇာအနောက်ဘက်ဒေသ အိုးအိမ် ၁၁၀၀ တိုးခဲ့တည်ဆောက်မည်
    ၎င်းဆုံးဖြတ်ချက်ကြောင့် အမေရိကန်၏ ငြိမ်းချမ်းရေး ကြိုးပမ်းချက်များ ပျက်ပြားစေနိုင်သည်ဟု ဆိုသည်။
    Read More

  • ဇွန် ၁၂-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၁၂-၂၀၁၃ နိုင်ငံတကာ သတင်းစုစည်းမှု အကျဉ်း

    ဇွန် ၁၂၊ ၂၀၁၃
    M-Media

    အမေရိကန်တွင် ဖုန်းကြားဖြတ်ထောက်လှမ်းရေးများ ဆောင်ရွက်ခဲ့သည့် အိုဘားမားအစိုးရအဖွဲ့မှ NSA တရားစွဲခံရ
    အမေရိကန်နိုင်ငံ Civil Liberties Union က သမ္မတအိုဘားမားရဲ့ အမျိုးသားလုံးခြုံရေးအေဂျင်စီ (National Security Agency – NSA) မှာ ပါဝင်တဲ့ အဓိကပုဂ္ဂိုလ်များကို အင်္ဂါနေ့က တရားစွဲလိုက်ပြီဖြစ်တယ် လို့ လော့အိန်ဂျလိစ်တိုင်းမ်စ် သတင်းတစ်ရပ်က ဖော်ပြပါတယ်။
    Read More

    ဆော့ဖ်ဝဲများ ခိုးယူရောင်းချမှုအတွက် တရုတ်နိုင်ငံသားတစ်ဦးကို အမေရိကန် ထောင်ဒဏ်ချမှတ်
    အမေရိကန်ရှိ ဆောဖ့်ဝဲကုမ္ပဏီ ၂၀၀ မှ ဆော့ဖ်ဝဲများကို တရားမ၀င်ခိုးယူရောင်းချသည့် တရုတ်နိုင်ငံသား Xiang Li  ကို အမေရိကန်တရားရုံးမှ ထောင်ဒဏ် ၁၂ နှစ် ချမှတ်လိုက်ပါတယ်။
    Read More

    စီအိုင်အေ ၀န်ထမ်းဟောင်းအတွက် ရုရှားမှ နိုင်ငံရေးခိုလှုံခွင့်ပေးမည်
    အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီမှ ကမ္ဘာ့တစ်ဝှမ်းရှိ အင်တာနက်အသုံးပြုသူများ၏ ကိုယ်ပိုင်အချက်အလက်များကို လျို့ဝှက်စောင့်ကြည့်နေမှုအား ဖော်ထုတ်လိုက်သည့် CIA ၀န်ထမ်းဟောင်း Edward Snowden အတွက် နိုင်ငံရေးခိုလှုံခွင့်ပေးမယ်လို့ ရုရှားမှ ပြောကြားလိုက်ပါတယ်။
    Read More

    ကမ္ဘာ့အသက်အကြီးဆုံး အဘိုးအို ကွယ်လွန်
    ဂျပန်နိုင်ငံမှ အသက် ၁၁၆နှစ်အရွယ်ရှိ ကမ္ဘာ့အသက်အကြီးဆုံးအဘိုးအို Jiroemon Kimura မှာ ကျိုတိုမြို့ရှိ ဆေးရုံတစ်ခုတွင် ကွယ်လွန်သွားခဲ့ပါတယ်။
    Read More

    ကုလငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်မှ သြစတြီးယား တပ်ဖွဲ့များ Golan Heights ဒေသမှထွက်ခွာ
    အစ္စရေးနှင့် ဆီးရီးယား နှစ်နိုင်ငံအကြားရှိ Golan Heights ဒေသကို နှစ်ပေါင်း ၄၀ နီးပါး စောင့်ကြပ်ပေးခဲ့ရသည့် ကုလသမ္မဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့မှ သြစတြီးတပ်ဖွဲ့ဝင်များမှာ ထိုသေဒမှထွက်ခွာနေပြီး တစ်လအတွင်း တပ်ဖွဲ့ဝင်များအားလုံး သြစတြီးယားသို့ ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။
    Read More

    တရုတ်နိုင်ငံတွင် ပေါက်ကွဲမှုကြောင့် သုံးထပ်အဆောက်အဦးတစ်ခုပြိုကျ လူ ၁၁ ဦးသေဆုံး
    တရုတ်နိုင်ငံအရှေ့ဘက် Suzhou သေဒရှိ ဓာတ်ငွေ့ရောင်းချသည့် ကုမ္ပဏီတစ်ခုတွင် အင်္ဂါနေ့က ဓာတ်ငွေ့ယိုစိမ့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိုပေါက်ကွဲမှုကြောင့် သုံးထပ်အဆောက်အဦးတစ်ခုပြိုကျခဲ့ကာ လူ ၁၁ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရှိခဲ့ကာ အပျက်အဆီးများကြားတွင် လူအများအပြား ပိတ်မိနေပါတယ်။
    Read More

    မသန်စွမ်းမြှားပစ်အားကစားသမားဖြစ်သူ အီရန်အမျိုးသမီး Spirit of Sport ဆု ချီးမြှင့်ခံရ
    ၂၀၁၂ ခုနှစ် မသန်းစွမ်းသူများအိုလံပစ်အားကစားပြိုင်ပွဲတွင် မြှားပစ်အားကစားနည်း၌ ရွှေတံဆိပ်ဆုရရှိခဲ့သူ အီရန် အမျိုးသမီး Zahra Ne’mati မှာ SportAccord Council မှပေးအပ်ချီးမြှင့်သည့် Spirit of Sport ဆုကို ရရှိခဲ့ပါတယ်။
    Read More