News @ M-Media

Tag: Jordan

  • လူ့ခွင့်အရေးချိုးဖောက်မှုဖြင့် ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်များအား ဂျော်ဒန်ဘုရင် ထုတ်ပယ်

    လူ့ခွင့်အရေးချိုးဖောက်မှုဖြင့် ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်များအား ဂျော်ဒန်ဘုရင် ထုတ်ပယ်

    မေ ၁၈၊ ၂၀၁၅
    M-Media

    – အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများရှိကာ နိုင်ငံတောင်ပိုင်းရှိ ဆန္ဒပြသူများအား နှိမ်နင်းရာတွင်လည်း ကိုင်တွယ်မှု အမှားများ ရှိသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ပြည်ထဲရေးဝန်ကြီးက နှုတ်ထွက်စာတင်ခြင်းကို ဂျော်ဒင်ဘုရင် အဗ်ဒူလာဟ်က လက်ခံလိုက်ပြီဟု သိရသည်။

    နှုတ်ထွက်သွားခဲ့သည့် ပြည်ထဲရေး ၀န်ကြီးမှာ ဟူစိန် အလ် မာဂျာလီဆိုသူဖြစ်ပြီး၊ နိုင်ငံ၏ ရဲတပ်ဖွဲ့အကြီးအကဲ ၂ ဦးကိုလည်း ဘုရင်ကြီးက ရာထူးမှ ထုတ်ပယ်ခဲ့သည်။

    မာဂျီလီနှင့် ၎င်းလက်အောက်ရှိ ရဲတပ်ဖွဲ့မှာ နိုင်ငံတောင်ပိုင်း မာအန်မြို့ရှိ လူမျိုးစုများ ဆန္ဒပြမှုကို နှိပ်နင်းရာတွင် မတရားအင်အားသုံးမှုများ၊ ဖမ်းဆီးခံရသူများကို စစ်ကြောရာတွင် သေသည်အထိ ငြှင်းပန်းနှိပ်စက်မှုများ ရှိခဲ့ပြီး ပြည်သူများ၏ ဒေါသထွက်မှုကို ခံခဲ့ရသည်။ မာဂျီလီနှုတ်ထွက်မှုကို ဘုရင်ကြီးက လက်ခံလိုက်သည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် မာအန်ရှိ ပြည်သူများမှာ အောင်ပွဲခံခဲ့ကြသည်။

    ဂျော်ဒန်ပြည်သူများအကြား မငြိမ်သက်မှုများမှာ အဖြစ်နည်းသော်လည်း ပြီးခဲ့သည့် နှစ်များအတွင်း မာအန်မြို့တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားခဲ့သည်။

    ယခုလအစောပိုင်းက နိုင်ငံအနောက်ပိုင်း လူမျိုးစုများထဲမှ ထင်ရှားသော အဖွဲ့ဝင်တစ်ဦးကို ရဲတပ်ဖွဲ့က မူးယစ်မှုဖြင့် ဖမ်းဆီးကာ သေသည်အထိ ရိုက်နှက်ခဲ့သည်ဟု စပ်စွဲခံခဲ့ရပြီးနောက် ရဲတပ်ဖွဲ့၏ ညှင်းပန်းနှိပ်စက်မှု စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့ပြီး အာဏာပိုင်များအား ပြည်သူများက လက်စားချေသွားမည်ဟု ခြိမ်းခြောက်မှုအထိ ဖြစ်လာခဲ့သည်။ ဂျော်ဒန်အာဏာပိုင်များမှာ
    လူမျိုးစုများ၏ အရေးကို အမြဲတမ်း အလေးထားကိုင်တွယ်လေ့ရှိသည်။

    Ref: Reuters

  • ရုရှား၏ အကူအညီဖြင့် ဂျော်ဒန်တွင် နျူးဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

    ရုရှား၏ အကူအညီဖြင့် ဂျော်ဒန်တွင် နျူးဓာတ်အားပေးစက်ရုံ တည်ဆောက်မည်

    မတ် ၂၅၊ ၂၀၁၅
    M-Media

    f7cd575271474d3f83f0fbba338d55a0_18

    – နိုင်ငံအတွင်း ပထမဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရန်အတွက် ကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်တစ်ခုကို ဂျော်ဒန်နိုင်ငံက ရုရှားနှင့် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ဂျော်ဒန်နိုင်ငံ မြို့တော် အမ်နန်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး လုံလောက်သောစွမ်းအင် ရရှိရန် ရုန်းကန်နေရကာ ဒေသတွင်းမှ စွမ်းအင်တင်သွင်းမှု လျော့ကျနေသည့် ဂျော်ဒန်နိုင်ငံအတွက် စွမ်းအင်ရရှိရေး ကြိုးပမ်းမှုလည်း ဖြစ်သည်။

    ဂျော်ဒန်နိုင်ငံမှာ ၎င်း၏ လျှင်စစ်ဓာတ်အား လိုအပ်ချက်၏ ၉၆ ရာခိုင်နှုန်းကို ဒေသတွင်းနိုင်ငံများမှ တင်သွင်းနေရပြီး ရုရှားအစိုးရပိုင် Rosatom ကုမ္ပဏီနှင့် ယခု သဘောတူညီချက်အရ နိုင်ငံမြောက်ပိုင်းတွင် ၁၀၀၀ မီဂါဝပ်စီ ဓာတ်အားထုတ်လုပ်နိုင်မည့် ဓာတ်ပေါင်းဖို ၂ လုံးကို တည်ဆောက်သွားမည်ဖြစ်သည်။

    အီရတ်နှင့် အီဂျစ်ရှိ ဆိုင်းနိုင်းကျွန်းဆွယ်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများက ကိစ္စရပ်အများအပြားကို ခြိမ်းခြောက်နေပြီး ဂျော်ဒန်နိုင်ငံ၏ လျှပ်စစ်ဓာတ်အား အထောက်အပံ့များကို လုံးဝ ပြတ်တောက်သွားစေနိုင်သည်။

    အဆိုပါ နျူကလီးယား ဓာတ်အားပေးစက်ရုံကို ၂၀၂၂ ခုနှစ်တွင် ပြီးစီးရန် စီစဉ်ထားပြီး၊ ထိုဓာတ်ပေါင်းဖိုတွင် အသုံးပြုရန် လောင်စာအတွက် ဂျော်ဒန်ရှိ ယူရေနီယံမိုင်းတွင်းမှ ရရှိရန် မျှော်လင့်နေသည်။

    “ခင်ဗျားတို့သိတဲ့အတိုင်းပဲ ကျွန်တော်တို့ဟာ အီရတ်က ရေနံကို ဆုံးရှုံးနေပြီး အီဂျစ်က သဘာဝဓာတ်ငွေ့ကိုလည်း ဆုံးရှုံးနေပါတယ်။ ပြီးတော့ နိုင်ငံက တစ်နှစ်ကို ဒေါ်လာ ၃ ဘီလီယံလောက် အလဟာသ ဆုံးရှုံးနေပါတယ်။ နျူကလီးယားစွမ်းအင်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့အပေါ် လုံးဝ မှီခိုနေရတာတွေကို တစ်ဖြည်းဖြည်းလျှော့ချဖို့ သေချာတဲ့ အဖြေတွေထဲက တစ်ခုပါပဲ။ ကုန်ကြမ်းကတော့ ဂျော်ဒန်ကနေပဲ ရမယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်” ဟု ဂျော်ဒန်နျူကလီးယားစွမ်းအင် ကော်မရှင် အကြီးအကဲ ခါလစ် တူကန်က ပြောကြားခဲ့သည်။

    ထို့ပြင် နိုင်ငံအတွင်း ယူရေနီယမ်သတ္တုရှိသည့်နေရာကို ၂၀၀၇ ခုနှစ်က စတင် တွေ့ခဲ့ရသော်လည်း ယခုအချိန်အထိ တူးဖော်ထုတ်လုပ်မှု မပြုရေသေးဟု ၎င်းက ဆိုသည်။

    Ref: Aljazeera

  • IS ကိုလက်စားချေသည့်အနေဖြင့် အကြမ်းဖက်မှုဖြင့် သေဒဏ်ကျခံနေရသူနှစ်ဦးကို ဂျော်ဒန်ကွပ်မျက်

    IS ကိုလက်စားချေသည့်အနေဖြင့် အကြမ်းဖက်မှုဖြင့် သေဒဏ်ကျခံနေရသူနှစ်ဦးကို ဂျော်ဒန်ကွပ်မျက်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၅
    M-Media

    JORDAN TERRORISM

    – မိမိတို့၏ လေယာဉ်မှူအား IS က အရှင်လတ်လတ် မီးရှို့သက်ဖြတ်မှုကို လက်စားချေသည့်အနေဖြင့် အကြမ်းဖက်လုပ်ရပ်များဖြင့် သေဒဏ်ကျခံနေရသည့် အကျဉ်းသား ၂ ဦးကို ဂျော်ဒန်က ကွပ်မျက်လိုက်သည်ဟု သိရသည်။

    ကွပ်မျက်လိုက်သူများမှာ IS က စောစောပိုင်းတွင် အကျဉ်းသားလဲလှယ်ရန် တောင်းဆိုခဲ့သည့် အလ်ကိုင်းဒါးအဖွဲ့အ၀င် အီရတ်မှ အမျိုးသမီး ဆာဂျေဒါ အလ်-ရီရှာဝီနှင့် အလ်ကိုင်ဒါး အကြီးတန်းအဖွဲ့ဝင် ဇိုက်ဒ် အလ်-ကာဘိုလီတို့ ဖြစ်ပြီး ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့နံနက်က ကြိုးပေးခဲ့ခြင်းဖြစ်သည်။

    ထိုကွပ်မျက်မှုကို မြို့တော် အန်မန်တောင်ဘက်ရှိ ဆွာကွာ အကျဉ်းထောင်တွင် အစ္စလာမ့်တရားရေး လူကြီးများရှေ့မှောက်၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု လုံခြုံရေးသတင်းရင်းမြစ်များက ပြောကြားခဲ့သည်။

    ဆာဂျေဒါမှာ လူ ၆၀ သေဆုံးခဲ့သော ၂၀၀၅ ခုနှစ် ဗုံးဖောက်ခွဲမှုအတွက် သေဒဏ်ကျခံနေရသူဖြစ်ပြီး ကာဘိုလီကမူ ဂျော်ဒန်နိုင်ငံသားတစ်ဦးကို သတ်ဖြတ်မှု အပါအ၀င် အကြမ်းဖက်မှု စွဲချက်များဖြင့် ၂၀၀၇ ခုနှစ်တွင် သေဒဏ်ချခံရသူဖြစ်သည်။

    အသက် ၂၆ နှစ်အရွယ်ရှိ ဂျော်ဒန်လေယာဉ်မှူး မိုအာဇ် အလ်-ကာဆက်ဘာဟ် လှောင်အိမ်ထဲတွင် မီးလောင်နေသည့်ပုံအား ယမန်နေ့တွင် IS က ထုတ်ပြန်ခဲ့ပြီးနောက် ဂျော်ဒန်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး၊ အဆုံးစွန်ဆုံး လက်စားချေသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: aljazeera

  • ယာဉ်ထိန်းရဲ ဖြစ်ချင်သည့် ကင်ဆာရောဂါသည် ကလေး ၂ ဦး ဆန္ဒ ဂျော်ဒန် အစိုးရ ဖြည့်ဆည်းပေး

    ယာဉ်ထိန်းရဲ ဖြစ်ချင်သည့် ကင်ဆာရောဂါသည် ကလေး ၂ ဦး ဆန္ဒ ဂျော်ဒန် အစိုးရ ဖြည့်ဆည်းပေး

    အောက်တိုဘာ ၁၉ ၊ ၂၀၁၄
    M-Media
    8eb41c2d-d8bf-413c-a718-f0ef5aeea3fe_16x9_600x338
    – ကင်ဆာရောဂါသည် ကလေးနှစ်ဦး၏ အိပ်မက်ဖြစ်သည့် ယာဉ်ထိန်းရဲအရာရှိ ဖြစ်ချင်သည့် အိပ်မက်အား ဂျော်ဒန်အစိုးရက ဖြည့်ဆည်းပေးခဲ့သည်ဟု သိရသည်။

    သွေး ကင်ဆာရောဂါကို ခံစားနေရသည့် အသက် ၈ နှစ်အရွယ် ယာဇန်ဟူစိန်နှင့် ၇ နှစ်အရွယ် ကာရီမန် အလဂ်မဟ်ဆိုသည့် ကလေး ၂ ဦးမှာ တစ်နေ့တွင် ဂျော်ဒန်ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ ၀င်ရောက်ကာ မြို့တော်အမ်နန်တွင် တာဝန် ထမ်းဆောင်ချင်သည့် အိမ်မက်များရှိနေခဲ့သည်။

    ထို့ကြောင့် ၎င်းတို့၏ဆန္ဒအား ဘုရင်ဟူစိန် ကင်ဆာဖောင်ဒေးရှင်း KHCF က အစိုးရနှင့် ပူးပေါင်း၍ ဖြည့်ဆည်းပေးခဲ့ခြင်းဖြစ်သည်။

    “ကားမတော်တဆမှုတွေ မဖြစ်ရအောင် ကူညီပေးနိုင်ခဲ့တာကြောင့် လမ်းပြရဲအရာရှိ ဖြစ်ရတာကို ကျွန်တော် အရမ်းပျော်ပါတယ်” ဟု ယာဇန်က Jordan Times သတင်းစာသို့ ပြောကြားခဲ့သည်။

    KHCF ကင်ဆာဖောင်ဒေးရှင်းမှာ အသက် ၁၈ နှစ်နှင့်အောက် ကင်ဆာရောဂါသည် လူငယ်များ၏ ဆန္ဒများကို ဖြည့်ဆည်းပေးရန် “Dreams Come True” အစီအစဉ်တစ်ခုကို ဖော်ဆောင်ပေးထားသည်။

    ထိုအစီအစဉ်တွင် ကင်ဆာရောဂါသည်များအတွက် မွေးနေ့ပွဲများ ပြုလုပ်ပေးခြင်း၊ ရောဂါကျွမ်းနေသော လူနာများ၏ နောက်ဆုံးဆန္ဒများအား ဖြည့်ဆည်းပေးခြင်း၊ နွမ်းပါးသော လူနာများ၊ နောက်ဆုံးအဆင့် ကုသမှုခံယူနေရသော လူနာများ၏ ဆန္ဒများအား ဖြည့်ဆည်းပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးသည်။

    အဆိုပါ အစီအစဉ်ကို ၂၀၀၆ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ကင်ဆာရောဂါသည်များ၏ စိတ်ဓာတ်များကို မြှင့်တင်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု KHCF က ၎င်းတို့၏ ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

    ref_ Al Arabiya News

  • ဂျော်ဒန် တရားသူကြီး တစ်ဦးအား အစ္စရေးက ပစ်သတ်မှု အစ္စရေးသံရုံး ပိတ်ပစ်ရန် ဂျော်ဒန်ပြည်သူများ ဆန္ဒပြ

    မတ် ၂၉ ၊ ၂၀၁၄
    M-Media

    – ဂျော်ဒန်တရားသူကြီးတစ်ဦးအား အစ္စရေးစစ်တပ်မှ ယခုလအစောပိုင်းတွင် ပစ်သတ်ခဲ့ပြီး၊ ထိုကျူးလွန်မှုအား တုံ့ပြန်သည့်အနေဖြင့် အမ်နန်ရှိ အစ္စရေးသံရုံးအား ပိတ်ပစ်ရန် ဂျော်ဒန်ပြည်သူများက ယမန်နေ့တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    000_Nic6306089-635x339

    ယမန်နေ့ သောကြာဝတ်ပြုမှုအပြီးတွင် ထောင်ပေါင်းများစွာသော ဂျော်ဒန်ပြည်သူများမှာ မြို့တော် အမ်နန်တွင် ဆန္ဒပြခဲ့ကြပြီး အစ္စရေးသံအမတ်အား တိုင်းပြည်မှ မောင်းထုတ်ရန် တောင်းဆိုခဲ့ကြသည်။ ထို့ပြင် ၁၉၉၄ ခုနှစ်က အစ္စရေးနှင့်ချုပ်ဆိုထားသော ငြိမ်းချမ်ရေး သဘောတူညီချက်ကိုလည်း ဖျက်သိမ်းပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

    အစ္စရေးက ပိတ်ဆို့ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် မတ်လ ၁၀ ရက်နေ့က အသက် ၃၈ နှစ်အရွယ်ရှိ ဂျော်ဒန်တရားသူကြီး ရာအစ် ဇေတာကို အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့သည်။ ထိုသတ်ဖြတ်မှုမှာ ဆိုးရွားသောရာဇ၀တ်မှုတစ်ခုဖြစ်ပြီး အစ္စရေးအစိုးရတွင် လုံးဝတာဝန် ရှိသည်ဟု ဂျော်ဒန် ၀န်ကြီးချုပ် အက်ဘ်ဒူလာ အန်ဆောရ်က ပြောကြားခဲ့သည်။

    “အစ္စရေးဘက်က တရားဝင်တောင်းပန်ဖို့ ဂျော်ဒန်က ဖိအားပေးထားပါတယ်။ ဒီပစ်ခတ်မှုအတွက် အသေးစိတ်စုံစမ်းမှုတွေမှာလည်း ဂျော်ဒန်က တစ်စိတ်တစ်ပိုင်း ပါဝင်နေပါတယ်” ဟု အန်ဆောရ်က ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တစ်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါတရားသူကြီးမှာ အစ္စရေးစစ်သား၏ လက်နက်ကို လုခြင်းကြောင့် ပစ်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးအာဏာပိုင်များက ကာကွယ်ပြောကြားခဲ့သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကမူ ထိုသေဆုံးမှုအပေါ် စိတ်မကောင်းဖြစ်မိသည်ဟု နောက်ပိုင်းတွင်ပြောကြားခဲ့သည်။

    အစ္စရေးစစ်တပ်က တရားသူကြီးအား အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ရာမာလာရှိ ပါလက်စတိုင်းအာဏာပိုင်များက ပြောကြားခဲ့ပြီး၊ ထိုသတ်ဖြတ်မှုကိုလည်း ရှုတ်ချခဲ့သည်။
    DB/HSN/HRB