News @ M-Media

Tag: malaysia

  • မလေးရှားဘုရင်မှပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ခံရရှိ

    မလေးရှားဘုရင်မှပေးအပ်သည့် ဂုဏ်ထူးဆောင်ဘွဲ့ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ခံရရှိ

    အောက်တိုဘာ ၄၊ ၂၀၁၃
    M-Media
    ပြည့်ပြည်

    1376992_648992558468986_340605865_n
    မလေးရှား   ။            ။     မလေးရှားနိုင်ငံ တပ်မတော်၏ နှစ် ၈၀-မြောက်နှစ်ပတ်လည်နေ့တွင် ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ ချီးမြှင့်သည်တွင် မြန်မာနိုင်ငံ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အားလည်း မလေးရှားဘုရင်မှ ချီးမြှင့်ပေးအပ်ခဲ့သည်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် မလေးရှားနှင့် မြန်မာတပ်မတော်တို့ ချစ်ကြည်ရင်းနှီးမှုပိုကောင်းစေရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် စွမ်းဆောင်နိုင်မှုကြောင့် ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ခံရခြင်းဖြစ်သည်။

    အဆိုပါ ဘွဲ့တံဆိပ်ကို မြန်မာအပါအ၀င် ဖိလစ်ပိုင်နှင့် UAE တပ်မတော်မှ ဦးစီးချုပ်များကိုလည်း ချီးမြှင့်ခဲ့သည်ဟု သိရသည်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် မလေးရှားဘုရင်မှ ချီးမြှင့်သည့် Honourary Malaysian Armed Forces Order For Valour (First Degree)- Gallant Commander of Malaysian Armed Forces ဂုဏ်ထူးဆောင်ဘွဲ့ကို လက်ခံရရှိခဲ့ခြင်း ဖြစ်ပါသည်။

  • ဆီးဂိမ်းတွင် လာရောက်ကြမည့် မလေးနိုင်ငံသားများ အတွက် မလေးရှားသံရုံးမှ ခရီးသွားခြင်းနှင့် ပတ်သက်ပြီး အကြံဥာဏ်ပေးသွားမည်

    ဆီးဂိမ်းတွင် လာရောက်ကြမည့် မလေးနိုင်ငံသားများ အတွက် မလေးရှားသံရုံးမှ ခရီးသွားခြင်းနှင့် ပတ်သက်ပြီး အကြံဥာဏ်ပေးသွားမည်

    စက်တင်ဘာ ၂၈၊ ၂၀၁၃
    M-Media

    Myanmar-Sea-Games-2013-250
    ဒီဇင်ဘာ ၁၁-ရက်နေ့မှ ၂၂-နေ့ရက်နေ့ အထိ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် မလေးရှားနိုင်ငံသားများအား ခရီးသွားခြင်းနှင့်ပက်သက်ပြီး မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ အကြံဥာဏ် ပေးသွားမည်ဟု သိရသည်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားခရီးသွားလုပ်ငန်းနှင့် မရင်းနှီးသေးသည့် နိုင်ငံတစ်ခု ဖြစ်သည့်အတွက် ခရီးသွားလမ်းညွှန်မှု ဆိုင်ရာအကြံပေးမှုများလိုအပ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ် ဒေါက်တာ အဟ်မဒ် ဖိုင်ဇယ်က ပြောကြားခဲ့သည်။

    “ဒီကိစ္စနဲ့ ပတ်သက်ပြီး သံရုံးရဲ့ ၀ဘ်ဆိုဒ်မှာမကြာခင်က တင်ထားပါတယ်” ဟု ဆီးဂိမ်းအကြိုအဖြစ် မြန်မာနိုင်ငံသို့ ယမန်နေ့က လာရောက်ခဲ့သည့် မလေးရှား မီဒီယာအဖွဲ့အား မလေးရှားသံရုံးမှ တည့်ခင်းဧည့်ခံသော ညစာစားပွဲတွင် ဖိုင်ဆယ်က ပြောကြားခဲ့သည်။

    ဆီးဂိမ်းပြိုင်ပွဲနှင့် ပတ်သက်၍ ပြင်ဆင်ထားမှုများအပေါ် မြန်မာ့ဆီးဂိမ်း ကျင်းပရေးကော်မတီက ယခုအချိန်အထိ မလေးရှားသံရုံးအား အကြောင်းကြားခြင်းမရှိသေးဟု ဖိုင်ဇယ်က ထည့်သွင်းပြောကြားခဲ့သည်။

    “ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့်နေရာတွေမှာ ကျင်းပနေတဲ့အချိန် လုံခြုံရေးကို မြန်မာအစိုးရအနေနဲ့ တင်းတင်းကြပ်ကြပ် လုပ်ဆောင်ပါလိမ့်မယ်။ မြန်မာနိုင်ငံကိုလာရောက်ကြသူတွေက နိုင်ငံရဲ့ဥပေဒနဲ့ ယဉ်ကျေးမှုတွေကို လေးစားရပါမယ်။ ပြီးတော့ လာရောက် လည်ပတ်သူတွေဟာ ပြိုင်ပွဲကျင်းပရာ နေရာတွေဖြစ်တဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ ငွေဆောင်စတဲ့ နေရာတွေကိုပဲ လည်ပတ်လို့ရမှာဖြစ်ပြီး တခြားနေရာတွေကို သွားလို့မရပါဘူး” ဟု ဖိုင်ဇယ်က ထပ်လောင်းပြောကြားခဲ့သည်။

    မြန်မာနိုင်ငံတွင်ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲတွင် ကစားနည်းပေါင်း ၃၃-မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ရွှေတံဆိပ် ၄၆၀ ချီးမြှင့်မည်ဖြစ်သည်။
    Ref : bernama

  • မွတ်စလင်မ်များအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုမှာ အတွင်းမှလာသည်ဟု နာဂျစ်ဆို

    စက်တင်ဘာ ၂၉၊ ၂၀၁၃
    M-Media

    najib

    ကမ္ဘာတစ်ဝှမ်းရှိ ငြိမ်းချမ်းရေးကိုလိုလားသော မွတ်စလင်များအနေဖြင့် ဘာသာတရားအား အလွဲသုံးစားလုပ်ကာ အကြမ်းဖက်မှုများ ကျူးလွန်နေကြသည့် အစွန်းရောက်များကို ညီညီညွတ်ညွတ်ဖြင့် ဆန့်ကျင်ကြရန်နှင့် အနာဂတ် အစ္စလာမ်သာသနာအတွက် ထိုးနှက်နေသည့်တိုက်ပွဲများကို အောင်မြင်ရန်အတွက် အလယ်အလတ်လမ်းစဉ်ကသာ အဓိကသော့ချက်ဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

    “ကမ္ဘာတစ်ဝှမ်းလုံးမှာ အစွန်းရောက်ဝါဒဟာ အသက်တွေကိုနှုတ်ယူနေပြီး အခွင့်အရေး တွေကိုလည်း ဖျက်ဆီးပစ်နေပါတယ်။ ဒါဟာ ကျွန်တော်တို့အားလုံးကို အကျိုးသက်ရောက် ပါတယ်။ ဒါပေမယ့် အယူဝါဒတစ်ခုက လူတစ်စုရဲ့လုပ်ရပ်ပါ။ ယနေ့ မွတ်စလင်မ်တွေကို အကြီးမားဆုံးသောခြိမ်းခြောက်မှုဟာ အပြင်ကနေလာတာမဟုတ်ပါဘူး။ ကျွန်တော်တို့အတွင်းထဲကနေလာတာပါ” ဟု မလေးရှားဝန်ကြီးချုပ် မိုဟာမက် နာဂျစ်က ကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ယမန်နေ့ကပြောကြားလိုက်သည်။ ထို့ပြင် စွန်န္နီနှင့် ရှီအာအကြားဖြစ်ပွားသည့် ပဋိပက္ခများက ဆီးရီးယား၊ လက်ဘနွန်၊ အီရတ်နှင့် ပါကစ္စတန်တို့ရှိ မွတ်စလင်မ်သန်းပေါင်းများစွာ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    “ငြိမ်ချမ်းမှုနဲ့ တည်ဆောက်ထားတာပြီး၊ ခန္တီတရားထားဖို့ကိုလည်း သွန်သင်တဲ့ ကျွန်တော်တို့သာသနာကို အစွန်းရောက်တွေက အလွဲသုံးစားလုပ်နေပါတယ်။ သူတို့ဟာ မှားယွင်းတဲ့ ငြင်းခုံမှုတွေကို အသုံးပြုပြီး (မွတ်စလင်မ်တွေ) ကွဲသွားအောင်၊ (အစ္စလာမ်ကို) အကြမ်းဖက်မှုတွေနဲ့ တွဲမြင်လာအောင်လုပ်နေကြပါတယ်။ အစ္စလာမ်ကမ္ဘာတစ်ဝှမ်းလုံးမှာ အစွန်းရောက်တွေဟာ သူတို့ရဲ့မှားယွင်းတဲ့ လုပ်ငန်းစဉ်တွေကို ဘာသာရေးအရေခြုံပြီး လုပ်နေကြပါတယ်။ ရလဒ်အနေနဲ့ကတော့ မိသားစုတွေ မျက်ရည်ကျရတယ်၊ ပြီးတော့ နိုင်ငံတွေနဲ့ အွမ္မသ်(မွတ်စလင်မ်လူထု)ဟာ ကွဲပြားသွားရတာပါပဲ” ဟု သူကဆိုသည်။

    သို့သော်လည်း အကြမ်းဖက်မှုများအားတိုက်ထုတ်ရန် မွတ်စလင်များတွင် စွမ်းအားရှိနေပြီး ဘာသာရေးနှင့်နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အလယ်အလတ်ဖြစ်ခြင်းက အသက်များ ဆုံးရှုံးနေခြင်းကို ရပ်တန့်နိုင်ပြီး မွတ်စလင်မ်ကမ္ဘာတွင် လွတ်လပ်မှုများရနိုင်ကြောင်း၊ အကြမ်းဖက်မှုများနောက်ကွယ်တွင် အနာဂတ်အစ္စလာမ်သာသနာအတွက် အန္တရာယ်ရှိစေမည့် စစ်ပွဲများရှိနေကြောင်း နာဂျစ်က ပြောကြားခဲ့သည်။
    Ref : xinhua

  • မလေးရှားမှ Tan Chong ကားကုမ္ပဏီ မြန်မာနိုင်ငံတွင် ဒေါ်လာ သန်း ၅၀ ရင်းနှီးမြှုပ်နှံမည်။

    စက်တင်ဘာ ၂၁၊ ၂၀၁၃
    M-Media

    Tan Chong

    မလေးရှားနိုင်ငံမှ ကားကုမ္ပဏီတစ်ခုဖြစ်သည့် Tan Chong Motor Holdings Bhd (TCMH) မှာ မြန်မာနိုင်ငံတွင် မော်တော်ကားများ ထုတ်လုပ်ဖြန့်ဖြူးရန် အတွက် အမေရိကန်ဒေါ်လာ သန်း-၅၀ ခန့်ရင်းနှီးမြှုပ်နှံမည်ဟုသိရသည်။

    ပဲခူးဒေသရှိ စက်မှုဇုံတွင် မော်တော်ကားများထုတ်လုပ်ကာဖြန့်ဖြူးရန်အတွက် ၎င်း၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် ETCM (MM) Pte Ltd သည် မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပါမစ်ရရှိခဲ့သည်ဟု အဆိုပါကုမ္ပဏီက သောကြာနေ့က ပြောကြားခဲ့သည်။

    အဆိုပါ ပါမစ်မှာ နှစ် ၅၀ သက်တမ်းရှိမည်ဖြစ်ပြီး ထပ်မံ၍ ၁၀-နှစ်သက်တမ်း နှစ်ကြိမ် သက်တမ်းတိုးနိုင်မည်ဖြစ်သည်။ ပဲခူးရှိ မြေဧက-၅၀ အား ငှားရမ်းကာ Nissan မော်တော်ယာဉ်များ ထုတ်လုပ်တပ်ဆင်သည့်စက်ရုံဆောက်လုပ်၍ TCMH မှ မော်တော်ယာဉ်များအား ထုတ်လုပ်ဖြန့်ဖြူးမည်ဖြစ်သည်။ ထိုစက်ရုံကို ပါမစ်ရရှိသည့်နေ့မှစ၍ တစ်နှစ်အတွင်း စတင်ဆောက်လုမည်ဖြစ်ပြီး သုံးနှစ်အတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်သည်။

    “အဆိုင်းတစ်ဆိုင်းတည်းကို အခြေခံပြီး ငါးနှစ်အတွက် ကနဦးစထုတ်တဲ့အချိန်မှာ တစ်နှစ်ကို ကားအစီးရေ ၉၁၀၀ ထုတ်ဖို့ သတ်မှတ်ထားပါတယ်။ စက်ရုံ၊ အရောင်းပြခန်း တည်ဆောက်မှု၊ ပထမသုံးနှစ်အတွက် စက်ကိရိယာပစ္စည်း ၀ယ်ယူမှုများအပါအ၀င် TCM Myanmar မှ ဆောင်ရွက်မယ့်လုပ်ငန်းတွေအတွက် ရင်နှီးမြှုပ်နှံမှုပမာဏကို ကန်ဒေါ်လာသန်း ၅၀ ရင်းနှီးမြုပ်နှံဖို့ လျာထား ထားပါတယ်” ဟု အဆိုပါကုမ္ပဏီမှ ပြောကြားခဲ့သည်။

    Ref : thestar

  • တရားမဝင် မြန်မာလုပ်သား ကိစ္စ ကူညီရေး မလေးအစိုးရမှ သဘောတူ

    စက်တင်ဘာ ၊ ၁၁ ၊ ၂၀၁၃
    M-Media

    ST_20130607_YNSWEEP07_3692236e
    မလေးရှားမှ တရားမဝင်လုပ်သားများ ဖမ်းဆီးရေး စီမံချက်တခုမြင်ကွင်း PHOTO: SIN CHEW DAILY

    ပူထရာဂျာယာ။    ။ မလေးရှားတွင် အလုပ်လုပ်ကိုင်ရန် အရည်အသွေးပြည့်မီသည့် တရားမ၀င် မြန်မာလုပ်သားများအား အလုပ်လုပ်ကိုင် ခွင့်ရရှိအောင် တိုးမြှင့် အကူအညီပေးရေးကို မလေးရှား အစိုးရဖက်မှ သဘောတူလိုက်ပြီဖြစ်သည်။

    ယမန်နေ့က မလေးရှားတွင် ပြည်ထဲရေးဝန်ကြီး ဒါတွတ် ဆရီ ဒေါက်တာ အဟ်မဒ် ဇာဟစ်ဒ် နှင့် မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်ခန့်အပ်ရေး နှင့် လူမှုဖူလုံရေးဆိုင်ရာ ၀န်ကြီး ဦးအေးမြင့်၏ တွေ့ဆုံဆွေးနွေးမှုမှ ထွက်ပေါ်လာသော ရလဒ်ဖြစ်သည်။

    လုပ်ကိုင်ဆောင်ရွက်နိုင်သော နည်းလမ်းများအနက် ကွာလာလမ်ပူရှိ မြန်မာသံရုံး၌ မြန်မာလုပ်သားများ အတွက် အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းများ အပြီးအစီး ထုတ်ပေးသည့်ဌာန (One-stop Centre) အဖြစ် ဆောင်ရွက်ရန် ၀န်ကြီး အဟ်မဒ် ဇာဟစ်ဒ် မှ ခွင့်ပြုခဲ့သည်။

    “ ကျွန်တော်တို့ရဲ့စီမံချက်ကို သတိထားပြီးဆောင်ရွက်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာအလုပ်သမားတွေထဲမှာ UNHCR ကဒ်ကိုင်ထားသူ နဲ့ တိကျတဲ့အထောက်ရှိမကျသူ – နှစ်မျိုးနှစ်စား ရှိနေလို့ပါဘဲ။ အချို့သောနေရာကဏ္ဍတွေမှာ လုပ်သားတွေ မရှိရင် နှောင့်နှေးသွားမယ့် အဖြစ်ကို ကျွန်တော်တို့ မလိုလားပါဘူး။ လူသားချင်းစာနာ ထောက်ထားရေး နဲ့ အာဆီယံစိတ်ဓာတ်ပေါ် ရပ်တည်ရမယ့် အနေအထား တစ်ရပ်ကို ကျွန်တော်တို့ ရင်ဆိုင်ရပါတယ်။ ဒါကြောင့် လူဝင်မှုကြီးကြပ်ရေးဌာနအနေနဲ့ ဒီလုပ်သားတွေကို မှတ်ပုံတင်လို့ရအောင် ကူညီပေးနိုင်မဲ့  တရားဝင်အချက်တွေကို လေ့လာ သုံးသပ်သွားမှာဖြစ်တယ် ” ဟု ဒေါက်တာ အဟ်မဒ် ဇာဟစ်ဒ် က ဦးအေးမြင့်၏ ဆွေးနွေးညှိနှိုင်းမှုခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောကြားခဲ့သည်။

    မလေးရှားရှိ တရားမ၀င်ရွှေ့ပြောင်းလုပ်သားများအနက် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ် ၏နောက်တွင် မြန်မာနိုင်ငံသားတို့သည် တတိယအများပြားဆုံး လူစုဖြစ်လျက်ရှိကြောင်း၊ နိုင်ငံအတွင်း မလိုလားအပ်သော နိုင်ငံခြားသားတို့အား ရှင်းလင်းသော 6P Bersepadu စီမံချက်ကာလ တစ်လျှောက်တွင် နိုင်ငံခြားသားထံမှ ငွေညှစ်ခြင်း မပြုရန် စီမံချက်တာဝန်ရှိသူတို့အား သတိပေးသည့်အကြောင်း ၄င်းမှ ထည့်သွင်းပြောဆိုသွား၏။

    စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ပြုလုပ်သော စီမံချက်ဖြင့် နိုင်ငံစုံမှ ထိန်းသိမ်းခံရသူများမှာ စုစုပေါင်း ၅၀၀၀ ကျော် ရှိနေပြီဖြစ်သည်။

    “ နိုင်ငံခြားသားလုပ်သားတွေဆီကနေ အရာရှိတစ်ချို့က ငွေကြေးအမြတ်ထုတ်နေတဲ့အကြောင်း လုပ်ငန်းရှင်တွေရဲ့ အကြောင်းကြားချက်အမျိုးမျိုးကို ကျွန်တော်တို့ ရရှိကြားသိထားပါတယ်။ အဲ့ဒီအဆိုတွေရဲ့အထောက်အထား ရောက်လာယင်တော့ (အဲ့ဒီအရာရှိတွေကို) ကြီးလေးတဲ့ပြစ်ဒဏ် ချမှတ် အရေးယူသွား ရပါလိမ့်မယ် ” ဟု ဒေါက်တာ အဟ်မဒ် ဇာဟစ်ဒ်က ပြောကြားသွားခဲ့၏။

    Ref: The Star Online