News @ M-Media

ဥရောပသွင်းဂိုးစံချိန်တစ်ခုကို လီဗာပူးလ်တိုက်စစ်မှူးဆာလာဟ် ချိုးဖျက်

ဧပြီ ၂၅၊ ၂၀၁၈
M-Media

ရိုးမားအား ဂိုးသွင်းပြီးနောက် တွေ့ရသည့် ဆာလာဟ်

– ဥရောပက ပြိုင်ပွဲပေါင်းစုံမှာ ဂိုးသွင်းအများဆုံးအဖြစ် ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို တင်ထားတဲ့စံချိန်ကို လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ချိုးဖျက်လိုက်ပါတယ်။

ဒီနေ့မနက် အန်ဖီးလ်မှာ ကစားခဲ့တဲ့ ရိုးမားနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့မှာ ဆာလာဟ်ဟာ ၂ ဂိုးသွင်းယူပေးခဲ့ပြီး အခုရာသီ ပြိုင်ပွဲအားလုံးမှာ ဆာလာဟ်ရဲ့သွင်းဂိုးဟာ ၄၃ ဂိုး ရှိလာခဲ့ပါတယ်။ ဒါဟာ တစ်ရာသီအတွင်း ဥရောပက ပြိုင်ပွဲပေါင်းစုံမှာ ဂိုးအများဆုံးအဖြစ် ၄၂ ဂိုးသွင်းခဲ့တဲ့ ရော်နယ်ဒိုရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီပွဲမှာ လီဗာပူးလ်က ရိုးမားကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အသင်းနည်းပြ ယာဂန်ကလော့ပ်က ဆာလာဟ်ဟာ အင်မတန်ထူးချွန်ပြီး ပါရမီရှင်ကစာသမားတစ်ယောက် ဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

ဒီကနေ့ညမှာ ရီးယဲလ်ဟာ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ကို ကစားရမှာဖြစ်ပြီး ရော်နယ်ဒိုဟာ ဆာလာဟ်စံချိန်ကို ကျော်ဖြတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဆာလာဟ်ဟာ PFA ကပေးအပ်တဲ့ ယခုနှစ် ပရီးမီးယားလိဂ် အကောင်းဆုံးဘောလုံးသမားဆုကို ပူပူနွေးနွေး ရရှိထားသူ ဖြစ်သလို၊ ပရီးမီးယားလိဂ်မှာ ၃၁ ဂိုးသွင်းထားပြီး ရော်နယ်ဒို၊ ဆွာရက်ဇ်နဲ့ ရှီးယားရားတို့တင်ထားတဲ့ တစ်ရာသီ ဂိုးသွင်းအများဆုံးစံချိန်ကို လိုက်မီထားသူလည်း ဖြစ်ပါတယ်။

Ref: Aljazeera