News @ M-Media

Tag: Lebanon

  • လက်ဘနွန်နှင့် ဆီးရီးယားမြေများကို အစ္စရေးက ခိုးယူသိမ်းပိုက်နေ

    နို၀င်ဘာ ၁၇၊ ၂၀၂၅

    M-Media 

    ဆီးရီးယားနဲ့ လက်ဘနွန်က နယ်မြေတွေကို အစ္စရေးက နည်းလမ်းမျိုးစုံနဲ့ ခိုးယူသိမ်းပိုက်နေကြောင်း ကုလနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။ 

    လက်ဘနွန်နဲ့ အစ္စရေးစပ်ကြားမှာရှိတဲ့ အပြာရောင်နယ်ခြားစည်းတစ်လျှောက် လက်ဘနွန်ပိုင်နက်တွေမှာ အစ္စရေးစစ်တပ်က နံရံတွေကာနေပါတယ်။ ဒီလုပ်ရပ်ကြောင့် လက်ဘနွန်ပိုင်နက် နယ်မြေ ၄၀၀၀ စကွဲယာမီတာလောက် ဆုံးရှုံးခဲ့တယ်လို့ နယ်စပ်မှာ စောင့်ကြပ်နေတဲ့ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ 

    စစ်အင်အားမရှိတဲ့ လက်ဘနွန်ကတော့ ဒီကိစ္စကို ကုလထံ တိုင်ကြားဖို့ စီစဥ်နေပါတယ်။ အစ္စရေးက ဒီပြောဆိုချက်တွေကို ငြင်းဆိုထားပါတယ်။ 

    ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းက ကူနိတ္တရာမြို့ကိုလည်း အစ္စရေးစစ်တပ်က နို၀င်ဘာ ၁၆ ရက်နေ့မှာ ကျူးကျော်ကာ ၀င်ရောက်စီးနင်းခဲ့ပြီး အရပ်ဖက်အဆောက်အဦးတွေကို ဖျက်ဆီးခဲ့ပါတယ်။ 

    ဆီးရီးယားအနောက်တောင်ပိုင်းက လူနေအိမ်တွေ၊ လယ်ယာမြေတွေကို၊ သစ်တောတွေ၊ အရပ်ဖက် အဆောက်အဦးတွေကို အစ္စရေးက ဖျက်ဆီးတာတွေ တိုးမြှင့်လုပ်ဆောင်ကာ ဆီးရီးယားနယ်မြေအတွင်း စစ်ဆေးရးဂိတ် အများအပြားကိုလည်း တည်ဆောက်နေပါတယ်။ 

    ဒါဟာ ပါလက်စတိုင်းနယ်မြေတွေကို ကျူးကျော်သိမ်းပိုက်တဲ့ အစီအစဥ်အတိုင်း ဆောင်ရွက်တာဖြစ်ပါတယ်။ 

    ၂၀၂၄ ခုနှစ် ဒီဇင်ဘာနောက်ပိုင်း ဆီးရီးယားကို အစ္စရေးက အကြိမ်းပေါင်း ၁၀၀၀ ကျော် ကျူးကျော်တိုက်ခိုက်ထားပါတယ်။ 

    Ref: Middle East Monitor, Middle East Eyes 

    (ဓာတ်ပုံ- လက်ဘနွန်ပိုင်နက်အတွင်း ကျူးကျော်တည်ဆောက်ထားသည့် တံတိုင်းများ)

  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဒီဇင်ဘာ ၁)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (ဒီဇင်ဘာ ၁)

    M-Media

    (ဓာတ်ပုံ – ပေါင်မုန့်၀ယ်ရန် စောင့်ဆိုင်းနေကြသည့် ဂါဇာမှ လူအုပ်)

    အကူအညီပေးရေးအဖွဲ့များကို အစ္စရေးက ပစ်မှတ်ထားတိုက်ခိုက်
    ——————-
    စစ်ဘေးရှောင် ပါလက်စတိုင်းတွေကို စားစရာ ကူညီထောက်ပံ့ပေးနေတဲ့ အကူအညီပေးရေးအဖွဲ့ Gaza Soup Kitchen အကြီးအကဲ မဟ်မူဒ် အလ်မဒ်ဟွန်ကို အစ္စရေးက စနေနေ့မှာ ဒုံးကျည်နဲ့ ပစ်ခတ်သတ်ဖြတ်လိုက်ပါတယ်။ ဂါဇာတောင်ပိုင်း ခန်ယူနစ်မှာ အကူအညီစောင့်နေတဲ့ ပါလက်စတိုင်းလူအုပ်ကို အစ္စရေးက တိုက်ခိုက်လို့ ၁၂ ဦး သေဆုံးပြီး၊ အကူအညီပေးရေးအဖွဲ့ World Central Kitchen က ၀န်ထမ်း ၃ ဦးလည်း အသတ်ခံခဲ့ရပါတယ်။ Save the Children ၀န်ထမ်းတစ်ဦးဖြစ်တဲ့ အဟ်မဒ် ဖိုင်ဆဲလ် အစ္စလီမ်းဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပါတယ်။ ဂါဇာမှာ တစ်နှစ်ကျော်အတွင်း အစ္စရေးက သတ်ဖြတ်ထားတဲ့ အကူအညီပေးရေး၀န်ထမ်း ၃၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။

    ဂျာဘာလီယာက အစ္စရေးရဲ့ လူသတ်ပွဲ
    —————-
    ဂါဇာကမ်းမြှောင်က ဂျာဘာလီယာ ဒုက္ခသည်စခန်းကို စနေနေ့ကစတင်ကာ အစ္စရေးက လေကြောင်းကနေ အကြီးအကျယ် အကြမ်းဖက်တိုက်ခိုက်မှု လုပ်ဆောင်နေပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအ၀င် အနည်းဆုံး လူ ၄၀ သေဆုံးထားပါတယ်။ အပျက်အဆီးတွေအောက်မှာ ပိတ်မိနေသူ အမြောက်အများ ရှိနေပြီး တိုက်ခိုက်မှုတွေ ဆက်လုပ်နေတာကြောင့် ကယ်ဆယ်လို့ မရသေးဘူးလို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ အစ္စရေးဟာ ဂျာဘာလီယာ ဒုက္ခသည်စခန်းကို အရင်ကလည်း အကြိမ်ကြိမ် အကြမ်းဖက် တိုက်ခိုက်ဖူးပါတယ်။ ဂါဇာမှာ နို၀င်ဘာ ၃၀ ရက်နေ့ တစ်ရက်တည်း အစ္စရေးရဲ့ သတ်ဖြတ်မှုကို ခံရသူ အနည်းဆုံး ၁၀၀ လောက် ရှိနေပါတယ်။

    လက်ဘနွန်စစ်ရှောင်များ တဖွဲဖွဲပြန်လာနေ
    ———
    အစ္စရေးရဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ လက်ဘနွန်တောင်ပိုင်းက ပြည်သူတွေဟာ အပစ်ရပ်တဲ့ နို၀င်ဘာ ၂၇ ရက်နေ့က စတင်ကာ ဇာတိရပ်ရွာကို ပြန်လာနေကြပါတယ်။ အစ္စရေးဟာ လက်ဘနွန်မှာ တစ်နှစ်ကျော်အတွင်း လူ ၃၀၀၀ ကျော်ကို သတ်ဖြတ်ထားပြီး အများစုဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်း သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

    Ref: Aljazeera


  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၂၈)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၂၈)

    M-Media

    (ဓာတ်ပုံ – နို၀င်ဘာ ၂၇ ရက်နေ့ ဂါဇာမှ မြင်ကွင်းတစ်ခု)

    အမေရိကန်က အစ္စရေးထံ လက်နက်များ ထပ်မံပေးပို့မည်
    ———————
    ကန်ဒေါ်လာ သန်းပေါင်း ၆၈၀ တန်ဖိုးရှိမယ့် စစ်လက်နက်ပစ္စည်းတွေ အစ္စရေးကို ထောက်ပံ့ရေး သမ္မတဂျိုးဘိုင်ဒန် ဦးဆောင်တဲ့ အမေရိကန်အစိုးရက ခွင့်ပြုလိုက်ပါတယ်။ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို လိုလားတယ်လို့ အမေရိကန်က တစ်ဖက်မှာ ပြောဆိုနေတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ဂါဇာမှာ အစ္စရေးက တစ်ကျော့ပြန် လူသတ်ပွဲ ပြုလုပ်တဲ့ အချိန်ကစပြီး အမေရိကန်ဟာ အစ္စရေးကို ဒေါ်လာ ဘီလီယံဆယ်ချီ တန်ဖိုးရှိတဲ့ စစ်လက်နက်ပစ္စည်းတွေကို ပေးပို့ခဲ့ပါတယ်။

    ဂါဇာတွင် အသတ်ခံရသူအရေအတွက် ၄၅၀၀၀ နီးပါး ရှိလာ
    ———————
    ၁၃ လ ကြာလာပြီဖြစ်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူအရေအတွက်ဟာ ၄၄၂၈၂ ဦး ရှိလာပြီး၊ အဲဒီအထဲမှာ ကလေးငယ် ၁၇၄၉၂ ဦး ပါ၀င်ပါတယ်။ အစ္စရေးဟာ လက်ရှိအချိန်အထိ ဂါဇာမှာ စစ်ရှောင်စခန်းတွေ၊ လူနေအိမ်တွေ၊ ဆေးရုံတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေပါတယ်။ တိုက်ခိုက်မှုအတွင်း ပျောက်ဆုံးနေသူ အရေအတွက်ဟာ ၁၁၀၀၀ ကျော်လာပြီ ဖြစ်ပါတယ်။

    လက်ဘနွန်တွင် အပစ်ရပ်ရေးစတင်
    ————-
    အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာအကြား အပစ်ရပ်ရေး စတင်တဲ့ နို၀င်ဘာ ၂၇ ရက်နေ့ကစပြီး လက်ဘနွန်တောင်ပိုင်းက ပြည်သူတွေဟာ သူတို့ရဲ့နေအိမ်တွေကို ပြန်လာနေကြပါတယ်။ အစ္စရေးဟာ ၁၃ လအတွင်း လက်ဘနွန်မှာ လူပေါင်း ၃၈၂၃ ဦးကို သတ်ဖြတ်ထားပြီး အများစုက အရပ်သားတွေ ဖြစ်ပါတယ်။ လက်ဘနွန်တောင်ပိုင်းနဲ့ မြို့တော် ဘေရွတ်တို့က အရပ်ဖက်ပစ်မှတ်တွေကို အစ္စရေးက အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Aljazeera


  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၈)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၈)

    M-Media

    အသတ်ခံရသူ ၇၀ ရာခိုင်နှုန်းက အမျိုးသမီးနှင့် ကလေးများဖြစ်နေ
    ————-
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲမှာ အသတ်ခံရသူ ပါလက်စတိုင်းအရေအတွက်ဟာ ၄၃၅၀၈ ဦး ရှိလာခဲ့ပြီး ၇၀ ရာခိုင်နှုန်းက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ကုလ လူအခွင့်အရေးရုံးက ထုတ်ပြန်ပါတယ်။ အစ္စရေးဟာ နိုင်ငံတကာဥပဒေတွေကို တမင်ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ဖောက်ဖျက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    လက်ဘနွန် ရွာသုံးရွာမှ အိမ်များကို အစ္စရေးက ဖောက်ခွဲဖျက်ဆီး
    ———
    လက်ဘနွန်တောင်ပိုင်း ရွာ ၃ ရွာမှာရှိတဲ့ နေအိမ်တွေအားလုံးကို အစ္စရေးက ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာအဖွဲ့ကို ပစ်မှတ်ထားတဲ့ဆိုတဲ့ အစ္စရေးရဲ့ ကျူကျော်တိုက်ခိုက်မှုအတွင်း လက်ဘနွန်မှာ အသတ်ခံရသူအရေအတွက်ဟာ ၃ ထောင်ကျော်လာခဲ့ပြီး အများစုက အရပ်သားတွေဖြစ်ပါတယ်။ အစ္စရေးဟာ လက်ရှိမှာ လက်ဘနွန်တောင်ပိုင်းက အရပ်ဖက်နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးနေပါတယ်။

    ဂျူးအခြေချနေထိုင်သူများက တိုက်ခိုက်မှုလုပ်
    ———-
    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာ ဂျူးအခြေချနေထိုင်သူတွေက ပါလက်စတိုင်းတွေရဲ့ နေအိမ်တွေ၊ သံလွင်ခင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အခုရက်ပိုင်းမှာ တိုးမြှင့် တိုက်ခိုက်လာပါတယ်။ အနည်းဆုံး မြို့ ၃ ခုမှာ ဂျူးလူအုပ်ကြီးက တိုက်ခိုက်မီးရှို့မှုတွေ လုပ်ဆောင်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာကလ စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲနောက်ပိုင်း ဂျူးအခြေချနေထိုင်သူတွေရဲ့ တိုက်ခိုက်မှုတွေလည်း မြင့်တက်လာပါတယ်။

    (ဓာတ်ပုံ – ဂျာဘာလီယာ ဒုက္ခသည်စခန်းမှ အစ္စရေး၏ တိုက်ခိုက်မှု)

  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၁)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (နို၀င်ဘာ ၁)

    M-Media

    (ဓာတ်ပုံ – ဘာလ်ဘက်မြို့မှ သမိုင်း၀င်နေရာတစ်ခု)

    လက်ဘနွန်ရှေးဟောင်းမြို့များ အန္တရာယ်ရှိနေ
    ———
    အစ္စရေးရဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့် လက်ဘနွန်နိုင်ငံက ရှေးဟောင်းမြို့တွေဟာ အန္တရာယ်ရှိလာနေတယ်လို့ ကုလအထူးကိုယ်စားလှယ် ဂျီနင်း ဟန်နစ် ပလက်စ်ချာ့တ်က သတိပေးလိုက်ပါတယ်။ အစ္စရေးဟာ လက်ဘနွန်က သမိုင်း၀င်မြို့တွေဖြစ်တဲ့ တိုင်ရီနဲ့ ဘာလ်ဘက်မြို့တွေကို အကြီးအကျယ် အကြမ်းဖက်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

    ဂါဇာတွင်အသတ်ခံရသူ ၄၃၀၀၀ ကျော်ပြီ
    ———
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၄၃၂၅၉ ဦး ရှိလာပြီး အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၅၅ ဦး အသတ်ခံခဲ့ရပါတယ်။ တစ်နှစ်ကျော်အတွင်း ဂါဇာမှာ ပျောက်ဆုံးသူ သောင်းချီ ရှိနေပြီး၊ ဒဏ်ရာရသူ အရေအတွက်က ၁၀၁၈၂၇ ဦး ရှိနေပါတယ်။

    ကျန်းမာရေး၀န်ထမ်းများကို တိုက်ခိုက်မှု ၅၀ ကျော်ရှိ
    ———–
    လက်ဘနွန်မှာ အစ္စရေးက ကျန်းမာရေး၀န်ထမ်းတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု အရေအတွက်ဟာ ကောက်ယူရရှိသမျှ ၅၅ ခုအထိ ရှိနေပြီး အမှန်တကယ်အရေအတွက်က ဒီထက်ပိုများနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ပါတယ်။ ဂါဇာနဲ့ လက်ဘနွန်မှာ အစ္စရေးဟာ တစ်နှစ်အတွင်း ကျန်းမာရေး၀န်ထမ်း ရာနဲ့ချီ သတ်ဖြတ်ထားပါတယ်။