News @ M-Media

Tag: Iran

  • အဟ်မဒ်ဒီနီဂျတ် စစ်ဗိုလ်ချုပ်တစ်ဦးအား ရေနံဝန်ကြီးအဖြစ် အမည်တင်သွင်း

    အီရန်သမ္မတသည် တော်လှန် ရေးတပ်ဖွဲ့ အကြီးတန်းတပ်မှူးတဦးဖြစ်သူ ဗိုလ်မှူးချုပ် ရုစ်တမ် ကာစင်မီ    အားအီရန်နိုင်ငံ၏  ရေနံဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းလိုက်သည်။

    ကာစင်မီ သည် ရေနံနှင့်ဓါတ်ငွေအခန်းကဏ္ဍတွင် အဆက်အသွယ်ကောင်းများစွာရှိသော စက်မှု လုပ် ငန်း ကုမ္ပဏီတစ်ခုဖြစ်သည့် ခတမ်အန်ဘီယာ ၏ အကြီးအကဲဖြစ်သည်။

    သူသည် အမေရိကန်၏ စီးပွားရေးပိတ်ဆို့ခံစာရင်းဝင်ဖြစ်သည့်အပြင်  လွန်ခဲ့သော နှစ်က ဥရောပ ယူနီယံ၏ ကန့်သတ်ချုပ်ချယ်မှုခံထားရသော တော်လှန်ရေးတပ်ဖွဲ့ အကြီးတန်းတပ်မှူးခြောက်  ဦးအနက် တစ်ဦး ဖြစ်သည်။ ထိုကန်သတ်မှုအရ ကာစင်မီ သည် ဥရောပတိုက်အတွင်း ခရီးသွားခွင့်မရှိသောကြောင့် ၎င်းအနေဖြင့် ဗီယင်နာတွင် ကျင်းပသော (၃) လ ပတ် အိုပက် အစည်းအဝေးသို့ တက်ရောက်ရန် မဖြစ်နိုင်ပေ။

    အီရန်သမ္မတ အဟ်မဒ်ဒီနီဂျတ် သည် မေလက ရေနံဝန်ကြီးဟောင်းကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး ဇွန်လ    တွင်၎င်းနှင့်နီးစပ်  သော အဟာမဒ် အာလီအာဘာဒီ အား ယာယီရေနံဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ အာလီအာဘာဒီ သည် ရေနံကဏ္ဍတွင် အတွေ့အကြုံနည်းပါး၍ ယခင်က အားကစားဆိုင်ရာတာဝန်ရှိသူဖြစ် သည်။ ယခင်က လာဘ်စားမှု စွပ်စွဲချက်များခံခဲ့ရဖူးသူ တစ်ဦး ဖြစ်သည်။

    အဟ်မဒ်ဒီနီဂျတ်သည် အာလီအာဘာဒီအား အမြဲတန်းဝန်ကြီး အဖြစ်ခန့်အပ်ရန် မျော်လင့်သော်လည်း မကြာသေးမီက ပါလီမန် အမတ်များစွာကဝေဖန်ရှုတ်ချသည်။

    နိုင်ငံတကာပိတ်ပင်ကန့်သတ်သတ်မှုများကြောင့် အီရန်နိုင်ငံ၏  ရေနံထုတ်လုပ်မှုလုပ်ငန်းကို မကြာခင် လများက ပိုမို ဖိအားပေးခံခဲ့ရသည်။  အီရန်နိုင်ငံ၏ အဓိက ဖေါက်သည်နိုင်ငံတစ်နိုင်ငံဖြစ်သော အိန္ဒိယသည် တီဟီရန်သို့ပေးရန်ရှိသော ဒေါ်လာသန်းပေါင်းများစွာကို ဘဏ်လုပ်ငန်းဆိုင်ရာကန့်သတ် ချုပ်ချယ်မှုကြောင်း  မပေးဆပ်နိုင်ဘဲရှိနေခဲ့သည်။ အီရန်နိုင်ငံက အိန္ဒိယသိုရေနံတင်ပို့မှု ဖြတ်တောက်မည်ဟု ခြိမ်းခြောက်သည့်အခါ ၎င်းတို့က ဆော်ဒီမှ ရေနံကို ပိုမိုဝယ်ယူခြင်းဖြင့် တုံ့ပြန်ခဲ့သည်။

    ပိတ်ပင်ကန့်သတ်မှုသည် ရေနံအခန်းကဏ္ဍတွင် အီရန်၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ဆွဲဆောင်နိုင်စွမ်းကို  ထိခိုက်နစ်နာစေပြီး ကာစင်မီ အား ၀န်ကြီးအဖြစ် ခန့်အပ်မှုကြောင့် အနာဂါတ်တွင် အီရန်အနေဖြင့် ပြည်တွင်း ကန်ထရိုက်တာများအပေါ် ပို၍မှီခိုရန် ဆောင်ရွက်လာမည်ဟု ယူဆနိုင်သည်။

    အာဟမဒ်ဒနီဂျတ်သည် အားကစားနှင့်လူငယ် ၊ စက်မှု၊ ကူးသန်းရောင်းဝယ်ရေးနှင့်၊သတ္တုတွင်း ၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဌာတို့အတွက် ၀န်ကြီးများ အမည်စာရင်းကိုလည်း တင်သွင်းထားပြီးပါလီမန်၏ အတည်ပြုချက်စောင့်နေသည်။

    ( source Aljazeera)

  • အစ္စရေးအထိ ပစ်ခတ်နိုင်သောဒုံးကျည်များ အီရန်အောင်မြင်စွာစမ်းသပ်ပစ်လွတ်

    နျူကလီးယားလက်နက်ထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိခြင်းကြောင့် နိုင်ငံတကာ၏ ဖိအားပေးမှုခံနေရသော အီရန်နိုင်ငံတွင် အစ္စရေးနှင့်အရှေ့အလယ်ပိုင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို ပစ်ခတ်နိုင်သော ဒုံးကျည်အပါအဝင် ဒုံးကျည် ၁၄ခုကိုအောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း အီရန်အစိုးရပိုင် Press TV တွင် ဖော်ပြထားချက်ကို ကိုးကား၍ ဆင်ဟွာသတင်းက ဖော်ပြထားသည်။

    အီရန်အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့သော ဒုံးကျည်များမှာ Zelzal, Shahab-1, Shahab-2, Shahab-3 တာတို၊ တာလတ်နှင့် တာဝေးပစ်ဒုံးကျည်များပါဝင်သည်။

    ထို့ပြင် အီရန်တွင်ပြုလုပ်လျက်ရှိသော အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ယင်းဒုံးကျည်များ သိမ်းဆည်းထားရှိရာ မြေအောက်ခန်းကိုလည်း ထုတ်လွင့်ပြသသွားခဲ့သည်။

    အရှေ့အလယ်ပိုင်းဒေသတွင်းနိုင်ငံများအနေဖြင့် မိမိနိုင်ငံကို ကာကွယ်နိုင်စွမ်းအပြည့်အဝရှိမည်ဆိုပါက ဇီယွန်ဝါဒီအစ္စရေးများအနေဖြင့် ၄င်းတို့ကို ကျူးကျော်တိုက်ခိုက်ရဲမည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရ ပုဂ္ဂိုလ် Ramin Mehmanparast ကဆိုသည်။

    Credit _The Voice Journal

  • အစ္စရေး နျူးကလီးယားအစီစဥိ အီရန် ဖေါ်ထုတ်ရန်ရှိ

    အမေရိကန်၏ကျောထောက်နောက်ခံပေးမှုရရှိထားသော အစ္စရေးနိုင်ငံ အား သူ၏ တရားမ၀င်ပိုင်ဆိုင်ထားသော့   လျှို့ဝှက်ထားသော နျူးကလီးယာအစီစဉ်ကို အီရန်နိုင်ငံမှ မကြာမှီ ကမ္ဘာထုတ်ပြတော့မည်ဟု အီရန် အမျိုးသားလုံခြုံရေးကောင်စီဝင် Saeed Jalili  မှ ပြောဆိုလိုက်ပါသည်။ အပြည်ပြည်ဆိုင်ရာ နျူးကလီး ယာမပြန်ပွား ရေးစာချုပ်အရ နျူးကလီးယာလက်နက်များကို ပိုင်ဆိုင်ခွင့်မပြုထားပေ။ သို့သော် အစ္စရေးတို့သည် ယင်းစာချုပ်လက်မှတ်ရေးထိုးခြင်းမရှိဘဲ အဖျက် စွမ်းပြင်းလက်နက်များပိုင်းဆိုင်ထားမှုအပေါ် မွတ်စလင်နိုင်ငံများ ၏ မေးခွန်းထုတ်ခြင်းကိုခံနေရသည်။ အီရန်နိုင်ငံက အနောက်အုပ်စုအနေဖြင့် ၄င်းမေးခွန်းများ ကို ဖြေကြားပေးရန် တောင်းဆိုနေသည်။  (more…)

  • ၉-၁၁ တိုက်ခိုက်မှုကြီးနောက်ကွယ်တွင် စီအိုင်အေနှင် မော့ဆက် ရှိနေဟု အီရန်ဆို

    အီရန် သမ္မတ အာမတ်ဒီနီဂျက် က ၉-၁၁ တိုက်ခိုက်မှုကြီးအား သံသယရှိကြောင်းပြောဆို လိုက်ပြီးနောက်ပိုင်း အီရန်စစ်ဘက်အကြီးတန်း ခေါင်းဆောင် Rahim-Safavi က အမေရိကန် ထောက် လှမ်း ရေး စီအိုင်အေနှင် အစ္စရေးထောက်လှမ်းရေ မော့ဆက် အဖွဲ့ တို့သည် ယင်း ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အုံ တိုက်ခိုက် မှုကြီး နောက်ကွယ်တွင် ရှိနေကြောင်း ထုတ်ဖေါ်ပြောဆိုလိုက်ပါ သည်။  ‘ အမေရိကန်နှင့်ဇီယွန်ဝါဒီတွေဟာ အရှေ့ အလယ်ပိုင်းက ရေနံတွေကို လက်ဝါးကြီးအုပ် ဖို့ အကြံနဲ့ မဟာဗျူဟာကျကျ ၉-၁၁ တိုက်ခိုက်မှုကြီးကိုစီစဉ်ခဲ့ပါတယ် ‘ ဟု ပြောဆိုစွပ်စွဲလိုက်ပါသည်။ အလ်ကိုင်ဒါခေါင်းဆောင် အိုစာမာဘင်လာဒင်တွင် ယင်းတိုက် ခိုက်မှုကြီး ကို စီစဉ်နိုင်စွမ်းမရှိကြောင်း သူက ထောက်ပြသွားပါသည်။ ၄င်း၏ အဆိုအရ စီအိုင်အေနှင့် မောဆက်ထိပ်တန်း အရာရှိကြီးများ သည် ယင်းဖြစ်ရပ်တွင် ပိရိသေသပ်စွာ ကြိုးကိုင်ဆောင် ရွက်ခဲ့ ကြောင်း  သိရသည်။ အစ္စလာမ် အနှစ်သာရ ပျံပွား လာမည် ကိုစိုးရိမ်ြ က သူ အမေရိကန်နှင့် ဇီယွန် ၀ါဒီများ များက အစ္စလာမ်ကြောက်စိတ် ကဲလာစေရန် စက်တင်ဘာ ၁၁ တိုက်ခိုက်မှု ၊ ရှက်စရာကောင်းသော ကုရ်အာန်မီးရှို့ပွဲ အစီစဉ် များ ကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သူက ရှင်းပြပြောဆိုသည်။ (more…)