News @ M-Media

Tag: Iran

  • အီရန်က ဒုံးကျည်စစ်ရေးလေ့ကျင့်မှု နောက်ဆုံးအဆင့်ကို ပြုလုပ်

    အီရန်က ဒုံးကျည်စစ်ရေးလေ့ကျင့်မှု နောက်ဆုံးအဆင့်ကို ပြုလုပ်

    မတ် ၉၊ ၂၀၁၆
    M-Media

    iran 10

    – အီရန် အစ္စလာမ့်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရဲ့ လေကြောင်းဌာနက အကြီးစား ဒုံးကျည်စစ်ရေးလေ့ကျင့်မှု နောက်ဆုံးအဆင့်ကို ပြုလုပ်နေတယ်လို့ သိရပါတယ်။

    Eqtedar-e-Velayat လို့ နာမည်ပေးထားတဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုကို ယမန်နေ့က စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံတ၀ှမ်း သက်မှတ်ထားတဲ့ဒေသတွေကနေ တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုတွေ ပါဝင်ကာ အီရန်ရဲ့ ကာကွယ်ရေးစွမ်းအားကို ပြသဖို့နဲ့ အစ္စလာမ့်မစ်တော်လှန်ရေး၊ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိပါးလာမယ့် ခြိမ်းခြောက်မှုအားလုံးကို ရင်ဆိုင်နိုင်ရန် အသင့်အနေအထား ရှိနေစေဖို့ ဖြစ်တယ်လို့ IRGC က ထုတ်ပြန်ပြောဆိုထားပါတယ်။

    အီရန်နိုင်ငံဟာ ပြီးခဲ့တဲ့အောက်တိုဘာလက တာဝေးပစ် ပဲ့ထိန်းဒုံးကျည် Emad ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပြီး အမေရိကန်နိုင်ငံရေးသမားများအကြား ပွက်လောရိုက်သွားစေခဲ့ပါတယ်။ ဇန်န၀ါရီမှာတော့ အမေရိကန်ဘဏ္ဍာရေးဌာနက အဲဒီဒုံးကျည် အစီအစဉ်နဲ့ ပက်သက်တဲ့ ကုမ္ပဏီတွေ၊ အီရန်နိုင်ငံသားတွေကို ပိတ်ဆို့အရေးယူမှုအသစ်တွေ ပြုလုပ်ခဲ့ပါတယ်။

    အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ဟူစိန် ဒေကန်က Emad ဒုံးကျည်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်နဲ့ မဆန့်ကျင်တဲ့ လက်နက်တစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ်ဇာရစ်ဖ်က မိမိတို့မှာ ဒုံးကျည်စမ်းသပ်ထုတ်လုပ်ပိုင်ခွင့် ရှိပြီး အီရန်ကပိုင်ဆိုင်တဲ့ ဘယ်ဒုံးကျည်မှ နျူထိပ်ဖူး မတပ်ဆင်နိုင်ဘူးလို့ ပြီးခဲ့တဲ့ဇန်န၀ါရီမှာ ပြောကြားခဲ့ပါတယ်။

    မိမိတို့ရဲ့ စစ်ဘက်အင်အားဟာ တိုင်းပြည်လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက်သာ ဖြစ်တယ်လို့ အီရန်နိုင်ငံက ထပ်တလဲလဲပြောကြားထားပြီး ဖြစ်ပါတယ်။

    Ref: Presstv

  • ပါလက်စတိုင်း နယ်မြေများ အစ္စရေး သိမ်းယူနေမှု စည်းစည်းလုံးလုံး ဆန့်ကျင်ရန် မွတ်စလင်မ် ကမ္ဘာကို အီရန် တိုက်တွန်း

    ပါလက်စတိုင်း နယ်မြေများ အစ္စရေး သိမ်းယူနေမှု စည်းစည်းလုံးလုံး ဆန့်ကျင်ရန် မွတ်စလင်မ် ကမ္ဘာကို အီရန် တိုက်တွန်း

    မတ် ၈၊ ၂၀၁၆
    M-Media

    iran 9

    – ပါလက်စတိုင်းနယ်မြေတွေကို အစ္စရေးက သိမ်းပိုက်ထားမှုနဲ့ပက်သက်ပြီး ဆန့်ကျင်ရာမှာ ကမ္ဘာတစ်ဝန်းက မွတ်စလင်တွေ စုစည်းညီညွှတ်ကြဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က တောင်းဆိုလိုက်ပါတယ်။

    “မတူညီမှုတွေကို ဘေးဖယ်ပြီး မွတ်စလင်ဆိုတဲ့ခေါင်းစဉ်အောက်မှာ နယ်မြေသိမ်းပိုက်မှု ပုံစံအားလုံးကို အဆုံးသတ်စေဖို့ မူဘောင်တစ်ခုချပြီး လက်တွေ့လုပ်ကိုင်မှုတွေ ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်” လို့ ဇာရစ်ဖ်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကျင်းပတဲ့ ပါလက်စတိုင်းဆိုင်ရာ ငါးကြိမ်မြောက် အိုအိုင်စီအထူးအစည်းအဝေး ဒုတိယမြောက်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းပြည်သူတွေ အပြည့်အ၀လွတ်မြောက်ဖို့ ရည်ရွယ်ပြီး မွတ်စလင်နိုင်ငံတွေအနေနဲ့ အစ္စရေးရဲ့ မတရားကျူးကျော်မှုတွေကို ကာကွယ်တားဆီးဖို့ လိုအပ်နေပြီဖြစ်ကြောင်း၊ ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးက ကျူးကျော်သိမ်းပိုက်နေတာဟာ နိုင်ငံတကာဥပဒေကို ဗြောင် ချိုးဖောက်နေတာဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    နောက်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အစ္စရေးရဲ့ လုပ်ရပ်တွေကို အရေးယူဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပျက်ကွက်နေတယ်လို့လည်း ဇာရစ်ဖ်က ဝေဖန်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်း အစိုးရတွေက အစ္စရေးရဲ့ မတရားလုပ်ရပ်တွေအပေါ် လစ်လျူရှုတာနဲ့ပတ်သက်ပြီးလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက မီးမောင်းထိုးပြခဲ့ပြီး အိုအိုင်စီအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ပါလက်စတိုင်းကိစ္စမှာ ဆက်လက်ပြီး စိတ်နှစ်မြှုပ် လုပ်ဆောင်သွားရမယ်လို့လည်း ဆိုပါတယ်။

    နောက်ဆုံးမှာတော့ ပါလက်စတိုင်းတွေရဲ့ အစ္စရေးအား တွန်းလှန်နေမှုကို အီရန် အစ္စလာမ့်သမ္မတနိုင်ငံက ဆက်လက် အားပေးထောက်ခံ ပံ့ပိုးသွားမယ်လို့ ဇာရစ်ဖ်က နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ သြဂုတ်လက ဂျေရုဆလင်မှာရှိတဲ့ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို ၀တ်ပြုဖို့ဝင်ရောက်လာတဲ့ ပါလက်စတိုင်းပြုသူတွေကို အစ္စရေးက အင်အားသုံး တားဆီးပိတ်ပင်ရာကနေ ပါလက်စတိုင်းပိုင်နက်တွေမှာ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပြီး၊ အဲဒီတင်းမာမှုတွေအတွင်းမှာ အစ္စရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် အမျိုးသမီးနဲ့ ကလေးငယ်များအပါအ၀င် ပါလက်စတိုင်းပြည်သူ ၁၉၀ ကျော်လောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

    Ref; Presstv

  • အိုအိုင်စီထိပ်သီးညီလာခံတွင် အစ္စရေး၏ ရာဇ၀တ်မှုများအကြောင်း အီရန် ပြောမည်

    အိုအိုင်စီထိပ်သီးညီလာခံတွင် အစ္စရေး၏ ရာဇ၀တ်မှုများအကြောင်း အီရန် ပြောမည်

    မတ် ၇၊ ၂၀၁၆
    M-Media

    iran 8

    – အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်ဟာ အိုအိုင်စီနိုင်ငံများရဲ့ ထိပ်သီးအစည်းအဝေးမှာ ပါလက်စတိုင်းတွေအပေါ် အစ္စရေးက ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုများနဲ့ ပတ်သက်လို့ မိန့်ခွန်းပြောကြားသွားမယ်လို့ သိရပါတယ်။

    “ဇီယွန်ဝါဒီတွေရဲ့ ပါလက်စတိုင်းတွေအပေါ် ကျူးလွန်နေတဲ့ လုပ်ရပ်တွေ၊ မွတ်စလင်ကမ္ဘာအပေါ် ရှိနေတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်ပြီး (အိုအိုင်စီရဲ့) ထူးခြားတဲ့ဒီအစည်းအဝေးမှာ အီရန်အစ္စလာမ့်သမ္မတနိုင်ငံဟာ သူ့ရဲ့ သဘောထားကို ကြေငြာသွားမှာ ဖြစ်ပါတယ်” လို့ ဂျကာတာကိုရောက်ရှိနေတဲ့ ဇာရစ်ဖ်က ယမန်နေ့မှာ ပြောကြားခဲ့ပါတယ်။

    အဲဒီ အိုအိုင်စီ ထိပ်သီးအစည်းအဝေးကို ဂျကာတာမှ ပြုလုပ်မှာဖြစ်ပြီး လုပ်သင့်တဲ့အချိန်တစ်ခုမှာ ဒီလို လက်ခံကျင်းပပေးတဲ့အတွက်လည်း ဇာရစ်ဖ်က အင်ဒိုနီးရှားအစိုးရကို ချီးကျူးခဲ့ပါတယ်။ နောက်ပြီး အင်ဒိုနီးရှားနဲ့ အီရန်နိုင်ငံတို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ဖို့ နည်းလမ်းတွေကိုလည်း ရှာဖွေသွားမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဇာရစ်ဖ်ဟာ အီရန်နိုင်ငံက စီးပွားရေးနဲ့ နိုင်ငံရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ သူရဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်နိုင်ငံ ၆ နိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် လာရောက်ခဲ့တာဖြစ်ပါတယ်။

    “တရားမျှတမှုရှာဖွေရန် စည်းလုံးခြင်း” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျင်းပမယ့် ပါလက်စတိုင်းနဲ့ အလ်-ကွဒ်စ် အလ်-ရှရီးဖ်ဆိုင်ရာ ၅ ကြိမ်မြောက် အစ္စလာမ့်ထိပ်သီးညီလာခံကို မတ်လ ၆ ရက်နဲ့ ၇ ရက်မှာ ဂျကာတာမှာ ကျင်းပမယ်လို့ အိုအိုင်စီဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    ၂၀၁၅ သြဂုတ်လက ဂျေရုဆလင်မှာရှိတဲ့ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို ၀တ်ပြုဖို့ လာရောက်ကြတဲ့ ပါလ
    က်စတိုင်းသားတွေကို အစ္စရေးက တားမြစ်ပိတ်ပင်လိုက်ရာကနေ တင်းမာတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလောက်ကတည်းက အစ္စရေးတပ်ဖွဲ့တွေရဲ့ လက်ချက်ကြောင့် ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအ၀င် ပါလက်စတိုင်းပြည်သူ ၁၉၀ ကျော် သေဆုံးခဲ့ရပါတယ်။

    Ref: Presstv

  • ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်ရေး အီရန်နှင့်စင်ကာပူ ပူးပေါင်းဆောင်ရွက်မည်

    ရေနံထွက်ပစ္စည်း သယ်ယူပို့ဆောင်ရေး အီရန်နှင့်စင်ကာပူ ပူးပေါင်းဆောင်ရွက်မည်

    မတ် ၂၊ ၂၀၁၆
    M-Media

    iran 7

    – အရှေ့အာရှကနေ အနောက်အာဖရိကထိ ရေနံထွက်ပစ္စည်းတွေနဲ့ ထုတ်ကုန်တွေ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးရေးအစီအစဉ်အတွက် စင်ကာပူနဲ့ အဓိကပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အီရန်သတင်းဌာနတစ်ခုက ယမန်နေ့မှာ ကြေငြာလိုက်ပါတယ်။

    အီရန်အစ္စလာမ့်သမ္မတနိုင်ငံ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း (IRISL) နဲ့ စင်ကာပူ ပစီဖိတ်နိုင်ငံတကာသင်္ဘောလိုင်း (PIL) တို့အကြား သဘောတူ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး၊ ယခုသဘောတူညီချက်ဟာ အီရန်နိုင်ငံရဲ့ ဘဏ္ဍာငွေကို မြင့်တက်စေရုံသာမက အရှေ့အာရှနိုင်ငံတွေအထိ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကိုပါ တိုးချဲ့နိုင်မှာဖြစ်တယ်လို့ IRIS ဥက္ကဌ မိုဟာမက် ဆအီဒီက ဆိုပါတယ်။

    စင်ကာပူနဲ့ သဘောတူညီခဲ့တဲ့ ပို့ဆောင်ရေးလုပ်ငန်းမှာ ပါဝင်မယ့် ကုန်စည်တွေကတော့ ရေနံထွက်ဓာတုပစ္စည်းတွေနဲ့ ရေနံထုတ်ကုန်တွေပဲ ဖြစ်ပါတယ်။ IRISL နဲ့ PIL တို့အကြား လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ထဲမှာ အရှေ့တောင်အာရှ၊ တောင်အာရှ၊ အရှေ့အလယ်ပိုင်း၊ ပင်လယ်နက်စတဲ့ ဒေသတွေမှာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ဖော်ဆောင်ဖို့လည်း ပါဝင်ပါတယ်။

    စင်ကာပူ ကုန်သွယ်ရေးနဲ့စက်မှုဝန်ကြီး အက် အစ်ဝါရန်က အီရန်ကို သွားရောက်ခဲ့တဲ့ သုံးရက်တာ လည်ပတ်မှုအတွင်းမှာ လက်မှတ်ရေးထိုးခဲ့တဲ့ အဲဒီ သဘောတူညီချက်ထဲမှာ ကွန်တိန်နာသင်္ဘောတွေနဲ့ သယ်ယူပို့ဆောင်မှုပေးဖို့၊ လက်ကားရောင်းဝယ်နိုင်ရေး လမ်းကြောင်းတစ်ခုဖော်ဆောင်ဖို့ တိုက်တွန်းဆော်သြမှုတွေ ပါဝင်ခဲ့ပြီး အခြား အဓိကအကြောင်းအရာတွေထဲမှာ သင်္ဘောတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်ဖို့လည်း ပါဝင်ခဲ့ပါတယ်။

    Ref: Presstv

  • ပြည်တွင်းဖြစ် ကာကွယ်ရေးပစ္စည်း ၅ မျိုးကို အီရန်က ထုတ်ဖော်ပြသ

    ပြည်တွင်းဖြစ် ကာကွယ်ရေးပစ္စည်း ၅ မျိုးကို အီရန်က ထုတ်ဖော်ပြသ

    မတ် ၁၊ ၂၀၁၆
    M-Media

    iran 6

    – အီရန်က အသစ်တီထွင် ထုတ်လုပ်ထားတဲ့ ပြည်တွင်းဖြစ် ကာကွယ်ရေးကိရိယာငါးမျိုးကို ထိပ်တန်းစစ်အရာရှိများ တက်ရောက်ခဲ့တဲ့ ယမန်နေ့ အခမ်းအနားတစ်ခုမှာ ထုတ်ဖော်ပြသလိုက်ပါတယ်။

    အဲဒီ ပစ္စည်းတွေကတော့ ပုံရိပ်ဖမ်းကိရိယာတစ်ခု၊ ဖောက်ခွဲရေးပစ္စည်းနဲ့မူးယစ်ဆေးဝါးရှာဖွေရေးစက်၊ လျှပ်စစ်ဓာတ်မစီးသည့် ဗုံးဒဏ်ခံပလတ်စတစ်ကျည်ကာများ၊ (နျူးကလီးယား၊ ဇီဝပစ္စည်း၊ ဓာတုပစ္စည်း) ကာကွယ်နိုင်သည့် NBC ၀တ်စုံ၊ ဓာတုလက်နက်များကို တန်ပြန်နိုင်တဲ့ ဆေးဝါး Obidoxime Chloride ထုတ်လုပ်တဲ့ စက်တွေပဲ ဖြစ်ပါတယ်။

    အခမ်းအနားမှာ အီရန်ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ဟူစိန် ဒေဟ်ကန်က မကြာသေးမီကာလအတွင်း အီရန်ရဲ့ ကာကွယ်ရေးကဏ္ဍမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေနဲ့ပတ်သက်ပြီး ချီးကျူးခဲ့ပါတယ်။

    “အီရန်ကာကွယ်ရေးကဏ္ဍအပေါ် အရေးယူပိတ်ဆို့ထားပေမယ့်လည်း အီရန်တပ်မတော်ဟာ ကိုယ်ပိုင်အရည်အချင်းနဲ့ ပစ္စည်းအသစ်တွေ ထုတ်လုပ်ထားပြီး ရန်သူတွေရဲ့ ရည်ရွယ်ချက်တွေကို ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်၊ နောင်အနာဂတ်မှာလည်း ဒီလိုပဲ လုပ်နိုင်အုံးမှာပါ” လို့ ဒေဟ်ကန်က ပြောကြားခဲ့ပါတယ်။

    အီရန်ကာကွယ်ရေးဝန်ကြီးဌာနဟာ ပိုမိုအစွမ်းထက်တဲ့ ကာကွယ်ရေးလက်နက်များ ထုတ်လုပ်နိုင်ဖို့ အထူးတာဝန်တစ်ရပ်အဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိတယ်လို့လည်း ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံဟာ မကြာခင်နှစ်အနည်းငယ်အတွင်းမှာ ကာကွယ်ရေးအခန်းကဏ္ဍကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပြီး မရှိမဖြစ်လိုအပ်တဲ့ စစ်ရေးလက်နက်တွေကိုလည်း ကိုယ်တိုင် ထုတ်လုပ်နိုင်ခဲ့ပါတယ်။

    မိမိတို့ရဲ့ စစ်အင်အားဟာ အခြားတိုင်းပြည်တွေကို ခြိမ်းခြောက်ဖို့မဟုတ်ဘဲ မိမိကိုယ်ကို ခုခံကာကွယ်ဖို့သာဖြစ်တယ်လို့ အီရန်က အကြိမ်ကြိမ်ပြောကြားထားပြီးဖြစ်ပါတယ်။

    Ref: Presstv