News @ M-Media

Tag: Iraq Crisis

  • IS ပေါ်ထွက်လာမှုမှာ အမေရိကန်၏ အပြစ်ဟု ကုလ သံတမန်ဟောင်း ပြော

    IS ပေါ်ထွက်လာမှုမှာ အမေရိကန်၏ အပြစ်ဟု ကုလ သံတမန်ဟောင်း ပြော

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅
    M-Media

    baca

    – အီရတ်တွင်ဖြစ်ပွားနေသော လက်ရှိအခြေအနေအတွက် အမေရိကန်ကို အပြစ်တင်ရမည်ဖြစ်ပြီး ဆီးရီးယားအရေးတွင်လည်း အိမ်နီးချင်း အီရန်နိုင်ငံက ၀င်ရောက်ညှိနှိုင်းပေးရန် ကုလသံတမန်ဟောင်း လက်ခ်ဒါ ဘရာဟီမီက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ယူအေအီးနိုင်ငံ ရှာဂျာတွင်ပြုလုပ်သည့် ၂၀၁၅ နိုင်ငံတကာ အစိုးရများ ဆက်သွယ်ရေးဖိုရမ် IGCF တွင် လက်ခ်ဒါက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များ ၂၀၀၃ ခုနှစ်တွင် အီရတ်နိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုက အီရတ်တွင် လက်နက်ကိုင်အဖွဲ့များ ဖြစ်ပေါ်စေမည့် ၀န်းကျင်ကို ဖန်တီးပေးခြင်းဖြစ်ပြီး IS ကဲ့သို့ အဖွဲ့များ အခြေတည်လာစေရန် အကူအညီဖြစ်စေခဲ့သည်ဟု ဆိုသည်။

    “အမေရိကန်ကို အပြစ်တင်ရမှာပါ။ IS ပေါ်ထွက်လာဖို့ အခြေအနေတွေကို သူက ဖန်တီးပေးခဲ့တာပါပဲ” ဟု သံတမန်ရေးရာတွင် နှစ်ပေါင်း ၄၀ ကျော်ကျင်လည်ခဲ့သည့် အယ်လ်ဂျီးရီးယား နိုင်ငံရေးသမား ဘရာဟီမီက ပြောကြားခဲ့သည်။

    အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့များက ကျူးကျော်ခဲ့ပြီးသည့်နောက် နိုင်ငံရေးဆိုင်ရာ မညီမျှများကြောင့် အီရတ်တွင် IS အဖွဲ့ပေါ်ထွက်လာပြီး တစ်ဖြည်းဖြည်း အင်အားတောင့်တင်းလာခဲ့သည်။ ထို့နောက် အမေရိကန်အပါအ၀င် အနောက်နိုင်ငံများ၏ ပံ့ပိုးမှုဖြင့် ဆီးရီးယားအတိုက်အခံများက အာဆတ်အစိုးရအား လက်နက်ကိုင်တော်လှန်ပြီး ဆီးရီးယားပြည်တွင်းစစ် ဖြစ်ပွားခဲ့ပြီးသည့် အချိန်တွင်လည်း IS အဖွဲ့မှာ ဆီးရီးယားအထိ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ကာ နယ်မြေအချို့ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။

    ထို့ပြင် ဘရာဟီမီက ဆီးရီးယားနှင့် အီရတ်တို့အား လွှမ်းမိုးမှုရှိသော အီရန်အနေဖြင့် အဆိုပါ နိုင်ငံ ၂ ခု၏ နိုင်ငံရေးအဖြေထုတ်ရာတွင် ပါဝင်ရမည်ဟုလည်း ဆိုသည်။

    ဘရာဟီမီမှာ ဆီးရီးယားပြည်တွင်းစစ် ချုပ်ငြိမ်းရေဆောင်ရွက်ရန် ကုလနှင့် အာရပ်လိဂ်တို့မှ ပါဝင်သော အထူးအဖွဲ့ကို ဦးဆောင်၍ ၂၀၁၄ ခုနှစ် မေလတွင် ဆီးရီးယားသို့ သွားရောက်ခဲ့သော်လည်း ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ရာထူးမှ နှုတ်ထွက်ခဲ့သည်။

    “အရှုံးတွေကနေ ကျွန်တော်တို့ သင်ယူပါတယ်။ ဒေသတွင်းကလူတွေက ပြောင်းလဲမှုအစစ်အမှန်ကို လိုချင်ကြတာဖြစ်ပြီး အမြင်လှရုံ ပြောင်းလဲမှုမျိုးမဟုတ်ဘူးလို့ ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ မပြောင်းလဲချင်တဲ့အစိုးရတွေကတော့ သားကောင်ဖြစ်သွားပါလိမ့်မယ်”

    Ref: alarabiya

  • မူဆိုးလ်အား IS လက်မှ ပြန်လည်သိမ်းယူရေး ထိုးစစ်ကြီးတစ်ခုကို အီရတ်စစ်တပ် ဧပြီလတွင်စမည်

    မူဆိုးလ်အား IS လက်မှ ပြန်လည်သိမ်းယူရေး ထိုးစစ်ကြီးတစ်ခုကို အီရတ်စစ်တပ် ဧပြီလတွင်စမည်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅
    M-Media

    iraq

    – IS တပ်များလက်မှ အီရတ်၏ ဒုတိယမြို့တော် မူဆိုးလ်ကို ပြန်လည်သိမ်းပိုက်မည့် ထိုးစစ်ကြီးတစ်ခုကို လာမည့် ဧပြီလတွင် စတင်နိုင်ဖွယ်ရှိသည်ဟု အမေရိကန် စစ်ဘက်ဆိုင်ရာ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

    ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါ စစ်ဆင်ရေးအတွက် ပြင်ဆင်ရန် အီရတ်ရှိ တပ်မဟာ ၅ ခုအား အမေရိကန်က မကြာမီ လေ့ကျင့်ပေးသွားမည်ဟုဆိုသည်။ အဆိုပါ တပ်မဟာ ၅ ခုမှာ မူဆိုးလ်အား အဓိက တိုက်ခိုက်သွားမည်ဖြစ်ပြီး အခြား တပ်မဟာအငယ် ၂ ခုမှာ နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် IS အား တိုက်ခိုက်နေသော ကာ့ဒ်တပ်မဟာ ၃ ခုနှင့်အတူ အရန်တပ်အဖြစ် ထားရှိသွားမည်ဖြစ်သည်။

    မူဆိုးလ်မြို့အား တိုက်ခိုက်မှုအတွင်း တပ်မဟာစုစုပေါင်း ၁၂ ခု ပါဝင်မည်ဖြစ်ပြီး ယခင်ရဲတပ်ဖွဲ့ဟောင်းများနှင့် လူမျိုးစု တပ်ဖွဲ့များ အပါအ၀င် တပ်ဖွဲ့ဝင်အရေအတွက် ၂၀၀၀၀ မှ ၂၅၀၀၀ ကြား ရှိမည်ဖြစ်သည်။ အမေရိကန်စစ်တပ်က လေ့ကျင့်ပေးခြင်း၊ လေကြောင်းမှ တိုက်ခိုက်ပေးခြင်းနှင့် ထောက်လှမ်းပေးခြင်းတို့ အပါအ၀င် အဆိုပါ စစ်ဆင်ရေးအတွက် စစ်ဘက်ဆိုင်ရာ အကူအညီများကို ပေးအပ်သွားမည်ဖြစ်သည်။

    IS အဖွဲ့မှာ မူဆိုးလ်မြို့ကို ပြီးခဲ့သည့် ဇွန်လအတွင်းက သိမ်းယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် တပ်ဖွဲ့ဝင် ၁၀၀၀ မှ ၂၀၀၀ အကြား ရှိမည်ဟု ခန့်မှန်းထားသည်။

    Ref: aljazeera

  • အီရတ်တွင် ယာဇီဒီလူမျိုး ၂၀၀ ကျော် ISIL လက်မှ လွတ်မြောက်လာ

    အီရတ်တွင် ယာဇီဒီလူမျိုး ၂၀၀ ကျော် ISIL လက်မှ လွတ်မြောက်လာ

    ဇန်န၀ါရီ ၁၈၊ ၂၀၁၅
    M-Media

    Kurdish security forces help people from the minority Yazidi sect, on the outskirts of KirkukI

    – အီရတ်နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သော မူဆိုးလ်မြို့တွင် လပေါင်းများစွာကြာ ISIL အဖွဲ့၏ ထိန်းသိမ်းခြင်းကို ခံထားရသည့် ယာဇီဒီလူမျိုးများထဲမှ လူ ၂၀၀ ကျော်မှာ လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

    ရှေ့တန်းစစ်မျက်နှာဖြစ်သော ကာရ်ကွတ်မြို့ အနောက်တောင်ဘက်ရှိ ဒေသမှ ယမန်နေ့က လွတ်မြောက်လာခြင်းဖြစ်ပြီး ကာ့ဒ်တပ်ဖွဲ့ဝင်များက ၎င်းတို့အား ကာ့ဒ်ဒေသမြို့တော် အာရ်ဘီလ်အနီးရှိ ကျန်းမာရေးစောင့်ရှောက်မှုစင်တာသို့ ခေါ်ဆောင်သွားခဲ့ကြသည်။

    လွတ်မြောက်လာသူများမှာ မူဆိုးလ်မြို့တွင် ပိတ်မိနေသူများဖြစ်ပြီး အများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြကာ၊ ကျန်းမာရေး ဆိုးရွားနေသော ရင်ခွင်ပိုက်ကလေးငယ်များ၊ မသန်စွမ်းသူများ၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာရှိသူများဖြစ်သည်ဟု
    ယာဇီဒီလူမျိုးများ၏ အခွင့်အရေးအတွက် ဆောင်ရွက်နေသူ ခိုဒ်ရ် ဒွမ်လီက ပြောကြားခဲ့သည်။

    ISIL မှ လူပေါင်း ၂၀၀ ကျော် လွှတ်ပေးရသည့် အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးဘဲ မူဆိုးလ်မြို့တွင် ISIL လက်ထဲတွင် ယာဇီဒီလူမျိုး ထောင်ပေါင်းများစွာ ကျန်ရှိနေသေးသည်။

    လွတ်မြောက်လာကြသူများအား ကာ့ဒ်လူမျိုး ဆရာဝန်များနှင့် သူနာပြုများက အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေပြီး၊ ယခင်က IS လက်မှ လွတ်မြောက်လာခဲ့ကြသည့် ယာဇီဒီလူမျိုးများကလည်း ယခုအုပ်စုတွင် ၎င်းတို့၏ မိသားစုဝင်များ ပါဝင်ခြင်း ရှိ၊ မရှိ လာရောက်ကြည့်ရှုခဲ့ကြသည်။

    အစ္စလာမ်ဘာသာဝင် မျိုးနွယ်စုတစ်ခုဖြစ်သော ကာ့ဒ်လူမျိုးများမှာ ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့တွင် ISIL အဖွဲ့အား ပင်တိုင်ခုခံနေသော အဖွဲ့ဖြစ်ပြီး တိုးတက်မှုများလည်းရရှိခဲ့ကာ ဒီဇင်ဘာလအတွင်းကလည်း အီရတ်နိုင်ငံ ဆန်ဂျာဒေသရှိ ရာဇီဒီလူမျိုး ရာပေါင်းများစွာကို ISIL လက်မှ ကယ်တင်ပေးခဲ့သည်။

    Ref: aljazeera

  • ISIS အဖွဲ့မှာ ဆီးရီးယား ပြည်တွင်းစစ်အတွက် အမေရိကန်က လေ့ကျင်ပေးထားသော သူပုန် တပ်များဖြစ်

    ISIS အဖွဲ့မှာ ဆီးရီးယား ပြည်တွင်းစစ်အတွက် အမေရိကန်က လေ့ကျင်ပေးထားသော သူပုန် တပ်များဖြစ်

    သြဂုတ် ၁၁ ၊ ၂၀၁၄
    M-Media
    လေးမောင် ဘာသာပြန်သည်။

    ISIS အဖွဲ့မှာ ဆီးရီးယား ပြည်တွင်းစစ်အတွက် အမေရိကန်က လေ့ကျင်ပေးထားသော သူပုန် တပ်များဖြစ်

    american-terrorists1

    – အီရတ်နိုင်ငံ မြောက်ပိုင်းရှိ သေအချို့ကို သိမ်းပိုက်ထားသည့် ISIS အဖွဲ့ကို လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ရမည်လားဆိုသည်ကို အမေရိကန် အစိုးရအနေဖြင့် ချိန်ဆနေစဉ် ထိုအဖွဲ့ဝင်များအား ၂၀၁၂ ခုနှစ်က ဂျော်ဒန်တွင် အမေရိကန် စစ်တပ်ကပ် လေ့ကျင့်ပေးခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာလေ၏။

    ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆဒ်၏ တပ်များကို အင်အားချိနဲ့သွားစေရေးအတွက် စစ်ဆင်ရေးများ ဆောင်ရွက်ရန်အတွက် ISIS ပြည်သူ့စစ် ရာပေါင်းများစွာအား အမေရိကန်စစ်တပ်မှ သင်တန်းဆရာများက အမှန်တကယ်ပင် လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်ဟု သတင်းဖော်ပြချက်များက ထောက်ခံနေပေသည်။

    ပြီးခဲ့သည့် သီတင်ပတ်များမှစတင်ကာ ISIS မှာ အီရတ်နိုင်ငံသို့ ၀င်ရောက်ခဲ့ပြီး သိမ်းပိုက်မှုများကို မြန်မြန်ဆန်ဆန်ပင် ပြုလုပ်သည်။ မူဆိုးလ်နှင့် ဘာကူဘာတို့ကဲ့သို့ အဓိကမြို့ကြီးများတွင် ဖြစ်ပွားသည့် တိုက်ခိုက်မှုများတွင် ပြည်သူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သား ထောင်းပေါင်းများစွာတို့မှာ ထွက်ပြေးကြရသည်။

    ISIS အကြမ်းဖက်သမားများက စစ်သားများအား ခေါင်းဖြတ်သတ်ကြသည်ဟု သတင်းများ ထွက်ပေါ်လာသည်။ မကြာမီပင် အီရတ်အစိုးရ စစ်သားများကို ISIS က အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများမှာ အွန်လိုင်းစာမျက်နှာထက်သို့ ရောက်ရှိလာတော့သည်။

    အလ်ကိုင်းဒါးကို အားကျသည့် အဆိုပါအဖွဲ့မှာ မကြာသေးမီကပင် ဘဂ္ဂဒတ်မြို့ မြောက်ဘက် ကီလိုမီတာ ၂၅၀ သာဝေးသောနေရာရှိ အကြီးဆုံး ရေနံသန့်စင်စက်ရုံကို သိမ်းပိုက်နိုင့်သည်အထိ တိုးတက်မှုများ ရရှိနေလေ၏။

    ၂၀၁၂ ခုနှစ် ဖော်ဖော်ဝါရီလကို ပြန်ကြည့်လျှင် အမေရိကန်အနေဖြင့် တူရကီ၊ ဂျော်ဒန်တို့၏ အကူအညီဖြင့် ဆီးရီးယား သူပုန်များအတွက် ဂျော်ဒန်တွင် လေ့ကျင့်ရေးစခန်းတစ်ခုကို တာဝန်ယူထားသည်ဟု WND သတင်းစာကက ဖော်ပြခဲ့သည်။ ဂျာမန်အပတ်စဉ် မဂ္ဂဇင်း Der Spiegel ကလည်း အမေရိကန်မှာ ဂျော်ဒန်တွင် ဆီးရီးယား သူပုန်များအား လေ့ကျင့်ပေးနေသည်ဟု ၂၀၁၃ နှစ်ဆန်းတွင် အတည်ပြု ရေးသားထားပြန်သည်။

    အဆိုပါ သတင်းတွင် လေ့ကျင်သင်ကြားပေးသူများမှာ အမေရိကန် မရိန်းတပ်သားများ၏ ယူနီဖောင်းများဝတ်ဆင်ထားပြီး တင့်ကားဖျက် လက်နက်များအသုံးပြုရေးကို ဦးစားပေး သင်ကြားသည်ဟု ဖော်ပြထားသည်။ အီရတ်မြောက်ပိုင်းတစ်ခုလုံးကို ချုပ်ကိုင်ထားသည့် ISIS အကြမ်းဖက်သမားများမှာ ၎င်းတို့တပ်များအား တိုက်ခိုက်နေကြသည့် တင့်ကား တိုက်ပွဲအများစုကို ထိထိရောက်ရောက်ချေမှုန်းနိုင်ခဲ့သည်ကို တွေ့ရပေမည်။

    အမေရိကန်မှာ ဂျော်ဒန်အရှေ့ပိုင်းနှင့် တောင်ပိုင်းရှိ စခန်းများတွင် ဆီးရီးယားလွတ်မြောက်ရေးတပ် Free Syrian Army မှ အဖွဲ့ဝင် ၁၂၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့သည့် The German မဂ္ဂဇင်းက ထပ်မံဖော်ပြထားသည်။

    The Guardian သတင်းစာကလည်း အမေရိကန် စစ်တပ်၊ ဗြိတိန်နှင့် ပြင်သစ် တို့မှ လေ့ကျင့်ရေးမှူးများမှာ ဂျော်ဒန်နိုင်ငံတွင် ဆီးရီးယား သူပုန်များအား အကူအညီပေးနေသည်ဟု ၂၀၁၃ ခုနှစ် မတ်လတွင် ဖော်ပြခဲ့၏။

    ISIL ဟုခေါ်သည့် ISIS အဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် အကြမ်းဖက်မှုများကို အလ်-ကိုင်းဒါးလို အဖွဲ့မျိုးကပင် ရှုတ်ချထားသည်။

    အလ်ကိုင်းဒါးတို့အား အဖဂန်နစ္စတန်တွင် အင်အားတောင့်တင်းအောင် CIA က လုပ်ဆောင်ပေးမှုနှင့် စဉ်းစားသုံးသပ်လျှင် အမေရိကန်နှင့် ISIS တို့ အဆက်အသွယ်ရှိသည်ဟု ဖော်ပြမှုမှာ ယုတ္တိတန်သည်ဟု ဆိုရမည်။

    ဆိုဗီယက်ဆန့်ကျင်ရေး စစ်ပွဲတွင် အိုစမာဘင်လာဒင်နှင့် ၎င်း၏ တပ်သားများမှာ အမေရိကန်နှင့် ဆော်ဒီတို့မှ ထောက်ပံ့ငွေများကို ရရှိခဲ့ကြသည်။ ဘင်လာဒင် ကိုယ်တိုင်ပင် CIA မှ လုံခြုံရေးဆိုင်ရာ လေ့ကျင့် သင်ကြားပေးမှုကို ရရှိခဲ့သည်ဟု ကာကွယ်ရေးဆိုင်ရာ လေ့လာသုံးသပ်သူများက ခိုင်ခိုင်မာမာ ယုံကြည်ထားကြလေ၏။

    ပါရှန်းပင်လယ်ကွေ့တွင်ရှိနေသည့် အမေရိကန်လေယာဉ်တင်သင်္ဘောမှ F-18 စောင့်ကြည့်ရေးလေယာဉ်ဖြင့် အီရတ်ရှိ အခြေအနေများကို အမေရိကန်က အနီးကပ်စောင့်ကြည့်နေသည့် တာဝန်ရှိသူများက Fox News သို့ အတည်ပြု ပြောကြားခဲ့သည်။

    USS George HW Bush လေယာဉ်တင် သင်္ဘောပေါ်မှဖြစ်လေသည်။ သတင်းအချက်အလက်များ စုဆောင်းရန်အတွက် လူလိုက်ပါနိုင်သော၊ လူမလိုက်ပါနိုင်သော လေယာဉ်များကို အသုံးပြုရန် အမေရိကန် အစိုးရက ခွင့်ပြုထား၏။ သို့သော် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရန်ကိုမူ အိုဘားမားက မဆုံးဖြတ်ရသေးပေ။

    (ဤဆောင်းပါးရေးသားချိန်တွင် လေကြောင်းမှ တိုက်ခိုက်ရန် မဆုံးဖြတ်ရသေးသော်လည်း သြဂုတ်လ ပထမသီတင်းပတ်နှောင်းပိုင်းတွင် ISIS အဖွဲ့များအား လေကြောင်းမှ တိုက်ခိုက်ရန် အိုဘားမားက ခွင့်ပြုခဲ့သည်။)

    International Business Times တွင် ဖော်ပြခဲ့သည့် ၏ ISIS Terrorists were Trained by US in 2012 for Syria Conflict ဆောင်းပါး ကို လေးမောင် ဆီလျော်အောင် ဘာသာပြန်သည်။