News @ M-Media

Tag: M-Media Knowledge

  • သင်မသိသော သင့်ဦးနှောက်အကြောင်း

    စက်တင်ဘာ ၁၆၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    brain 2

    ၁။ ဦးနှောက်ရဲ့ ရာခိုင်နှုန်း ၈၀ ဟာ ရေဖြစ်ပါတယ်။ ဆိုလိုတာက ဦးနှောက်ကောင်းကောင်း အလုပ်လုပ်ဖို့ ရေအဝအလင် သောက်နေဖို့လိုပါတယ်။

    ၂။ ဦးနှောက်ဟာ မနက်ထက် ညပိုင်းမှာပိုပြီး အလုပ်ပိုလုပ်ပါတယ်။

    ၃။ အချက်အလက်တွေဟာ အာရုံကြောတွေကနေ ဖြတ်သွားတဲ့အခါ တစ်ခုနဲ့ တစ်ခု အမြန်နှုန်းမတူကြပါဘူး။ ဒါကြောင့် တစ်ခါတလေမှာ တစ်ချို့အကြောင်းအရာတွေကို ချက်ချင်းမှတ်မိပြီး တစ်ချို့ကိုကျ နည်းနည်းနောက်ကျပြီးမှ သတိရတာပါ။

    ၄။ ကျွန်တော်တို့ ဦးနှောက်ဟာ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၂ ရာခိုင်နှုန်းသာရှိပါတယ်။ ဒါပေမယ့် သွေးထဲကိုရောက်လာတဲ့ အောက်ဆီဂျင်တွေရဲ့ ၂၀ ရာခိုင်နှုန်းကို လိုအပ်တယ်။

    ၅။ ဦးနှောက်ဟာ ၁၀ ဝက်ပ် မီးလုံးတစ်လုံးနဲ့ စွမ်းအင် အသုံးပြုပမာဏတူပါတယ်။

    ကိုးကား – GK

  • အရပ် လက်မဝက်ပိုရှည်တဲ့ မနက်

    သြဂုတ် ၃၁၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    height

    သင်သိပါသလား? သင် ညဖက်အရပ်အမြင့်တိုင်းပြီး မနက်ဖက် ပြန်တိုင်းကြည့်တဲ့အခါ လက်မဝက်လောက် ပိုရှည်တယ်ဆိုတာကို သိလား?

    ဘာဖြစ်လို့ ဒီလိုဖြစ်ရတာလဲဆိုတော့ ကျွန်တော်တို့ အိပ်ပျော်နေတဲ့အချိန်မှာ အရိုးဆစ်တွေကြားမှာရှိတဲ့ အရိုးနုပြားတွေထဲက အရည်တွေဟာ ပြန်ပြည့်လာပြီး အဆစ်ပေါင်းများစွာ ရှိတာကြောင့် လက်မဝက်ခန့် မနက်ပိုင်းမှာ အရပ်ပိုမြင့်ပါတယ်။

    နေ့ပိုင်းမှာ မတ်တပ်ရပ်တာတွေများတာကြောင့် အရိုးနုပြားဟာ တဖြည်းဖြည်းပိပြားလာပြီး ကြားထဲက အရည်တွေစိမ့်ထွက်ကုန်ပါတယ်။ ဒီလိုနဲ့ ညဖက်မှာ မနက်ကမြင့်ခဲ့တဲ့ လက်မဝက်ခန့် အရပ်ဟာ ပြန်ပျောက်သွားပါတယ်။

    ကိုးကား – Interesting Facts & Info

  • အိုင်းစတိုင်းထက် IQ မြင့်သော အိန္ဒိယသူ

    သြဂုတ် ၃၀၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    1004525_10201598720586423_1978609899_n

    UK မှာ နေထိုင်တဲ့ အိန္ဒိယသူ တစ်ဦးရဲ့ IQ စမ်းသပ်ချက်မှာ မယုံနိုင်စရာကောင်းလောက်အောင် ၁၆၂ မှတ်ရရှိခဲ့ပြီး လူတိုင်းကို အံ့အားသင့်စေခဲ့ပါတယ်။ ဒီအမှတ်ဟာ ဘီလ်ဂိတ်၊ စတီဗင်ဟော့ကင်းနှင့် အိုင်းစတိုင်းတို့ထက်ပင် ပိုများနေပါတယ်။ အိန္ဒိယဒေါက်တာ မိဘနှစ်ပါးရဲ့သမီး Neha Ramu ဟာ Mensa IQ စမ်းသပ်ချက် တစ်ခုမှာ သူ့အသက်အတွက် အမှတ်အမြင့်ဆုံးဖြစ်နိုင်တဲ့ ၁၆၂ မှတ် အပြည့်ရရှိခဲ့ပါတယ်။

    ဒီအမှတ်က ဆယ်ကျော်သက်အရွယ် ကောင်မလေးကို UK ရဲ့ ဥာဏ်အထက်မြက်ဆုံး ၁ ရာခိုင်နှုန်းစာရင်းထဲကို ရောက်စေပြီး အမှတ် ၁၆၀ ပိုင်ရှင်တွေဖြစ်တဲ့ ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်း နဲ့ သိပ္ပံပညာရှင် အိုင်းစတိုင်းတို့ထက် ပိုတော် ပိုထက်တယ်လို့ ဆိုလိုနေပါတယ်။

    British Mensa ရဲ့ပြောရေးဆိုခွင့်ရှိသူက “Neha ဟာ Cattell IIIB မေးခွန်းမှာ ၁၆၂ မှတ်ရရှိခဲ့ပြီး နိုင်ငံရဲ့ ထိပ်ဆုံး ၁ ရာခိုင်နှုန်းထဲကို ရောက်စေပါတယ်” လို့ဆိုပါတယ်။ Neha ရဲ့မိဘတွေဟာ အရင်က အိန္ဒိယမှာနေခဲ့ပြီး သူတို့သမီးလေး ၇ နှစ်အရွယ်မှာ ဗြိတိန်ကို ပြောင်းရွှေ့ခဲ့တယ်လို့ ‘The Telegraph’ သတင်းစာမှာ ဖော်ပြထားပါတယ်။

    ကိုးကား – The Telegraph

  • သတ္တုကို လက်နဲ့အရည်ဖျော်မယ်

    သြဂုတ် ၂၆၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    mental
    သတ္တုကို လက်နဲ့အရည်ဖျော်နိုင်တယ်ဆို ယုံပါ့မလား။ သတ္တုအားလုံးကို မရပေမယ့် Gallium လို့ခေါ်တဲ့ သတ္တုကိုတော့ သင့်လက်နဲ့ အရည်ပျော်အောင် လုပ်နိုင်ပါတယ်။

    ပုံမှာမြင်ရတဲ့အတိုင်း Gallium ဟာ ၃၀ ဒီဂရီစင်တီဂရိတ် (၈၅ ဒီဂရီဖာရင်ဟိုက်) မှာ အရည်ပျော်ပါတယ်။ သဘာဝအတိုင်း မတွေ့ရတတ်တဲ့ Gallium ဟာ အပူချိန်နည်းတဲ့ နေရာတွေမှာ ကြွတ်ဆတ်တဲ့ အစိုင်အခဲဖြစ်နေပါတယ်။ ၁၈၇၅ မှာ စတင်တွေ့ရှိခဲ့ပြီး အပူချိန်မြင့်သာမိုမီတာနဲ့ သတ္တုစပ်တွေပြုလုပ်တဲ့ နေရာမှာ အရင်ဆုံးအသုံးပြုခဲ့ကြပါတယ်။ မိုက်ခရိုဝေ့ဖ်ဆားကစ်နဲ့ အနီအောက်ရောင်ချည်သုံး ပစ္စည်းတွေမှာလည်း အသုံးပြုကြပါတယ်။

    Gallium ကိုတွေ့အောင်ရှာ လက်ပေါ်တင်ပြီး သူငယ်ချင်းတွေကို အံ့အားသင့်အောင် လုပ်ပြနိုင်ပြီပေါ့။

    ကိုးကား – General Knowledge

  • ငှက်ပျောသီးတွေကို အမှည့်မလွန်အောင်ထားမယ်

    သြဂုတ် ၂၄၊ ၂၀၁၃
    M-Media Knowledge ကဏ္ဍ
    ရှာဖွေတင်ဆက်သူ – မိုးတိမ်

    banana

    ငှက်ပြောသီးတွေ ဝယ်လာပြီး သိပ်မကြာခင်မှာ အမှည့်လွန်ပြီး စားမရတာ ကြုံကြရမှာပါ။ ဒီလို မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ။

    သိပ်မခက်ပါဘူး။ ပုံမှာပြထားတဲ့အတိုင်း အခိုင်ထိပ်ကို ပလတ်စတစ်ဖြင့်အုပ်ထားလိုက်ပါ။ ငှက်ပျောသီးမှည့်မသွားတာကို တွေ့ရပါလိမ့်မယ်။ ဘယ်လိုဖြစ်လို့ပါလိမ့်။

    ငှက်ပျောသီး၊ ပန်းသီးနဲ့ ခရမ်းချဉ်သီးတွေ မှည့်တဲ့အခါ အင်ဇိုင်း Ethylene ထွက်လာပါတယ်။ ထွက်လာတဲ့ Ethylene တွေကို တခြားနေရာတွေကို ပြန့်မသွားအောင် ပလတ်စတစ်က ထိန်းထားပေးပါတယ်။ သေသေချာချာလုပ်လို့ Ethylene ကို ထိန်းထားနိုင်ရင်တော့ အမြန်မှည့်မသွားတော့ပါဘူး။

    စားချင်တဲ့အခါလား။ စားချင်တဲ့တလုံးကို ချွေပြီး ကျန်တာတွေကို ပလတ်စတစ်ပြန်အုပ်ထားလိုက်ပေါ့။ အဲ့တလုံးထဲ မှည့်သွားလိမ့်မယ်။ ကဲ … စမ်းကြည့်ကြပါဦး။

    ကိုးကား – Instructables