News @ M-Media

Tag: MiddleEast

  • ဂါဇာပြည်သူ ၉၅ ရာခိုင်နှုန်း သောက်သုံးရေ မရ

    ဂါဇာပြည်သူ ၉၅ ရာခိုင်နှုန်း သောက်သုံးရေ မရ

    စက်တင်ဘာ ၂၃ ၊ ၂၀၁၄
    M-Media
    698e741a6930882d64827e426fd48b8b– ဂါဇာပြည်သူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်အောက်တွင် နေထိုင်နေရပြီး ဂါဇာရှိ ရေ ၉၅ ရာခိုင်နှုန်းမှာ သောက်သုံး၍မရဟု ဂါဇာဒေသ ပိတ်ဆို့မှု ဆန့်ကျင်ရေး ကော်မတီမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့သည်။

    အစ္စရေးက ပိတ်ဆို့ထားမှုကြောင့် ဂါဇာပြည်သူများမှာ ယခင်ကတည်းက အခက်အခဲများကို ကြုံတွေနေရခဲ့ပြီး ပြီးခဲ့သည့် သြဂုတ်လမှစတင်ကာ ရက်ပေါင်း ၅၀ ကြာမြင့်ခဲ့သည့် အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် ဂါဇာပြည်သူများ၏ အခြေအနေများမှာ ပိုမို ဆိုးရွားခဲ့သည်။

    “(အစ္စရေးတဲ့ ကျူးကျော်တိုက်ခိုက်မှုကြောင့်) အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ကယ်ဆယ်ရေး စခန်းတွေမှာ နေထိုင်နေတဲ့ ဂါဇာပြည်သူတွဟာ ဆိုးရွားတဲ့ အခြေအနေတွေကို ကြုံတွေ့နေရပါတယ်။ အဓိကအဆောက်အအုံတွေဖြစ်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေးပေးဝေရေးစက်ရုံနဲ့၊ ရေဆိုးသန့်ရှင်းရေးစနစ်တွေ အဖြိုခံလိုက်ရပြီးတဲ့နောက်ပိုင်းမှာ သူတို့ဘ၀ရပ်တည်ဖို့အတွက် ခြေခံလိုအပ်ချက်တွေ ဆုံးရှုံးသွားခဲ့ပါတယ်” ဟု ကော်မတီအကြီးအကဲ ခိုဒရီကဆိုသည်။

    ဂါဇာပြည်သူများ၏ အလုပ်လက်မဲ့နှုန်းမှာ မြင့်တက်လာက အလုပ်ရှိသူများ၏ ပျမ်းမျှ ၀င်ငွေမှာလည်း တစ်နေ့လျှင် ၂ ဒေါ်လာအောက်သာရှိသည်။ ထို့ပြင် ရေဆိုး သန့်ရှင်းရေးစနစ် ဖျက်ဆီးခံခဲ့ရခြင်းကြောင့် မိလ္လာရေဆိုး လီတာ သန်း ၄၀ မှာ နေ့စဉ်ပင်လယ်ထဲသို့ စီးဝင်ခဲ့နေပြီး ပင်လယ်ရေ၏ ၉၅ ရာခိုင်နှုန်းမှာ သောက်သုံး၍မရပေ။
    “ယေဘုယျအားဖြင့် စိုက်ပျိုးရေးလုပ်ငန်းအပါအ၀င် အသက်ရှင်နေထိုင်ရေးကဏ္ဍအားလုံးမှာ ထိခိုက်မှုတွေရှိနေပါတယ်။ အစ္စရေးရဲ့ ဒုံးကျည်ထိတဲ့ လယ်ယာမြေတွေဟာလည်း ဒုံးကျည်ကထွက်တဲ့ အဆိပ်အကြောင့် ညစ်ညမ်းနေပါတယ်” ဟု ခိုဒရီကဆိုပြီး ဂါဇာပြည်သူများ၏ ဘ၀များကို ကယ်တင်ရန်အလို့ငှာ မြန်ဆန်သည့် အဖြေများကို ရှာဖွေရန်အတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့် အာရပ်အဖွဲ့များကို တိုက်တွန်းခဲ့သည်။

    ref_ MiddleEastMonitor

  • IS အားတိုက်ရန် ဆီးရီးယား သူပုန်များကို လက်နက်တပ်ပေးရန် အမေရိကန် အောက်လွှတ်တော် အတည်ပြု

    IS အားတိုက်ရန် ဆီးရီးယား သူပုန်များကို လက်နက်တပ်ပေးရန် အမေရိကန် အောက်လွှတ်တော် အတည်ပြု

    စက်တင်ဘာ ၁၈ ၊ ၂၀၁၄
    M-Media
    rtr46km6
    – ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ နယ်မြေအချို့အား သိမ်းပိုက်ထားသည့် IS အား တိုက်ခိုက်ရန်အတွက် ဆီးရီးယား သူပုန်များအား လက်နက်တပ်ဆင်ပေးရန် အမေရိကန် လွှတ်တော်က အတည်ပြုခဲ့သည်ဟု သိရသည်။

    ဆီးရီးယားသူပုန်များအား လေ့ကျင့်ပေးရေးနှင့် လက်နက်တပ်ဆင်ပေးရေး အဆိုပါ အစီအစဉ်ကို သမ္မတအိုဘားမားက တင်သွင်းခဲ့ခြင်းဖြစ်ပြီး အောက်လွှတ်တော်တွင် ယမန်နေ့က မဲခွဲဆုံးဖြတ်ခဲ့ရာ ၁၅၆ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။  အဆိုပါ အစီအစဉ်နှင့်အတူ လတ်တလောအသုံးစားရိတ် မူကြမ်းကိုလည်း ပူးတွဲတင်ပြခဲ့သည်။

    အချို့သော ဒီမိုကရက်များက အဆိုပါ ဆောင်ရွက်ချက်မှာ အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်၏ စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုကို အပြည့်အ၀ တံခါးဖွင့်ပေးလိုက်ခြင်း ဖြစ်သည်ဟု ပြောဆိုကြသည်။ ကွန်ဆာဗေးတစ်များကမူ ထိုအစီအစဉ်မှာ IS အဖွဲ့အား ချေမှုန်းရေး လိုအပ်သောအဆင့်အထိ မရောက်မည်ကို စိုးရိမ်နေသည်။

    ဆီးရီးယားရှိ IS အဖွဲ့အား စစ်ရေးအရ အရေးယူမှုများကို စတင်ရေး မိမိအား နိုင်ငံရေးအရ အားပေးရန် အိုဘားမားက ကွန်ဂရက်အား ဖိအားပေးထားသည်။ သို့သော်လည်း အိမ်ဖြူတော်နှင့် နိုင်ငံရေးသမားအများစုကမူ အိုဘားမားအနေဖြင့် အီရတ်တွင် လေကြောင်းမှ တိုက်ခိုက်ရန် အမိန့်ပေးသကဲ့သို့ ဆီးရီးယားတွင်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေက အပ်နှင်းထားသည့် လေကြောင်းမှ တိုက်ခိုက်ခွင့်ပေးရေး အခွင့်အာဏာသာ သမ္မတ၌ရှိသည်ဟု ပြောဆိုကြသည်။

    ဆီးရီးယားနှင့် အီရတ်နိုင်ငံရှိ နယ်မြေအချို့ကို သိမ်းယူကာ အကြမ်းဖက်မှုများကို ပြုလုပ်နေသည့် IS အဖွဲ့တွင် ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်ကို ဖြုတ်ချရန်အတွက် ဂျော်ဒန်တွင် အမေရိကန်တို့က လက်နက်တပ်ဆင် လေ့ကျင့်ပေးခဲ့သည့် ဆီးရီးယားသူပုန်များ ပါဝင်နေသည်ဟု အနောက်မီဒီယာများက ဖော်ပြခဲ့သည်။

    ref_Al Jazeera and agencies

  • ဂါဇာကမ်းမြှောင် အတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ ပြုလုပ်ရန် သဘောတူညီချက် ရရှိ

    ဂါဇာကမ်းမြှောင် အတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ ပြုလုပ်ရန် သဘောတူညီချက် ရရှိ

    စက်တင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media
    2014916235337446734_20
    – အစ္စရေး၏ ကျူးကျော် တိုက်ခိုက်မှုကြောင့် ပျက်ဆီး သွားခဲ့သည့် ဂါဇာ ကမ်းမြှောင်ဒေသတွင် ဆောက်လုပ်ရေး လုပ်ငန်းများ ပြန်လည် လုပ်ဆောင်ရန် အတွက် ကုလသမဂ္ဂ၊ အစ္စရေးနှင့် ပါလက်စတိုင်း အာဏာပိုင်များ သဘောတူညီချက် ရခဲ့သည်ဟု အရှေ့အလယပိုင်းဒေသ ကုလသမဂ္ဂ ကိုယ်စားလှယ် ရောဘတ် ဆာရီက ပြောကြားလိုက်သည်။

    ကုလမှ စပွန်ဆာပေးသည့် အဆိုပါ ပြန်လည်တည်ဆောက်ရေး သဘောတူညီချက်ကို ယမန်နေ့က ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါ သဘောတူညီချက်မှာ ယာယီသာဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်းများကို အလျင်အမြန် အကောင်ထည်ဖော်ရေးအတွက် ဆာရီက တိုက်တွန်းပြောကြားခဲ့သည်။

    “အစ္စရေးရဲ့ ပိတ်ဆို့မှုတွေအားလုံး ဖယ်ရှားရေး အရေးကြီးတဲ့ ခြေလှမ်းအဖြစ်၊ ပြီးတော့ ဂါဇာပြည်သူတွေရဲ့ မျှော်လင့်ချက် အလင်းတန်းအဖြစ် (ဆောက်လုပ်ရေးလုပ်ငန်းတွေကို) နှောင့်နှေးကြန့်ကြာမှုမရှိဘဲနဲပဲ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရပါမယ်” ဟု ဆာရီက ပြောကြားခဲ့သည်။

    ကမ္ဘာ့ဘဏ်ကလည်း အစ္စရေး၏ ကျူးကျော်တိုခိုက်မှုများပြီးနောက် ပါလက်စတိုင်းပြည်သူများ၏ ဆိုးရွားသော စီပွားရေး အခြေအနေကို ဖော်ပြထားသော အစီရင်ခံစာတစ်စောင်ကို မကြာမီရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည်။

    ကုလမှ ကြားဝင်ဆောင်ရွက်ပေးခဲ့သည့် အဆိုပါ သဘောတူညီမှာ ဂါဇာကမ်းမြှောင်ဒေသအတွင်း လိုအပ်သောဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ဆောင်ရနိုင်ရန်ဖြစ်ပြီး၊ ပုဂ္ဂလိက အခန်းကဏ္ဍပါဝင်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပါလက်စတိုင်း အာဏာပိုင်များအား အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ခွင့်တို့ကိုလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဆောက်လုပ်ရေးပစ္စည်းများအား အရပ်ဘက်မှလွဲ၍ အခြားသော ကဏ္ဍများတွင် သုံးစွဲခြင်းမရှိစေရန် ကုလက စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဆာရီက ထပ်လောင်းပြောကြားခဲ့သည်။

    ရက်ပေါင်း ၅၀ ကြာမြင့်ခဲ့သည့် ကျူးကျော်တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဗလီဝတ်ကျောင်းတော်များ၊ ဘောလုံးကွင်းများ၊ မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးစင်တာ စသည့် အရပ်ဘက် ပစ်မှတ်များကို တိုက်ခိုက်ခဲ့သောကြောင့် ပါလက်စတိုင်းပြည်သူ အနည်းဆုံး ၂၁၀၀ သေဆုံးခဲ့ရပြီး အဆောက်အဦးများစွာလည်း ပြိုကျပျက်ဆီးခဲ့ရသည်။

    Al Jazeera

  • ကင်မရွန်းမှ လူငယ်ဘောလုံး တစ်သင်းလုံး ဒူဘိုင်းတွင် အစ္စလာမ်သို့ ကူးပြောင်း

    ကင်မရွန်းမှ လူငယ်ဘောလုံး တစ်သင်းလုံး ဒူဘိုင်းတွင် အစ္စလာမ်သို့ ကူးပြောင်း

    စက်တင်ဘာ ၁၇ ၊ ၂၀၁၄
    M-Media

    – ယူအေအီးနိုင်ငံမှသို့ လာရောက်ကာ လေ့ကျင်မှုများ ပြုလုပ်ခဲ့သည့် ကင်မရွန်းလူငယ် ဘောလုံးအသင်းတစ်သင်းလုံးမှာ အစ္စလာမ် သာသနာသို့ ပြောင်းလဲသက်ဝင်ခဲ့သည်ဟု သိရသည်။

    EntireFootball-Team-Finds-Islam-in-Dubai

    ကင်မရွန်းရှိ လူငယ်ဘောလုံးအကယ်ဒမီတစ်ခုမှ ကစားသမား ၂၃ ဦးပါဝင်သော ဘောလုံးအသင်းဖြစ်ပြီး ဒူဘိုင်းသို့ ၂ လကြာ လေ့ကျင့်ရန် လာရောက်ရာမှ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်သည်။

    “လွတ်လွတ်လပ်လပ် နေထိုင်လိုကြတဲ့ ဒီလိုအရွယ်မျိုးမှာ ဒီလူငယ်တွေဟာ ယုံကြည်ချက်နဲ့ ဖြောင့်မတ်မှန်ကန်မှုကို ရှာဖွေကြတာဟာ သိပ်ကို အံ့သြစရာကောင်းပါတယ်။ အဖွဲ့တစ်ခုတည်းက ဒီလောက်အများကြီး အစ္စလာမ်သာသနာကို ပြောင်းလဲသက်ဝင်တာ ဒါပထမဆုံးပါပဲ။ လူအများကြီး အစ္စလာမ်ကို လက်ခံတာ ကြုံခဲ့ဖူးပေမယ့် အုပ်စုတစ်ခုထဲက မဟုတ်ဘဲ မတူညီတဲ့ နေရာဒေသတွေကပါ” ဟု ဒူဘိုင်း အစ္စလာမ့်ရေးရာနှင့် လူမှုကူညီရေးအဖွဲ့ IACAD မှ ဘာသာရေးဆိုင်ရာ အကြီးတန်း အကြံပေး ဂျာဝိဒ် ခါတီးဗ်က ပြောကြားလိုက်သည်။

    ဒူဘိုင်းသို့ ရောက်ရှိချိန်တွင် အစ္စလာမ်သာသနာ၏ ငြိမ်းချမ်းမှုနှင့် အေးချမ်းမှုကို ခံစားခဲ့ရပြီး ၎င်းတို့နှင့် အတူလေ့ကျင့်သည့် မွတ်စလင်ဘောလုံးသမားများထံမှ ရရှိခဲ့သည့် ကြင်နာမှု၊ စာနာထောက်များမှုများနှင့် လေးစားမှုတို့ကြောင့် အဆိုပါ ဘောလုံးတစ်သင်းလုံးမှာ အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ခဲ့ခြင်းဖြစ်သည်။

    “မွတ်စလင်တွေရဲ့ အပြုအမူတွေက သူတို့ကို အထင်ကြီးစေခဲ့ပါတယ်။ အများဆုံးကတော့ သူတို့ကို ကြင်နာမှုနဲ့ လေးစားမှုတို့ပါပဲ” ဟု ခတီးဗ်ကဆိုသည်။

    ၎င်းတို့ ဘောလုံးတစ်သင်းလုံးမှာ အစ္စလာမ်ကို စိတ်ဝင်စားသည်ဟု ပြောဆိုပြီးနောက် အစ္စလာမ်နှင့် ပတ်သက်၍ ပိုမိုလေ့လာမှုများပြုလုပ်ရန်အတွက် ၎င်းတို့အသင်း၏ နည်းပြဖြစ်သူအမျိုးသမီးက IACAD သို့ ခေါ်ဆောင်သွားခဲ့သည်။

    “နှစ်ရက်လောက် သူတို့နဲ့ တစ်နေကုန်တွေ့ပြီး အစ္စလာမ်အကြောင်း ပြောပြတာ၊ မေးခွန်းတွေဖြေတာနဲ့ သူတို့ရဲ့ သံသယတွေရှင်းသွားအောင် ရှင်းပြခဲ့ပါတယ်။ အစ္စလာမ်နဲ့ပတ်သက်ပြီးသော သူတို့မှာ သင့်တော်တဲ့နားလည်းမှုမျိုး ရှိလာအောင် လုပ်ခဲ့ပါတယ်။ သူတို့ရဲ့ မေးခွန်းအများစုကတော့ ဟာလာလ်၊ ဟရမ်အကြောင်း၊ အရက်သောက်ခြင်းအကြောင်း၊ အစ္စလာမ်မှာ ခရစ်တော်တို ဘယ်လိုမြင်လဲဆိုတဲ့ အကြောင်းတွေဖြစ်ပါတယ်။ သူတို့ထဲက နှစ်ယောက်ကတော့ အစ္စလာမ်ကိုပြောင်းဖို့ ဆန္ဒမရှိခဲ့ပါဘူး” ဟု ခတီးဗ်က ထပ်လောင်းပြောကြားခဲ့သည်။

    အဆိုပါ IACAD အဖွဲ့မှာ သစ်လွင်မွတ်စလင်များနှင့် မွတ်စလင်မဟုတ်သူများအတွက် စစ်မှန်သော အစ္စလာမ့်သတင်းစကားကို မိတ်ဆက်ရန် အခမ်းအနားများစွာကို ဆောင်ရွက်ပေးခဲ့သည်။

    IACD မှာ ဒါရ် အလ်ဘာရ် ဒေသရှိ အစ္စလာမ့်သတင်းအချက်အလက်စင်တာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်။

    အဆိုပါ စင်တာ တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း နိုင်ငံပေါင်း ၂၀၀ ကျော်မှ အစ္စလာမ်သို့ သက်ဝင်လာသူ ၂ သောင်းကျော်ရှိပြီး ပြီးခဲ့သည့်နှစ်တွင် အစ္စလာမ်သို့ သက်ဝင်ယုံကြည်သူပေါင်း ၂၁၁၅ ဦးရှိကာ တစ်နှစ်အတွင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့သည်။

    ref_ OnIslam & Newspapers

  • ကျူးကျော် စစ်ပွဲအလွန် ဂါဇာတွင် ကျောင်းများ ပြန်ဖွင့်ပြီ

    ကျူးကျော် စစ်ပွဲအလွန် ဂါဇာတွင် ကျောင်းများ ပြန်ဖွင့်ပြီ

    စက်တင်ဘာ ၁၅ ၊ ၂၀၁၄
    M-Media
    Gaza children back to school 2
    – အစ္စရေး၏ တစ်လကျော်ကြာ ကျူးကျော်တိုက်ခိုက်မှုကို ခံခဲ့ရသည့် ဂါဇာကမ်းမြှောင်တွင် စာသင်ကျောင်းများအား ယနေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား ၅ သိန်းနီးပါး ပြန်လည်တက်ရောက်နေသည်ဟု သိရသည်။

    အစ္စရေး၏ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၂၅၀ ကျော် ပျက်စီးသွားခဲ့ပြီး ကုလမှ စီစဉ်ပေးထားသည့် စာသင်ကျောင်း ၉၀ ကျော်မှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ပါလက်စတိုင်းများအတွက် ကယ်ဆယ်ရေးစခန်းများအဖြစ် အသုံးပြုနေရသောကြောင့် ကျောင်းဖွင့်ချိန်မှာ သီတင်းပတ်ပေါင်း များစွာ နောက်ကျခဲ့ရသည်။

    ပုံမှန်သင်ခန်းစာများ မသင်မီ စစ်ဒဏ်ခံခဲ့ရသည့် ကျောင်းသားများအား စိတ်ဒဏ်ရာများ ကုသပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် အကြံဥာဏ်ပေးခြင်း တို့ကို ပြုလုပ်သွားမည်ဖြစ်သည်။

    Gaza children back to school

    “အခုလက်ရှိ စိတ်ပိုင်းဆိုင်ရာ အကူအညီတွေပေးပြီးတဲ့နောက်မှာ အရင်ဆုံး ဦးစားပေးရမှာက ကျွန်တော်တို့ရဲ့ ကျောင်းသားတွေ ပုံမှန် သင်ရိုးညွှန်းတမ်းအတိုင်း ပြန်သင်နိုင်ဖို့ပါပဲ” ဟု ဂါဇာကမ်းမြှောင်ရှိ စာသင်ကျောင်းပေါင်း ၂၀၀ ကျော်ကို လည်ပတ်ပေးနေသည့် ကုလသမဂ္ဂ UNRWA မှ အကြီးအကဲ ပီယာရီ ကရန်ဘူးလ်က ပြောကြားခဲ့သည်။

    UNRWA မှာ ကျောင်းသားပေါင်း ၂ သိန်း ၄ သောင်းကျော်ကို အကြံအဥာဏ်များ ပေးနိုင်ရန်တွက် ၀န်ထမ်းပေါင်း ၂၀၀ ကျော်ကို ခန့်အပ်ထားသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ကုလ၏ စာသင်ကျောင်း ၂၀ တွင် ပါလက်စတိုင်း ဒုက္ခသည် ၆၄၀၀၀ ခန့်မှာ ခိုလှုံနေရဆဲဖြစ်သည်။ ဂါဇာကမ်းမြှောင် ဒုတိယပညာရေးဝန်ကြီး ဇေယဒ် သာဘတ်ကမူ အစ္စရေး၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ဂါဇာရှိ စာသင်ကျောင်းပေါင်း ၂၆ ကျောင်းမှာ လုံးဝ ပြိုပျက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ref_Al Jazeera and agencies