News @ M-Media

Tag: MMediaTech

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    ဧပြီ ၂၂ ၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ပင်မဆဲလ် သုတေသန အောင်မြင်မှု

    ပြီးခဲ့တဲ့အပတ်ထဲက ပင်မဆဲလ် (stem cell) သုတေသန အောင်မြင်မှု သတင်းတစ်ခု ထွက်ပေါ်ခဲ့ပါတယ်။ Advanced Cell Technology ကုမ္ပဏီက Dr. Robert Lanza ဦးဆောင်တဲ့ တောင်ကိုရီးယား နဲ့ အမေရိကန်က သုတေသီတွေဟာ သာမန် လူ့အရေပြားဆဲလ်ကနေ ပင်မဆဲလ် ကို ပျိုးထောင်ယူနိုင်ခဲ့ကြပါတယ်။ ပုံမှန်အားဖြင့် သန္ဓေသား ဒါမှမဟုတ် အချင်းကနေ ထုတ်ယူရတဲ့ ပင်မဆဲလ်ကို အခုလို သာမန်အရွယ်ရောက် ၃၅ နှစ်အရွယ် နဲ့ ၇၅ အရွယ် လူနှစ်ဦး ရဲ့ အရေပြားဆဲကနေ တည်ဆောက်နိုင်ခဲ့ကြတာကြောင့် နောင်ဆိုရင် လိုအပ်တဲ့ တစ်ရှူးအမျိုးအစားကို ဓါတ်ခွဲခန်းမှာ ပျိုးထောင် အစားထိုးကုသနိုင် လာတော့မှာ ဖြစ်ပါတယ်။

    stem cell
    ________________________________

    နှစ်သက်ရာ အစိတ်အပိုင်း ဝယ်ယူတပ်ဆင်နိုင်မည့်ဖုန်း

    Project Ara လို့ အမည်ပေးထားတဲ့ ဂူးဂဲလ်ရဲ့ လက်ကိုင်ဖုန်း နည်းပညာသစ်ရဲ့ ပထမအကြိမ် နည်းပညာ ကွန်ဖရင့် အပြီးမှာ Module Developers Kit ကို ဖြန့်ချီပေးခဲ့ပါတယ်။ နည်းပညာရှင်တွေအတွက် $50တန် ဖုန်းအကြမ်းထည် အစိတ်အပိုင်းတွေကိုလည်း မကြာမီ ထုတ်လုပ်ပေးမယ်လို့ သိရပါတယ်။ ဒီဖုန်းအမျိုးအစားကို နောက်နှစ် ဇန်နဝါရီမှာ သုံးစွဲသူတွေဆီ ရောင်းချနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

    (related news 2014-03-18) http://www.m-mediagroup.com/news/25464

    project ara
    ________________________________

    အမေရိကန်အတွက် ဂျပန်နိုင်ငံက လျှပ်စစ်သံလိုက် ရထား တည်ဆောက်မည်

    ဂျပန်နိုင်ငံရဲ့ နည်းပညာဖြစ်တဲ့ လျှပ်စစ်သံလိုက် ရထားကို အမေရိကန်နိုင်ငံ မှာ Washington DC နဲ့ Baltimore ကို ဆက်သွယ်တဲ့ ခရီးအတွက် စတင်တည်ဆောက်မယ်ဆိုရင် ကုန်ကျစရိတ် $သန်း၈၀၀၀ရဲ့ တစ်ဝက်ကို ကျခံ ကူညီမယ်လို့ ဂျပန်နိုင်ငံက အဆိုပြုလိုက်ပါတယ်။ ဒီခရီးဟာ ၃၇မိုင် ရှည်ပြီး လက်ရှိသာမန်ရထားနဲ့ ဆိုရင် တစ်နာရီကြာသွားရပေမယ့် လျှပ်စစ်သံလိုက် ရထားနဲ့ ဆိုရင် ၁၅မိနစ်ပဲ ကြာမှာ ဖြစ်ပါတယ်။ Maglev လို့ခေါ်တဲ့ ရထား နည်းပညာကို လက်ရှိမှာ ဂျပန်နဲ့ ဂျာမဏီ နှစ်နိုင်ငံက တီထွင်ခဲ့ပေမယ့် လုပ်ဆောင်ပုံချင်း မတူညီပါဘူး။ ဂျပန် Maglev ရထားကတော့ Superconductor လို့ခေါ်တဲ့ သံလိုက်နည်းပညာကို အသုံးပြုပြီး ဂျာမဏီကတော့ လီနီယာမော်တာ ကို အသုံးပြုပြီး ရထားကို မြေပြင်ကနေ ကြွနေအောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။

    maglev
    ________________________________

    Dragon capsule ကို အောင်မြင်စွာလွှတ်တင်

    အရင်တစ်ပတ်က မလွှတိတင်နိုင်ခဲ့တဲ့ SpaceXရဲ့ Falcon 9 rocket ကို ဒီတနင်္လာမှာ နိုင်ငံတကာအာကာသစခန်းကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ပေးဖို့ April 18 ကလွှတ်တင်လိုက်ပြီး April 20 မနက်မှာ အောင်မြင်စွာ ရောက်ရှိခဲ့ပါတယ်။

    spaceX

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    မတ် ၂၇၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    Facebook က Oculus VR ကို ဝယ်ယူ

    Oculus VR ဆိုတာကတော့ Oculus Rift လို့ခေါ်တဲ့ ပုံရိပ်ယောင်မြင်ကွင်းစစ် (virtual reality) ကိရိယာကို တီထွင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အခုဒီကုမ္ပဏီကို Facebook က ဒေါ်လာ သန်း နှစ်ထောင်နဲ့ ဝယ်ယူလိုက်ပါတယ်။ လက်ရှိတော့ ဒီကိရိယာဟာ ဂိမ်းကစားဖို့ အဓိက ထားပေမယ့် နောက်တစ်ဆင့် အနေနဲ့ အဝေးက ဆရာဝန်နဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံနိုင်သလို အဝေးသင် ကျောင်းကဲ့သို့ စာသင်ခန်းကိုလည်း အိမ်ကနေပဲ တက်ရောက်နိုင်တာမျိုးလို အကျိုးရှိတဲ့ အသုံးချ နည်းပညာတစ်ခု ဖြစ်လာမယ်လို့ Facebook တည်ထောင်သူ Mark Zuckerberg ကပြောကြားပါတယ်။ ဒီလိုကိရိယာမျိုးကို တီထွင်နေကြောင်းကို ဆိုနီကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလက ကျင်းပခဲ့တဲ့ Consumer Electronics Show မှာ နမူနာ ပြသခဲ့ပါတယ်။

    Oculus Rift
    ________________________________
    Samsung က smart နာရီ ဈေးနှုန်းများကြေငြာ

    အရင်အပါတ်က Mobile World Congress မှာ ပြသခဲ့တဲ့ Samsung ရဲ smart နာရီဈေးနှုန်းတွေကို ကြေငြာလိုက်ပါတယ်။ Gear 2 Neo ကတော့ $199 ဖြစ်ပြီး ကင်မရာပါတဲ့ Gear 2 ကတော့$299ဖြစ်ပါတယ်။ ကွေးညွတ်ထားတဲ့ screen နဲ့ Gear Fit ကတော့ $199 ဖြစ်ပါတယ်။

    smasung smart watch

    ________________________________
    Android Wear

    လက်ရှိ smart နာရီမျိုးစုံ ထွက်လာတဲ့ခေတ်မှာ ဂူးဂဲလ်က သူ့ရဲ့ Android အမျိုးအစားသစ် Android Wear ကို smart နာရီတွေအတွက် operating system အဖြစ် ထုတ်လုပ်ပေးလိုက်ပါတယ်။ ပထမဆုံး Android Wear ကိုအသုံးပြုထားမယ့် နာရီတွေကတော့ Motorola ရဲ့ Moto 360 နဲ့ LG G Watch တို့ ဖြစ်ပါတယ်။

    android wear
    ________________________________
    မလေးရှားလေကြောင်းခရီးစဉ် ၃၇၀ နဲ့ပတ်သက်၍

    Swift လို့ခေါ်တဲ့ aircraft data-streaming system ကို တောင်အမေရိကနဲ့ ဥရောပဘက်ကို ပျံသန်းတဲ့ လေယာဉ်တွေမှာ တပ်ဆင်ဖို့ ညွှန်ကြားထားပေမယ့် အာရှဘက်မှာ ပျံသန်းတဲ့ လေယဉ်တွေမှာ တပ်ဆင်ဖို့ သတ်မှတ်ချက်မရှိပါဘူး။ လေယာဉ်မှာ ပုံမှန်ပါဝင်တဲ့ Communications Addressing and Reporting System ပျက်သွားရင်တောင်မှ Swift က ဆက်လက် အလုပ်လုပ်နိုင်မှာ ဖြစ်ပြီး လေယာဉ် အမြန်နှုန်း၊ ဆီသုံးစွဲမှု အင်ဂျင်အခြေအနေ ဦးတည်ရာ အမြင့်ပေ စတာတွေကို ဂြိုဟ်တုဆီ တိုက်ရိုက် ပို့လွှတ်နိုင်တဲ့အတွက် တပ်ဆင်ထားမယ်ဆိုရင် လေယာဉ်ကို ရှာရမခက်ဘူးလို့ သိရပါတယ်။ အခု ခရီးစဉ် ၃၇၀ ကိုရှာတာမှာ မိုင်ပေါင်း ၂.၂၄ သန်း အကျယ်အဝန်းကို ရှာခဲ့ကြပေမယ့် မတွေ့နိုင်သေးပါဘူး။

    boeing 777

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    မတ် ၁၈၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ဒရမ်တီးနိုင်တဲ့ စက်လက်အတု

    အရင်တစ်ပါတ်က ထိတွေ့မှုကို ခံစားနိုင်တဲ့ လက်အတုအကြောင်း ဖေါ်ပြခဲ့တာ မှတ်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ အခု နောက်ထပ် တစ်မျိုးကတော့ Georgia Tech တက္ကသိုလ်မှ ပါမောက္ခ Gil Weinberg က ဒရမ်တီးနိုင်တဲ့ စက်လက်အတုကို တီထွင်ခဲ့ပါတယ်။ ဒရမ်ရိုက်ချက် ကို စက်မောင်းတံနဲ့ ရိုက်ခတ်ဖို့ ကို လက်ရဲ့ အာရုံကြောက ပို့လွှတ်တဲ့ အချက်ပြလှိုင်းကို electromyographyန နည်းနဲ့ ဆက်သွယ် လုပ်ဆောင်ပါတယ်။ ထူးခြားတာကတော့ နောက်ထပ် အလိုအလျောက် ဒရမ်ခေါက် တံတစ်ချောင်းက လက်နှစ်ဘက်က တီးနေတဲ့ သံစဉ်ပေါ် မူတည်ပြီး စည်းချက် ဖြည့်စွက် တီးခတ်ပေးမှာ ဖြစ်ပါတယ်။

    6

    တီးခတ်မှု ဗွီဒီယို


    _____________________
    လူသားနှင့် စက်ရုပ် တို့ရဲ့ စားပွဲတင်တင်းနစ် ပြိုင်ပွဲ

    ဂျာမဏီနိုင်ငံက စက်ရုပ်လုပ်ငန်း Kuka က စားပွဲတင်တင်းနစ် ရိုက်နိုင်တဲ့ စက်ရုပ် Agilus ကို ထုတ်လုပ်ခဲ့ပြီး ဂျာမန် ချန်ပီယံ Timo Boll နဲ့ ယှဉ်ပြိုင် ကစားရာမှာ အစပိုင်းမှာ လူသားက ရှုံးနိမ့်ခဲ့ပေမယ့် Agilus စက်ရုပ်ကို ပြုလုပ်သူ လူသားတွေရဲ့ တီထွင်နိုင်စွမ်းကို တော့ youtube ဗွီဒီယို https://www.youtube.com/watch?v=tIIJME8-au8 မှာ ကြည့်ရှုနိုင်ပါတယ်။

    5
    ___________________
    Googleရဲ့ Project Ara

    လက်ရှိခေတ်မှာ စားပွဲတင်ကွန်ပျူတာတွေ တစ်လုံး ဝယ်ယူတဲ့အခါမှာ စိတ်ကြိုက် အစိတ်အပိုင်း တစ်မျိုးချင်းစီ ဝယ်ယူ တပ်ဆင်နိုင်ကြသို လက်ကိုင်ဖုန်းတွေကိုလည်း စိတ်ကြိုက် ပရိုဆက်စာ၊ စိတ်ကြိုက် ကင်မရာ။ စိတ်ကြိုက် မှတ်ဉာဏ်သိုလှောင်မှု စသည်ဖြင့် တပ်ဆင်နိုင်မယ် တပ်ဆင်နိုင်တဲ့ ဖုန်း စနစ်ကို ဂူးဂဲလ်က Ara ဆိုတဲ့ ပရောဂျက်အမည်နဲ့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဧပြီ ၁၅−၁၆ ရက်တွေမှ ဒီ အာရာ ပရောဂျက် ကွန်ဖရင့်တစ်ရပ်ကျင်းပဖို့ စီစဉ်ထားပါတယ်။

    4
    _____________________________________
    ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို 3D printerနဲ့ တည်ဆောက်ခြင်း

    ပြီးခဲ့တဲ့အပါတ်အတွင်းမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို 3D printer နဲ့ တည်ဆောက် ကုသတဲ့ သတင်းနှစ်ရပ် ရှိပါတယ်။ ပထမသတင်းကတော့ အသက် ၂၉နှစ်အရွယ် Stephen Power ဟာ ဆိုင်ကယ် မတော်တဆဖြစ်ပြီး ဦးခေါင်းခွံ ကျိုးကြေခဲ့ရတဲ့ အပိုင်းတွေကို Morriston ဆေးရုံက Adrian Sugar ဦးဆောင်တဲ့ အဖွဲ့က 3D printer တစ်မျိုးနဲ့ လိုအပ်တဲ့ ဦးခေါင်းခွံ အပိုင်းကို ပြုလုပ်ပြီး ကုသပေးခဲ့ကြပါတယ်။ နောက်သတင်းကတော့ Harvard တက္ကသိုလ်က Jennifer Lewis ဦးဆောင်တဲ့ သုတေသီ အဖွဲ့ရဲ့ ပိုမို ရှုပ်တွေး အဆင့်မြင့်တဲ့ စမ်းသပ် သုတေသနဖြစ်ပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်း ကြွက်သားတစ်ရှူး တွေကို 3D printer နဲ့ ပြုလုပ်တဲ့အခါမှာ တစ်ရှူးထဲမှာ သွေးကြောလေးတွေကိုပါ ထည်ုသွင်းတည်ဆောက် နိုင်ခဲ့ကြပါတယ်။
    10001495_10152274814033166_1510596250_n
    ————————–————————–——-
    ** Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    မတ် ၁၂၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    လက်ညှိုး အမူအယာ ပြသရုံနဲ့ ညွှန်ကြားခိုင်းစေနိုင်တဲ့ “Ring”

    ဂျပန်လူမျိုး Takuro Yoshida ဦးဆောင်တဲ့ Logbar ကုမ္ပဏီဟာ “Ring” လို့ အမည်ပေးထားတဲ့ လက်စွပ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။

    အခြား နည်းပညာသုံး ကိရိယာများနဲ့ bluetoothကနေ ချိတ်ဆက်ပြီး လက်ညှိုး အမူအရာပြသရုံနဲ့ ညွှန်ကြားခိုင်းစေနိုင် မှာ ဖြစ်ပါတယ်။  ဥပမာ− smart ဖုန်းမှာ စာရေးတာကို လက်ညှိုးက လေထဲမှာ စာလုံးပုံ ဆွဲပြခြင်း။ smart TV မှာ ချယ်နယ်လ်ပြောင်း ဖို့ လက်ညှိုးအမူအရာပြသနိုင်ခြင်းတွေ ဖြစ်ပါတယ်။

    အခုနောက်ပိုင်း ပေါ်ထွက်လာတဲ့ Google glass လို ကစားစရာ drone လေယာဉ်ငယ်လို program လုပ်ပြီး ဆက်သွယ်လုပ်ဆောင်နိုင်တဲ့ ကိရိယာတွေ အများကြီး ရှိလာနိုင်ပါတေယ်။ လက်ရှိတော့ ၁၄၅ ဒေါ်လာလောက် နဲ့ရောင်းဖို့ စီစဉ်ထားပေမယ့် နောက်ပိုင်းမှာ ၁၀၀ ဒေါ်လာလောက်ထိ လျှော့ချသွားမယ်လို့ Takuro Yoshida ကပြောဆိုပါတယ်။

    ring
    _______________________________
    အိုဇုန်းအလွှာကို ပျက်စီးစေတဲ့ ဓါတ်ငွေ့ အသစ်လေးမျိုး

    အိုဇုန်းအလွှာကို ပျက်စီးစေတဲ့ စက်မှုလုပ်ငန်းတွေက ထုတ်လွှတ်တဲ့ ဓါတ်ငွေ့ အသစ်လေးမျိုး ကို University of East Anglia က သုတေသီတွေက လေ့လာတွေ့ရှိထားပါတယ်။

    CFC (chlorofluorocarbon) ဓါတ်ငွေ့ သုံးစွဲမှုကို ၂၀၁၀ ခုနှစ်ကစပြီး လုံးဝ ပိတ်ပင်ခဲ့တဲ့အတွက် သိသာစွာလျှော့ကျသွားပေမယ့် အခု တွေရှိတဲ့ ဓါတ်ငွေ့ အသစ်တွေက CFC အမျိုးအစား သုံးမျိုး နဲ့ hydrochlorofluorocarbon (HCFC) တစ်မျိုး ဖြစ်ပြီး ဒီဓါတ်ငွေ့တွေဟာ ပြိုကွဲချိန်ကြာရှည်တာကြောင့် ပိုမို အန္တရာယ် ရှိတယ်လို့ သိရပါတယ်။

    ozone
    _______________________________
    သွေးစစ်ခြင်းဖြင့်dementia ဖြစ်နိုင်ခြေကို သိရှိနိုင်

    University of Oxford က အာရုံကြောသိပ္ပံပညာရှင် Simon Lovestone ဦးဆောင်တဲ့ သုတသနအရ သွေးရည်ကြည်ထဲက lipid metabolites ၁၀မျိုးကို စစ်ဆေးခြင်းဖြင့် နှစ်နှစ်လောက် အတွင်းမှာ dementia ရောဂါ ဖြစ်နိုင်ခြေ ရှိမရှိ ၉၀ ရာခိုင်နှုန်း မှန်ကန်တဲ့ ရလဒ်ကို သိရှိနိုင်တယ် လို့ ဆိုပါတယ်။

    (dementia ဆိုတာ ကတော့ မှတ်ဉာဏ်ပျက်စီးခြင်း၊ စဉ်းစားနိုင်မှု မရှိတော့ခြင်း၊ ကဲ့သို အာရုံကြောလုပ်ဆောင်မှု ပျက်စီးတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။)

    brain
    _______________________________
    နှစ်ပေါင်းသုံးသောင်းက အေးခဲနေတဲ့ ပိုးမွှားပြန်လည် နိုးထ

    P. sibericum လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးဟာ ဆိုက်ဘေးရီးယားက အနုတ် ၁၃.၄’ဒီဂရီအေးခဲ နေတဲ့ မြေလွှာ ထဲမှာ အနှစ် သုံးသောင်းကြာ အေးခဲနေရာကနေ ပြန်လည်း နိုးထစေပြီး အမီဘာ ဘက်တီးရီးယားကို စမ်းသပ် ကူးစက်ကြည့်နိုင်ခဲ့ခြင်းဖြင့် ဗိုင်းရပ်စ်များရဲ့ ရှင်သန်နိုင်စွမ်းကို လေ့လာနိုင်ခဲ့ပါတယ်။ P. sibericum ဗိုင်းရပ်စ် ဟာ သာမန်ဗိုင်းရပ်စ်တွေထက် ထူးထူးခြားခြား ကြီးမားပြီး သာမန် အဏုကြည့် မှန်ပြော့င်းနဲ့ မြင်နိုင်တဲ့ ၁.၅ μm အရွယ်အစား ဖြစ်ပါတယ်။

    virus

    ————————–————————–——-
    ** Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာ သတင်းများ (M-Media Tech ကဏ္ဍ)

    မတ် ၄၊ ၂၀၁၄
    M-Media
    စုစည်းတင်ဆက်သူ- daythanix

    ဒီတစ်ပါတ်မှာတော့ စပိန်နိုင်ငံ ဘာဆီလိုနာ မြို့မှာ အရင်အပါတ်ထဲက ကျင်းပခဲ့တဲ့ Mobile World Congress မှာပွဲထုတ်ပြသခဲ့တဲ့ ကုန်စည်သစ်တွေကို ဦးစားပေး ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။

    မျက်နှာနှစ်ဖက်နဲ့ YotaPhone 

    ရုရှနိုင်ငံ က လက်ကိုင်ဖုန်းလုပ်ငန်း Yota Devices ကထုတ်လုပ်တဲ့ YotaPhone ဆိုတာကတော့ သာမန်ဖုန်းတွေထက် ထူးခြားပါတယ်။ ဖုန်းရဲ့ နောက်ကျောဘက်မှာ ဒုတိယ screen တစ်ခုပါတဲ့အတွက် မျက်နှာ နှစ်ဘက် ပါတဲ့ ဖုန်းဖြစ်ပါတယ်။

    အရှေ့မျက်နှာကတော့ အားလုံးသိတဲ့ LCD screen ဖြစ်ပြီး နောက်ကျောကတော့ e-ink လို့ခေါ်တဲ့ ebook တွေဖတ်ဖို့ တီထွင်ထားတဲ့ display (ပုံဖေါ်မျက်နှာပြင်) ဖြစ်ပါတယ်။ e-ink display ဆိုတာကတော့ စာတစ်မျက်နှာကို ပုံဖေါ်ပြီးတာနဲ့ လျှပ်စစ်ဓါတ်အား သုံးစရာ မလိုတော့ပဲ တစ်ချိန်လုံးဆက်လက် ဖတ်ရှုလို့ရနေနိုင်တဲ့အတွက် ဓါတ်အား သိပ်မကုန်တာဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက ပထမမျိုးဆက် YotaPhone ကို ဥရောပမှာ စတင် ရောင်းချခဲ့ပါတယ်။ အခုတော့ သူတို့ရဲ့ ဒုတိယ မျိုးဆက် YotaPhone ကို Mobile World Congress မှာ မိတ်ဆက် ပြသခဲ့ပါတယ်။ ပါဝင်တဲ့ ပစ္စည်းတွေကတော့ Qualcomm quad-core 800 series processor, ကြိုးမဲ့ဓါတ်အားသွင်းနိုင်မှု, NFC အရှေ့မျက်နှာပြင်မှာ 5-inch AMOLED display, နောက်ကျောမျက်နှာပြင် 4.7-inch e-ink display တွေ ဖြစ်ပါတယ်။ ၂၀၁၄ နှစ်လယ်ပိုင်းမှာ ရောင်းချမှာ ဖြစ်ပါတယ်။

    ____________________

    Boeing ရဲ့ လုံခြုံရေးဖုန်း

    ထူးထူးဆန်းဆန်းပါပဲ။ လေယာဉ်ပျံ ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်တဲ့ Boeing က လက်ကိုင်ဖုန်း တစ်မျိုး ထုတ်လုပ်လိုက်ပါတယ်။ ထုတ်လုပ်လိုက်တဲ့ ဖုန်းကလည်း လုံခြုံရေးအတွက် ထူးထူးခြားခြား self-destruct လုပ်နိုင်အောင် ထုတ်လုပ်ထားတာပါ။

    ဖုန်းပြောဆိုတဲ့အခါ ပြောစကားကို encrypted (လျို့ဝှက်သင်္ကေတဖြင့် ကာကွယ်ထား) ပြုလုပ်ထားသောကြောင့် အစိုးရ အရာရှိတွေအတွက် လုံခြုံစိတ်ချနိုင်ပါတယ်။ ဒါ့အပြင် ဖုန်းကို ခိုးယူခံရပါကလည်း ဖုန်းရဲ့ စက်ပိုင်းဆိုင်ရာ ဖွင့်ဖေါက်ပြီး အချက်အလက် ရယူဖို့ ကြိုးစားပါက အလိုအလျှောက် အချက်အလက်တွေကို ဖျက်ပစ်ပြီး ဖုန်းကိုသုံး မရအောင် လုပ်ပစ်လိုက်မှာ ဖြစ်ပါတယ်။ ဒီဖုန်းကိုတော့ သာမန် သုံးစွဲသူတွေကို မရောင်းပါဘူး။ အစိုးရပိုင်း လုံခြုံရေးအတွက် အရေးကြီး ပုဂ္ဂိုလ်တွေကိုသာ ရောင်းချမှာ ဖြစ်ပါတယ်။

    ____________________
    Samsung Gear Fit


    Samsung က လက်ပတ်နာရီ အဖြစ် အရင် အပါတ်က ဖေါ်ပြခဲ့တဲ့ Gear 2 အပြင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ လက်ပါတ်နာရီ နောက်တစ်မျိုး ထုတ်လုပ်လိုက်ပါသေးတယ်။ Gear Fit လို့အမည်ပေးထားတဲ့ ‘ဒီလက်ပါတ်နာရီကတော့ နာရီကြည့်ဖို့ အပြင် ကျန်းမာရေး တိုင်းတာပေးတဲ့ အာရုံခံ ကိရိယာအဖြစ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ display အနေနဲ့ ကွေးညွတ်ထားတဲ့ Super AMOLED screen ကိုသုံးထားပါတယ်။ မတ်လ ၃၁ရက်မှာ ရောင်းချမှာ ဖြစ်ပြီး ဈေးနှုန်း မကြေငြာသေးပါဘူး။

    ____________________

    တိုကျို bitcoin ဈေးကွက် ပြိုလဲခြင်း


    Bitcoin ဆိုတာကတော့ အင်တာနတ် ငွေကြေးအဖြစ် အလွယ် သတ်မှတ်နိုင်တဲ့ cryptocurrency ငွေကြေး ဖြစ်ပါတယ်။ ဆော့ဝဲတစ်မျိုးသုံးပြီး ရောင်းဝယ်ရတဲ့ (လျို့ဝှက်သင်္ကေတဖြင့် ကာကွယ်ထား)တဲ့ ငွေကြေးပိုင်ဆိုင်မှုကို နိုင်ငံတကာ အစိုးရတွေက အသိအမှတ်မပြုပါဘူး။ ဒီ bitcoin ရောင်းဝယ်မှု ပြုလုပ်သူတစ်ဦးဖြစ်တဲ့ တိုကျိုက Mark Karpeles ဟာ သူ့ရဲ့ ကုမ္ပဏီက ကိုင်တွယ်ရောင်းဝယ်ပေးနေတဲ့ $425 million ဖိုးလောက် bitcoin တွေ ပျောက်ဆုံး ဆုံးရှုံးခဲ့ရတာကြောင့် ဒေဝါလီခံလိုက်ရပါတယ်။ bitcoin တွေဟာ ဆော့ဝဲလုံခြုံရေး အားနည်းချက်ကြောင့် ဆုံးရှုံး ခဲ့ရခြင်း ဖြစ်ပါတယ်။

    ————————–————————–——-
    ** Print Media များတွင် M-Media ခွင့်ပြုချက်မရှိဘဲ အသုံးပြုခွင့်မပြုပါ။
    ဆက်သွယ်ရန် [email protected]