News @ M-Media

Tag: iraq

  • အရက်ရောင်းဝယ်ဖောက်ကားမှုကို တားမြစ်သည့်ဥပဒေ အီရတ်ပြဌာန်း

    အရက်ရောင်းဝယ်ဖောက်ကားမှုကို တားမြစ်သည့်ဥပဒေ အီရတ်ပြဌာန်း

    အောက်တိုဘာ ၂၄၊ ၂၀၁၆
    M-Media

    iraq-ban-alcohol

    – နိုင်ငံအတွင်း အရက် ရောင်းဝယ်ခြင်း၊ တင်သွင်းခြင်းနှင့် ထုတ်လုပ်ခြင်းများကို ပိတ်ပင်သည့်ဥပဒေတစ်ခုကို အီရတ်လွှတ်တော်က ပြဌာန်းလိုက်ပြီး ဥပဒေချိုးဖောက်သူများအနေဖြင့် ဒဏ်ငွေရိုက်ခံရမည်ဟု သိရသည်။

    စနေနေ့က ဘဂ္ဂဒတ်မြို့ရှိ လွှတ်တော်အစည်းအဝေးတွင် အဆိုပါဥပဒေကို ပြဌာန်းခဲ့ခြင်းဖြစ်ပြီး အချို့အတိုက်အခံများက ထိုဆုံးဖြတ်ချက်နှင့်ပက်သက်၍ တရားရုံးတွင် အယူခံဝင်မည်ဟု ဆိုသည်။

    ထောက်ခံသူများကမူ ထိုပိတ်ပင်မှုမှာ အစ္စလာမ်သာသနာနှင့်ဆန့်ကျင်သည့် ဥပဒေမျိုး ပြဌာန်းခြင်း မရှိရဟု အာမခံချက်ပေးထားသည့် အီရတ်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီသည့်အတွက် ချီးကျူးခဲ့သည်။

    “ဒီနေ့မှာ ဥပဒေတစ်ရပ်ကို ပြဌာန်းလိုက်ပါတယ်။ အဲ့ဒီဥပဒေရဲ့ အပိုဒ်ခွဲ ၁၄ အရ အရက်နဲ့ဆက်နွယ်တဲ့ အမျိုးအစားအားလုံးကို တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်းနဲ့ ရောင်းချခြင်းတို့ကို ပိတ်ပင်ထားပါတယ်” ဟု ခရစ်ယာန်ဘာသာဝင် လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်သူ ယိုနာဒမ်ကန်နာက ပြောသည်။

    “ဒီဥပဒေကို ချိုးဖောက်တဲ့သူကတော့ ဒီနာ ၁၀ သန်း ကနေ ၂၅ သန်းအထိ (ကန်ဒေါ်လာ ၈၀၀၀ မှ ၂၀၀၀၀ခန့်အထိ) ဒဏ်တပ်ခံရမှာပါ”

    ရှီအာ လွှတ်တော်အမတ်တစ်ဦးကမူ ထိုဥပဒေပြဌာန်းမှုကို ကာကွယ်ပြောကြားခဲ့ပြီး ဖွဲ့စည်းပုံတွင် အစ္စလာမ်၏ ပြဌာန်းချက်များနှင့် မဆန့်ကျင်သည့် ဥပဒေများကို ပြဌာန်းခွင့်ရှိသည်ဟု ဖော်ပြထားကြောင်း ထောက်ပြခဲ့သည်။

    အရက်ကို အီရတ်ရှိ ဟိုတယ်များနှင့် စားသောက်ဆိုင်အနည်းငယ်ကသာ ၀န်ဆောင်မှုပေးသော်လည်း ဘဂ္ဂဒတ်မြို့ရှိ ဆိုင်ငယ်လေးများတွင် အလွယ်တကူ ၀ယ်ယူ၍ ရနေသည်။

    Ref : Presstv

  • အီရတ်၏ မူဆိုးလ်တိုက်ပွဲ အရှိန်မြင့်၊ IS က အပြန်းအထန်ခုခံ

    အီရတ်၏ မူဆိုးလ်တိုက်ပွဲ အရှိန်မြင့်၊ IS က အပြန်းအထန်ခုခံ

    အောက်တိုဘာ ၂၂၊ ၂၀၁၆
    M-Media

    iraq-3

    – IS အား ရှင်းလင်းနိုင်ရေးအတွက် ၎င်းတို့၏ နောက်ဆုံးအခြေစိုက်ရာ မူးဆိုးလ်မြို့အား အီရတ်စစ်တပ်မှ ထိုးစစ်ဆင်နေမှုတွင် အဓိက မြို့တစ်ခုဖြစ်သော ဘာရ်တဲလာအား ယနေ့တွင် သိမ်းယူနိုင်ခဲ့ကာ စစ်ဆင်ရေးကို ဆက်လက် အရှိန်မြှင့်နေသည်ဟု သိရသည်။

    မူးဆိုးလ်မြို့အရှေ့ဘက် ၁၅ ကီလိုမီတာအကွာရှိ အဆိုပါဆင်ခြေဖုံးမြို့ကို သိမ်းယူရရှိခဲ့ပြီးနောက် နာရီအနည်းငယ် အကြာတွင်ပင် အီရတ်စစ်တပ်မှာ အရှေ့တောင်ဘက် ဟာမာဒါနီယာခရိုင်အား ထိုစစ်ဆင်မှုကို ထပ်မံပြုလုပ်ခဲ့သည်။

    IS ကလည်း ဗုံးထောင်ခြင်း၊ လက်လုပ်ဗုံးများ၊ အသေခံ ကားဗုံးခွဲသမားများနှင့် အပြင်အထန် ပြန်လည်ခုခံနေပြီး တိုက်ပွဲမှာ အရှိန်မြင့်လာခဲ့သည်။

    အာရုံလွှဲ

    IS မြောက်ပိုင်းရှိ မြို့တစ်မြို့ဖြစ်သော ကီရ်ကွတ်မြို့တွင် အစိုးရအဆောက်အဦးများ၊ ရဲစခန်းများနှင့် ဓာတ်အားပေးစက်ရုံများကို ရိုင်ဖယ်များ၊ အသေခံဗုံးခွဲဝတ်စုံများဖြင့် ယမန်နေ့ကတည်းကစ၍ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် အရပ်သား ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်။

    အီရတ်လုံခြုံရေးတပ်ဖွဲ့များကလည်း ကီရ်ကွတ်တွင် ပြန်လည်တိုက်ခိုက်မှုများ ပြုလုပ်နေပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီဟု သိရသည်။

    အီရတ်တပ်မှူးတစ်ဦးကမူ ထိုတိုက်ခိုက်မှုမှာ မူဆိုးလ်တိုက်ပွဲအား အာရုံစိုက်မှု လျော့ကျစေရန်အတွက် ပြုလုပ်ခြင်းဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    IS ၏ ထိုတိုက်ခိုက်မှုကြောင့် မူဆိုးလ်ထိုးစစ်တွင် ပါဝင်နေသည့် အီရတ်စစ်တပ်တစ်ချို့နှင့် ကာ့ဒ်တပ်ဖွဲ့ဝင်တစ်ချို့ကို ကီရ်ကွတ်သို့ စစ်ကူအဖြစ် လွှတ်ပေးခဲ့ရသည်။

    မူးဆိုလ်တိုက်ပွဲတွင် အီရတ်စစ်တပ်၊ ကာ့ဒ်တပ်ဖွဲ့၊ စွန်နီ လူမျိုးစုတပ်ဖွဲ့၊ ရှီအာပြည်သူ့စစ် စုစုပေါင်း တပ်ဖွဲ့ဝင် ၃၀၀၀၀ ခန့်ပါဝင်ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်များက လေကြောင်းပစ်ကူများ ပေးနေသည်။

    Ref : Aljazeera

  • ဓမ္မအန္တရာယ်ကို ညီညွတ်စွာ တွန်းလှန်နေကြတဲ့ အီရတ်မှ မွတ်စလင်များ (Photo News)

    ဓမ္မအန္တရာယ်ကို ညီညွတ်စွာ တွန်းလှန်နေကြတဲ့ အီရတ်မှ မွတ်စလင်များ (Photo News)

    အောက်တိုဘာ ၂၁၊ ၂၀၁၆
    M-Media
    ms-18
    စွန်နီတပ်ဖွဲ့များ
     
    – အီရတ်နိုင်ငံက IS အကြမ်းဖက်အဖွဲ့ရဲ့ နောက်ဆုံး ခြေကုပ်မြို့ဖြစ်တဲ့ မူဆိုးလ်မြို့ ပြန်လည်ရရှိရေး အီရတ်စစ်တပ်နဲ့ လူမျိုးစုတပ်ဖွဲ့တွေပူးပေါင်းကာ ပြုလုပ်နေတဲ့ စစ်ဆင်ရေးက ဓာတ်ပုံတွေ ဖြစ်ပါတယ်။
     
    အခုသီတင်းပတ်အစောပိုင်းက စတင်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ဒီနေ့ဆိုရင် ၅ ရက်မြောက်လာခဲ့ပြီဖြစ်ပြီး မူဆိုးလ်မြို့ တစ်ဝိုက်က မြို့ငယ်လေးတွေကို သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် စစ်ဆင်ရေးတတိယအဆင့်ဖြစ်တဲ့ နောက်ဆုံး မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေပြီ ဖြစ်ပါတယ်။
     
    အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့တွေရဲ့ အီရတ်ကျူးကျော်စစ်ပွဲကနေ သန္ဓေတည် ပေါက်ဖွားလာတဲ့ IS အကြမ်းဖက်အဖွဲ့ဟာ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်အတွင်းမှာ နိုင်ငံရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ မူဆိုးလ်မြို့အပါအ၀င် နယ်မြေတော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အီရတ်စစ်တပ်က နောက်ပိုင်းမှာ ထိုးစစ်တွေနဲ့ နယ်မြေတွေကို ပြန်ယူရင်း မူဆိုးလ်မြို့ တစ်မြို့တည်းသာ ကျန်တော့တာဖြစ်ပြီး ဒီမြို့ကို ပြန်သိမ်းနိုင်မယ်ဆိုရင်တော့ အီရတ်မြေကနေ IS ကို အပြီးတိုင် သုတ်သင်နိုင်မှာ ဖြစ်ပါတယ်။
    ms-7
    ကာ့ဒ်တပ်ဖွဲ့ဝင်မား မစ်ဆိုင်းပစ်လွှတ်နေပုံ
     
    ဒီအကြမ်းဖက်အဖွဲ့ ပေါ်လာပြီးတဲ့နောက်ပိုင်း ရက်စက်ကြမ်းကြုတ်တဲ့အပြုအမူတွေ ပြုလုပ်ခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေ၊ အသင်းအဖွဲ့တွေက ကြေငြာချက်တွေ မြောက်များစွာထုတ်ပြီး ရှုတ်ချခဲ့ကာ၊ ဒီအဖွဲ့ဟာ ဖောက်ပြန်ရေးအဖွဲ့ဖြစ်တယ်၊ အစ္စလာမ်ရဲ့ သွန်သင်မှုနဲ့လုံးဝဆန့်ကျင်တဲ့ အဖွဲ့ဖြစ်တယ်ဆိုပြီး ဓမ္မသတ်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဆော်ဒီမွဖ်သီချုပ် အဘ်ဒူလ် အဇစ် အစ်ဗနေ့ အဘ်ဒူလာ အလ် ရှိခ်ကဆိုရင် IS အဖွဲ့ဟာအစ္စလာမ့် ဓမ္မအန္တရာယ်ဖြစ်ပြီး တွန်းလှန်ဖို့ မွတ်စလင်တိုင်းမှာ တာဝန်ရှိတယ်လို့ ပြီးခဲ့တဲ့နှစ်က ပြောကြားခဲ့ပါတယ်။
     
    အခု အီရတ်နိုင်ငံက IS ကို အမြစ်ဖြုတ်သုတ်သင်မယ့် ဒီထိုးစစ်မှာ အီရတ်စစ်တပ်နဲ့အတူ အစ္စလာမ်ဘာသာဝင်လူမျိုးစုတပ်ဖွဲ့တွေ ဖြစ်တဲ့ စွန်နီလူမျိုးစုတပ်ဖွဲ့၊ ရှီအာ ပြည်သူ့စစ်၊ ကာ့ဒ်တပ်ဖွဲ့တွေ ပါဝင်ကြပြီး မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ တူရကီ၊ အီရန်တို့ကလည်း ဒီတပ်ဖွဲ့တွေကို ကူညီအားဖြည့်ပေးထားပါတယ်။
     
    စွန်နီ၊ ရှီအာနဲ့ ကာ့ဒ်လူမျိုးစုတွေဟာ နိုင်ငံရေးအရ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အဖုအထစ်တွေ ရှိခဲ့ကြပေမယ့်အစ္စလာမ်သာသနာတော်ရဲ့ ဓမ္မအန္တရာယ်ကို တွန်းလှန်ရာမှာတော့ စည်းလုံးညီညွတ်စွာ ဆောင်ရွက်နေတယ်ဆိုတာ ဒီဓာတ်ပုံတွေက သက်သေပဲ ဖြစ်ပါတယ်။
    Photo Credit – Aljazeera, Press TV
    ms-15
    အီရန်ကျောထောက်နောက်ခံပြု ကာ့ဒ်တပ်ဖွဲ့များ

    ms-20ms-10ms-8ms-3

     

  • အီရတ်စစ်တပ်၏ မူဆိုးလ်ထိုးစစ် အောင်မြင်မှုရနေ

    အီရတ်စစ်တပ်၏ မူဆိုးလ်ထိုးစစ် အောင်မြင်မှုရနေ

    အောက်တိုဘာ ၂၀၊ ၂၀၁၆
    M-Media

    iraq-force

    – IS အကြမ်းဖက်အဖွဲ့၏ နောက်ဆုံးခြေကုပ်စခန်းဖြစ်သော မူဆိုးလ်မြို့အား အီရတ်စစ်တပ်မှ ထိုးစစ်ဆင်မှုမှာ ၃ ရက် လွန်မြောက်လာခဲ့ပြီဖြစ်ပြီး မြို့အနီးအနားရှိ ဒေသများကိုလည်း ပြန်လည်သိမ်းပိုက်ထားနိုင်ကာ ၂၀၀၃ ခုနှစ် အမေရိကန်ဦးဆောင်သည့် ကျူးကျော်တိုက်ခိုက်မှုနောက်ပိုင်း အကြီးမားဆုံးတိုက်ပွဲ ဖြစ်လာမည့် မြို့သိမ်းတိုက်ပွဲမှာ နီးကပ်လာပြီ ဖြစ်သည်။

    IS က ပြုလုပ်ထားသော ထောင်ချောက်များ၊ ဖောက်ခွဲရေးပစ္စည်းများကြောင့် အီရတ်စစ်တပ်၏ ရှေ့ဆက်တိုးမှုမှာ နှေးကွေးနေပြီး ယခုအချိန်အထိ အသေခံဗုံးခွဲသမားများမောင်းလာသော ကား ၅ စီးကို ဖျက်ဆီးခဲ့သည်ဟု စစ်တပ်က ပြောကြားခဲ့သည်။

    ထိုးစစ်ပြုလုပ်ခဲ့သည့် နေ့မှာပင် ရွာ ၉ ရွာကို သိမ်းယူနိုင်ခဲ့ပြီး အများစုမှာ ကာ့ဒ်တပ်ဖွဲ့ Peshmerga ၏ ကြိုးပမ်းအားထုတ်မှုဖြစ်သည်။ လက်ရှိတွင်မူ မူးဆိုးလ်မြို့သို့ ၀င်ရောက်နိုင်မည့် အရှေ့ဘက် ဂိတ်ပေါက်ဝဖြစ်သော ဟမ်ဒါနီယာမြို့အား စစ်တပ်က ၀ိုင်းထားသည်။

    အီရန်က ကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့စစ်အဖွဲ့ဖြစ်သော Popular Mobilization Force ကမူ မိမိတို့အနေဖြင့် မူဆိုးလ်မြို့အနောက်ဖက် တာလ် အာဖာရ်ဒေသို့ ထိုးစစ်ပြုရာတွင် အီရတ်စစ်တပ်အား ပံ့ပိုးသွားမည်ဟု ပြောကြားခဲ့သည်။ ထိုဒေသကို သိမ်းပိုက်နိုင်ပါက IS အဖွဲ့ဝင်များ ဆီးရီးယားသို့ ထွက်ပြေးရာလမ်းကြောင်းကို ပိတ်ပစ်နိုင်မည်ဖြစ်သော်လည်း ပြည်သူများထွက်ပြေးမှုကိုလည်း ဟန့်တားသကဲ့သို့လည်း ဖြစ်နိုင်သည်။

    နိုင်ငံအတွင်း IS အား အမြစ်ဖြုတ်နိုင်မည့် အဆိုပါ ထိုးစစ်ကို အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က လေကြောင်းမှ ပစ်ကူပေးပြီး အီရတ်စစ်တပ်၊ စွန်နီလူမျိုးစု တပ်ဖွဲ့များ၊ ရှီအာ ပြည်သူ့စစ်များနှင့် ကာ့ဒ်တပ်ဖွဲ့တို့ ပူးပေါင်းကာ မြေပြင် တိုက်ခိုက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

    တိုက်ခိုက်မှုများကြောင့် မူဆိုးလ်မြို့တွင် လူသိန်းချီ ပိတ်မိနေပြီး၊ အချို့မှာ စားနိပ်ရိက္ခာများ ပြတ်တောက်တော့မည့်အခြေအနေ ရှိနေသည်။ ကုလကမူ ထို တိုက်ပွဲအတွင်း လူပေါင်း ၁ သန်းခန့် အိုးအိမ်စွန့်ခွာရမည့်အန္တရာယ် ရှိနေသည်ဟု ခန့်မှန်းတွက်ချက်ထားသည်

    Ref: Aljazeera

  • မူဆိုးလ်ထိုးစစ်တွင် အီရတ်စစ်တပ်က ရွာပေါင်း ၂၀ သိမ်းပိုက်ထား

    မူဆိုးလ်ထိုးစစ်တွင် အီရတ်စစ်တပ်က ရွာပေါင်း ၂၀ သိမ်းပိုက်ထား

    အောက်တိုဘာ ၁၈၊ ၂၀၁၆
    M-Media

    ira1

    – IS ၏ ခြေကုပ်မြို့ဖြစ်သော မူဆိုးလ်မြို့အား ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်တွင် ပထမ ၂၄ နာရီအတွင်း ကျေးရွာပေါင်း ၂၀ ခန့်ကို သိမ်းယူနိုင်ခဲ့သည်ဟု အီရတ်စစ်တပ်က ပြောကြားလိုက်သည်။

    အဆိုပါ စစ်ဆင်ရေးကို တနင်္လာနေ့မနက် အစောပိုင်းက စတင်ခဲ့ခြင်ဖြစ်ပြီး အီရတ်စစ်တပ်၊ ကာ့ဒ်တပ်ဖွဲ့များနှင့်အတူ အမေရိကန်ဦးဆောင်သည့် ညွှန့်ပေါင်းတပ်ဖွဲ့များကလည်း လေကြောင်းမှ ကူညီတိုက်ခိုက်ပေးခဲ့သည်။ IS အဖွဲ့ကလည်း တိုက်ခိုက်မှုကို ဟန့်တားရန်နှင့် လေကြောင်းတိုက်ခိုက်မှု မပြုလုပ်နိုင်ရန် ရေနံတွင်းများကို မီးရှို့ကာ မီးခိုးများ ပြန့်နှံ့အောင် ပြုလုပ်ခဲ့သည်။

    ကာ့ဒ်တပ်ဖွဲ့ကမူ မိမိတို့အနေဖြင့် မူဆိုးလ်မြို့အရှေ့ပိုင်း ကီလိုမီတာ ၃၀ အကွာတွင် ထိုးစစ်ကို ခဏ ရပ်တန့်ခဲ့သည်ဟု ပြောကြားခဲ့ပြီး၊ အီရတ်တပ်ဖွဲ့က စစ်ဆင်ရေး၏ နောက်တစ်ဆင့်ကို ဆောင်ရွက်ရန် စီစဉ်နေသည်။ ကာ့ဒ်တပ်ဖွဲ့ဖြစ်သော Peshmerga မှ ကာနယ် ခက်သ်ဟာ ရှိခ်ခန်းကမူ မိမိတို့တပ်ဖွဲ့ဝင်များမှာ ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

    Ref : Aljazeera