News @ M-Media
Tag: Iran
  • အီရန်သမ္မတ၏ သမိုင်းဝင် ဥရောပခရီး ယနေ့တွင်စတင်
    အီရန်သမ္မတ၏ သမိုင်းဝင် ဥရောပခရီး ယနေ့တွင်စတင်
    ဇန်န၀ါရီ ၂၅၊ ၂၀၁၆
    M-Media
    iran
    – အီရန်သမ္မတ ဟာဆန်ရူဟာနီ၏ ဥရောပသို့ သမိုင်းဝင်လည်ပတ်မှုကို ယနေ့တွင် စတင်လိုက်ပြီး နိုင်ငံတကာ ပိတ်ဆို့မှုများမှ ကင်းလွတ်သွားသည့် အီရန်နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှု အများအပြားကို ရရှိနိုင်မည့် လည်ပတ်မှုလည်း ဖြစ်သည်။
    ၄ ရက်တာကြာမည့် အဆိုပါခရီးစဉ်တွင် အီရန်သမ္မတမှာ အီတလီနှင့် ပြင်သစ်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ပြီး ပြီးခဲ့သည့်ဇူလိုင်က နျူသဘောတူညီချက်ကြောင့် အီရန်နှင့် အနောက်နိုင်ငံများ ဆက်ဆံရေးနွေးထွေးလာပြီးနောက်ပိုင်း ပထမဆုံး သွားရောက်လည်ပတ်ခြင်းလည်း ဖြစ်သည်။
    ထိုသဘောတူညီချက်တွင်ပါရှိသည့် ကတိက၀တ်များကို အီရန်က အပြည့်အ၀ အကောင်အထယ်ဖော်သည့်ရလဒ်အဖြစ် ပြီးခဲ့သည့်တစ်ပတ်က စီးပွားရေးပိတ်ဆို့မှုများကို နိုင်ငံတကာအသိုင်းအ၀ိုင်းက ဖယ်ရှားပေးလိုက်ပြီးနောက် အီရန်မှာ စီပွားရေး လမ်းစများရှာဖွေနေပြီး ယခုခရီးစဉ်တွင် အီရန် စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ခုလည်း ပါဝင်သည်။
    အီတလီသို့ယနေ့တွင်ရောက်ရှိမည့် ရူဟာနီမှာ အီတလီသမ္မတ၊ ၀န်ကြီးချုပ်တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့်လည်း တွေ့ဆုံရန်ရှိနေသည်။
    Ref : Aljazeera
  • ဘိုးအင်းဂျက်လေယာဉ် အစီး ၁၀၀ ကျော် ၀ယ်ယူရန် အီရန်စီစဉ်
    ဘိုးအင်းဂျက်လေယာဉ် အစီး ၁၀၀ ကျော် ၀ယ်ယူရန် အီရန်စီစဉ်
    ဇန်န၀ါရီ ၂၅၊ ၂၀၁၆
    M-Media
    boing
    – အရပ်ဖက်လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်း ပြန်လည်ဆန်းသစ်ရေးအစီအစဉ် အစိတ်အပိုင်းအဖြစ် အမေရိကန်လေယာဉ်ကုမ္ပဏီ ဘိုးအင်းထံမှ လေယာဉ် အစီး ၁၀၀ ကျော်ဝယ်ယူဖို့ စီစဉ်နေတယ်လို့ အီရန်အစိုးရတာဝန်ရှိသူတွေက ကြေငြာလိုက်ပါတယ်။
    နိုင်ငံတကာက စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းပြီးချိန်မှစပြီး နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်ရန် ကြိုးပမ်းလာတဲ့အချိန် အဆိုပါကြေညာချက်ကို သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး အဇ်ဂဲရ် ဖက္ကရီး ကာရှန်း က ကြေငြာခဲ့တာဖြစ်ပါတယ်။
    ထို့ပြင် ဈေးကွက်စီးပွားရေးဖွံ့ဖြိုးရန်အတွက် လေဆိပ်လုပ်ငန်း၊ လေကြောင်းခရီးစဉ်လုပ်ငန်း၊ ခရီးသွားလာရေးလုပ်ငန်
းနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများအကြောင်းဆွေးနွေးမယ့် လေကြောင်းဆိုင်ရာ ထိပ်သီးအစည်းအဝေးကိုလည်း တီဟီရန်မှာ စတင်ကျင်းပပြုလုပ်နေပါတယ်။
    ဘိုးအင်းကုမ္ပဏီ တာဝန်ရှိသူများက အဆိုပါညီလာခံကို တက်ရောက်ရန် စီစဉ်ထားသော်လည်း ဗီဇာကိစ္စများကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။ ကုမ္ပဏီတာဝန်ရှိသူတစ်ဦးကတော့ အီရန်ဟာ ပြည်တွင်းပြေးဆွဲရန် ကိုယ်ထည်ကျဉ်း ဘိုးအင်း ၇၃၇ လေယာဉ်တွေနဲ့ ခရီးဝေးပျံသန်းဖို့ အတွက် ဘိုးအင်း ၇၇၇ လေယာဉ်တွေကို ၀ယ်ယူဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
    အီရန် အရပ်ဖက်လေကြောင်းအဖွဲ့ ဥက္ကဌ အလီ အဘ်ဇီဒဟ်က အီရန်အနေနဲ့ ထိုင်ခုံ ၂၅၀ နဲ့အထက်ပါတဲ့ လေယာဉ်အစီး ၁၅၀ လောက် ချက်ချင်း လိုအပ်နေတယ်လို့ ပြောပါတယ်။ နောက်ထပ် ၁၀ နှစ်အတွင်းမှာ လုပ်ငန်းသုံးလေယာဉ်အသစ် အစီး ၅၀၀ ထပ်လိုမယ်လို့ သူက ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    ပို့ဆောင်ရေးဝန်ကြီး အဘာ့စ် အေခွန်ဒီက အီရန်လေယာဉ်လုပ်ငန်းမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အစ္စရေးနိုင်ငံကလွဲရင် ကျန်တဲ့ နိုင်ငံတကာကုမ္ပဏီအားလုံးကို ဖိတ်ခေါ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    Ref: Press TV
  • အီရန်နှင့် ဆော်ဒီမှာ အပြန်အလှန်ဖြည့်ဆည်းပေးရမည့်နိုင်ငံများဟု အီရန်ပြော
    အီရန်နှင့် ဆော်ဒီမှာ အပြန်အလှန်ဖြည့်ဆည်းပေးရမည့်နိုင်ငံများဟု အီရန်ပြော
    ဇန်န၀ါရီ ၂၁၊ ၂၀၁၆
    M-Media
    iran
    – အီရန်အစ္စလာမ့်သမ္မတနိုင်ငံတော်မှာ ဆော်ဒီအာရေဗျနှင့် မည်သည့်တင်းမာမှုကိုမှ ရှာဖွေသွားမည်မဟုတ်ဘဲ မိမိတို့နှစ်နိုင်ငံမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားလိုက်သည်။
    “အီရန်နဲ့ ဆော်ဒီအာရေဗျတို့ဟာ ဒေသတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် နေရာပေးနိုင်တဲ့ တစ်ယောက် ဖြည့်ဆည်းပေးနိုင်တဲ့ အရေးပါတဲ့တိုင်းပြည်နှစ်ခု ဖြစ်ပါတယ်။ ဆော်ဒီကို ဒေသအတွင်းကနေဖယ်ထုတ်ဖို့ ကျွန်တော်တို့ မမျှော်လင့်သလို၊ ဒီလိုလုပ်ဖို့ စိတ်လည်း မ၀င်စားပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ဆော်ဒီဟာ ဒေသတွင်းမှာ အရေးပါတဲ့နိုင်ငံ ဖြစ်နေလို့ပါပဲ” ဟု ဇာရစ်ဇ်က CNN သို ယမန်နေ့ညနေ အင်တာဗျူးတွင် ပြောကြားခဲ့သည်။
    ရှီအာဘာသာရေးခေါင်းဆောင်တစ်ဦးကို ဆော်ဒီက အကြမ်းဖက်မှုဖြင့် ကွပ်မျက်ခဲ့မှု၏ နောက်ဆက်တွဲအဖြစ် အီရန်နိုင်ငံ၌ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကာ ဆော်ဒီသံရုံမှာ တိုက်ခိုက်ခံခဲ့ရသည်။ ထို့နောက် ဆော်ဒီကလည်း အီရန်နှင့် သံတမန်အဆက်အသွယ်ဖြတ်ခဲ့ကာ ၎င်းတို့နှစ်နိုင်ငံအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။
    ဇာရစ်ဖ်ကမူ အီရန်နှင့် အနောက်နိုင်ငံများ၏ ဆက်ဆံရေးကောင်းမွန်လာမှုကို ဆော်ဒီက ထိတ်လန့်နေကာ မိမိတို့၏ အခန်းကဏ္ဍကို လက်မခံ၍မရဟု ထည့်သွင်းပြောကြားခဲ့သည်။
    “ကျွန်တော်တို့ နိုင်ငံအားလုံးဟာ လူ့အစုအဝေးကြီးတစ်ခုပါယ။ အခု သူတို့ရဲ့ မဟာမိတ်တွေက အီရန်ကို တကယ့် မိတ်ဖက်အဖြစ် အသိအမှတ်ပြုခဲ့ပါပြီ။ ကျွန်တော်တို့ ဆော်ဒီနဲ့ တိုက်စရာမလိုပါဘူး။ ကံမကောင်းတာက ဒေသအတွင်း မတည်ငြိမ်မှုဟာ ဆက်ဒမ်နဲ့ အာရပ်နွေဦးဆော်လှန်ရေးပြီးတဲ့နောက်ပိုင်း ပခုံးချင်းယှဉ်နိုင်မယ့် နိုင်ငံတစ်ခု ပေါ်ထွက်လာမယ်ဆိုတဲ့ ဆော်ဒီရဲ့ ယုံကြည်မှုကြောင့် ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ”
    ထိုကဲ့သို့တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၎င်းတို့နှစ်နိုင်ငံအကြား တိုက်ခိုက်မှုများဖြစ်တော့မည်ဟု မီဒီယာများက ချဲ့ကားပြောဆိုမှုများကို ဆော်ဒီဘက်ကလည်း တုံ့ပြန်ခဲ့ပြီး ဆော်ဒီမှာ အီရန်နှင့် မည်သည့်အခါမှ စစ်ဖြစ်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
    Ref: PressTV
  • အမေရိကန်မှာ ကြောင်သူတော်ဖြစ်သည်ဟု အီရန်စွပ်စွဲ
    အမေရိကန်မှာ ကြောင်သူတော်ဖြစ်သည်ဟု အီရန်စွပ်စွဲ
    ဇန်န၀ါရီ ၁၉၊ ၂၀၁၆
    M-Media
    iran
    – အီရန်ရဲ့ဒုံးကျည်ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုအသစ်တွေဟာ တရားမ၀င်ဘဲ၊ အမေရိကန်က ရောင်းလိုက်တဲ့လက်နက်တွေကို ပါလက်စတိုင်းနဲ့ ယီမင်ပြည်သူတွေကိုအပေါ် အသုံးပြုနေတဲ့အတွက်အမေရိကန်ဟာ ကြောင်သူတော်သာဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။
    “အီရန်ရဲ့ တိုက်ချင်းပစ်ဒုံးပျံတွေအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေဟာ တရားမ၀င်ပါဘူး။ အမေရိကန်ဟာ ဒေသတွင်းနိုင်ငံတွေကို ၁၀ ဘီလီယံဒေါ်လာတန်ကြေးရှိတဲ့ လက်နက်တွေကို နှစ်စဉ် ရောင်းချနေပါတယ်။ အဲဒီလက်နက်တွေကို ပါလက်စတိုင်းပြည်သူတွေ၊ လက်ဘနွန်ပြည်သူတွေနဲ့ ယီမင်ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေမှာ အသုံးပြုနေတာပါ” လို့ အန်ဆာရီက ပြောခဲ့ပါတယ်။
    နောက်ပြီး အီရန်နိုင်ငံဟာ အခြားအရေးကိစ္စတွေကိုလည်း အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးတော့မှာ မဟုတ်ဘူးလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။
    “ကျွန်တော်တို့ကို ထိခိုက်ဖို့ ရည်ရွယ်တဲ့ ဒီလို ၀ါဒဖြန့်စတန့်ထွင်တာတွေ၊ ဆောင်ရွက်တာတွေကို ဥပဒေအတွင်းကဖြစ်တဲ့ ကျွန်တော်တို့ရဲ့ ဒုံးကျည်အစီအစဉ်ကို ထပ်တိုးလုပ်ဆောင်ရင်း၊ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းအားနဲ့ အမျိုးသားလုံခြုံရေးကိုတိုးမြှင့်ရင်း တုံ့ပြန်သွားမှာပါ” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    တနင်္ဂနွေနေ့က အမေရိကန်ဘဏ္ဍာရေးဌာနဟာ အီရန်ရဲ့ဒုံးကျည်စီမံကိန်းမှာ ထောက်ပံ့ကူညီခဲ့တဲ့ ကုမ္ပဏီ ၁၁ ခုနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို အရေးယူပိတ်ဆို့ခဲ့ပါတယ်။
    အီရန်ကတော့ သူတို့နဲ့ အင်အားကြီးနိုင်ငံတွေရဲ့ သဘောတူညီချက်မှာ နျူထိပ်ဖူးတပ်ဆင်လို့ရတဲ့ ဒုံးကျည်တွေ မထုတ်လုပ်ဖို့သာ သဘောတူထားခဲ့တာဖြစ်ပြီး၊ အခုထုတ်လုပ်နေတဲ့ တိုက်ချင်းပစ်ဒုံးကျည်တွေဟာ နျူထိပ်ဖူး တပ်ဆင်လို့ မရတဲ့အတွက် သူတို့ရဲ့စီမံကိန်းဟာ တရားဝင်တယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။
    အီရန်သမ္မတ ဟာဆန်ရူဟာနီကလည်း အီရန်အနေနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဒုံးကျည်စီမံကိန်းကို ပိုကျယ်ပြန့်စွာ လုပ်ဆောင်သွားမယ်လို့ ဒီဇင်ဘာ ၃၁ ရက်နေ့က ပြောခဲ့ပါတယ်။
    Ref: RT
  • နိုင်ငံတကာက အီရန်အပေါ် ပိတ်ဆို့မှုများအားလုံးကို ဖယ်ရှားလိုက်ပြီ
    နိုင်ငံတကာက အီရန်အပေါ် ပိတ်ဆို့မှုများအားလုံးကို ဖယ်ရှားလိုက်ပြီ
    ဇန်န၀ါရီ ၁၇၊ ၂၀၁၆
    M-Media
    iran
    – နိုင်ငံတကာအနုမြူအေဂျင်စီ IAEA က အီရန်နိုင်ငံမှာ ဇူလိုင်လက အင်အားကြီးနိုင်ငံများနှင့် ရရှိခဲ့သည့် နျူသဘောတူညီချက်တွင်ပါဝင်သော အချက်များကို လိုက်နာဆောက်ရွက်ခဲ့သည်ဟု ယမန်နေ့က အစီရင်ခံစာထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံတကာက အီရန်အပေါ် ပိတ်ဆို့ထားမှုများအားလုံးကို ဖယ်ရှားလိုက်သည်ဟု သိရသည်။
    “(ဇူလိုင် သဘောတူညီချက်) အရ “အကောင်အထည်ဖော်ရေးနေ့” ဖြစ်လာစေဖို့ လိုအပ်တဲ့ ဆောင်ရွက်မှုတွေအားလုံးကို အီရန်က ဆောင်ရွက်ပြီးခဲ့ပါပြီ” ဟု ဗီယင်နာ အခြေစိုက် IAEA က ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။
    အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂက အီရန်အပေါ် နျူကလီးယားနှင့်ပတ်သက်၍ ချမှတ်ထားသော ပိတ်ဆို့မှုများအားလုံးကို ဖယ်ရှားလိုက်သည်ဟု ယမန်နေ့တွင် ကြေငြာခဲ့သည်။ ဥရောပနိုင်ငံခြားရေးပေါ်လစီအကြီးအကဲ ဖက်ဒရီကာ မော့ဂ်ဟာရီနီက ထိုရလဒ်ကြောင့် အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ဆက်စပ်သည့် စီးပွားရေးနှင့် ဘဏ္ဍာရေး ပိတ်ဆို့မှုအားလုံးကို ဖယ်ရှားပေးလိုက်ပြီဟု ဆိုသည်။
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း တီဟီရန်က ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ ၎င်း၏ နျူ ကလီးယားအစီအစဉ်ကို အခြေခံကျကျ ပြောင်းလဲလိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အီရန်သမ္မတ ဟာဆန်ရူဟာနီကမူ “ခန္တီတရားပြည့်ဝသော အီရန်နိုင်ငံ” အတွက် ဂုဏ်ယူစရာအောင်မြင်မှုဟု ပြောကြားခဲ့သည်။
    ယခုပိတ်ဆို့မှုများ မဖယ်ရှားခင် အီရန်နှင့် အမေရိကန်တို့မှာ အကျဉ်းသားလဲလှယ်မှုတစ်ခုကိုလည်း ပြုလုပ်ခဲ့ပြီး ထောက်လှမ်းရေးအမှုဖြင့် အီရန်က ဖမ်းဆီးထားသည့် ၀ါရှန်တန်ပို့စ်သတင်းစာမှ သတင်းထောက် ဂျေဆန် ရီဇိုင်ယန်အား လွှတ်ပေးမှုလည်း ပါဝင်ခဲ့သည်။
    ပိတ်ဆို့မှုများ ဖယ်ရှားလိုက်ခြင်းကြောင့် ရေနံဈေးကွက်အပါအ၀င် ကမ္ဘာ့စီးပွားရေး ဈေးကွက်များတွင် အီရန်က ပြန်လည်ပါဝင်နိုင်တော့မည်ဖြစ်သည်။
    Ref: Aljazeera