News @ M-Media

Tag: Liverpool

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    မေ ၂၊ ၂၀၁၈
    M-Media

    နယူးကာဆယ် ယူနိုက်တက်

    ရိုးမားကွင်းထဲ လမ်းလျှောက်မ၀င်ရန် လီဗာပူးလ်အသင်းက သတိပေးချက်ထုတ်ပြန်
    ================
    ဒီနေ့မနက်ပွဲမှာ ရိုးမားကွင်းထဲကို ဘယ်လိုအခြေအနေမျိုးမှာမှ လမ်းလျှောက်မသွားဘဲ၊ ကြိုပို့ကားကိုသာစီးကြဖို့ လီဗာပူးလ်အသင်းက ပရိတ်သတ်တွေကို သတိပေးထားပါတယ်။ ရိုမားနဲ့ လီဗာပူးလ်တို့ဟာ ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် ဒုတိယကျော့ပွဲစဉ်အဖြစ် ရိုးမားရဲ့ စတာဒီယို အိုလင်ပီကိုကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာပါ။ ပထမကျော့ လီဗာပူးလ်က ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မတိုင်ခင် အန်ဖီးလ်ကွင်းရှေ့မှာ နှစ်ဖက်ပရိတ်သတ်တွေ တိုက်ခိုက်မှုဖြစ်ခဲ့တာကြောင့် ဒုတိယအကျော့အတွက် စိုးရိမ်မှု ရှိနေပါတယ်။ အီတလီရဲတပ်ဖွဲ့ကတော့ လီဗာပူးလ်ပရိတ်သတ်တွေရဲ့လုံခြုံရေး အာမခံတယ်လို့ ပြောကြားထားပါတယ်။

    နယူးကာဆယ်ယူနိုက်တက် ၀ယ်သူရှာနေဆဲ
    ===========
    မိမိတို့အသင်းဟာ ရောင်းချမယ့်အနေအထားမှာပဲ ဆက်ရှိနေတယ်လို့ ပရီးမီးယားလိဂ်ကလပ်ဟောင်း နယူးကာဆယ်အသင်းက အတည်ပြုပြောဆိုခဲ့ပါတယ်။ အသင်းပိုင်ရှင် မိုက်အက်ရှ်လေဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက အသင်းကို ရောင်းဖို့ စီစဉ်နေတာဖြစ်ပြီး ပေါင်း သန်း ၂၅၀ နဲ့ ရောင်းဖို့အတွက် စီးပွားရေးသမား အမျိုးသမီး အေမန်ဒါ စတာဗီလေနဲ့ ဆွေးနွေးမှုကို ဇန်န၀ါရီမှာ ရပ်တန့်ခဲ့ပါတယ်။ ဒါပေမယ့် အေမန်ဒါက ၀ယ်ယူဖို့ စိတ်ဝင်စားနေဆဲပဲလို့ ဆိုပါတယ်။ မိုက်အက်ရှ်လေဟာ ၂၀၀၇ ခုနှစ်မှာ နယူးကာဆယ်ကို ပေါင် ၁၃၄.၄ သန်းနဲ့ ၀ယ်ခဲ့တာပါ။

    လီဗာပူးလ်တိုက်စစ်မှူး ဆာလာဟ်ကို ဂယ်ရီနဗီလ်း စိန်ခေါ်
    ==================
    လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ရဲ့ ခြေစွမ်းဟာ တစ်ရာသီသာခံမယ့် ခြေစွမ်းလားဆိုတာ စောင့်ကြည့်ချင်တယ်လို့ မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီလ်က ပြောကြားလိုက်ပါတယ်။ ဆာလာဟာ အခုရာသီမှာ လီဗာပူးလ်အတွက် ၄၈ ပွဲကစား ၄၃ ဂိုး သွင်းပေးထားပြီး PFA နဲ့ FWA တို့က ရွေးချယ်တဲ့ အကောင်းဆုံးဘောလုံးသမား ဆုတွေကိုလည်း ရရှိထားပါတယ်။ နဗီးလ်ကတော့ ဆာလာဟ်ဟာ နောက်နှစ် ဂိုး ၂၀ သွင်းမယ်ဆိုရင် တကယ်ကောင်းတဲ့ ကစားသမားလို့ ပြောလို့ရမှာဖြစ်ပြီး ၄၀၊ ၄၃ ဂိုးလောက် သွင်းမယ်ဆိုရင်တော့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ ဂိုးအရေအတွက်ကို မှီနိုင်မယ်လို့ ဆိုပါတယ်။

    မိမိကို သက်တမ်းမတိုးလျှင် မှားမည်ဟု မန်ယူကို ဖယ်လိုင်နီ သတိပေး
    =============
    သူ့ကို သက်တမ်းမတိုးဘူးဆိုရင် မန်ယူအသင်းဟာ ပေးဆပ်ရလိမ့်မယ်လို့ ကွင်းလယ်လူ မာရိုနီ ဖယ်လိုင်နီက သတိပေးလိုက်ပါတယ်။ ဒဏ်ရာကြောင့် အသင်းမှာ ရုန်းကန်နေရတဲ့ ဖယ်လိုင်နီဟာ မန်ယူနဲ့ အခုရာသီကုန်မှာ စာချုပ်ပြည့်မှာ ဖြစ်ပေမယ့် နှစ်ဖက် ဆွေးနွေးမှုတွေက အဆင်မပြေပါဘူး။ နည်းပြ မော်ရင်ဟိုက သဘောတူညီချက် မကြာမီ ရတော့မယ်လို့ ပြောကြားထားပေမယ့် ဖယ်လိုင်နီကတော့ အသင်းဟာ သူ့ကို သက်တမ်းမတိုးချင်ကြောင်း၊ ဒီလိုသာ ဆုံးဖြတ်မယ်ဆိုရင် အသင်းဟာ မှားယွင်းမှာဖြစ်ကြောင်း၊ သူတိုကိုယ်တိုင်လည်း ဆုံးဖြတ်ချက် မချရသေးကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: BBC, Goal

  • ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ကြာသာပတေးနေ့ ဘောလုံးသတင်းများ

    ဧပြီ ၂၆၊ ၂၀၁၈
    M-Media

    မက်ဆီနာမည်ဖြင့် အားကစားကုန်ပစ္စည်း ထုတ်ခွင့်ရ
    ==================
    မက်ဆီနာမည်နဲ့ အားကစားပစ္စည်းတွေ ထုတ်လုပ်ရောင်းချခွင့်ကို ဥရောပ တရားရုံးတစ်ခုက မနေ့မှာ ခွင့်ပြုပေးလိုက်ပြီး ၇ နှစ်တာ ကြာမြင့်ခဲ့တဲ့ မက်ဆီရဲ့ တရားရေးတိုက်ပွဲ ပြီးဆုံးသွားပါတယ်။ Massi ဆိုတဲ့ အမည်ဟာ သူတို့ရဲ့ တံဆိပ်နာမည်နဲ့ ဆင်တူးယိုးမှာဖြစ်နေတယ်လို့ စပိန် စက်ဘီးကုမ္ပဏီက တိုင်ကြားပြီးခဲ့တဲ့နောက်ပိုင်း မက်ဆီဟာ သူ့နာမည်နဲ့ ကုန်ပစ္စည်းထုတ်ခွင့်ရရေး တရားရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

    ပရိသတ်လုပ်ရပ်အတွက် ဘိုင်ယန်အသင်း တရားစွဲခံရ
    ====================
    ဒီနေ့မနက် ကစားခဲ့တဲ့ ရီးယဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ အပြီးမှာ ပရိတ်သတ်တွေ ကွင်းထဲဝင်လာမှုအတွက် ယူအီးအက်ဖ်အေက ဘိုင်ယန်ကို တရားစွဲဆိုလိုက်ပါတယ်။ အိမ်ကွင်းမှာ ရီးယဲလ်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဘိုင်ယန်ပရိသတ်အချို့ ဒေါသထွက်ခဲ့ပြီး ကွင်းလယ်လူ ရီဘာရီကို အင်္ကျီစောင့်ဆွဲတာ ရီးယဲလ်ကစားသမားတွေကို ဓာတ်ပုံရိုက်တာတွေ လုပ်ခဲ့ပါတယ်။ ဒီကိစ္စကို မေလ ၃၁ ရက်နေ့မှာ ကြားနာမှာဖြစ်ပါတယ်။

    စတီဗင်ဂျရတ် ရိန်းဂျားအသင်းနည်းပြ ဖြစ်လာရန်ရှိနေ
    ===================
    လီဗာပူးကွင်းလယ်လူဟောင်း စတီဗင်ဂျရတ်ဟာ စကော့တလန်ထိပ်သီး ရိန်းဂျားအသင်းရဲ့ နည်းပြဖြစ်လာမယ်လို့ ရေပန်းစားနေပါတယ်။ အသက် ၃၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဂျရတ်ဟာ လက်ရှိ လီဗာပူးလ်အကယ်ဒမီမှာ နည်းပြအဖြစ် ဆောင်ရွက်နေတာပါ။ လက်ရှိ ရိန်းဂျားမှာ ဂရေမီ မာတီက ယာယီနည်းပြအဖြစ် တာဝန်ယူနေပြီး ရာသီကုန်ရင် အသင်းကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

    လီဗာပူးလ်ပရိတ်သတ်အား တိုက်ခိုက်မှုဖြင့် ရိုးမားပရိတ်သတ်နှစ်ဦး တရားစွဲခံရ
    =====================
    အသက် ၅၃ နှစ်အရွယ် လီဗာပူးလ်ပရိတ်သတ်တစ်ဦးကို တိုက်ခိုက်မှုအတွက် ရိုးမား ပရိတ်သတ်နှစ်ဦး တရားစွဲဆို ခံခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲ မစခင်လေးမှာ ရိုးမားပရိတ်သတ်တွေဟာ လီဗာပူးလ်ပရိတ်သတ်တစ်ဦးကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီအမျိုးသားဟာ လက်ရှိမှာ ဦးခေါင်းဒဏ်ရာနဲ့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ်။

    Ref: BBC, Goal

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဧပြီ ၂၅၊ ၂၀၁၈
    M-Media

    လီဗာပူးလ်အသင်း၏ အန်ဖီးလ်ကွင်း

    ဘိုင်ယန်ပွဲအတွက် စိတ်ဓာတ်ပိုင်း ၁၅၀ ရာခိုင်နှုန်းဖြစ်နေဟု ဇီဒိန်းပြော
    =================
    ဒီနေ့ညကစားမယ့် ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုးနယ် ပထမအကျော့မှာ နိုင်ဖို့ရေပန်းစားတဲ့အသင်း မရှိပေမယ့် မိမိအသင်းကတော့ စိတ်ဓာတ်ပိုင်းမှာ ၁၅၀ ရာခိုင်နှုန်း အသင့်ဖြစ်နေတယ်လို့ ရီးယဲလ်နည်းပြ ဇီဒိန်းက ပြောကြားလိုက်ပါတယ်။ ဘိုင်ယန်နည်းပြ ဟင်းကက်စ်ကလည်း ဒီပွဲကို သူ့အနေနဲ့ စိတ်လှုပ်ရှားမှုမရှိဘဲ ရင်ဆိုင်သွားမှာဖြစ်ပြီး ဘောလုံးပရိတ်သတ်တွေအတွက် ရသမြောက်တဲ့ပွဲ ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    လူးဝစ် အန်ရီကေး အာဆင်နယ်နည်းပြဖြစ်မည်ဟု ၀င်းဂါး တစ်ပေး
    =============
    အာဆင်နယ်အသင်းရဲ့ နည်းပြသစ်အတွက် သူ မခန့်မှန်းချင်ပေမယ့် ဘာစီလိုနာနည်းပြဟောင်း လူးဝစ် အန်ရီကေး ဖြစ်လာမယ်လို့ ထင်ကြောင်း ရာသီကုန်မှာထွက်ခွာတော့မယ့် နည်းပြ အာဆင်ဝင်းဂါးက ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။ ၀င်းဂါးဟာ အသင်းကထွက်ခွာတော့မယ်လို့ သောကြာနေ့က ကြေငြာခဲ့ပေမယ့် ဒီနှစ်ကုန်ထွက်ဖို့ဆိုတာဟာ သူ့ဆုံးဖြတ်ချက်မဟုတ်ဘူးလို့ ဆိုပါတယ်။ အနာဂတ် ဘောလုံးလာကမှာ ဆက်ရှိသွားမှာဖြစ်ပြီး အခုအချိန်မှာတော့ အရင်လိုပဲ အာဆင်နယ်မှာ အလုပ်လုပ်နေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ရိုးမားပရိတ်သတ် တိုက်ခိုက်ခံရမှု UEFA ရှုတ်ချ
    ================
    ဒီနေ့မနက်က လီဗာပူးလ်နဲ့ ချန်ပီယံဆီးမီးဖိုင်နယ် ပထမအကျော့မတိုင်ခင် ရိုးမားပရိတ်သတ်တစ်ယောက် မျက်နှာဖုံးစွပ်လူတစ်ဦးရဲ့ တိုက်ခိုက်မှု ခံခဲ့ရတဲ့ကိစ္စကို ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေက ရှုတ်ချလိုက်ပါတယ်။ ပွဲမကန်ခင် နှစ်ဖက်ပရိသတ်အချို့ ရန်ဖြစ်ခဲ့ကြပြီး မာဆေးဆိုက်ရဲတပ်ဖွဲ့က ဒီကိစ္စအတွက် စုံစမ်းစစ်ဆေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ကွာတားဖိုင်နယ် ပထမအကျော့ မန်စီးတီးနဲ့ပွဲမှာလည်း လီဗာပူးလ်ပရိတ်သတ်တွေဟာ မန်စီးတီးအသင်းရဲ့ကားကို တိုက်ခိုက်ခဲ့ကြပါတယ်။

    ဘိုင်ယန်ပြောင်းမည်ဆိုသည့် သတင်းကို ဘေးလ်မငြင်း
    ==================
    ဒီရာသီမှာ ရုန်းကန်နေရတာကြောင့် လာမယ့်နွေရာသီမှာ အသင်းကထွက်ခွာဖို့ရှိနေတဲ့ ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်က ဘိုင်ယန်ကိုပြောင်းဖို့ရှိတယ်ဆိုတဲ့ သတင်းတွေကို မငြင်းဆိုခဲ့ဘဲ ဘောလုံးမှာ ဘယ်အရာကိုမှ အပြတ်မပြောနိုင်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ရီးယဲလ်ကလည်း ဘိုင်ယန်က ပိုလန်တိုက်စစ်မှူး လီဝန်ဒေါ့စကီးကို ခေါ်ယူဖို့ ဆက်သွယ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    Ref: Goal, BBC

  • ဥရောပသွင်းဂိုးစံချိန်တစ်ခုကို လီဗာပူးလ်တိုက်စစ်မှူးဆာလာဟ် ချိုးဖျက်

    ဥရောပသွင်းဂိုးစံချိန်တစ်ခုကို လီဗာပူးလ်တိုက်စစ်မှူးဆာလာဟ် ချိုးဖျက်

    ဧပြီ ၂၅၊ ၂၀၁၈
    M-Media

    ရိုးမားအား ဂိုးသွင်းပြီးနောက် တွေ့ရသည့် ဆာလာဟ်

    – ဥရောပက ပြိုင်ပွဲပေါင်းစုံမှာ ဂိုးသွင်းအများဆုံးအဖြစ် ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို တင်ထားတဲ့စံချိန်ကို လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ချိုးဖျက်လိုက်ပါတယ်။

    ဒီနေ့မနက် အန်ဖီးလ်မှာ ကစားခဲ့တဲ့ ရိုးမားနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဆာလာဟ်ဟာ ၂ ဂိုးသွင်းယူပေးခဲ့ပြီး အခုရာသီ ပြိုင်ပွဲအားလုံးမှာ ဆာလာဟ်ရဲ့သွင်းဂိုးဟာ ၄၃ ဂိုး ရှိလာခဲ့ပါတယ်။ ဒါဟာ တစ်ရာသီအတွင်း ဥရောပက ပြိုင်ပွဲပေါင်းစုံမှာ ဂိုးအများဆုံးအဖြစ် ၄၂ ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

    ဒီပွဲမှာ လီဗာပူးလ်က ရိုးမားကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

    အသင်းနည်းပြ ယာဂန်ကလော့ပ်က ဆာလာဟ်ဟာ အင်မတန်ထူးချွန်ပြီး ပါရမီရှင်ကစာသမားတစ်ယောက် ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

    ဒီကနေ့ညမှာ ရီးယဲလ်ဟာ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ကို ကစားရမှာဖြစ်ပြီး ရော်နယ်ဒိုဟာ ဆာလာဟ်စံချိန်ကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

    ဆာလာဟ်ဟာ PFA ကပေးအပ်တဲ့ ယခုနှစ် ပရီးမီးယားလိဂ် အကောင်းဆုံးဘောလုံးသမားဆုကို ပူပူနွေးနွေး ရရှိထားသူ ဖြစ်သလို၊ ပရီးမီးယားလိဂ်မှာ ၃၁ ဂိုးသွင်းထားပြီး ရော်နယ်ဒို၊ ဆွာရက်ဇ်နဲ့ ရှီးယားရားတို့တင်ထားတဲ့ တစ်ရာသီ ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီထားသူလည်း ဖြစ်ပါတယ်။

    Ref: Aljazeera

  • အင်္ဂါနေ့ ဘောလုံးသတင်းများ

    အင်္ဂါနေ့ ဘောလုံးသတင်းများ

    ဧပြီ ၂၄၊ ၂၀၁၈
    M-Media

    ယူရို ၂၀၁၆ ချန်ပီယံ ပေါ်တူဂီအသင်း

    ဆာလာဟ် ဂိုးမသွင်းဖို့ ဂျက်ကိုက ပြောထား
    ==============
    ဒီနေ့ည ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ မိမိတို့အသင်းဖက်ကို ဂိုးမသွင်းဖို့အတွက် လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ကို ပြောကြားထားတယ်လို့ ရိုးမားတိုက်စစ်မှူး ဂျက်ကိုက ဖွင့်ဟလိုက်ပါတယ်။ ဆာလာဟ်ဟာ ရိုးမားမှာ ၃ နှစ်တာ ကစားပြီးခဲ့တဲ့နောက် မနှစ်ကမှ လီဗာပူးကို ပြောင်းရွှေခဲ့ပြီး အခုအချိန်အထိ ပြိုင်ပွဲအားလုံးမှာ ၄၁ ဂိုး သွင်းပေးထားပါတယ်။ ဂျက်ကိုကတော့ ဆာလာဟ်ဟာ ရိုးမားမှာ အများကြီး သင်ယူသွားနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    ရော်နယ်ဒိုက မက်ဆီထက်ပိုပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်
    =================
    ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ မက်ဆီထက်ပိုပြီး ယှဉ်ပြိင်နိုင်စွမ်းရှိတယ်လို့ ဘိုင်ယန်နောက်ခံလူ ဂျိုရှူဝါ ကင်မစ်ခ်ျက ပြောကြားလိုက်ပါတယ်။ ဘိုင်ယန်နဲ့ ရီးယဲလ်တို့ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ကို မနက်ဖြန်ညမှာ ကစားမှာပါ။ မနှစ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဒီနှစ်သင်း တွေ့ဆုံခဲ့ပြီး ဘို င်ယန်က ထွက်ခဲ့ရပါတယ်။ ကင်မစ်ခ်ျကတော့ ရော်နယ်ဒိုဟာ အဆုံးအဖြတ်ပေးတဲ့ ကစားသမားဖြစ်တယ်လို့ ဆိုပါတယ်။

    ယူရို၂၀၂၄ အိမ်ရှင်ဖြစ်ခွင့်ရရန် ဂျာမနီက အမည်စာရင်းသွင်း
    ===========
    ၂၀၂၄ ခုနှစ် ဥရောပဖလား ဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ရေး ဂျာမနီက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ တူရကီကလည်း အိမ်ရှင်ဖြစ်ခွင့်ရရေး ဒီတစ်ပတ်ထဲ စာရင်းပေးမှာဖြစ်ပြီး ယူအီးအက်ဖ်အေက စက်တင်ဘာ ၂၇ ရက်နေ့မှာ အိမ်ရှင်ရွေးချယ်မှာပါ။ ယူရို၂၀၂၀ ကို ဥရောပတစ်ဝှမ်းက မြို့ကြီးတွေမှာ ကျင်းပဖို့ စီစဉ်ထားပြီး ၂၀၂၄ ခုနှစ်မှာတော့ နိုင်ငံတစ်ခုတည်းကသာ လက်ခံကျင်းပမှာ ဖြစ်ပါတယ်။ ယူရို ၂၀၁၆ ကို ပြင်သစ်က လက်ခံကျင်းပခဲ့ပြီး ပေါ်တူဂီက ဗိုလ်စွဲခဲ့ပါတယ်။

    ရိုးမားနှင့်ဆာလာဟ် မိတ်ဆွေမဟုတ်တော့ဟု ကလော့ သတိပေး
    ==================
    လီဗာပူးလ်နည်းပြ ကလော့က ရိုးမားအသင်းသားတွေဟာ သူ့ကို မိတ်ဆွေလို ဆက်ဆံမှာမဟုတ်တော့ဘူးဆိုတာ ဆာလာဟ်တစ်ယောက် တွေ့ရမှာဖြစ်ြေ ကာင်း၊ အီတလီနောက်ခံလူတွေဟာ ဘယ်တုန်းကမှ မိတ်ဆွေလိုပုံစံမျိုး ပွဲမကစားဘဲ ဆာလာဟ်အနေနဲ့လည်း ဘောလုံးလောကထုံးစံအရ တုန့်ပြန်နိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: BBC, Goal