News @ M-Media

Tag: iraq

  • အီရတ်စစ်တပ်က မူဆိုးလ်အရှေ့ပိုင်းသို့ ၀င်ရောက်နိုင်ခဲ့ပြီး တိုက်ပွဲ ပြင်းထန်နေ

    အီရတ်စစ်တပ်က မူဆိုးလ်အရှေ့ပိုင်းသို့ ၀င်ရောက်နိုင်ခဲ့ပြီး တိုက်ပွဲ ပြင်းထန်နေ

    နိုဝင်ဘာ ၅၊ ၂၀၁၆
    M-Media

    musoul

    – IS အကြမ်းဖက်အဖွဲ့၏ နောက်ဆုံးခြေကုပ်မြို့ဖြစ်သော မူဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေး အီရတ်စစ်တပ်က ထိုးစစ်ဆင်မှုများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသူများမှာ လမ်းဘေးတွင်ထောင်ထားသည့် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးမှုရှိနေသည်ဟု သိရသည်။

    ယမန်နေ့နှောင်းပိုင်းက မူဆိုးလ်တောင်ဘက် ဟာဝီဂျာမြို့မှ ထွက်ပြေးလာသူများကို တင်ဆောင်လာသည့် ထရပ်ကားတစ်စီး လမ်းဘေးဗုံးထိမှန်ခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    အီရတ်စစ်တပ်မှာ ယမန်နေ့က မူဆိုးလ်မြို့ အရှေ့ပိုင်းသို့ ၀င်ရောက်နိုင်ခဲ့ပြီး နှစ်ဖက်တိုက်ခိုက်မှုများမှာ ပြင်းထန်နေသည်။ အလ်-ဘာကာရ်ရပ်ကွက်တွင်လည်း လူနေအိမ်ယာများပေါ်တွင် IS က စနိုက်ပါများ ချထားသည်ဟုဆိုသည်။

    “(IS က) မြို့လယ်ကောင်မှာပါ။ ကျွန်တော်တပ်တွေ အရှေ့တိုးတဲ့အခါ တော်တော်လေးကို သတိထားနေရပါတယ်” ဟု အီရတ်အထူးတပ်ဖွဲ့မှ ဗိုလ်ချုပ် ဆာမိ အလ်-အရီဒီက ပြောကြားခဲ့သည်။

    ထို့ပြင် ရှေ့ဆက်ရမည့် ဒေသများမှာ လူနေထူထပ်ပြီး စစ်ဖက်နှင့် အရပ်ဖက် သေဆုံးဒဏ်ရာရမှုများ မရှိစေရေးအတွက် မိမိတို့အနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်ဟု ၎င်းက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အီရတ်၏ မူဆိုးလ်ထိုးစစ် မြို့တွင်းသို့ရောက်လာ

    အီရတ်၏ မူဆိုးလ်ထိုးစစ် မြို့တွင်းသို့ရောက်လာ

    နိုဝင်ဘာ ၁၊ ၂၀၁၆
    M-Media

    ira

    – အီရတ်စစ်တပ်မှာ မူဆိုးလ်မြို့ မြို့တွင်းပိုင်းသို့ တိုက်ရိုက် တိုက်ခိုက်မှုများ ပြုလုပ်လာပြီး ၀န်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီကမူ IS အား လက်နက်ချရန် တိုက်တွန်းထားသည်ဟု သိရသည်။

    “သူတို့မှာ ရွေးချယ်စရာမရှိပါဘူး။ လက်နက်ချရင်ချ။ မချရ အသေပါပဲ” ဟု ၀န်ကြီးချုပ်က ယမန်နေ့တွင် နိုင်ငံပိုင် ရုပ်သံမှ သတိပေးခဲ့သည်။

    နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မူဆိုးလ်အား ပြန်လည်သိမ်းပိုက်နိုင်ရေး အီရတ်စစ်တပ်၏ ထိုးစစ်ဆင်မှုမှာ ၂ ပတ် ကျော်လာခဲ့ပြီဖြစ်ပြီး လက်ရှိတွင် မူဆိုးလ်မြို့တွင်းပိုင်းမှ ဂေါ့ဂ်ဂျာလီဒေသကို ပြန်လည်ရရှိရေးအတွက် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

    IS ကလည်း ပဲ့ထိန်းတင့်ဖျက်ဒုံးကျည်များ၊ လက်နက်ငယ်များဖြင့် အပြင်းအထန် ခုခံမှုများ ပြုလုပ်နေပြီး၊ အမေရိကန်ဦးဆောင်သည့် မဟမိတ်တပ်ဖွဲ့များက လေကြောင်းတိုက်ခိုက်မှုများ မပြုလုပ်နိုင်အောင် ရေနံတွင်းများ၊ တာယာများ မီးရှို့ကာ မီးခိုးများဖြင့် မမြင်ရအောင် လုပ်ဆောင်ထားသည်။

    မြို့တောင်ဘက်ပိုင်းတွင် အစိုးရတပ်ဖွဲ့များမှာ ရှေ့ဆက်တိုးနိုင်မှု နှေးကွေးနေပြီး လက်ရှိတွင် မြို့မှ ၃၅ ကီလိုမီတာအကွာတွင် ရှိနေသည်။

    မြောက်ဖက်ပိုင်းတွင်မူ ကာ့ဒ်တပ်ဖွဲ့နှင့် အီရတ်စစ်တပ်တို့က မြို့နားသို့ ကပ်လာနေပြီး၊ ရှီအာ ပြည်သူ့စစ်များကလည်း မြို့နောက်ဖက်ပိုင်းရှိ IS ၏ ထွက်ပြေးရာလမ်းကြောင်းကို ဖြတ်တောက်ပိတ်ဆို့ထားရန် ကြိုးပမ်းနေသည်။

    အမေရိကန်စစ်တပ်ကမူ မူးဆိုးလ်မြို့တွင်း၌ IS တိုက်ခိုက်ရေးသမား ၃၀၀၀ မှ ၅၀၀၀ အထိ ရှိနိုင်ပြီး မြို့ပြင် ခံစစ်ကြောင်းတွင် ၁၅၀၀ မှ ၂၅၀၀ အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

    Ref: Aljazeera

  • မူဆိုလ်းထိုးစစ်တွင် ရှီအာပြည်သူ့စစ်များက စစ်မျက်နှာသစ်ဖွင့်

    မူဆိုလ်းထိုးစစ်တွင် ရှီအာပြည်သူ့စစ်များက စစ်မျက်နှာသစ်ဖွင့်

    အောက်တိုဘာ ၂၉၊ ၂၀၁၆
    M-Media

    iraq

    – နိုင်ငံ၏ ဒုတိယအကြီးဆုံးဖြစ်သော မူဆိုးလ်မြို့ကို IS အကြမ်းဖက်အဖွဲ့လက်မှ ပြန်ရရေး အီရတ်စစ်တပ်က ထိုးစစ်ဆင်မှုအတွင်း ရှီအာပြည်သူ့စစ်များက မြို့အနောက်ဖက်မှနေ၍ စစ်မျက်နှာတစ်ခု ဖွင့်လိုက်သည်ဟု သိရသည်။

    ၁၂ ရက်တာ ကြာမြင့်လာပြီဖြစ်သည့် အဆိုပါထိုးစစ်တွင် အီရတ်စစ်တပ်နှင့် ကာ့ဒ်တပ်ဖွဲ့တို့က အဓိကအခန်းကဏ္ဍမှ ပါဝင်နေပြီး Popular Mobilisation Units ဟု အမည်ရသည့် အဆိုပါပြည်သူ့စစ်များမှာ ပံ့ပိုးကူညီရုံအဆင့်သာ ရှိခဲ့သည်။

    သို့သော်လည်း ယနေ့တွင် ရှီအာပြည်သူ့စစ်များက မြို့အနောက်ပိုင်းမှနေ၍ စစ်မျက်နှာတစ်ခု ဖွင့်လှစ်ခဲ့ပြီး မူဆိုးလ်နှင့် ဆီးရီးယားတို့အား ဆက်သွယ်ထားသည့် လမ်းကြောင်းကို ဖြတ်တောက်ရန်နှင့် IS သိမ်းပိုက်ထားသော မူဆိုးလ်ကို ၀ိုင်းဝန်းပိတ်ဆို့ရန် ဖြစ်သည်။

    Popular Mobilisation Units အဖွဲ့မှာ ၂၀၀၃ ခုနှစ် အမေရိကန်၏ အီရတ်ကျူးကျော်စစ်နောက်ပိုင်း စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အီရန်က ပံ့ပိုးကူညီပေးထားသည်ဟု ယူဆရသည်။ ၎င်းတို့၏ အဓိကရည်ရွယ်ချက်မှာ အမေရိကန်တပ်များနှင့် စွန်နီတိုက်ခိုက်ရေးသမားများကို တွန်းလှန်ရန်ဖြစ်သော်လည်း ၂၀၁၄ ခုနှစ် IS က နိုင်ငံ၏ မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ဒေသများအား သိမ်းယူခဲ့ပြီးနောက် အစိုးရက အဆိုပါ ရှီအာ ပြည်သူ့စစ်များကို အသိအမှတ်ပြုခဲ့သည်။

    အီရတ်စစ်တပ်၏ ထိုးစစ်အတွင်း မူဆိုးလ်မြို့တစ်ဝိုက်ရှိ ဒေသအတော်များများကို သိမ်းယူနိုင်ခဲ့ပြီး လက်ရှိတွင် IS ၏ ပြင်းထန်စွာ ခုခံမှုကို ကြုံတွေ့နေရသည်။ ယနေ့တွင် အီရတ်စစ်တပ်မှာ မြို့တောင်ဘက်မှ ထိုးဖောက်ဝင်ရောက်နေကာ ရှူရာမြို့အထိ ရောက်ရှိနေပြီဖြစ်သည်။

    တပ်မှူးများကမူ IS တပ်ဖွဲ့များမှာ ယခုသီတင်းပတ်အစောပိုင်းကတည်းက မြို့အား စွန့်ခွာသွားပြီး အရပ်သားများကိုလည်း လူသားတံတိုင်းများပြုလုပ်ရန် ခေါ်ဆောင်သွားကြသည်ဟု ပြောကြားခဲ့သည်။

    Ref : Aljazeera

  • မူဆိုးလ်တွင် IS က အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ရှိနေ

    မူဆိုးလ်တွင် IS က အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ရှိနေ

    အောက်တိုဘာ ၂၈၊ ၂၀၁၆
    M-Media

    iraq-10

    – IS ၏ နောက်ဆုံးခံတပ်ဖြစ်သော မူးဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်ဆင်နေသည့် အီရတ်စစ်တပ်မှာ မြို့တောင်ဘက် IS က အရပ်သားများအား သတ်ဖြတ်ခဲ့သော ဒေသသို့ ရောက်ရှိရန် ကြိုးစားနေသည်ဟု သိရသည်။

    ဟာမန် အလ်-အာလီလ်ဆိုသည့်မြို့ဖြစ်ပြီး စစ်တပ်အား ကူညီမည်ကို ဟန့်တားရန်အတွက် IS က အရပ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

    အီရတ်စစ်တပ်၏ မူဆိုးလ်ထိုးစစ်မှာ ၁၁ ရက်ရှိလာခဲ့ပြီးဖြစ်ပြီး လက်ရှိတွင် အလ်-အာလီလ်မြို့အား သိမ်းပိုက်ရန် ကြိုးစားနေကာ IS ၏ လက်ဖြောင့်သေနတ်သမားများ၊ အသေခံကားဗုံးခွဲမှုများနှင့် ရင်ဆိုင်နေရသည်။

    ထို့မြို့တွင် IS မှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင် ဒါဇင်နှင့်ချီသော အကျဉ်းသားများကို သတ်ဖြတ်ခဲ့ပြီး အဆိုပါ အကျဉ်းသားများမှာ အီရတ်စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်ဟောင်းများဖြစ်သည်။ အရပ်သားများနှင့် အကျဉ်းသားများကို ထိုကဲ့သို့ သတ်ဖြတ်မှုမှာ မူးဆိုးလ်ရှိပြည်သူများအား ခြိမ်းခြောက်ရန်အတွက်ဖြစ်သည်ဟု ယူဆရသည်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရူပါ့တ် ကိုလ်ဗီလီကမူ IS မှာ ပြီးခဲ့သည့် တစ်ပတ်အတွင်း မူဆိုးလ်မြို့ဝန်းကျင်တွင် အရပ်သားများစွာကို သတ်ဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    အီရတ်စစ်တပ်၊ ကာ့ဒ်တပ်ဖွဲ့၊ စွန်နီလူမျိုးစုတပ်ဖွဲ့၊ ရှီအာ ပြည်သူ့စစ်များပါဝင်သည့် အဆိုပါ ထိုးစစ်မှာ အောင်မြင်မှုများ ရရှိနေပြီး မူးဆိုးလ်မြို့ပတ်ဝန်းကျင်မှ မြို့ရွာအများအပြားကို ပြန်လည်သိမ်းယူနိုင်ခဲ့ကာ ယမန်နေ့က မြို့မှ ၄ ကီလိုမီတာသာ ဝေးသည့် ဖာဒီလီယာရွာအား သိမ်းယူနိုင်ခဲ့သည်။

    Ref: Aljazeera

  • မူဆိုးလ်ထိုးစစ်တွင် တူရကီနှင့် အီရတ်တို့ တင်းမာမှု မြင့်တက်

    မူဆိုးလ်ထိုးစစ်တွင် တူရကီနှင့် အီရတ်တို့ တင်းမာမှု မြင့်တက်

    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media

    turkey-2

    – IS များ သိမ်းပိုက်ထားသည့် မူဆိုးလ်မြို့အား ပြန်လည်ရယူနိုင်ရေး အီရတ်စစ်တပ်က ပြုလုပ်နေသည့် ထိုးစစ်တွင် တူရကီနှင့် အီရတ်တို့အကြား တင်းမာမှုများ မြင့်တက်လာသည်ဟု သိရသည်။

    နိုင်ငံအတွင်းရှိ တူရကီတပ်ဖွဲ့များအား ထွက်ခွာပေးရန် အီရတ်က အလိုရှိနေသော်လည်း တူရကီက လက်မခံသောကြာင့် တင်းမာမှုရှိနေချိန်တွင် ယမန်နေ့က ထိုးစစ်တွင် ပါဝင်နေသည့် ကာ့ဒ်တပ်ဖွဲ့ Peshmerga ၏ တောင်းဆိုမှုကြောင့် မူဆိုးလ်မြို့မြောက်ပိုင်းအနီး IS ပစ်မှတ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု တူရကီဝန်ကြီးချုပ်က ယမန်နေ့တွင် ပြောကြားခဲ့ပြီးနောက် တင်းမာမှု အရှိန်မြင့်တက်လာခြင်းဖြစ်သည်။

    အီရတ်၏ ပူးတွဲစစ်ဆင်ရေးဌာနချုပ်ကမူ တူရကီ၏ ထိုပြောကြားမှုကို ယနေ့တွင် ငြင်းဆိုခဲ့သည်။

    သို့သော်လည်း ယနေ့နှောင်းပိုင်းတွင် တူရကီနိုင်ငံခြားရေးဝန်ကြီးက ထိုးစစ်စတင်ပြီးနောက်ပိုင်း မိမိတို့၏ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် IS အကြမ်းဖက်သမား ၁၇ ဦး သေဆုံးခဲ့ကာ F16 တိုက်လေယာဉ်များကလည်း ထိုစစ်ဆင်ရေးတွင် ပါဝင်ရန် အသင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    အီရတ်နိုင်ငံတောင်ပိုင်းတွင် တူရကီတပ်ဖွဲ့ဝင်ပေါင်း ၂၀၀၀ ခန့်ရှိနေပြီး IS အကြမ်းဖက်အဖွဲ့အား တိုက်ဖျက်ရေးအတွက် နောက်ထပ်တစ်နှစ် ဆက်နေရန် တူရကီပါလီမန်က ပြီးခဲ့သည့်လတွင် ဆုံးဖြတ်ခဲ့သည်။

    အီရတ်စစ်ပွဲတွင် ပါဝင်နေသည့် ကာ့ဒ်တပ်ဖွဲ့ Peshmerga ၏ ခေါင်းဆောင် မဆူဒ် ဘာရ်ဇာနီမှာ တူရကီနှင့် နီးကပ်သည့် ဆက်ဆံရေးရှိပြီး ၎င်းတို့ဒေသဖြစ်သော့ ကာ့ဒ်ဒေသတွင် တူရကီတပ်များ ဆက်ရှိနေရန် သဘောတူခဲ့သည်။

    Ref : Aljazeera