News @ M-Media

Tag: Jordan

  • ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအတွက် ဂျော်ဒန်နှင့် ဖင်လန် ပူးပေါင်းဆောင်ရွက်မည်

    ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအတွက် ဂျော်ဒန်နှင့် ဖင်လန် ပူးပေါင်းဆောင်ရွက်မည်

    မေ ၃၊ ၂၀၁၆
    M-Media

    jordan

    – လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးနယ်ပယ်များတွင် မိမိတို့နှင့် ဖင်လန်နိုင်ငံမှာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ်သွားရန် သဘောတူညီခဲ့သည်ဟု ဂျော်ဒန် လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ရာအင်မ် အဘူ ဟာဆန်က ပြောကြားလိုက်သည်။

    ဖင်လန် လူမှုရေးနှင့် ကျန်းမာရေးဝန်ကြီး ဟန်နာ မန်တိုင်လာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ဂျော်ဒန်နိုင်ငံသို့ ၃ ရက်တာ အလည်အပတ် ရောက်ရှိစဉ်အတွင်း ယမန်နေ့က အဘူဟာဆန်နှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ သဘောတူညီခဲ့ခြင်းဖြစ်သည်။

    အဘူဟာဆန်ကမူ မိမိတို့နိုင်ငံသားများနှင့် နိုင်ငံအတွင်းနေထိုင်သော နိုင်ငံခြားသားများအား ပေးအပ်နေသော ၀န်ဆောင်မှုများကို အဆင့်မြှင့်တင်ရေး ထိရောက်ပြီး အရည်အသွေးပြည့်ဝသည့် စီမံကိန်းများကို ဆောင်ရွက်ရန်အတွက် ဖင်လန်အာဏာပိုင်များနှင့် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြုလုပ်သွားရန် ရည်ရွယ်သည်ဟု ပြောကြားခဲ့သည်။

    မန်တိုင်လာ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကလည်း လူမှုဝန်ဆောင်မှုလုပ်ငန်းများ၊ နယ်ပယ်အသီးသီးရှိ အရည်အသွေးပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များ စသည်တို့တွင် ဂျော်ဒန်နိုင်ငံက ဒေသအတွင်း ရှေ့ဆောင်လမ်းပြ ဖြစ်နေမှုအတွက် ချီးကျူးခဲ့သည်။

    Ref: IINA

  • ဘာသာပေါင်းစုံ ချစ်ကြည်ရေး အတွက် ကမ္ဘာတစ်ဝှမ်းမှ လှုပ်ရှားသူများကို ဂျော်ဒန် ဘုရင်က ရွေးချယ်ကာ ဆုချီးမြှင့်

    ဘာသာပေါင်းစုံ ချစ်ကြည်ရေး အတွက် ကမ္ဘာတစ်ဝှမ်းမှ လှုပ်ရှားသူများကို ဂျော်ဒန် ဘုရင်က ရွေးချယ်ကာ ဆုချီးမြှင့်

    ဧပြီ ၂၀၊ ၂၀၁၆
    M-Media

    jordan

    – ၂၀၁၆ ခုနှစ် ကမ္ဘာ့ဘာသာပေါင်းစုံညီညွတ်ရေးသီတင်းပတ် (WIHW) အတွင်း လှုပ်ရှားမှုတွေမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့သူတွေကို ဂျော်ဒန်ဘုရင် အဘ်ဒူလာက ရွေးချယ်ပြီး ဂုဏ်ပြုဆုချီးမြှင့်တဲ့အခမ်းအနားကို အလ်ဟူစိန်နီယာနန်းတော်မှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။

    အဲဒီလို ဆုရွေးချယ်ချီးမြှင့်မယ့် အစီအစဉ်ဟာ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဂျော်ဒန်ဘုရင်က စတင်ခဲ့တဲ့ စီမံကိန်းတစ်ခုနဲ့ ဆက်နွယ်နေပြီး၊ နိုင်ငံတကာမှာ အမျိုးမျိုးသော လှုပ်ရှားဆောင်ရွက်မှုတွေ ပြုလုပ်ကာ ဘာသာပေါင်းစုံလူ့အဖွဲ့အစည်းတွေအကြား နားလည်မှု၊ အသိပညာတိုးပွားမှု ပြန့်နှံ့အောင် ရည်ရွယ်တာဖြစ်ပါတယ်။

    ဘာသာပေါင်းစုံညီညွတ်ရေး သီတင်းပတ်မှာ ပြုလုပ်ခဲ့တဲ့ တစ်ဦးချင်းလှုပ်ရှားမှုအတွက် ပထမဆုကိုတော့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ယူရီကာမြို့ စိန့်အင်နိုးဆန့်အော်သိုဒေါ့ ခရစ်ယာန်ဘုရားကျောင်းတော်က ဘုန်းတော်ကြီး လောရင့် ကလီနီဝါ့က်က ရရှိခဲ့တာဖြစ်ပြီး ဆုရရှိသူများကိုယ်စား ဘုန်းတော်ကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

    အဖွဲ့လိုက်မှာတော့ အနောက်အာဖရိက က ဂမ်ဘီယာနိုင်ငံမှာ အခြေစိုက်တဲ့ Euclid တက္ကသိုလ်က ရရှိခဲ့ပါတယ်။ အဲဒီတက္ကသိုလ်ဟာ ဗဟိုအာဖရိက၊ အီသီယိုးပီးယား၊ ဂမ်ဘီယာ၊ ထရီနီဒတ်နှင့် တိုဘာဂို၊ အမေရိကန် စတဲ့နိုင်ငံတွေမှာ ဘာသာပေါင်းစုံ တွေ့ဆုံဆွေးနွေးမှုတွေကို ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

    ဒုတိယဆုကိုတော့ အဖွဲ့ပေါင်း ၂၃ ဖွဲ့နဲ့ လူထောင်ပေါင်းများစွာပါဝင်ကာ တက်ကြွလှုပ်ရှားမှုပေါင်း ၂၀ ကျော် ဆောင်ရွက်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံက မနီလာမြို့က Uni-Harmony Partners အဖွဲ့က ရရှိခဲ့ပါတယ်။

    ကနေဒါအခြေစိုက် Interfaith Harmony Halifax အဖွဲ့က တတိယဆုကို ရရှိခဲ့ပြီး ဒီအဖွဲ့ဟာ ဟာလီဖက်စ်မြို့မှာ ကြော်ငြာတွေကနေတဆင့် ဘာသာပေါင်းစုံ အသိပညာတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ အပြန်အလှန် ရင်းနှီးမှုရရှိရေး အချက်အလက်မျှဝေတာမျိုးတွေကို လုပ်ဆောင်ခဲ့တာကြောင့် ဘုရင်အဘ်ဒူလာက ချီးမြှင့်တဲ့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

    ဒီဆုကို ဂျော်ဒန် အစ္စလာမ့်အတွေးအခေါ်ဆိုင်ရာ တက္ကသိုလ်တစ်ခုဖြစ်တဲ့ Royal Aal al-Bayt က ချီးမြှင့်တာဖြစ်ပြီး ဘာသာပေါင်းစုံ ချစ်ကျည်ညီညွတ်ရေးကို အထောက်အကူဖြစ်စေတဲ့ လှုပ်ရှားမှု ဒါမှမဟုတ် စာအုပ်စာတမ်းထုတ်ဝေမှု ၃ ခုကို ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။

    Ref: IINA

  • နိုင်ငံတကာ ဆေးဘက်အဖွဲ့တစ်ခုက ဂျော်ဒန်သိပ္ပံပညာရှင်ကို ဂုဏ်ပြု

    နိုင်ငံတကာ ဆေးဘက်အဖွဲ့တစ်ခုက ဂျော်ဒန်သိပ္ပံပညာရှင်ကို ဂုဏ်ပြု

    ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆
    M-Media

    jordan

    – သွားဘက်ဆိုင်ရာ နယ်ပယ်မှာ လက်ဖျားခါလောက်တဲ့ ကူညီမှုတွေ ပြုလုပ်ပေးခဲ့တဲ့ ဂျော်ဒန် သိပ္ပံနှင့် နည်းပညာတက္ကသိုလ် ပါမောက္ခ ဇိုက် အလ်-ဒွာအီရီကို နိုင်ငံတကာ သွားဘက်ဆိုင်ရာအကယ်ဒမီ (ADI) က ဂုဏ်ပြုလိုက်ပြီး အဖွဲ့ဝင်အဖြစ် သတ်မှတ်လိုက်တယ်လို့ သိရပါတယ်။

    သွားဘက်ဆိုင်ရာ မဟာတန်းရဲ့ သင်တန်းမှူးလည်းဖြစ်သူ အလ်-ဒွာအီရီကို ယူအေအီး နိုင်ငံတကာ သွားဘက်ဆိုင်ရာညီလာခံနှင့် အာရပ်သွားဘက်ဆိုင်ရာပြပွဲ (AEEDC) အဖွဲ့ရဲ့ ဒူဘိုင်းမှာ ဒီတစ်ပတ်အတွင်း ကျင်းပခဲ့တဲ့ အကြိမ် ၂၀ မြောက် တွေ့ဆုံပွဲမှာ ဒီလို အသိအမှတ်ပြု ဂုဏ်ပြုလိုက်တာ ဖြစ်ပါတယ်။

    ADI ဟာ ကမ္ဘာတစ်ဝှမ်းက ထိပ်တန်း သွားဘက်ဆိုင်ရာ ပညာရှင်တွေ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူသားတွေရဲ့ ဘ၀အရည်အသွေး တိုးတက်စေဖို့နဲ့ သွားဘက်ဆိုင်ရာ ကျန်းမာရေးလိုအပ်ချက်တွေနဲ့ပက်သက်တဲ့ အသိပညာတွေ မျှဝေပေးနေတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ ဂုဏ်ပြုချီးမြှင့်တဲ့ အစီအစဉ်ကနေတစ်ဆင့် အကယ်ဒမီအဖွဲ့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုဖြစ်စေမယ့် ၀န်ဆောင်မှုအခွင့်အလမ်းတွေကို ဖော်ဆောင်ပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    အကယ်ဒမီအဖွဲ့မှ အဖွဲ့ဝင်အဖြစ် သတ်မှတ်မှုမှာ အမည်စာရင်းတင်သွင်းခံရသူများအနေဖြင့် အမှန်တကယ် အရည်အချင်းပြည့်မှီမှုကို အခြေခံပြီး သွားဘက်ဆိုင်ရာနယ်ပင်မှာ ထင်ရှားတဲ့ အသိအမှတ်ပြုမှုလည်း ဖြစ်ပါတယ်။

    ADI မှာ သွားဘက်ဆိုင်ရာ အရည်အချင်းပြည့်မီသူ အမြောက်အများ ပါဝင်ပြီး ၎င်းတို့အနေဖြင့် မိမိတတ်ကျွမ်းထားသည်များကို ပြန်လည်မျှဝေပေးဆပ်လိုစိတ်ရှိသူများသာ ဖြစ်ကြပါတယ်။ ဒါ့ကြောင့် ADI အဖွဲ့ဝင်ဖြစ်ခြင်းဟာ မိမိကိုယ်တိုင်ထက် အခြားသူများကို ပေးဆပ်လိုစိတ်မြင့်မားတဲ့ အရည်အချင်းရှိနေတယ်လို့ မှတ်ယူနိုင်ပါတယ်။

    အဖွဲ့ဝင်ဖြစ်မှုကို ခိုင်မာစေဖို့အတွက် အမည်စာရင်းတင်သွင်းခံရသူ တစ်ဦးချင်းကို အကယ်ဒမီအဖွဲ့ဝင်အဖြစ် လက်ခံရေးကော်မတီကနေ လေ့လာသုံးသပ်အကဲဖြတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

    Ref: IINA

  • ဂျော်ဒန်ရဲတပ်ဖွဲ့ လေ့ကျင်ရေးစင်တာတွင် ပစ်ခတ်မှုဖြစ်ပွား

    ဂျော်ဒန်ရဲတပ်ဖွဲ့ လေ့ကျင်ရေးစင်တာတွင် ပစ်ခတ်မှုဖြစ်ပွား

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    jordan

    – ဂျော်ဒန်ရဲတပ်ဖွဲ့မှ ဗိုလ်ကြီးတစ်ဦးမှာ မြို့တော် အမ်နန်ရှိ ရဲတပ်ဖွဲ့ လေ့ကျင့်ရေးစခန်းတစ်ခုတွင် အမေရိကန်နှင့် တောင်အာဖရိကတို့မှ လေ့ကျင့်ရေးသင်တန်းဆရာ ၃ ဦးအား ယမန်နေ့က သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု သိရသည်။

    အမေရိကန်မှ ၂ ဦးဖြစ်ပြီး ၎င်းတို့ ၃ ဦးစလုံးမှာ ဂျော်ဒန်ရဲတပ်ဖွဲ့အတွက် စာချုပ်နှင့် လာရောက် လေ့ကျင့်ပေးနေသူများ ဖြစ်သည်။ ထို့ပြင် ထိုပစ်ခတ်မှုအတွင်း ဂျော်ဒန် ရဲတပ်ဖွဲ့ဝင် ၂ ဦးလည်း သေဆုံးခဲ့သည်။ သေနတ်ဖြင့် ပစ်သူကို ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ပြန်လည် ပစ်သတ်ခဲ့သည်။

    အမေရိကန်သမ္မတ ဘာရက်အိုဘားမားကမူ ထိုအဖြစ်အပျက်အတွက် ပြည့်ဝသည့် စုံစမ်းစစ်ဆေးမှုကို ပြုလုပ်သွားမည်ဖြစ်ပြီး အမေရိကန်မှာ ဂျော်ဒန်အစိုးရနှင့် အနီးကပ် ဆောင်ရွက်မှုများကို ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အစ္စရေး၏ ချိုးဖောက်မှုများကြောင့် ငြိမ်းချမ်းရေးစာချုပ်ကို ပယ်ဖျက်ရန် ဂျော်ဒန်ပြည်သူများ တောင်းဆို

    အစ္စရေး၏ ချိုးဖောက်မှုများကြောင့် ငြိမ်းချမ်းရေးစာချုပ်ကို ပယ်ဖျက်ရန် ဂျော်ဒန်ပြည်သူများ တောင်းဆို

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    jordan

    – ဂျေရုစလင်ရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်နှင့် ပတ်သက်သည့် သဘောတူညီချက်များကို အစ္စရေးက ချိုးဖောက်သည့် အတွက်ကြောင့် အစ္စရေးနှင့် ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေးစာချုပ်ကို ဖျက်သိမ်းပစ်ရန် ဂျော်ဒန်အစိုးရအား ပြည်သူထောင်ပေါင်းများစွာက ဆန္ဒပြ တောင်းဆိုခဲ့ကြခဲ့သည်။

    ယမန်နေ့က မြို့ပေါင်းများစွာ၌ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး မြို့တော် အမ်နန်တွင် ပြုလုပ်သည့် ဆန္ဒပြမှုတွင် လူပေါင်း ၅၀၀၀ ၀န်းကျင်ခန့် ပါဝင်ခဲ့သည်။

    “ဂျော်ဒန်မြေမှာ ဇီယွန် သံရုံးအလိုမရှိ” ဟု ဆန္ဒပြသူများက ကျွေးကြော်ခဲ့ကြသည်။

    ၁၉၉၄ ခုနှစ်က ချုပ်ဆိုခဲ့သော ဂျော်ဒန်-အစ္စရေး ငြိမ်းချမ်းရေးစာချုပ်ကို ဖျက်သိမ်းရန် တောင်းဆိုမှုမှာ ဂျေရုစလင်တွင် ပါလက်စတိုင်းများအပေါ် အစ္စရေးက ကျူးလွန်မှုများအတွက် တုန့်ပြန်ခြင်းဖြစ်သည်ဟု ဆန္ဒပြသူများ၏ ဆိုင်းဘုတ်တစ်ချို့တွင် ဖော်ပြထားသည်။

    “ဒီမြေက ငါတို့မြေ။ ဂျေရုစလင်က ငါ့တို့ဟာ။ ဘုရားသခင်က ငါတို့နဲ့အတူ ရှိနေတယ်” ဟု အခြား ဆိုင်းဘုတ်တစ်ခုတွင် ရေးသားထားသည်။

    ဂျော်ဒန်မှာ မွတ်စလင်တို့၏ တတိမြောက် အမြင့်မြတ်ဆုံးနေရာဌာနဖြစ်သော ဂျေရုစလင်မှ အလ်-ကက်ဆွာ ပရ၀ုဏ်ကို ထိန်းသိန်းစောင့်ရှောက်ခွင့် ရရှိထားသည့် နိုင်ငံလည်းဖြစ်သည်။

    ပြီးခဲ့သည့်လက အလ်-အက်ဆွာဗလီဝတ်ကျောင်းတော်အတွင်းသို့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဂျူးအစွန်းရောက်များ စီးနင်းဝင်ရောက်ကာ ပါလက်စတိုင်းဝတ်ပြုသူများကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်း ပိုင်နက်များတွင် မတည်မငြိမ်မှုများ ဖြစ်လာခဲ့သည်။

    အစ္စရေးကလည်း ပါလက်စတိုင်းဆန္ဒပြသူများ၊ ဓားဖြင့်တိုက်ခိုက်သူများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပြီး လက်ရှိအချိန်အထိ အစ္စရေးမှ ပစ်သတ်ခဲ့သည့် ပါလက်စတိုင်းအရေအတွက်မှာ ၃၀ ကျော်လာပြီဖြစ်သည်။ သေဆုံးသူများထဲတွင် ဓားဖြင့်တိုက်ခိုက်သူဟု သံသယရှိသူများ၊ ဆန္ဒပြသူများနှင့် ဘေးတွင် ရပ်ကြည့်နေသူများလည်း ပါဝင်ခဲ့သည်။

    ဂျော်ဒန်ဘုရင် အဘ်ဒူလာ ၂ က အလ်-အက်ဆွာဗလီဝတ်ကျောင်းတော်အတွင်း ရုန်းရင်းဆန်ခတ်ဖြစ်မှုများမှာ ဆိုးရွားသည့် နောက်ဆက်တွဲအဖြစ်အပျက်များကို ဖြစ်စေနိုင်သည်ဟု ပြီးခဲ့သည့်လက သတိပေးခဲ့ပြီး ဂျေရုစလင်သို့ မည်သည့် ကျူးကျာ်ဝင်ရောက်မှုမျိုးမဆို ဂျော်ဒန်နှင့်အစ္စရေးတို့အကြား ဆက်ဆံရေးကို ပျက်ဆီးစေနိုင်သည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကလည်း အစ္စရေးက ထိုကဲ့သို့ ကျူးကျော်ဝင်ရောက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဂျော်ဒန်မှာ ၎င်းတို့၏ သံတမန်ကို အစ္စရေးမှ ပြန်လည်ခေါ်ယူခဲ့သည်။ ယခုအခြေအနေကိုလည်း စောင့်ကြည့်နေကာ အစ္စရေး၏ ကျူးကျော်မှုအတွက် တရားရေးနှင့် သံတမန်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်သွားရန်ရှိနေသည်ဟု ဂျော်ဒန်က ပြောကြားထားသည်။

    Ref: Aljazeera