News @ M-Media

မြန်မာနှင့် သံတမန်ရေးအရ ဆက်ဆံရန် အီရန်စီမံ

တီဟီရန် ၊ ဇူလိုင် ၃၁၊ ၂၀၁၂
Source:BERNAMA

အီရန်နိုင်ငံခြားရေးဝန်ကြီး အလီအက္ကဘရ် ဆာလီဟီ

အီရန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်မ်များ၏ ပြဿနာတွေ့ကြုံနေမှုများကို ကူညီဖြေရှင်းနိုင်ရန်အလို့ငှာ မြန်မာနိုင်ငံနှင့် သံခင်းတမန်ခင်းဆက်ဆံဖို့ စီမံလျက်ရှိကြောင်း သိရသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး အလီအက္ကဘရ်ဆာလီဟီမှ ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ြေ

ကာင်း အီရန်၏ မဟဲရ်သတင်းအေဂျင်စီမှ ဖော်ပြသည်။

“ကျွန်တော်တို့ မြန်မာဘက်က တာဝန်ရှိသူတွေနဲ့ သံတမန်ရေးအရ အဆက်အဆံစတင်ဖို့ ပြောဆိုနေဆဲဖြစ်ပါတယ်။ ဒီလိုသံတမန်အဆက်အဆံထားရှိခြင်းအားဖြင့် နှစ်နိုင်ငံအကြား နိုင်ငံရေးဆိုင်ရာ အဆက်အသွယ်ကို ပိုပြီးတော့ အင်အားဖြည့်ပေးနိုင်မှာဖြစ်သလို အစီအစဉ်တွေအတိုင်း မြန်မာနိုင်ငံထဲက မွတ်စလင်မ်တွေရဲ့ ပြဿနာကို ကူညီဖြေရှင်းကို ထိရောက်တဲ့ ခြေလှမ်းတစ်ခု ကျွန်တော် တို့ဘက်က စတင်နိုင်ပါတယ်။” ဟု ဆာလီဟီက ဖော်ပြခဲ့သည်။

ဆာလီဟီက ထိုမှတ်ချက်ကို တနင်္ဂနွေကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာပြည်မှ ရိုဟင်ဂျာများအသတ်ခံနေရခြင်းနှင့်စပ်လျဉ်း အီရန်နိုင်ငံခြားရေးဌာန၏ ရပ်တည်ချက်ကို မေးမြန်းသည်တွင် ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဘနားမား

Comments

Leave a Reply